TI3 တုန်းက Alchemist, Gyrocopter, Templar Assassin အစရှိတဲ့ Carry Hero တွေကို ရွေးချယ်အသုံးပြုခဲ့ပေမယ့် ပြီးခဲ့တဲ့ TI4 မှာတော့ သူတို့အားလုံးရဲ့နေရာကိုအစားထိုးဝင်ယူခဲ့တဲ့ Tank/Carry Hero တစ်ကောင်ကတော့ Razor The Lightning Revenant ပဲဖြစ်ပါတယ်။
Attack Range 475 ပဲရှိပေမယ့် Agility Hero တွေမှာ တွေ့ရခဲတဲ့ Tank Role ကို ကစားနိုင်တဲ့အပြင် ယခင်က Semi-Carry တစ်ကောင်အဖြစ်သတ်မှတ်ခဲ့ရတဲ့ Razor ဟာ
ပွဲကြာချိန်မြင့်လာတာနဲ့အမျှ Carry Role ပုံစံပြောင်းဆော့လို့ရတဲ့အတွက် လူကြိုက်များတဲ့ Agility Hero တစ်ကောင်ဖြစ်လာပါတယ်။ အသင်းအဖွဲ့နဲ့ဆော့တဲ့အခါပဲဖြစ်ဖြစ်၊ တစ်ကိုယ်တော် solo ဆော့တဲ့အခါပဲဖြစ်ဖြစ် Razor ဟာ ဘက်စုံအသုံးတည့်တဲ့အတွက် လူကြိုက်များမှာအသေအချာပါပဲ။
Background Story
Underscape နယ်မြေအတွင်း ရှင်သန်နေထိုင်ရတဲ့ ဝိညာဉ်များအကြားမှာတော့ Razor the Lightning Revenant ဟာ ကြောက်စရာအကောင်းဆုံးတွေထဲ့ ကြောက်စရာအကောင်းဆုံးသူ ဖြစ်ပါတယ်။ Razor ဟာ သူရဲ့ မိုးကြိုးသွားကြာပွတ်ကို ဆုတ်ကိုင်ရင်း ဒုစရိုက်မှု၊ ကောက်ကျစ်မှုတို့ကြောင့် အကျဉ်းချခံထားရသော ဝိညာဉ်များကို ဖမ်းဆီးထားတဲ့ The Narrow Maze ရဲ့ အထက်က စင်္ကြံပေါ်မှာ ခေါက်တုံ့ခေါက်ပြန့်လျှောက်ရင်း စောင့်ကြည့်လျက်ရှိပါတယ်။ သူ့အောက်က ဝိညာဉ်များရဲ့ လေးလံသော အသံများကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တဲ့အခါတိုင်း အဆိုပါ ဝိညာဉ်ဆီသို့ မိုးကြိုးလျှပ်စစ် တစ်လက် ပစ်လွှတ်လိုက်ပြီး ဘဝကူးသွားအောင်၊ ဒါမှမဟုတ် အဆုံးမရှိတဲ့ တွင်းနက်ကြီးထဲ ခုန်ချထွက်ပြေးသွားအောင် ဇီဝိန်ချူပ်ပေးတာဟာ Razor ရဲ့ အဓိက တာဝန်ဖြစ်ပါတယ်။ ဖိနှိပ်အုပ်ချူပ်ခြင်းရဲ့ စွမ်းအားများနဲ့ ဖွဲ့စည်းထားတဲ့ Razor ဟာ စွမ်းအားသပ်သပ်ဖြင့်သာဖွဲ့စည်းထားသော ထာဝရခန္ဓာကိုယ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကြီးစိုးခြင်းအငွေ့အသက်တွေနဲ့ ဖွဲ့စည်းထားတဲ့ Razor ဟာ စက်ဆုပ်ဖွယ်ကောင်းတဲ့ သူ့ရဲ့အလုပ်မှာ ပျော်မွေ့လျက်ရှိပါတော့တယ်။
Overview
Cooldown အသင့်အတင့်ရှိပြီး မိမိအသုံးပြုတဲ့ အကွာအဝေးပေါ်မူတည်ကာ Damage အနည်းအများရှိနိုင်တဲ့ Plasma Field, အစောပိုင်းကတည်းက အဆမတန်များပြားတဲ့ Physical Damage ပမာဏကို ရရှိစေဖို့ တစ်ဖက်အသင်းရဲ့ Hitter ရဲ့ Damage တွေကို စုတ်ယူနိုင်တဲ့ တစ်ချက်ခုတ် ၂ချက်ပြတ် Ability ဖြစ်တဲ့ Static Link, တစ်ဖက်အသင်းက Positive Buff တွေကို အရမ်းအားကိုးတဲ့ Hero တွေသာ ပါခဲ့မယ်ဆိုရင် Counter လုပ်ဖို့အသင့်တော်ဆုံးဖြစ်စေတဲ့ Unstable Current နဲ့ မိမိကိုယ်တိုင် Tank ဖြစ်နေသလို တစ်ဖက်အသင်းရဲ့ Tank ကို ဒုက္ခပေးနိုင်ပြီး ပွဲနောက်ပိုင်းမှာ Tower Damage ပေးနိုင်မယ့် Eye of the Storm အစရှိတဲ့ Ability ၄ခုဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်လျက်ရှိတဲ့အတွက် Razor ဟာ လူကြိုက်များရခြင်းဖြစ်ပါတယ်။
