>> ROSHAN <<
ဒီတစ်ခါလည်း Hero တွေအကြောင်းထက် ပိုအရေးကြီးတဲ့ သူတစ်ယောက်အကြောင်းကို ရေးထားပါတယ်... ဘယ်လောက် အသုံးဝင်တဲ့ Hero ဖြစ်ဖြစ် Dota ကစားပွဲတိုင်းမှာ မပါနိုင်ပါဘူး..
ပွဲတိုင်းမှာ မပါမဖြစ် ပါနေကြ ဖြစ်တဲ့ အားလုံးရဲ့ အချစ်တော် Roshan ကြီး နဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေပေါ့ဗျာ ..
အားလုံးသိတဲ့အတိုင်း Roshan ဟာ မြေပုံရဲ့အလယ်မှာခြားထားတဲ့ မြစ်ရဲ့ ညာဘက်ခြမ်း Dire (Scourge) နယ်မြေဘက်မှာ တည်ရှိပါတယ်...
Roshan ရဲ့ နာမည် အပြည့်အစုံကတော့ Roshan The Immortal ပါ .. ( မသေမျိုး ရိုရှန်ပေါ့ဗျာ )
တကယ်တော့ Dota မှာ သနားဖို့ အကောင်းဆုံး သတ္တ၀ါကြီးပါ... မသေမျိုးဆိုပေမယ့် သူက သေကောင် အများဆုံးပါပဲ
Roshan ဆိုတာ Hindi ဘာသာစကားအရ "အလင်းရောင်" ဆိုတဲ့ အဓိပါယ် ရှိတယ်လို့ website တွေမှာရေးသားထားကြပါတယ်..
ဒါပေမယ့် Roshan ရဲ့ အားသာချက်တစ်ခုက lvl 30 ဆိုတဲ့အချက်ပါပဲ .. Hero ဘယ်လောက် ကြမ်းကြမ်း lvl 30 မရောက်တာက
Roshan ကြီးအတွက် ဂုဏ်ယူရမယ့် အချက်တစ်ချက်လို့တောင် ပြောရမလိုဖြစ်နေပြီ
ကစားပွဲတစ်ပွဲမှာ Roshan ကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ကြပါတယ်... သူ့ရဲ့ Aegis of the Immortal ကို ၆ မိနစ်တာ ယူသုံးဖို့အတွက်ပါ ..
အဆိုပါ Aegis of the Immortal ကို ကိုင်ဆောင်ထားတဲ့ Hero က ၆ မိနစ် အတွင်းမှာ သေခဲ့မယ်ဆိုရင်
သေပြီးလို့ ၅ စက္ကန့် အကြာမှာ Hp အပြည့် Mana အပြည့်နဲ့ သေတဲ့နေရာမှာပဲ ပြန်လည် ရှင်သန်လာမှာပါ ...
ဒါ့အပြင် Roshan သတ်တာ ၃ ခါမြောက်ရောက်ခဲ့မယ်ဆိုရင်တော့ Aegis of the Immortal အပြင် Cheese ဆိုတဲ့ Item တစ်ခုကိုပါ
ရရှိမှာပါ .. အဆိုပါ Cheese ဟာ အသုံးပြုသူကို အသုံးပြုပြုခြင်း 2500 Hp နဲ့ 1000 mana ချက်ချင်းပြည့်စေမှာပါ ..
၃ ခါနှင့် အထက် Roshan သတ်ပြီးတိုင်း Cheese ကို Aegis နဲ့ အတူ ရရှိသွားမှာဖြစ်ပါတယ်...
Roshan ဟာ တခြား Neutral Creep တွေနဲ့ မတူတဲ့အချက်ကတော့ သူပေါ်ထွက်မယ့် နေရာမှာ Vision ရအောင်
(Flying Caurier ထားခြင်း၊ Call of the Wild ထားခြင်း ) အစရှိတာတွေ လုပ်ထားမယ်ဆိုရင်တောင်
သူ့ရဲ့ ပေါ်ချိန်တန်ရင် ပေါ်ပါတယ်.. တခြား creep တွေလို Vision ရှိနေလို့ မပေါ်တာမျိုး Roshan မှာ မရှိပါဘူး ...
The Dota 2 International Tournament 3 (TI3) ပြိုင်ပွဲ အပြီးမှာတော့ Roshan ရဲ့ ပြန်ပေါ်တဲ့အချိန် (Respawn time)ကို
ပုံသေ ၁၀ မိနစ်ကနေ ၈ မိနစ်နဲ့ ၁၁ မိနစ် အကြားလို့ ပြောင်းလဲလိုက်ပါတယ်...
Professional Player တွေဟာ ၁ စက္ကန့်တောင် နောက်မကျပဲ အချိန်ကွက်တိ Roshan ပေါ်လာတာနဲ့
စောင့်သတ်ပြီးတော့ Aegis ကို ပိုင်ပိုင် နိုင်နိုင် အသုံးချပြသွားတဲ့အတွက် အခုလို ခန့်မှန်းလို့မရအောင် ပြောင်းလဲလိုက်တာပါ ... (^^)
ဒီအချက်တွေကတော့ အားလုံးသိပြီးသား ယေဘုယျ ကျတဲ့အချက်တွေပါ ..
အဓိကကျတဲ့ အခြားအချက်တွေ ဖြစ်တဲ့
1/ Statistic of Roshan
2/ Abilities of Roshan
3/ Upgrade of Roshan
4/ Weakness of Roshan
5/ How to kill Roshan at Level
6/ Roshan Strategies တွေကို အဓိက ထားပြီး ဆွေးနွေးသွားပါမယ်..
1/ Statistic of Roshan
Roshan ကြီးကတော့ ပွဲတိုင်းနီးပါး စုပေါင်းပြီး သတ်တာခံနေရတဲ့ သူတစ်ယောက်ပေါ့ဗျာ
ဒါဆို သူနဲ့ ပတ်သတ်တဲ့ အချက်အလက်လေးတွေလဲ သိထားသင့်ပါတယ်...
Hero တိုင်းမှာ Hp, Armor, Damage ရှိသလိုပဲ Roshan ကြီးမှာလဲ ရှိပါတယ်..
