လတ်တလောကမှ ကျင်းပပြီးစီးခဲ့တဲ့ The International Dota 2 Championship (TI4) ပြိုင်ပွဲကြီးမှာ အားလုံးသိကြတဲ့အတိုင်း Rat ကစားကွက်ရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Pusher Hero "Nature Prophet" ဟာ Main Event မှာ ၁၆ ပွဲတိတိ ပါဝင်ခဲ့လို့ ပထမ အများဆုံး လူစိတ်စားမှုခံရတဲ့ Hero တစ်ကောင်လို့ သတ်မှတ်ခံခဲ့ရသလိုပဲ Carry များထက်ပင်ကျော်လွန်ပြီး ဒုတိယအများဆုံး အရွေးချယ်ခံရတဲ့ Hero ကတော့ ၁၅ ပွဲတိတိပါဝင်ခဲ့တဲ့ Support Hero "Shadow Shaman" ပဲဖြစ်ပါတယ်။
၂ဝ၁၃ ခုနှစ်မှာတော့ Global နဲ့ Team Fight ကို လူကြိုက်များခဲ့တဲ့အတွက် Io, Chaos Knight, Batrider, Visage အစရှိတဲ့ Hero များရေပန်းစားခဲ့သလို ၂ဝ၁၄ ခုနှစ်ရဲ့ အကောင်းဆုံးနည်းဗျူဟာဖြစ်တဲ့ RAT ကစားကွက်ဟာ တစ်ဖက်အသင်းရဲ့ Tower ကို မြန်နိုင်သမျှ မြန်မြန်ယူခြင်းဖြင့် မိမိအသင်း တစ်သင်းစလုံးကို 200 Gold စီရရှိစေတဲ့အတွက် Pusher များမျက်နှာရခဲ့ပါတယ်။ Shadow Shaman ရဲ့ Mass Serpent Wards ရဲ့ မြွေအကောင်အရေအတွက်ကို (၈) ကောင်မှ (၁ဝ) ကောင်အထိ တိုးမြှင့်ပေးလိုက်တဲ့ v6.79 Changelog ကနေ စပြီး Disable Ability ၂ ခုတောင်ပါဝင်တဲ့ Shadow Shaman ဟာ Early Pusher များဖြစ်တဲ့ Chen နဲ့ Enchantress တို့ထက် ရေပန်းစားကာ အရွေးချယ်အခံရဆုံး Support Pusher Hero တစ်ကောင်အဖြစ် အဆင့်မြင့်တက်သွားပါတော့တယ်။ Disable Ability ၂ ခုရဲ့ စုစုပေါင်းကြာချိန်ဟာ အမြင့်ဆုံးအနေနဲ့ 3.5 + 5 = 8.5 Seconds အထိရှိတဲ့အတွက် Dota ထဲက ရှိသမျှ Hero အားလုံးထဲမှာ အများဆုံး Single Target Disable ကို ပိုင်ဆိုင်ထားတဲ့ Shadow Shaman ရဲ့ Rhasta ဆိုတဲ့နာမည်ဟာ Dota မှာရော Dota 2 မှာပါ အတူတူပဲ ဖြစ်နေခဲ့တဲ့အပြင် Persian ဘာသာစကားအရ Rhasta ဟာ "အမှန်တရား" သို့မဟုတ် "သွားရာလမ်း" ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။
Background Story
သွေးလွှမ်းတောင်ကုန်းမှာ မွေးဖွားခဲ့တဲ့ Rhasta ဟာ နယ်တကာလှည့်၍ လိမ်လည်ကာ အသက်မွေးဝမ်းကျောင်းပြုနေသူတစ်ယောက်က ကောက်ယူမွေးစားခြင်း မခံရမီ ဆာလောင်မွတ်သိပ်ငတ်ပြတ်နေသော လူငယ်လေး တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဆရာဖြစ်လာတဲ့ လူလိမ်ဟာ ကြေးအဿပြာ ၂ ပြားရရင် အနာဂတ်ကို ဟောပေးခြင်း၊ ၃ ပြားရရင် ဝက်များကို ဝှေးသင်းပေးခြင်းနဲ့ ကြေး ၅ ပြားအတွက် ကလေးငယ်များရဲ့ လိင်အင်္ဂါကိုဖြတ်တောက်ပေးတဲ့ အလုပ်မျိုးတွေ အထိ လုပ်ပေးရင်း အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်တဲ့အလျှောက် ပိုက်ဆံရရင်ရသလို သူ့ရဲ့ လက်စွဲတော် ပယောဂ စာအုပ်ရဲ့ စာမျက်နှာများကို လှန်ရင်း ရန်သူများကို ကျိန်စာတိုက်တဲ့ အလုပ်တွေကိုပါ လုပ်နိုင်စွမ်း ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ငတ်တစ်ခါ ပြတ်တလှည့်ဖြင့် တောင်တန်းဒေမှာ ကြီးပြင်းလာတဲ့ အရိုင်းအစိုင်းလူငယ်လေးဟာ ယခုအချိန်မှာတော့ နယ်လှည့်လူလိမ်ကြီးရဲ့ လက်ထောက်တစ်ယောက် အဖြစ်အပြင် နယ်လှည် ကုန်သွယ်ခဲ့တဲ့ ကုန်စည်များကို ကူညီသယ်ယူပေးရတဲ့ သူတစ်ယောက် ဖြစ်ခဲ့ပါတော့တယ်။
ခရီးသွား နှစ်ယောက်ဟာ ရောဂါထူပြောတဲ့ ဒေသပေါင်းမြောက်များစွာကို အတူတကွ ဖြတ်သန်းရင်း လိမ်လည်ရမယ့် လူများထက် ခြေတစ်လှမ်းသာအောင် ကြိုးစားလိမ်လည်ရင်း ဖြတ်သန်းခဲ့တဲ့ မြို့များမှာ ပျူငှာစွာ ကြိုဆိုခံရခြင်းများ များလာသောအခါမှာ ဆရာဟာ သူဟန်ဆောင်လိမ်လည် လုပ်ဆောင်ခဲ့တဲ့ အယောင်ဆောင် ပြကွက်များကို တပည့်ဖြစ်သူ Rhasta က တကယ့်ပညာရပ်များသဖွယ် အသုံးပြုနိုင်စွမ်းရှိလာတာကို သတိထားမိလာပါတော့တယ်။ ဆရာ့ဖြစ်သူအတွက်ကတော့ သူ့ရဲ့အုပ်ထိန်းမှုအောက်က တပည့်လေးဟာ ဖောက်သည်များ တန်ဖိုးထားတဲ့ အရာတစ်ခုဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ လူငယ်လေး Rhasta ဟာ လူအများရဲ့ ယုံကြည်မှုကို တဖြည်းဖြည်းရလာပြီး "Shadow Shaman" ဆိုတဲ့ ကိုယ်စားပြုနာမည် တွင်ခဲ့ပါတော့တယ်။ သူတို့ နှစ်ဦးဟာ တစ်မြို့ဝင် တစ်မြို့ထွက်ဖြင့် ခရီးသွားရင်း လိမ်လည်ကာ ပိုက်ဆံရှာရင်းနဲ့ပင် Shadow Shaman ဆိုတဲ့ အမည်နာမဟာ တစ်ဆထက် တစ်စ တိုးမြင့်လာပါတော့တယ်။ သို့ပေမယ့် သူတို့ ပြုခဲ့တဲ့ မကောင်းမှုတွေဟာ သူတို့ဆီကို တစ်ပါတ်ပြန်လည်လာခဲ့တဲ့ နေ့တစ်နေ့ကို အရောက်မှာတော့ တစ်ချိန်က သူတို့ လိမ်လည်မှုကို ခံခဲ့ရတဲ့ လူရမ်းကားတစ်စုရဲ့ အုပ်စုဖွဲ့ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံလိုက်ရပါတော့တယ်။ ဆရာဖြစ်သူ လူလိမ်ကြီး အသတ်ခံလိုက်ရတဲ့အချိန်မှာတော့ Rhasta ဟာ သူ့ဘဝတစ်လျှောက်လုံး ပထမဆုံးအကြိမ်အဖြစ် အောက်လမ်းမှော်ပညာများကို ထုတ်သုံးပြီး ချောင်းမြောင်းတိုက်ခိုက်သူများအားလုံးကို ပြန်လည် သတ်ဖြတ်လိုက်ပါတော့တယ်။ သူ့ရဲ့ ချစ်လှစွာသော ဆရာဖြစ်သူကို မြေမြုတ်သင်းကျို ပေးပြီးချိန်မှ စပြီး Rhasta The Shadow Shaman ဟာ သူ့အပေါ် နာကျင်အောင် ရန်စလာသူများအားလုံးကို သူ့ရဲ့ မိစ္ဆာစွမ်းအားများဖြင့် တုံ့ပြန်တိုက်ခိုက်ပါတော့တယ်။
