Dota သမိုင်းကြောင်းတစ်လျှောက် အကြီးမားဆုံး အပြောင်းအလဲ တစ်ခုလို့ ပြောလို့ရတဲ့ v6.82 မြေပုံ Changelogs မှာတော့ သိသိသာသာပြောင်းလဲ သွားတဲ့ မြေပုံအပြင် ထူးထူးခြားခြားပြောင်းလဲမှု မရှိခဲ့တဲ့ Phantom Lancer, Bloodseeker နဲ့ Rikimaru တို့ဟာ သိသိသာသာကို Rework လုပ်ခံလိုက်ရပါတယ်။ Dota မြေပုံရေးဆွဲသူတွေဟာ hero တွေ အားလုံး Balance မဖြစ်မချင်း အသစ်သစ်တွေကို ပြောင်းလဲပေးနေရမှာဖြစ်တဲ့အပြင် Professional ကစားသမားတွေအသုံးပြုမှုပေါ်မူတည်ပြီး အတိုးအလျော့က အချိန်တိုင်းပြင်ဆင်ပေးနေရဦးမှာပါပဲ။ လူကြိုက်များပြီး Public Matchmaking တွေမှာ မကြာခဏတွေ့ရတဲ့ Bloodseeker ကတော့
ပိုမိုကြမ်းတမ်းသွားတယ်လို့ပြောလို့ရပေမယ့် ယခင်ကလောက် ကိုင်တွယ်ရတာ မလွယ်ကူတော့တာ
အသေအချာပါပဲ။ Team Fight တွေကိုပဲ အသားပေးရတဲ့ Captain Mode ကစားပွဲတွေမှာ သုံးလို့ သိပ်မကောင်းတဲ့ Bloodseeker ဟာ အခုပြောင်းလဲသွားတဲ့ Rework ကြောင့် Captain Mode ကနေ ခေတ္တ Auto Ban ဖြစ်သွားပေမယ့် ဒီလိုပြောင်းလဲသွားတဲ့ Ability တွေနဲ့သာ CM မှာမြင်တွေ့ရမယ်ဆိုရင်ဖြင့် Combo ပေါင်းများစွာ ပေါ်ထွက်လာနိုင်တဲ့အတွက် အရွေးချယ်ခံရမယ့် Semi-Carry Hero တစ်ကောင်ဖြစ်လာမှာ သေချာသလောက်ရှိပါတယ်။
Background Story
Strygwyr The Bloodseeker ဟာ မြူလွှမ်းသော Xhacatocatl တောင်ထိပ်မှာ တည်ရှိသော The Flayed Twins တိုင်းပြည်က အစဉ်အဆက် ရွေးချယ်တင်မြှောက်ထားတဲ့ အရည်အချင်းပြည့်ဝသော အမဲလိုက်မုဆိုးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့တောင်တန်းဧကရာဇ်တိုင်းပြည်က ဘုန်းတော်ကြီးတွေရဲ့ ပြောကြားချက်အရ တောင်တန်းအတွင်းမှာ ရှိတဲ့ သွေးတွေအားလုံး မကြာခင်မှာခမ်းခြောက်ပြီး ပြန်မရတော့ဘူးဆိုတဲ့ ဟောပြောချက်ကြောင့် ပင်လယ်တစ်ခုလောက် များပြားတဲ့ သွေးပမာဏကို ရှာပုံတော်ဖွင့်ဖို့အတွက် တောင်ပေါ်ကနေ ဆင်းလာခဲ့ Bloodseeker ဟာ မျိုးနွယ်တူတို့အတွက် စိတ်ကျေနပ်မှုနဲ့ ပျော်မွေ့မှုတို့ကို ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကြမ်းတက်ရက်စက်တဲ့ စစ်ပွဲတွေကို ဖန်တီးဖို့ဆုံးဖြတ်ထားပါတယ်။ အသက်တစ်ချောင်းရဲ့စွမ်းအင်အရင်းအမြစ်ဖြစ်တဲ့ သွေးများကို ရရှိတာနဲ့တစ်ပြိုင်နက် သူ့ရဲ့ ဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့ လက်နက်တို့မှာ ရေးဆွဲထားတဲ့ အမှတ်အသားမှတစ်ဆင့် သူ့တိုင်းပြည့်ကို လွှဲပြောင်းပေးလိုက်ပါတယ်။ နှစ်ပေါင်းများစွာကြာမြင့်ပြီး ရက်စက်တဲ့ စစ်ပွဲပေါင်းများစွာကို ရင်ဆိုင်ခဲ့တဲ့ Bloodseeker ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ သွေးများနှင့်သာ ဖုံးလွှမ်းလျှက်ရှိပါတော့တယ်။ Bloodseeker ရဲ့ မျက်နှာဖုံးအောက်မှာတော့ The Flayed Twins တိုင်းပြည်က ရက်စက်ကြမ်းကြုတ်မှုများရဲ့ ဖြစ်တည်မှုကို တိုက်ရိုက်ရှိနိုင်မယ့် သွေးဆာနေတဲ့ မျက်နှာတစ်ခုရှိနေတာကို သင်တွေ့ရပါလိမ့်မယ်။
Overview
အခုအပြောင်းအလဲမှာ Bloodseeker ဟာ ယခင်ကလို တစ်ကိုယ်တော် Semi-Carry မဟုတ်တော့ဘဲ Team Fight တွေ အတွက်မှာပါ ကောင်းကောင်းမွန်မွန် အသုံးတည့်ပြီး Combo ကောင်းကောင်းနဲ့သာတွဲနိုင်ရင် သူပါတဲ့ Tri Lane ကို ယှဉ်ပြီးတိုက်ခိုက်နိုင်ဖို့ခက်ခဲသွားလောက်ပါတယ်။ သိသိသာသာပြောင်းသွားတဲ့ Blood Rite ဟာ AoE Ability တစ်ခုဖြစ်ပြီး Pure Damage အမျိုးအစားဖြစ်တာကြောင့် Bloodseeker ကို Semi-Carry ပုံစံ ပိုမိုသတ်ရောက်စေတာကြောင့် သတိထားစောင့်ကြည့်ရမယ့် Hero တစ်ကောင်ဖြစ်လာပါလိမ့်မယ်။
Abilities
Last Hit တစ်ခုကို လုပ်နိုင်တိုင်း Hp Restore ဖြစ်သွားခဲ့တဲ့ ယခင်က Bloodbath လိုမျိုး ရချင်ရင်တော့ ယခုပြောင်းသွားတဲ့ Blood Rage ကို အသုံးပြုထားချိန်မှာ Last Hit လုပ်နိုင်မှသာ ရရှိတော့မှာဖြစ်ပါတယ်။ ယခင်က Blood Rage ဟာ အသုံးပြုခံရတဲ့ Hero Unit ကို Damage တိုး၊ Silence ဖြစ်စေပြီး Damage Per Second သတ်ရောက်စေခဲ့ပါတယ်။ အခုပြောင်းသွားတဲ့ Blood Rage ကတော့ Ally ရော Enemy ကိုရောပါ အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုခံရတဲ့ Hero ဟာ Damage နဲ့ Damage Taken နှစ်မျိုးလုံး 25/30/35/40% တိုးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Blood Rage အတင်ခံထားရတဲ့ Hero ဟာ Last Hit တစ်ခုလုပ်လိုက်တိုင်း အဆိုပါ Last Hit လုပ်ခံရတဲ့ Unit ရဲ့ 25% သော Hp ဟာ Restore ဖြစ်ပါမယ်။ အဲ့ဒီ့သဘောအတိုင်း Blood Rage အတင်ခံထားရတဲ့ Unit ကို ဆန့်ကျင်ဘက်အသင်းက သတ်နိုင်ခဲ့မယ်ဆိုရင်လည်း အဆိုပါ သတ်လိုက်တဲ့ Hero က 25% Hp Restore ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မိမိ Ally ကိုတင်မလား၊ Enemy ကို တင်မလားဆိုတာက စဉ်းစားစရာဖြစ်လာပါတယ်။ မိမိ Ally က ကျိန်းသေပေါက် Last Hit လုပ်နိုင်တော့မယ့် အခြေအနေမျိုးမှာ အတိအကျတင်ပေးလိုက်နိုင်မယ်ဆိုရင် အဆိုပါ Ally က HP Restore ဖြစ်သွားမှာပါ။ အရင်ကလို