Roshan ကြီးရဲ့ အခြေခံ အချက်အလက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်..
Hp = 7500
Mp = 0
Armor = 3 ( Damage Reduction = 15.3 % )
Hp Regenaration = 20 per second
Mp Regenaration = 0 per second
Movement Speed = 270
Physical Damage = 65 Damage
Base Attack Time = 1.0
Sight Range = 1400/1400 (နေ့ရော ညရော အကွာအဝေးတူတူပဲ မြင်ရပါတယ်)
Roshan ကြီးကို သတ်လိုက်တဲ့ Team က ဘယ်သူပဲသတ်သတ် တစ်သင်းလုံး 200 Gold စီ
ညီညီ မျှမျှ ရကြပါတယ်..
ဒါ့အပြင် Roshan ကြီးကို နောက်ဆုံးခုတ်လိုက်တဲ့ သူကတော့ အပေါ်မှာပြောထားတဲ့ 200 Gold အပြင်
150~400 Gold ကို အပိုဆုကြေးအနေနဲ့ ရပါတယ်...
(အပိုရတဲ့ငွေက ၁၅၀ နဲ့ ၄၀၀ ကြား ကံနဲ့ရတာပါ .. ကံကောင်းရင်တော့ များများရမှာပေါ့ဗျာ )
နောက်ထပ်တစ်ချက်က Roshan သေသွားတဲ့ Aoe 1200 အတွင်းမှာ ရှိတဲ့
Roshan ကို သတ်လိုက်တဲ့ အသင်းသားတွေက exp 1789 ကို အညီအမျှ ခွဲရကြမှာဖြစ်ပါတယ်..
တကယ်လို့ Aoe 1200 အတွင်း hero ၄ ကောင်ရှိရင် 1789 exp ကို ၄ နဲ့စားပြီး 447 exp အညီအမျှဆီ ရကြမှာပါ..
တကယ်လို့ တစ်ယောက်တည်း ရှိမယ်ဆိုရင်တော့ 1789 exp အကုန်လုံးကို အဲ့ဒီ့တစ်ယောက်တည်းပဲ ရမှာပါ ..
(1789 exp ဆိုတာက လမ်းပေါ်က melee creep ၂၉ ကောင်နဲ့ ညီမျှပါတယ်...
ဒါကြောင့် အစောပိုင်း Roshan kill တဲ့ အသင်းဟာ သူတို့ ရဲ့ lvl လိုအပ်တဲ့ Hero တစ်ကောင်တည်း
Experiance ရဖို့ Roshan ကုန်းရဲ့ အပြင်ဖက်ကို ထွက်ပေးကြတာပါ ... )
2/ Abilities of Roshan
အားလုံးသိပြီးသားပါပဲ .. Roshan မှာ Ability ၃ ခု ရှိပါတယ်...
1. Spell Block
2. Bash
3. Slam တို့ပဲ ဖြစ်ပါတယ်... တိတိကျကျ ထပ်လေ့လာရမယ်ဆိုရင်
1. Spell Block
Roshan အပေါ်ကို ကျရောက်လာမယ့် Target Ability တစ်ခုကို လုံးဝ ကာကွယ် ပေးပါတယ်..
cooldown ကတော့ ၁၅ စက္ကန့်ရှိပါတယ်...
သင်က Roshan ရဲ့ Spell Block ကို ဖျက်ပြီး ၁၅ စက္ကန့်အကြာမှာ Spell Block ပြန်ပြည့်သွားပါတယ်..
ဒီအပိုင်းမှာ instant ability တွေကို Spell Block နဲ့ မကာပါဘူး ..
(instant ability ဆိုတာ ခလုတ်နှိပ်လိုက်တာနဲ့ ချက်ချင်းထွက်သွားတဲ့ Ability မျိုးပါ
ဥပမာ - Slithreen Crush )
Spell Block ဟာ target ability တွေကိုပဲ ကာတာပါ ...
ဒါ့ကြောင့် Roshan kill တော့မယ်ဆိုရင်
cooldown အမြန်ဆုံး၊ Mana အနည်းဆုံး Target ability တစ်မျိုးမျိုးနဲ့ အစပြုဖို့ အကြံပြုချင်ပါတယ်..
( ဥပမာ - Poison Touch )
2. Bash
ဒီ ability ကတော့ ရိုးရှင်းပါတယ်... သင့်ကို တိုက်ခိုက်နေတဲ့အချိန် bush ၀င်တာပါပဲ..
chance 15% ရှိပြီးတော့ တကယ်လို့ bush ၀င်ခဲ့မယ်ဆိုရင် 1.65 second ခန့် မူးနေပါမယ်...
ဒီမှာ သတိထားရမယ့်တစ်ချက်က ဒီအမူးက Physical အမျိုးအစားဖြစ်ပါတယ်..
သင့်ရဲ့ Bkb (Magic Immune effect) က ဒီ အမူးကို မကာကွယ်နိုင်ပါဘူး ..
သင်မူးသွားတဲ့အချိန်မှာ Roshan ရဲ့ Normal 65 Damage အပြင်
နောက်ထပ် 50 Damage ပိုထိ ဦးမှာပါ
(Slardar ရဲ့ bush နဲ့ ပုံစံတူပါတယ်... )
3. Slam
Roshan ရဲ့ Aoe 250 အတွင်းမှာ unit အရေအတွက် ၃ ခုနဲ့ အထက်ရှိခဲ့မယ်ဆိုရင်
Roshan က မြေကြီးကိုထောင်းတဲ့ Ability ဖြစ်တဲ့ Slam တစ်ချက်သုံးပါတယ်...
Slam ရဲ့ cooldown က ၁၀ စက္ကန့်ရှိတာဖြစ်တဲ့အတွက်
၁၀ စက္ကန့် ပြည့်တိုင်း သူ့အနားမှာ unit ၃ ထက် ပိုရှိနေမယ်ဆိုတာနဲ့ ထပ်ထောင်းမှာပါ
Aoe 250 စလုံး 70 Damage အညီအမျှ ထိမှာဖြစ်ပြီး
Attack Speed ရော Movement Speed ပါ 50% ဆီ slow သွားပါမယ်...