Overview
Rhasta ရဲ့ Hero ဖွဲ့စည်းပုံအရ သူဟာ Mid Game မှာ အစွမ်းအပြနိုင်ဆုံး Hero တစ်ကောင်လို့ ပြောလို့ရတဲ့အပြင် အခြား Support Hero တွေထက် အားသာတဲ့အချက်ကတော့ ပွဲနောက်ပိုင်းအထိတောင် အသုံးဝင်တဲ့ Ability တွေနဲ့ ဖွဲ့စည်းထားတဲ့ အချက်ပဲဖြစ်ပါတယ်။ Inventory ၆ ကွက်အတွက် ရွေးချယ်စရာ Item အမြောက်အများရှိတဲ့အပြင် Nuker, Pusher, Ganker အစရှိတဲ့ Role တွေ အားလုံးကို Flexeble ကျကျ အသုံးပြုနိုင်ဖို့အတွက် Rhasta ကို ကိုင်တွယ်တဲ့ ကစားသမားဟာ အရေးအကြီးဆုံး ပစ်မှတ်၊ အချိန်ကိုက်လှုပ်ရှားမှု၊ Ability အသုံးပြုသင့်မပြုသင့် စတဲ့ အချက်တွေကို အချိန်တိုအတွင်းမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်ခဲ့မယ်ဆိုရင် Rhasta ဟာ တစ်ဖက်အသင်းကို အဓိက ချိန်းခြောက်နိုင်တဲ့ Hero တစ်ကောင်ဖြစ်စေမှာ အသေအချာပါပဲ။ Cooldown မများတဲ့ Ether Shock ဟာ Damage ပမာဏ များပြားတဲ့အပြင် အသုံးပြုရတာလွယ်ကူတဲ့အတွက်ကြောင့် အစောပိုင်း နားလည်မှုနဲ့ Item ရှာရမှာ အသုံးပြုနိုင်သလို တစ်ဖက် Hero ကို နှိမ်ထားနိုင်တဲ့ Nuke Ability တစ်ခုဖြစ်ပါတယ်။ ရန်သူကို Hex ပြောင်းလို့ရတဲ့ Ability ၃ မျိုးရှိတဲ့ထဲကမှ Rhasta ရဲ့ Hex ကတော့ ပုံသေအတိုင်းမပြောင်းလဲပဲ Cooldown နည်းတဲ့ အားသာချက်တွေကြောင့် အားနည်းချက်အနေနဲ့ အဆင့်နည်းနည်းပဲယူထားခဲ့မယ်ဆိုရင် Duration အရမ်းနည်းပါတယ်။ Dota မှာ Single Target ကိုအကြာဆုံး Disable Ability ၃ ခုထဲကမှ Rhasta ရဲ့ Shackles ဟာ တစ်ခုအပါအဝင်ဖြစ်ပြီး Channeling Ability တစ်ခုဖြစ်ပါတယ်။ Shackles ဟာ ပမာဏ မများပေမယ့်လည်း Damage Per Second အနည်းငယ်ပါ သတ်ရောက်နိုင်စွမ်းရှိလို့ Ganking တစ်ခုအတွက် အကောင်းဆုံး Ability တွေထဲက တစ်ခုဖြစ်ပါတယ်။ Rhasta ကို Pusher တစ်ကောင်အဖြစ် သတ်မှတ်စေတဲ့ Ultimate Mass Serpent Ward ဟာ Physical Piercing Damage နဲ့ တိုက်ခိုက်တဲ့ မြွေတိုင် (၁ဝ) တိုင်ကို ဆင့်ခေါ်လိုက်တာဖြစ်တဲ့အတွက် Tower, Building နဲ့ Siege Creep တွေကိုပါ တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ Piercing အမျိုးအစားဖြစ်တဲ့အတွက် Lane Creep တွေကို 150% Damage