Abilities
Plasma Field ဟာ အသုံးပြုလိုက်တဲ့အခါမှာ 795 AoE အတွင်း ကို လျှပ်စစ်လှိုင်းတစ်ခု ထုတ်လွှတ်လိုက်ပြီး Damage ကတော့ အသွားတစ်ခေါက် အပြန်တစ်ခေါက် စုစုပေါင်း ၂ခေါက် သတ်ရောက်မှာဖြစ်ပါတယ်။ အဆိုပါ Damage ရဲ့ တွက်ချက်ပုံကတော့ ဝေးလေ Damage များလေ ဖြစ်တဲ့အတွက် လျှပ်စစ်လှိုင်းကို အဖြားခပ်ပြီး အသုံးပြုပေးမှ အများဆုံး Damage ကို သတ်ရောက်စေမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာ လှိုင်းရဲ့အစွန်းဆုံးနဲ့ရိုက်ခပ်ခဲ့မယ်ဆိုရင် 185 Damage အထိသပ်ရောက်နိုင်မှာဖြစ်တဲ့အတွက် အသွားအပြန် စုစုပေါင်းအတွက် 185+185=370 Damage ကို သပ်ရောက်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် Razor နဲ့Melee တိုက်ခိုက်နေတဲ့ ရန်သူတွေအတွက်တော့ တစ်လှိုင်းကို 80 Damage သာ သတ်ရောက်မှာဖြစ်လို့ စုစုပေါင်း 160 Damage ဖြင့်သာ တိုက်ခိုက်နိုင်မှာဖြစ်တဲ့အချက်ကို မေ့မထားသင့်တဲ့အတွက် Plasma Field ကို အသုံးပြုတော့မယ်ဆိုရင် မိမိအဓိက တိုက်ခိုက်ချင်တဲ့ Enemy ရဲ့ အကွာအဝေးကို ကြိုတင်ခန့်မှန်းထားဖို့လိုပါလိမ့်မယ်။
အသုံးပြုပြီး ၈ စက္ကန့်လောက် တစ်ဖက်အသင်းရဲ့ ရန်သူနဲ့ 675 Range အတွင်းကို လိုက်ကပ်ထားပေးရုံနဲ့ သင့်ရန်သူရဲ့ 56/112/168/224 Damage ဟာ သင့်ဆီကို ရောက်လာအောင် ခိုးယူပေးထားမယ့် Static Link ဟာ 20/30/40/50 mana သာကုန်မယ့် Point Ability တစ်ခုဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာ 1 second ကို 28 Damage နှုန်းနဲ့ခိုးပေးမှာဖြစ်လို့ 8 second အတွက် 28 * 8 = 224 Damage ရရှိစေမှာဖြစ်ပါတယ်။ သင့်ရန်သူဟာ 675 range ထက်ပိုပြီးဝေးဝေးပြေးနိုင်ခဲ့မယ်ဆိုရင် Link ပြတ်သွားမှာဖြစ်ပြီး အဆိုပါ Link ပြတ်သွားမယ့် အချိန်အတွင်းမှာ သင်စုတ်ယူထားတဲ့ Damage ပမာဏကို နောက်ထပ် 18 Second အထိဆက်လက်ရရှိမှာဖြစ်ပါတယ်။ အဆိုပါ 18 seconds အတွင်းမှာ သင်က Damage တွေရနေသလို အသုံးပြုခံရတဲ့ Enemy ဟာလည်း Damage တွေ လျော့နေမှာဖြစ်ပါတယ်။ Channeling Ability တစ်ခုမဟုတ်တဲ့အတွက် သင့်ရန်သူဟာ Fog ထဲဝင်ပြေးရင်၊ Invisible ဖြစ်သွားရင်၊ Razor ကို Disable အသုံးပြုသွားရင်တောင် Link ပြတ်သွားမှာမဟုတ်တဲ့အတွက် Link ပြတ်စေဖို့တစ်ခုတည်းသောနည်းလမ်းက Razor ရဲ့ အဝေး 675 Range ထပ်ပိုဝေးအောင် ပြေးဖို့ပဲ စဉ်းစားရမှာဖြစ်ပါတယ်။