ကောင်းတာတစ်ခုက Hero unit ဆိုရင် အဆိုပါ slow က ၂ စက္ကန့်ပဲ သတ်ရောက်မှာဖြစ်ပြီး
အခြား unit တွေကတော့ ၄ စက္ကန့်လောက် Slow ဆွဲနေမှာပါ ..
Roshan ရဲ့ Passive Ability အနေနဲ့ အားလုံးသတိထားမိတဲ့အချက်တစ်ချက်က
Roshan ကို Magic Damage နဲ့ တိုက်ခိုက်လို့ မထိရောက်တဲ့အချက်ဖြစ်ပါတယ်..
အကြောင်းက Roshan ဟာ 75% magic resistance ရှိတဲ့အတွက်ပဲဖြစ်ပါတယ်...
အများစုက Roshan ကို Spell နဲ့တိုက်ခိုက်လို့ မရဘူးလို့ ထင်နေကြပါတယ်...
တကယ်တော့ တိုက်ခိုက်လို့ ရပါတယ်...
ဥပမာ အနေနဲ့ သူ့ကို တိုက်ခိုက်မယ့် 300 Magic Damage နဲ့ တိုက်ခိုက်မယ်ပဲ ဆိုပါစို့ ..
300 Magic Damage နဲ့ တိုက်ခိုက်မှ 75 Damage လောက်ထိမှာဆိုတော့
Hp 7000 ကျော်နေတဲ့ Roshan အတွက် ဒီလောက် Damage လေးက မပြောပ လောက်ပါဘူး ..
ဒါကြောင့် ကျွန်တော်တို့ Roshan ကိုတိုက်ခိုက်တဲ့အချိန်မှာ ဘယ်သူမှ Magic ကို အားမကိုးပဲ
Physical တိုက်ခိုက်ကြရတဲ့ အကြောင်းပြချက် တစ်ခုပဲဖြစ်ပါတယ်...
နောက်တစ်ချက်က Roshan ကို ဦးတည်ပြီး တိုက်ခိုက်တဲ့ Illusion Unit တွေအကုန်လုံး
အလိုအလျှောက် ဖျောက်ပစ်တဲ့ ability လဲ ရှိပါသေးတယ်...
ပိုပြီးတိတိကျကျပြောရမယ်ဆိုရင် သူ့ကို တိုက်ခိုက်သမျှ illusion unit တွေအားလုံးကို
Roshan က Purge (Diffusal Blade ရဲ့ ကျင်တဲ့ effect) သုံးလိုက်လို့ဖြစ်ပါတယ်..
သူ့ရဲ့ Aura တစ်ခုလို့ပဲ ပြောရမှာပေါ့ဗျာ ...
3/ Upgrade of Roshan
ကစားပွဲစစချင်းမှာ Roshan ဟာ Hp 7500, 3 armor, 65 Damage နဲ့ စတင်ပါတယ်...
ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ Hero တွေက item တွေ lvl တွေ သာလာလို့
ပိုမို တိုးတက်လာသလို Roshan ကလဲ အချိန်နဲ့ အမျှ တိုးတက်လာပါတယ်...
ဒါပေမယ့် Roshan ရဲ့ တိုးတက်လာမှုကတော့ ပုံသေ သတ်မှတ်လို့ရပါတယ်...
ပွဲကစားချိန် creep စထွက်တဲ့ 0:00 မိနစ်ကနေ စပြီး ၄ မိနစ် ပြည့်တိုင်း ပြည့်တိုင်း
Hp + 500
Armor + 0.5
Damage + 10 ဆိုပြီး တိုးတက်လာပါတယ် ...
ဒါကြောင့် Roshan ဟာ
၎ မိနစ်မှာ 8000 Hp, 3.5 Armor, 75 Damage
၈ မိနစ်မှာ 8500 Hp, 4 Armor, 85 Damage
၁၂ မိနစ်မှာ 9000 Hp, 4.5 Armor, 95 Damage
၁၆ မိနစ်မှာ 9500 Hp, 5 Armor, 105 Damage ဆိုပြီး နည်းနည်းချင်းဆီ တိုးလာတာဖြစ်ပါတယ်...
ဒါပေမယ့် အဲ့ဒီ့ upgrade တွေဟာ မိနစ် ၄၀ ရောက်တဲ့ အချိန်မှာ ရပ်တန့်သွားပါတယ်...
တနည်းပြောရရင် အဆင့် ၁၀ ဆင့်ပဲ တိုးတက်တယ်လို့ ပြောရမှာပေါ့ဗျာ....
မိနစ် ၄၀ ရောက်သွားတဲ့အချိန်မှာ Roshan ဟာ 12500 Hp, 8 Armor, 175 Damage ဆိုပြီးဖြစ်သွားတာပါ
မိနစ် ၄၀ နောက်ပိုင်းကနေ ပွဲပြီးတဲ့အချိန်ထိ အဲ့ဒီ့ အတိုင်း Hp, Armor, Damage အတိုင်း ရှိသွားမှာ ဖြစ်ပါတယ်...
4/ Weakness of Roshan
ဒီခေါင်းစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Roshan သတ်တော့မယ့် သူတိုင်းအတွက် မမေ့သင့်တဲ့
အခြေခံ အချက်လေးတစ်ခု မို့လို့ သတ်သတ်မှတ်မှတ် သီးခြားရေးပြီး ဆွေးနွေးထားတာပါ ..
အပေါ်မှာပြောခဲ့တဲ့အတိုင်းပါပဲ ... Roshan မှာ 75% Magic Resistance ရှိတဲ့အတွက်
Magic အသုံးပြုပြီး တိုက်ခိုက်မယ့် အကြံကို လက်လျှော့ဖို့ တိုက်တွန်းချင်ပါတယ်..
ဒါဆို ဘယ်လိုတိုက်ခိုက်ကြမလဲ ...
Roshan ရဲ အဓိက အားနည်းချက်က သူ့ရဲ့ Armor ပါပဲ ..
ဟုတ်ပါတယ်... Roshan ဟာ ပွဲအစမှာ 3 Armor ပဲ ရှိပြီး သူ့ရဲ့ နောက်ဆုံး upgrade ရောက်ရင်တောင်
8 armor ပဲ ရှိတဲ့အတွက်ကြောင့် Roshan ရဲ့ အဓိက အားနည်းချက်က သူ့ရဲ့ Armor ဖြစ်နေရတာပါပဲ..
(ဒီအပိုင်းမှာ Armor နဲ့ ပတ်သတ်ပြီး နည်းနည်းလေး ဆွေးနွေးချင်ပါတယ်...
Armor ဆိုတာက အားလုံးသိတဲ့အတိုင်း Physical Damage ကို လျော့စေတဲ့ unit တစ်ခုရဲ့ အင်္ဂါရပ်ဖြစ်ပါတယ်
သင့် hero ရဲ့ base armor ကြောင့် အပြင်
သင်ဆက်ထားတဲ့ item တွေရဲ့ armor ကြောင့် ...
ထို့အပြင် သင့်ရဲ့ Agility တိုးတက်လာတာပေါ်မူတည်ပြီး သင့်ရဲ့ Armor ကလဲ တိုးတက်လာပါတယ်...
Armor တိုးလာတာနဲ့ အမျှ Physical Damage Resistance တိုးလာပြီး
Armor ကျသွားတာနဲ့ အမျှ Physical Damage Amplification တိုးလာပါတယ်...
Armor ကို (+) အခြေအနေနဲ့ကြည့်မယ်ဆိုရင်
Armor 1 မှာ 5.7% လျော့ထိမယ်
Armor 2 မှာ 10.7 % လျော့ထိမယ်
Armor 3 မှာ 15.3 % လျော့ထိမယ်
Armor 4 မှာ 19.4% လျော့ထိမယ်
အဲ့လိုနဲ့ တိုးလာရင်း 25 Armor မှာတော့ 60% လျော့ထိမယ့် အခြေအနေဖြစ်သွားပါမယ်..
(သင်က 4 Armor ရှိတယ်ဆိုပါစို့
သင့်ရန်သူက သင့်ကို Damage 100 အတိနဲ့ တိုက်ခိုက်မယ်ဆိုရင်
100 - 19.4 = 80.6 Damage ပဲ သင့်ကို ထိမှာဖြစ်ပါတယ်... )
(Damage Reduction ဖြစ်လို့ လျော့ ပြီးထိတာပါ)
Armor ကို (-) အခြေအနေရောက်တဲ့ ဘက်က ကြည့်မယ်ဆိုရင်တော့
Armor -1 မှာ 5.7% ပိုထိမယ်
Armor -2 မှာ 10.7 % ပိုထိမယ်
Armor -3 မှာ 15.3 % ပိုထိမယ်
Armor -4 မှာ 15.3 % ပိုထိမယ်
အဲ့လိုနဲ့ လျော့သွားရင်း -25 Armor အရောက်မှာတော့ 60% ပိုပြီးထိမယ့် အခြေအနေဖြစ်သွားမှာပါ ..
(သင်က -4 Armor ရှိတယ်ဆိုပါစို့

100 + 19.4 = 119.4 Damage သင့်ကို ထိမှာဖြစ်ပါတယ်... )
(Damage Amplification ဖြစ်လို့ ပို ပြီးထိတာပါ)
တွက်ချက်ပုံက အရမ်းရိုးရှင်းပါတယ်....
Attack Speed တွက်တုန်းကလိုပါပဲ ... ရှိသမျှ Armor တန်ဖိုးတွေ အားလုံးကို
ပေါင်းသင့်တာပေါင်း၊ နှုတ်သင့်တာနှုတ် ပြီးလို့ ရလာတဲ့ တန်ဖိုးက (+) ဖြစ်ရင် လျော့ထိမယ်
ပေါင်းသင့်တာပေါင်း၊ နှုတ်သင့်တာနှုတ် ပြီးလို့ ရလာတဲ့ တန်ဖိုးက (-) ဖြစ်ရင်တော့ ပိုထိတော့မှာပါ ...
ဟုတ်ပြီ။ Roshan အကြောင်းဘက် ပြန်သွားရအောင် ..
Magic နဲ့ တိုက်ခိုက်ဖို့ မလွယ်တဲ့ Roshan ကို Physical Damage Amplification ဖြစ်အောင် လုပ်ပြီး
တိုက်ခိုက်ရင် မလွယ်ဘူးလား
ဥပမာ ပြောရရင် ပွဲစစချင်း lvl 1 မှာ Roshan သွား သတ်ပြီပဲ ထားပါတော့
Roshan မှာ Armor 3 ရှိတဲ့အတွက် သူ့ရဲ့ Physical Damage Reduction က 15.3% ရှိနေပါတယ်..
သင်တို့ အသင်းက Hero ၅ ကောင်က တိုက်ခိုက်သမျှ အချက်တိုင်းကို 15% ဆီလျော့နေမှာပါ ...
ဟုတ်ပြီ .. နည်းနည်းလောက် သင်္ချာတွက်သလို တွက်ချက်ကြည့်ရအောင် ...
ဒါဆို Hero တစ်ကောင်မှာ ပျှမ်းမျှ 50 Damage ရှိတယ်ပဲထားပါတော့
၅ ကောင်ပေါင်းရင် 250 Damage ရှိတယ်လို့ ထားမယ် ...
အဆိုပါ ၅ ကောင်က တစ်ချက်စီ ချလိုက်တိုင်း စုစုပေါင်း 250 Damage ရဲ့ 15% လျော့လိုက်ရင်
250 - 37.5 = 212.5 Damage ပဲထိမယ့်သဘောဖြစ်သွားမှာပါ ..
တစ်ချက်ချလိုက်တိုင်း 37.5 Damage ဆီလျော့သွားမှာဆိုတော့ ၅ခါ ချပြီးတဲ့အချိန်မှာ
187 Damage လောက် နှမျောစရာ ကောင်းသွားပါပြီ ...
ဒါက lvl 1 ဆိုတဲ့အခြေအနေမှာ တွက်ချက်ထားတာဖြစ်ပါတယ်...
တကယ်လို့ lvl တွေ များလာတဲ့အချိန်ရောက်ခဲ့ရဲ့ Physical Damage တစ်မျိုးတည်း အားကိုးပြီး
တိုက်ခိုက်ရမယ့် Roshan ကို Armor လျော့ပြီး တိုက်ခိုက်တာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်...
ဒါဆို Hero တွေ lvl 10 လောက်မှာ Roshan kill တယ်လို့ စဉ်းစားပြီးတွက်ကြည့်ရအောင် ...
ပွဲကစားချိန်ကိုလဲ ၁၈ မိနစ်လို့ သတ်မှတ်ထားပါမယ်...
၁၈ မိနစ်မှာ Roshan ဟာ 9500 Hp, 5 Armor, 115 Damage ရှိနေပါလိမ့်မယ်...
lvl 10 ဆိုတဲ့ အခြေအနေဟာ hero တွေမှာ ထိုင်သင့်တဲ့ Inventory တွေနဲ့ Damage တွေလဲ ရသင့်သလောက်ရနေပါပြီ
အဲ့လိုအခြေအနေမျိုးမှာ Roshan ကို -3 Armor လို့ စဉ်းစားပြီးတွက်ချက်ကြည့်ပါမယ်...
ပြီးတော့ Hero တစ်ကောင်မှာ ပျှမ်းမျှ 100 Damage နဲ့ တွက်ချက်ကြည့်ပါမယ်...
နောက်ပြီး သူတို့ရဲ့ Attack Per Second ကိုလည်း ၁ စက္ကန့်ကို ၁ ချက်နှုန်းထားပြီးတွက်ချက်ကြည့်ပါမယ်...
ဒါဆိုရင် ၁ စက္ကန့်မှာ Roshan ပေါ် သက်ရောက်မယ့် စုစုပေါင်း Damage က 500 Damage လောက်ရှိပါမယ်...
၁။ တကယ်လို့ Roshan မှာ 5 Armor ရှိခဲ့မယ်ဆိုရင်
5 armor အတွက် Damage Resistance က -23.1% ရှိပါမယ်...
500 - 115.5 = 384.5 Damage နှုန်းနဲ့ ၁ စက္ကန့်ချင်းဆီအတွက် တိုက်ခိုက်တာဖြစ်လို့
Roshan သေဖို့ ** 24.7 seconds** ကြာပါလိမ့်မယ်...
၂။ တကယ်လို့ Roshan မှာ 0 Armor ရှိခဲ့မယ်ဆိုရင်
0 armor အတွက် Damage Resistance က 0% ရှိပါမယ်...
500 - 0 = 500 Damage နှုန်းနဲ့ ၁ စက္ကန့်ချင်းဆီအတွက် တိုက်ခိုက်တာဖြစ်လို့
Roshan သေဖို့ **19 seconds** ကြာပါလိမ့်မယ် ...
၃။ တကယ်လို့ Roshan မှာ -5 Armor ဖြစ်နေခဲ့မယ်ဆိုရင်တော့
-5 Armor အတွက် Damage Amplification က +23.1% ရှိပါမယ်...
500 + 115.5 = 615.5 Damage နှုန်းနဲ့ ၁ စက္ကန့်ချင်းဆီ အတွက် တိုက်ခိုက်တာဖြစ်လို့
Roshan သေဖို့ ** 15.4 Seconds ** ကြာပါလိမ့်မယ်....
ဒါက အချိန်နဲ့ နှိုင်းယှဉ်ပြီးတွက်ချက်ပြတာပါ ..
သင်တို့ အားလုံးလဲ သိပါတယ်... Roshan သတ်နေတဲ့အချိန် ၁ စက္ကန့်လောက်လေး နောက်ကျသွားရင်တောင်
တစ်ဖက် အသင်းက ၀င်လု သွားနိုင်တဲ့အခြေအနေရှိတယ်ဆိုတဲ့ အချက်ကိုပါ ...
ပုံမှန် 5 Armor ရှိနေတဲ့ Roshan ကို သတ်ဖို့ 24 seconds ကြာမယ့်အခြေအနေကို
10 Armor လျော့ပြီးသာ တိုက်ခိုက်မယ်ဆိုရင် 9 seconds လောက်တောင် စောပြီး သတ်နိုင်မယ့်အခြေအနေပါ ...
စက္ကန့်တိုင်းဟာ အရေးကြီးပါတယ်...
ဒါကြောင့်
ကျွန်တော့် ရဲ့ အကြံပြုချက်မှာ Armor လျှော့ပြီး တိုက်ခိုက်ဖို့ကို ရာနှုန်းပြည့် တိုက်တွန်းလိုပါတယ်...
(တခြားနည်းလဲ သုံးစရာမှ မရှိပဲ )
ဒါကြောင့် တစ်သင်းလုံးမှာ support hero တစ်ကောင်လောက်က Medallion of Courage ကို
1075 gold လောက်ပေးပြီးဆက်ထားတာဟာ ပွဲစဉ်တစ်လျှောက်လုံး သုံးလို့ကောင်းတာဖြစ်တဲ့အတွက်
Support player တစ်ယောက်ဟာ ဒီတစ်ချက်ကို မမေ့သင့်ဘူးလို့လဲ အကြံပေးချင်ပါတယ်...
(Support hero တွေတင်မကပါဘူး .. တစ်ချို့ Templer လို Hero ကိုင်တဲ့သူတွေတောင် Medallion ကို ဆက်ကြပါတယ်..
အကြောင်းကတော့ Physical Damage Amplification လုပ်ပြီးတိုက်ခိုက်တာက Damage item ဆက်ပြီး တိုက်ခိုက်တာထက်
ပိုပြီး ထိရောက်တယ်ဆိုတာကို သိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်ဗျာ ... )
5/ How to kill Roshan at Level 1
တော်တော်လည်း ပြည့်စုံသွားပါပြီ ... ဒါဆို ကျွန်တော်တို့ Roshan ကိုဘယ်လို kill မလဲဆိုတဲ့ အချက်ဘက်ကို ထပ်သွားရအောင် ..
Roshan ကို lvl 1 မှာ သတ်ချင်တယ်ဆိုတဲ့ အချက်ဟာ ကစားသမား အများစုရှိထဲမှာ တွေးလေ့ရှိတဲ့အချက်တစ်ချက်ပါ ..