နဲ့ တိုက်ခိုက်နိုင်တဲ့အတွက် အရေးတကြီး လမ်းထိမ်းတဲ့နေရာမှာ အသုံးပြုလို့ ကောင်းတဲ့ Ability တစ်ခုဖြစ်ပါတယ်။ Ganker ခြင်းအတူတူမှာတောင် Initiate Ganker တစ်ကောင်ဖြစ်တဲ့ Shadow Shaman ဟာ Dagger ကဲ့သို့ ရုပ်တရက် ဝင်ရောက်ဖမ်းနိုင်တဲ့ Item လိုအပ်တဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။
Abilities
500 Attack Range ပဲရှိတဲ့ Shadow Shaman ရဲ့ Ether Shock ကတော့ 600 Cast Range အထိ အသုံးပြုနိုင်ပြီး Hero နှိမ်ဖို့ အပြင် ပိုက်ဆံရှာတဲ့နေရာမှာလည်း အသုံးဝင်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ 140/200/260/320 Damage အထိသပ်ရောက်နိုင်တဲ့ Ether Shock ဟာ ပုံသေ Cooldown 8 Seconds ပဲ ရှိပြီး Shadow Shaman ရဲ့ မျက်နှာမူရာအရပ်ကို ကတော့ပုံစံ သတ်ရောက်တဲ့ Magical Damage Ability တစ်ခုဖြစ်ပါတယ်။ 1/3/5/7 units ဆိုပြီး အဆင့်တင်လေလေ သတ်ရောက်မယ့် Unit များလေလေ ဖြစ်တဲ့အပြင် တည်ပြီးသုံးတဲ့ Unit ရဲ့ အနောက်ဘက် 400 Distance အကွာ နဲ့ အရှေ့ဘက် 100 Distance အကွာအဝေး ၂ ခု အကြားက Units များကို ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ AoE တွက်ချက်ပုံမှာ ကတော့ပုံဖြစ်တဲ့အလျှောက် အစ AoE 200 နဲ့ အဆုံး AoE 300 ဆိုပြီး သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ အဆိုပါ အဆုံး AoE 300 ဟာ Target ရဲ့ အနောက် 400 Distance အကွာအဝေးထိ သတ်ရောက်နိုင်လို့ မိမိတွက်ချက်အသုံးပြုမှုပေါ်မူတည်ပြီး အကွာအဝေး 1000 Distance မှ Unit အထိ တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ Lvl 1 မှာ 140 Damage ပမာဏဟာ အလွန်များပြားတဲ့ Single Target Damage Ability တစ်ခုဖြစ်လို့ Lvl 7 အရောက်မှာ ဂိတ်ဆုံးတင်ပေးနိုင်လေ အတန်ဆုံးဖြစ်လေ ပါပဲ။ ဒါပေမယ့် 95/105/135/160 Mana ဆိုပြီး အသုံးပြုစားရိတ် များလာတဲ့အတွက် အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်နိုင်ပါတယ်။
Hex ဟာ ဒုတိယမြောက် Lvl အတင်ဆုံး Ability တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့အဓိက အချက်ကတော့ သူ့ရဲ့ Duration ပါပဲ။ Hex Ability ကိုအသုံးပြုနိုင်သော အခြား Hero တစ်ကောင်ဖြစ်တဲ့ Lion ကတော့ lvl ၁ ဆင့်မှာ 2.5 Seconds အထိ Duration ရှိတဲ့အတွက် တစ်ဆင့်ဆို ဆိုသလောက် အသုံးပြုရတာအဆင်ပြေနိုင်ပေမယ့် Rhasta