Razor ကို Professional ကစားပွဲတွေမှာ အဓိက မြင်တွေ့ရစေတဲ့ Ability ကတော့ Unstable Current ပဲဖြစ်ပါတယ်။ Target Spell တွေကို အသုံးပြုတဲ့ Hero (Lion, Shaman, Rubick) နဲ့ Positive Buff ကို အသားပေးတဲ့ (Maganus, Ogre Magi, Lina) တို့ကဲ့သို့ Hero တွေအတွက် အကောင်းဆုံး Counter ပေးနိုင်တဲ့ Unstable Current ဟာ Passive အနေနဲ့ Razor ကို 4%/8%/12%/16% Movement Speed ကိုပေးမှာဖြစ်ပါတယ်။ Razor ကို တစ်ဖက်အသင်းရဲ့ Hero တွေက Target Ability တစ်ခုခုအသုံးပြုလိုက်တိုင်း အဆိုပါ Hero ကို Return အနေနဲ့ 40/70/100/130 Damage ပြန်လည်သတ်ရောက်စေရုံမကဘဲ အဆိုပါ Return ထိသွားတဲ့ Hero အပေါ်မှာရှိသမျှ Positive Buff (Attack Speed Bonus, Movement Speed Bonus, Damage Bonus, Cleave Bonus) တွေအားလုံးပျောက်သွားစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Enemy ရဲ့ Movement Speed ကို 100 အထိလျော့ကျသွားစေမှာဖြစ်ပြီး ကြာချိန်ကတော့ မိမိယူထားတဲ့အဆင့်အလိုက် 0.5/1/1.5/2 seconds ခန့်တိုးသွားမှာဖြစ်ပါတယ်။
Ultimate Eye of the Storm ကတော့ Razor အသုံးပြုတဲ့ကစားသမားအများစု Aghanim's Scepter မဆက်မဖြစ်ဆက်လောက်အောင် အသုံးပြုရလွယ်ကူရုံမကဘဲ တစ်ဖက်အသင်းရန်သူကို နုဖက်သွားစေမယ့် Physical Damage နဲ့တိုက်ခိုက်တဲ့ Ultimate Ability တစ်ခုဖြစ်ပါတယ်။ အသုံးပြုပြီးနောက် Razor ရဲ့ 500 AoE အတွင်းမှာရှိတဲ့ Hp အနည်းဆုံး Unit ကို အလိုလျောက် ရွေးချယ်တိုက်ခိုက်မှာဖြစ်ပြီး မိုးကြိုးတစ်ချက်အပစ်ခံရတိုင်း -1 Armor လျော့သွားမှာဖြစ်လို့ Eye of the Storm အသုံးပြုထားတဲ့ Razor အနားမှာ Enemy တစ်ကောင်ဟာ အချိန်ကြာကြာနေဖို့ ခက်ခဲပါလိမ့်မယ်။ နောက်ဆုံးအဆင့်မှာ Eye of the Storm ဟာ တစ်ချက်ကို 62.5 Damage နဲ့တိုက်ခိုက်မှာဖြစ်ပြီး အဓိက အကျဆုံးအချက်ကတော့ သူ့ရဲ့ မိုးကြိုးပစ်နှုန်းပဲဖြစ်ပါတယ်။ များများယူလေလေ မိုးကြိုးပစ်မယ့်နှုန်းဟာ ပိုမိုမြန်လာမှာဖြစ်ပြီး များများပစ်လေ Armor များများလျော့လေဖြစ်လို့ Aghanim's Scepter သာ ဆက်ခဲ့မယ်ဆိုရင် Damage ကို တိုးစေမှာမဟုတ်ပေမယ့် မိုးကြိုးပစ်နှုန်းကို နောက်ဆုံးအဆင့် 0.5 second မှာ တစ်ခါပစ်တဲ့ နှုန်းထားကနေ 0.35 second မှာ တစ်ခါပစ်နှုန်းအထိ တိုးသွားမှာဖြစ်တဲ့အတွက် Aghanim's Scepter ကို ရွေးချယ်ကြရခြင်းဖြစ်ပါတယ်။ ဒါကြောင့် စုစုပေါင်း Duration 30 Seconds မှာ နောက်ဆုံးအဆင့် မိုးကြိုးအချက်ပေါင်း ၆ဝ အထိပစ်မှာဖြစ်ပြီး Aghanim's Scepter ဆက်ထားမယ်ဆိုရင် ၈၆ ချက်အထိ ပစ်မှာဖြစ်ပါတယ်။ Aghanim's Scepter ဆက်ပြီးနောက် Hero unit အပြင် Building တွေကိုပါ Eye of the Storm ဖြင့် တိုက်ခိုက်နိုင်သွားမှာဖြစ်ပါတယ်။ Physical Damage နဲ့တိုက်ခိုက်တဲ့ Ability ဖြစ်လို့ Armor လျော့စေတဲ့ Buff နဲ့ တွဲပေးထားလို့ Eye of the Storm ရဲ့ Damage တွက်ချက်ပုံဟာ အတည်တကျ တွက်ချက်လို့မရအောင် များပြားပါလိမ့်မယ်။