ဒါဆို အဲ့လိုသွားသတ်ဖို့အတွက် ကိုယ့်ဘက်က ဘယ်လိုမျိုးတွေ ပြင်ဆင်သွားသင့်သလဲလို့ စဉ်းစားကြည့်ရအောင် ...
ကျွန်တော်တို့ရဲ့ ပစ်မှတ် Roshan ရဲ့ အချက်အလက်တွေကို စဉ်းစားပြီးမှ Roshan ကုန်းထဲကို ၀င်ရင် ပိုအဆင်ပြေမှာပါ ..
(ကျွန်တော်က Enigma crazy ပါ .. ကျွန်တော် Enigma ကိုင်တဲ့ ပွဲတိုင်း ပွဲစစချင်းမှာ တစ်ဖက်အသင်းရဲ့
ရန်သူ hero ၅ ကောင်ကို အရင်ဆုံးလေ့လာပါတယ် ..
ဘယ်ကောင်တွေက ကျွန်တော့်ရဲ့ Black hole ကို အနှောက်အယှက်ပေးမလဲ ဆိုတာကိုပေါ့ ..
ရန်သူ့ဘက်က ကျွန်တော့်ရဲ့ Black Hole ကို ဖျက်မယ့် Ability အရေအတွက်ကို တွက်ချက်ထားခြင်းအားဖြင့်
Battle တစ်ခုမှာ ရန်သူသုံးသွားတဲ့ Ability တွေကို ကြည့်ပြီး
ကျွန်တော့်ရဲ့ Black Hole သုံးဖို့ သင့်မသင့်ကို အမြန်ဆုံးဆုံးဖြတ်နိုင်တာပေါ့ဗျာ .. )
ဒါဆို Roshan ရဲ့အချက်အလက်တွေမှာ
၁။ Armor လျော့ပြီး တိုက်ခိုက်ရင် အားသာမယ်...
၂။ Magic Damage နဲ့ တိုက်ခိုက်ရင် မထိရောက်ဘူး ...
၃။ Roshan က ကိုယ့်ကို Physical Damage တစ်မျိုးတည်းနဲ့ တိုက်ခိုက်တယ်...
၎။ ကိုယ်ကလည်း သူ့ကို Physical Damage တစ်မျိုးတည်းနဲ့ တိုက်ခိုက်ရမယ် ...
အဲ့ဒီ့အချက် ၄ ချက်ကို ဦးစားပေးစဉ်းစားပြီး Roshan ကုန်းထဲ ၀င်ကြတာပေါ့ဗျာ ...
၁။ Armor လျော့ပြီးတိုက်ခိုက်မယ်...
ရှင်းပါတယ်.. Armor လျော့နိုင်သမျှလျော့ဖို့ စဉ်းစားကြတာပေါ့ ... အစောပိုင်း lvl 1 မှာဆိုရင်တော့
Armor 3 ကို လျော့ဖို့ အကောင်းဆုံး Hero ကတော့ Nevermore ပါပဲ ..
Nevermore ရဲ့ Presence of the Dark Lord ဟာ သူ့ရဲ့ Aoe 900 အတွင်းက
Ally မဟုတ်တဲ့ unit တွေကို -3 Armor နှုတ်ပါတယ်.. ဒါဟာ lvl 1 မှာ Roshan ကို Armor နှုတ်နိုင်တဲ့
Ability ဖြစ်ပါတယ်..ဒါကြောင့် lvl 1 နဲ့ Roshan kill ဖို့ Nevermore ဟာလဲ သင့်တော်တဲ့ Hero တစ်ကောင်ဖြစ်ပါတယ်...
တခြား hero အနေနဲ့ကတော့ Vengiful ရဲ့ Wave of Terror ရှိပါသေးတယ်...
( ပွဲနောက်ပိုင်းမှာ Roshan kill ဖို့ အလိုက်ဖတ်ဆုံး Hero ကတော့ Slardar ပါပဲ ... )

ဒီအပိုင်းမှာတော့ များများစားစားပြောစရာမရှိပါဘူးဗျာ...
အဓိက ကတော့ Magic သုံးမယ်ဆိုရင် Damage ထက် Stun, Slow အစရှိတာတွေ စဉ်းစားသွားတာ ပိုထိရောက်တာပေါ့ဗျာ..
( ဥပမာ : Lion,Shaman ရဲ့ Voodoo, Queen of Pain ရဲ့ Shadow Strike)

ဒါကတော့ ကိုယ့်ဘက်က ပြန်ပြီး ကာကွယ်ရမယ့် အပိုင်းပေါ့ ..
ကိုယ်က Stout Shield တစ်ခုနဲ့ Armor ကောင်းကောင်းသာရှိနေမယ်ဆိုရင်
Roshan ရဲ့ 65 Damage ကို ထက်ပြီးကာကွယ်ဦးမှာဆိုတော့ ကိုယ့်ဘက်မှာ Armor ကောင်းကောင်းရှိနေတာလဲ
အထောက်အကူဖြစ်ပါတယ်...
( ဥပမာ : Goblin Shredder ရဲ့ Reactive Armor, Lich ရဲ့ Frost Armor )
( Lich ရဲ့ Frost Armor ဟာ မိမိ Ally ကို Armor ကာကွယ်ပေးတဲ့အပြင်
Physical Attack တစ်မျိုးပဲ အားကိုးရတဲ့ Roshan ကိုလဲ 20% Attack Speed slow စေပါသေးတယ် ... )
ဒါ့အပြင် Roshan ရဲ့ တစ်မျိုးတည်းသော Physical Damage ကို ကာကွယ်ဖို့ Lone Druid ရဲ့ Spirit Bear လဲ အသုံးပြုနိုင်ပါတယ်..

ဒီအပိုင်းမှာတော့ ဆွေးနွေးစရာ နည်းနည်း များသွားပြီဗျ ...
သူ့ကို Physical Damage တစ်မျိုးတည်းနဲ့ တိုက်ခိုက်မယ်ဆိုတဲ့အတွက်
ကိုယ့်အသင်းသားတွေ Damage တက်ဖို့အတွက် စဉ်းစားဖို့လိုပါလိမ့်မယ်... ဒါကလဲ လူတိုင်းသိပြီးသားအချက်တစ်ချက်ပါ..