ရဲ့ Hex ကတော့ ပထမအဆင့်မှာ 1.25 seconds သာ ကြာမြင့်မှာဖြစ်လို့ နည်းနည်းပဲ ယူထားခဲ့မယ်ဆိုရင် Target ကို ခဏလောက်သာ ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပိုယူလေလေ ကြာချိန်ဟာ 1.25/2/2.75/3.5 Seconds ဆိုပြီး မြင့်တက်လာသလို အသုံးပြုရမယ့် Mana ဟာလည်း 110/140/170/200 Mana ဆိုပြီး တိုးလာမှာဖြစ်ပါတယ်။ အသုံးပြုခံရတဲ့ Target ဟာ Hex ဖြစ်သွားချိန်မှာ Base Movement Speed ကို 100 အထိလျော့သွားစေတဲ့အပြင် Damage Block နဲ့ Evasion Effect များအားလုံးကို ဖျောက်ပေးထားမှာဖြစ်ပါတယ်။ Hex ရဲ့ တွက်ချက်မှုဟာ Base Movement Speed ကိုလျော့စေတာဖြစ်တဲ့အတွက် Boots of Speed စီးထားတဲ့ Target ဟာ 150 Movement Speed ရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ အခြားသော Movement Speed ကို တိုးစေတဲ့ Item နဲ့ Ability များဟာ Hex ပြောင်းထားချိန်မှာတောင် Hex unit ကို 100 MS ထက် ပိုများတဲ့ Movement Speed တွေ ဖြစ်ပေါ်စေနိုင်တာပဲ ဖြစ်ပါတယ်။
တစ်ဆင့်တည်းယူထားရင်တောင် Enemy Unit ကို 2.75 Seconds အထိ Disable လုပ်ထားနိုင်တဲ့ Shackles ဟာ Channeling Ability တစ်ခုဖြစ်ပါတယ်။ အဆင့်များများယူလေ ကြာချိန် 2.75/3.5/4.25/5 Seconds ဆိုပြီး တိုးလာမှာဖြစ်ပေမယ့် အသုံးပြုဖို့ Mana ကတော့ 110/130/155/185 Mana ဆိုပြီး တိုးလာမှာဖြစ်ပါတယ်။ 1 Second ကို 40 Damage နှုန်းနဲ့တိုက်ခိုက်မှာဖြစ်လို့ Shackles ဟာ 112/140/172/200 Damage ဆီလည်း သတ်ရောက်ဦးမှာဖြစ်ပါတယ်။ ပုံသေ Cooldown 16 Seconds ပဲ ရှိတဲ့ Shackles ကိုအသုံးပြုဖို့ မိမိကိုယ်တိုင် Disable ဖြစ်နေမှာဖြစ်ပေမယ့် Ganker တစ်ကောင်အတွက် lvl ၁ ဆင့်လောက်ယူထားရင်တောင် လုံလောက်တဲ့ အချိန်ကာလ တစ်ခုကို ပေးစွမ်းမှာဖြစ်ပါတယ်။
v6.79 Changelog ကစပြီး Rhasta ရဲ့ Ultimate Mass Serpent Ward ကို မြွေတိုင် (၈) တိုင်မှ (၁ဝ) တိုင်သို့ တိုးမြှင့်ပေးလိုက်တဲ့ အချိန်ကစပြီး Shadow Shaman ဟာ ယခင်က လူကြိုက်များတယ်ဆိုတာထက်ပိုပြီး လူလက်ခံတဲ့ Support Hero တစ်ကောင်ဖြစ်သွားပါတော့တယ်။ Mass Serpent Ward ဟာ 45 Seconds ကြာမြင့်ပြီး Cooldown 110 Seconds နဲ့ 550 Cast Range ရှိပါတယ်။ မြွေတိုင် တစ်တိုင်ဟာ ပျှမ်းမျှအားဖြင့် 43/58/73 Damage နဲ့တိုက်ခိုက်တာဖြစ်ပြီး 1.5 Seconds မှာ တစ်ချက်နှုန်းတိုက်ခိုက်တာဖြစ်လို့ ယခင် မြွေတိုင် (၈) တိုင်ဟာ တစ်ကြိမ်တိုက်ခိုက်တိုင်း 344/464/584 Damage ဆိုတဲ့ ပမာဏနဲ့ တိုက်ခိုက်ခဲ့ပေမယ့် ယခု (၁ဝ) တိုင်ဖြစ်ချိန်မှာတော့ 430/580/730 Damage ဆိုပြီး ကွာဟာသွားမှာဖြစ်လို့ TI4 အတွက် လူကြိုက်များတဲ့ Pusher တစ်ကောင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် Mass Serpent Ward ဟာ အဆောက်အဦးများကို တိုက်ခိုက်တာ မဟုတ်ခဲ့ရင်တော့ သူ့ရဲ့ Damage သတ်ရောက်မှုဟာ 150/200/220 AoE အတွင်းမှာ ရှိတဲ့ Unit အားလုံးအပေါ်ကို သတ်ရောက်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် သတ်ရောက်မယ့် အချိုးအစားကတော့ နောက်ဆုံးအဆင့်အတွက် 85 AoE မှာ 100% Damage ၊ 110 AoE မှာ 40% Damage နဲ့ 220 AoE မှာ 20% Damage ဆိုပြီး သတ်ရောက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တည်ပြီး အတိုက်ခိုက်ခံရတဲ့ Unit သာလျှင် Damage ကို အပြည့်အဝ ခံစားရမှာဖြစ်ပြီး သူ့အနီးတစ်ဝိုက်မှာတော့ ကိုယ်ယူထားတဲ့ Lvl အလိုက် Mini Damage များ အသီးသီးသတ်ရောက်စေမှာ ဖြစ်ပါတယ်။ Aghanim's Scepter ဆက်ခဲ့မယ်ဆိုရင်တော့ မြွေအရေအတွက်ကို တိုးစေမှာမဟုတ်ပဲ သူ့ရဲ့ Damage ကို ပျှမ်းမျှ 87/108/128 Damage ဆိုပြီးတိုးသွားစေမှာဖြစ်ပေမယ့် အသုံးပြုဖို့ လိုအပ်တဲ့ Mana ကုန်ကျစားရိတ်ကတော့ 200/350/600 ဆိုတဲ့အတိုင်း မပြောင်းလဲနိုင်ပါဘူး။ သူတို့ကို ချိုးမယ့် Enemy ဟာ 26~38 Gold နဲ့ 31 Experience ကိုရရှိမယ့်အချက်ကတော့ မြွေတိုင်တွေရဲ့ အဓိက အားနည်းချက်ဖြစ်ပါတယ်။
Items
Rhasta ရဲ့ Ability (၄) ခုစလုံးဟာ Mana ပမာဏ အမြောက်အများကုန်ကျစေတဲ့အတွက် Mana Regen နဲ့ Mana Capacity (Mana Pool) ကို မြင့်တက်စေတဲ့ Item တွေဖြစ်တဲ့ Aghanim's Scepter, Eul's Scepter of Divinity, Bloodstone, Shiva Guard, Guinsoo's Scythe of Vyse အစရှိတဲ့ အခြေအနေအရ ရွေးချယ်နိုင်တဲ့ Item အကုန်လုံး Shadow Shaman အတွက် သင့်တော်ပါတယ်။ Ganker တစ်ကောင်ဖြစ်တဲ့အတွက် သူ့ရဲ့ Core Item အနေနဲ့ Arcane Boots + Magic Stick + Blink Dagger ဟာ မရှိမဖြစ် လိုအပ်တဲ့ Item တွေဖြစ်ပါတယ်။ သင့်ရဲ့ Ganking Skill ကို ပိုမို မြင့်တက်စေဖို့ Force Staff ကိုလည်း ရွေးချယ်နိုင်သလို Rhasta အတွက် Mana Pool ရော Hp ကိုပါ တိုးစေမယ့် Rod of Atos ဟာလည်း အခြေအနေအရ ရွေးချယ်သင့်တဲ့ Item တစ်ခုဖြစ်ပါတယ်။ Pusher တိုင်းအတွက် Necronimicon ဟာ ထည့်စဉ်းစားပေးသင့်တယ်ဆိုပေမယ့် Shackles အသုံးပြုထားချိန်မှာ လှုပ်လို့မရတဲ့ Shadow Shaman အတွက်တော့ ကူညီတိုက်ခိုက်ပေးမယ့် မိစ္ဆာနှစ်ကောင်ကို ဆင့်ခေါ်ပေးနိုင်မှာဖြစ်သလို မြွေတိုင်ကြား ညှပ်ထားပေးဖို့ အလွယ်ကူဆုံး အကူအညီပေးမယ့် Eul's Scepter of Divinity ဟာလည်း အသုံးတည့်မယ့် Item တစ်ခုဖြစ်ပါလိမ့်မယ်။ Mass Serpent Ward ဟာ Physical Damage အမျိုးအစားဖြစ်လို့ သင်နှစ်သက်မယ်ဆိုရင်တော့ Mana Regen ကို အနည်းငယ်အထောက်အကူပေးပြီး ရန်သူကို Armor လျော့စေတဲ့ Metallion of Courage ကိုလည်း အစောပိုင်းရွေးချယ်ပြီး Gank နိုင်မှာဖြစ်ပါတယ်။ Ultimate ဟာ 600 Mana ကို ကုန်ကျမှာဖြစ်လို့ သင့်မှာ လုံလောက်တဲ့ Mana Pool ကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ Refresher Orb ဟာ သင့်ရဲ့ Tower ချိုးမယ့် အစွမ်းကို ၂ ဆတိုးစေမှာဖြစ်ပါတယ်။ ဒါပေမယ့် Shadow Shaman ဟာ Support Hero တစ်ကောင်ဖြစ်လို့ Observer Ward ထောင်ဖို့ကိုတော့ မေ့မထားသင့်တဲ့ အချက်တစ်ခုလို့ အကြံပြုချင်ပါတယ်။
ယခုနှစ် TI4 ရဲ့ ရလဒ်အရ Support Hero တွေအားလုံးရဲ့ထိပ်ဆုံးမှာ နေရာယူထားတဲ့ Rhasta The Shadow Shaman ဟာ သင့်ရဲ့ Favourite Hero တွေထဲက တစ်ကောင်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ Single Target Ability အများစုနဲ့ ဖွဲ့စည်းထားတဲ့ Ganker Rhasta ဟာ သင်အသုံးပြုတဲ့ Ability အစီအစဉ်ပေါ်ကို မူတည်ပြီး တစ်ဖက်အသင်းကို သတ်ရောက်မယ့် ရလဒ်တွေဟာလည်း ပြောင်းလဲသွားစေမှာဖြစ်ပါတယ်။ DotA ကစားပွဲတစ်ပွဲရဲ့ အဓိက ဦးတည်ချက်ဟာ တစ်ဖက်အသင်းရဲ့ Ancient ကို ဖျက်ဆီးဖို့ပဲဖြစ်တဲ့အတွက်ကြောင့် မိမိနဲ့ အဆင်ပြေမယ့် မိမိရဲ့ ကိုယ်ပိုင်ကစားကွက်သာလျှင် အကောင်းဆုံးဖြစ်ပါတယ်။
သင်ဒါကိုသိပါသလား။
English အဘိဓာန် မှာ မပါဝင်တဲ့ "Gank" ဆိုတဲ့ စကားလုံးဟာ Gang Kill = “အုပ်စုဖွဲ့၍ သတ်ဖြတ်ခြင်း” ဆိုတဲ့ စကားလုံးကနေ ဆင်းသပ်လာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပွဲအစောပိုင်းမှာ အုပ်စုဖွဲ့ပြီး တစ်ဖက်အသင်းနဲ့ အမြန်ဆုံး Battle ဆိုင်နိုင်တဲ့ Disable နဲ့ Damage Ability များကို အသုံးပြုနိုင်တဲ့ Hero များကို "Ganker" များဟု ခေါ်ဆိုရခြင်းဖြစ်ပါတယ်။
No comments:
Post a Comment