Items
Razor အတွက်ကတော့ ရွေးချယ်စရာ Item အမျိုးမျိုးရှိပေမယ့် Team Fight နဲ့ဆော့မယ့် Razor အတွက် အသုံးအတည့်ဆုံးနဲ့အခြေခံအကျဆုံး Item အစဉ်လိုက် ၆ ခုကတော့ Phase Boots, Mekansm, Pipe of Insight, Aghanim's Scepter, Black King Bar, Heart တို့ပဲဖြစ်ပါတယ်။ အစောပိုင်း Creep စားနိုင်ဖို့အတွက် Phase Boots ဟာ အသုံးတည့်မှာဖြစ်သလို Semi-Carry တစ်ကောင်အနေနဲ့ အသုံးတည့်မယ့် Mekansm ကို စောစောစီးစီးရှာနိုင်ခဲ့မယ်ဆိုရင် စောစောစီးစီး Team Fight ကို ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ Unstable Current ရဲ့ အဓိက အားသာချက်ကတော့ မိမိကို ဦးတည်ပြီးတိုက်ခိုက်လေလေ တစ်ဖက်အသင်းအတွက် အကျိုးယုတ်လေလေဖြစ်လို့ မိမိဟာ Battle တစ်ခုကို Tank ပြီး ဦးဆောင်နိုင်ဖို့ Pipe of Insight ဟာလည်း တတိယမြောက်လိုအပ်မယ့် Ability တစ်ခုဖြစ်ပါတယ်။ lvl 16 ဝန်းကျင်မှာ Aghanim's Scepter, ပွဲနောက်ပိုင်းအတွက် Bkb နဲ့ Heart ကိုသာ အစဉ်လိုက် ရွေးချယ်နိုင်ခဲ့မယ်ဆိုရင် Damage အတွက် စိတ်ပူစရာမလိုတဲ့ Tanky Hero Razor အတွက် ပြီးပြည့်စုံတဲ့ Item တွေဖြစ်သွားမှာပါ။
Suggestions
Razor ဟာ သူနဲ့ရန်သူတစ်ကောင်ဟာ နီးနီးကပ်ကပ်နေမယ်ဆိုရင် Statick Link နဲ့ Eye of the Storm ကို ရင်ဆိုင်ရမှာဖြစ်ပြီး ဝေးဝေးပြေးပြန်ရင်လည်း Plasma Field ကြောင့် ဖြစ်ပေါ်လာမယ့် အကွာအဝေးပြဿနာနဲ့ ကြုံတွေ့ရမှာဖြစ်ပါတယ်။ တကယ့်လို့ သင့်အသင်းဘက်မှာ Pipe ဆက်ပေးမယ့် Hero ရှိခဲ့မယ်ဆိုရင်၊ ကစားပွဲကြာသွားလို့ Mekansm နေရာမှာ အစားထိုးရမယ့် Item တစ်ခုအစားထိုးရမယ်ဆိုရင်တော့ Refresher Orb ကို ရွေးချယ်သင့်ပါတယ်။ Astral Imprisonment(OD), Disruption(SD), Cyclone တို့နဲ့တောင် ဖျက်လို့မရတဲ့ Static Link ရဲ့ Damage စုတ်တဲ့အချိန် ၈ စက္ကန့်အပြီးမှာ Refresher Orb အသုံးပြုပြီး Link ထပ်သုံးခဲ့မယ်ဆိုရင် သင့်ရဲ့ Razor ကို 224*2=448 Damage အထိရရှိစေမှာဖြစ်ရုံမကဘဲ Eye of the Storm ကိုလည်း မိုးကြိုး ၈၅ ချက်ကနေ အချက်ပေါင်း ၁၇ဝ အထိ တိုးသွားစေမှာဖြစ်ပါတယ်။ Eye of ThStorm ရဲ့ကြာချိန်ကို စုစုပေါင်း ၁ မိနစ်အထိတိုးသွားစေခြင်းက သင်ရဲ့ Team Fight ကို အထောက်အကူဖြစ်စေမှာအသေအချာပါပဲ။
ဒီ Suggestion ဟာ ပြီးပြည့်စုံတဲ့ Suggestion မဟုတ်လို့ သင်ကြိုက်နှစ်သက်တဲ့ကိုယ်ပိုင်ကစားကွက်သာလျှင် သင့်အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
Burn With the Flame of YOUTH !!
yahooyeeha ©
No comments:
Post a Comment