အဲ့ဒါကြောင့် Damage တက်တဲ့ Aura တွေ စဉ်းစားကြတာပေါ့ ...
(ဥပမာ : Vengiful ရဲ့ Command Aura, Drow Ranger ရဲ့ Precision Aura,Moon Rider ရဲ့Lunar Blessing )
(ဒီအပိုင်းမှာလဲ Vengiful ကိုင်ရင် Damage Aura ယူမလား၊ Armor လျော့မလားလို့ ဆုံးဖြတ်ကြတာပေါ့)
နောက်ပြီးတော့ Roshan သတ်ဖို့ Summon unit တွေလဲကို စဉ်းစားကြည့်ရအောင် ...
Enigma ရဲ့ lvl 1 Eidolons လေးတွေဟာ 16~24 Damage ရှိပါတယ်... အများဆုံး ၆ ခြောက်ကောင်ဖြစ်တဲ့အခြေအနေဆိုရင်
၁.၅ စက္ကန့်မှာ တစ်ကောင်ကို ပျမ်းမျှတစ်ချက် 20 Damage နှုန်းနဲ့
၃ စက္ကန့်မှာ တစ်ကောင်ကို ၂ ချက်နှုန်းနဲ့ ပျှမ်းမျှ Damage 40 လို့ တွက်ကြည့်မယ်ဆိုရင်
Eidolons တွေရဲ့ သတ်တမ်း ၃၅ စက္ကန့်မှာ Eidolon ၁ ကောင်ဟာ ပျှမ်းမျှ ၂၃ ချက်တိုက်ခိုက်နိုင်ပါတယ်...
Eidolon တစ်ကောင်က ၆ ချက်ပစ်ပြီးသွားတာနဲ့ တစ်ကောင်ထပ်ပွားတယ်ဆိုတော့
၃၅ စက္ကန့်အတွင်း စုစုပေါင်းပစ်ချက်က ၂၃ x ၃ + (၁၈ x ၃) = ၁၂၃ ချက်တိတိ ပစ်ပါတယ်....
အဲ့ဒါကို ပျှမ်းမျှ 20 Damage အနေနဲ့ တွက်ချက်လိုက်မယ်ဆိုရင်
၁၂၃ x ၂၀ = ၂၄၆၀ Damage တိတိ ထိမှာပါဗျာ ... (^^)
( ဒီအပိုင်းမှာ Roshan ရဲ့ Armor ကို 0 လို့ စဉ်းစားပြီးတွက်ချက်ထားတာဖြစ်ပါတယ်ဗျာ...)
ဟုတ်ပါပြီ....
Enigma တစ်ကောင်တည်းနဲ့ ၃၅ စက္ကန့်အတွင်းမှာ Roshan ကို 2460 Damage တိုက်ခိုက်နိုင်မယ်ဆိုတော့
Enigma အကောင်လေးတွေ ဖောက်ဖို့ အတွက် Summon unit တစ်ခုခု အသုံးပြုဖို့လိုပါလိမ့်မယ်..
ဒါကတော့ Nature Prophet, Lycan, Beastmaster အစရှိတဲ့ lvl 1 မှာ Summon unit ထုတ်နိုင်တဲ့ Hero တွေ ကိုစဉ်းစားကြတာပေါ့ဗျာ..
တကယ်လို့ Beastmaster ဆိုရင်လဲ Summon unit lvl ကို ယူမလား
Attack Speed တက်ဖို့ Inner Beast ကို ယူမလား စဉ်းစားဖို့ လိုလာပြန်ပါတယ်...
Venomancer ရဲ့ Plague Ward လေးတွေကလဲ Roshan သတ်ဖို့အလွန်အသုံးဝင်တယ်ဆိုတာ
အားလုံးလဲ သိပြီးသားကိစ္စ ရပ်တစ်ခုပါ ..
Brewmaster ရဲ့ Draken Haze တိုက်ထားလိုက်ရင်လဲ 45% Miss ထ စေမှာပါ ...
Troll Warlord ကတော့ အရမ်းအသုံးမ၀င်ပေမယ့် Attack Speed ကောင်းခြင်းကလည်း Damage များခြင်းနဲ့ သွယ်ဝိုက်ပြီးသက်ဆိုင်ပြန်တယ်...
Abaddon (Lord of Avernus )ဟာလည်း သူ့ရဲ့Curse of Avernus (Frost Mourne) သုံးပြီးတိုက်ခိုက်မယ်ဆိုရင်
မိမိ Ally တွေအားလုံး Attack Speed 10 ရရှိမှာဖြစ်ပြီး Roshan ကိုလည်း 5 Attack Speed လျော့စေမှာပါ ..
ဒါ့အပြင် Ursa Warrior နဲ့ Skeleton King (Wraith King) ဟာလဲ Roshan သတ်ဖို့ ကောင်းမွန်တဲ့ အတွဲတွေ ဖြစ်ပါတယ်..
Physical Damage တွေထဲမှာ အားအသာဆုံးလို့ ပြောလို့ ရတဲ့ Fury Swipes ကို ပိုင်ဆိုင်ထားတဲ့ Ursa ဟာ
Roshan သတ်ဖို့ အကောင်းဆုံး Hero တွေထဲက တစ်ကောင်ဖြစ်ပါတယ်...
(Ursa ရဲ့ Fury Swipes သတ်ရောက်ပုံကို ဒီ post ပြီးရင် သီးသန့် post တစ်ခုအနေနဲ့ တင်ပါမယ်.. )
အဆိုပါ Ursa Warrior ရဲ့ Fury Swipes Damage အမြောက်အများနဲ့ Skeleton King (Wraith King) Vampire Aura ပေါင်းလိုက်ရင်
ursa ဟာ တစ်ချက် ခုတ်တိုင်း 80 life လောက် Regenaration ပြန်ရနေမှာပါ...
ဒါ့အပြင် Roshan နဲ့ တိုက်ခိုက်ရင်း လျော့သွားမယ့် life ကို ပြန်ပြီး ဖြည့်ဖို့အတွက်
Healer အချို့ကို ထည့်ထားတာကလည်း ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခုပါပဲ ..
6/ Roshan Strategies
အပေါ်မှာ ဆွေးနွေးသွားတဲ့ အချက်တွေနဲ့ ခြုံငုံပြီး အကျဉ်းချူံးပြောရရင်
low level မှာ Roshan သတ်တော့မယ်ဆိုရင် စဉ်းစားသင့်တဲ့ Hero တွေကတော့
Ursa Warrior (Fury Swipes)
Vengiful Spirit (Wave of Terror or Command Aura)
Drow Ranger (Precision Aura)
Moon Rider (Luna Blessing)
Skeleton King (Wraith King) (Vampire Aura)
Lone Druid (Spirit Bear)
Brew Master (Draken Haze)
Nevermore (Presence of the Dark Lord
Venomancer (Plague Ward)
Lord of Avernus(Curse of Avernus or Frost Mourne)
Lich (Frost Armor)
Enigma (Demonic Conversion)
Lycan (Summon Wolves)
Nature Prophet (Force of Nature)
Beastmaster (Call of the Wild or Inner Beast)
Queen of Pain (Shadow Strike)
N'aix (Open Wound)
Enchantress (Nature's Attendants)
Dazzle (Shadow Wave)
အဆိုပါ Hero တွေကို စဉ်းစားကြတာပေါ့ဗျာ ... တခြား Hero တွေလဲ ကိုယ့်ရဲ့ အသင်းနဲ့ ကိုက်ရင်
ထည့်သုံးနိုင်ပါတယ်.. ဒီမှာ အကြံပြုထားတာတွေ အားလုံးဟာ အခြေခံ အချက်ပေါ်မှာသာ စဉ်းစားထားတာဖြစ်ပါတယ်..
ဒါပေမယ့် lvl 1 မှာ Roshan kill နိုင်တာက ကစားပွဲတစ်ပွဲကို ၁၀၀% အနိုင် ရဖို့ ရာနှုန်းပြည့် အကူအညီ မဖြစ်ပါဘူး ...
item မပြည့်စုံသေးတဲ့ အစောပိုင်း Hero တစ်ကောင်ကို ၆ မိနစ်စာ ကာကွယ်ပေးတယ်ဆိုတာက သိပ်တော့ထိရောက်မှာ မဟုတ်ဘူးဗျ..
ပွဲကစားချိန်ရဲ့ ၁၀ မိနစ် (သို့မဟုတ်) ၁၅ မိနစ် နောက်ပိုင်းမှာ သတ်နိုင်မှ ပိုအကြိုးရှိနိုင်မှာပါ ..
အဲ့ဒီ့ အချိန်ရောက်ရင်တော့ Roshan kill ရတာ ပိုပြီး လွယ်သွားမယ့် အပြင်
အခြေအနေကိုလည်း သုံးသတ်ဖို့ အဆင်ပြေသွားမှာပါ ...
သင့်ရဲ့ အသက် ၂ သက်ကလည်း ပိုပြီး တန်ဖိုးရှိသွားမှာပါ ...
lvl 1 မှာ Roshan kill ဖို့အတွက် တစ်ဖက်အသင်းက ရိပ်မိသွားမလားဆိုတဲ့အချက်ကလဲ အရေးကြီးပါသေးတယ်..
ဒါကြောင့် တကယ်လို့ Roshan kill မယ်လို့ အစီအစဉ်ရှိရင် ပွဲမစခင်ကတည်းက တိုင်ပင်ပါ ...
သင်တို့ရဲ့ Hero တွေ မရွေးချယ်ခင်ကတည်းက ဘယ်item ဆက်မလဲဆိုတာကို စဉ်းစားထားပါ ..
ဖြစ်နိုင်ရင် Smoke of Deceit သုံးပြီး Roshan ကုန်းထဲကို ၀င်ပါ ..
နောက်ထပ် ဖြစ်နိုင်ရင် ဟန်ဆောင်ကောင်းရင်တော့ ပိုကောင်းတာပေါ့ဗျာ..
သဘောက hero ၄ ကောင်လောက်ပဲ Roshan ကုန်းထဲ ၀င်ပြီး ကျန်တဲ့တစ်ကောင်လောက်က
Rune လုဖို့ စောင့်တာမျိုး ... သူများတောထဲဝင်ပြီး ob ထောင်ဖို့ ကြိုးစားတာမျိုး ..
တစ်ဖက်အသင်းသားတွေ အာရုံနောက်ဖို့အတွက် Faint လေးဘာလေး လုပ်ပေါ့ဗျာ ..
ဒါပေမယ့် တစ်ဖက်အသင်းက ရိပ်မိပြီးသားဆိုရင်တော့ lvl 1 နဲ့ Roshan သတ်ဖို့ လွယ်ကူမှာမဟုတ်ပါဘူး ...
ကိုယ်ထုတ်ယူထားတဲ့ Hero တွေကလည်း ချက်ချင်း ရိပ်မိလောက်မယ့် Hero မျိုးတွေ မဖြစ်ရင်တော့ အဆင်ပြေတာပေါ့ဗျာ ..
ကျွန်တော်လဲ ဒီက ညီအစ်ကိုတွေ တောင်းဆိုထားတဲ့ post တွေ ရေးဖို့ ပြင်ဆင်ရင်းနဲ့
တခြား သိထားသင့်တဲ့ အကြောင်းအရာလေးတွေ စဉ်းစားမိရင် အခုလို post တွေဘက်ကို လှည့်ပြီးရေးသွားဖြစ်တယ်ဗျာ...
တခြား post တွေလဲ ရေးပါမယ်လို့ ကတိပေးပါတယ်...
Carry Player တွေရော Support Player တွေရော အတွက်ပါ လေ့လာဖို့သင့်လျော်တဲ့ post လေးကို အရင်ရေးလိုက်တဲ့အတွက်
တောင်းပန်ပါတယ်ဗျာ...
မြန်မာနိုင်ငံမှ Dota Player များ တိုးတက်ကြပါစေ ... (^^)
Burn With the Flame of YOUTH !!
yahooyeeha ©

No comments:
Post a Comment