အတင်ခံရတဲ့ Unit က ရိုးရှင်းစွာ Silence ဖြစ်ခဲ့တာကြောင့် Blood Rage ဟာ တစ်ဖက်အသင်းရဲ့ Spell Caster တွေကို တင်ခဲ့ပေမယ့် အခုချိန်မှာတော့ အတင်ခံရတဲ့ Hero ရဲ့ Magic Damage တွေပါ 25/30/35/40% တိုးသွားမှာဖြစ်လို့ စဉ်းစဉ်းစားစားလုပ်ရတော့မှာဖြစ်ပါတယ်။ Cooldown 12/10/8/6 seconds ဖြစ်ပြီး Duration ကလည်း 9/10/11/12 ဆိုပြီး တိုးသွားမှာဖြစ်လို့ နောက်ဆုံးအဆင့်မှာ တစ်ပြိုင်တည်း Unit ၂ ခုကို အသုံးပြုနိုင်မှာဖြစ်လို့ အခြေအနေကြည့်ပြီး lvl တင်ပေးရမယ့် Ability တစ်ခုဖြစ်ပါတယ်။
Blood Rite ဆိုတဲ့ ဒုတိယ Ability ကတော့ ယခင်က Blood Rage မှာ ရခဲ့တဲ့ Target Silence ကို AoE Silence ပုံစံပြောင်းလိုက်တဲ့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ Pure Damage AoE Ability တစ်ခုဖြစ်လာပါတယ်။ Bloodseeker ဟာ စုဆောင်းထားတဲ့ သွေးအချို့နဲ့ သတ်မှတ်ထားတဲ့ တည်နေရာမှာ ယဇ်ပူဇော်တဲ့ စက်ကွင်းတစ်ခုကို ဆွဲသားလိုက်ခြင်းဖြစ်ပါတယ်။ Cast Range 1500 နဲ့ AoE 600 ရှိတဲ့ Blood Rite ဟာ အသုံးပြုပြီး ၃ စက္ကန့်အကြာမှာတော့ အဆိုပါ AoE အတွင်းမှာ ရှိတဲ့ Enemy Unit တွေအားလုံးကို 120/160/200/240 Pure Damage ကို သတ်ရောက်စေမယ့်အပြင် 3/4/5/6 seconds Silence ကိုပါ သတ်ရောက်စေမှာဖြစ်ပါတယ်။ အဆိုပါ စက်ဝန်းကို Enemy Team ဘက်က မြင်ရတဲ့အတွက် တစ်ဖက်အသင်းက ၃ စက္ကန့်အတွင်းမှာ ရှောင်တိမ်းဖို့ အခွင့်အရေးရှိပါတယ်။ဒါပေမယ့် ကြီးမားတဲ့ AoE ဖြစ်တဲ့အတွက် Stunner တွေနဲ့ တွဲသုံးဖို့ သင့်တော်တဲ့အပြင် Ultimate Rupture နဲ့တွဲသုံးတဲ့အခါမှာလည်း အထောက်အကူပြုစေမှာပါ။ Cooldown 29/26/23/20 seconds နဲ့ ပုံသေ Mana 100 ကုန်ကျမှာဖြစ်တဲ့အတွက် ယေဘုယျအားဖြင့် စောစောတင်သင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ Blood Rite ဟာ အချိန်သတ်မှတ်ချက်တစ်ခုပြီးမှ သတ်ရောက်မယ့် Ability တစ်ခုဖြစ်လို့ AoE Disable နဲ့ Slow တွေဖြစ်တဲ့ Blackhole (Enigma), Upheaval (Warlock), Ice Path (Jakiro), Venomous Gale (Venomancer), Tombstone (Undying) Echo Stomp (Elder Titan) အစရှိတဲ့ Combo တွေနဲ့ တွဲဖက်ပြီး ကြာမြင့်တဲ့ Silence ဖြင့်တိုက်ခိုက်နိုင်ပါလိမ့်မယ်။
ယခင်က Thrist အဟောင်းက တစ်ဖက်အသင်း Hero တွေရဲ့ Hp ဟာ 50% အောက်ရောက်သွားတော့မှ စတင် Effect ပြခဲ့တာဖြစ်ပေမယ့် အခု Thirst ကတော့ Huskar ရဲ့ Berserker’s Blood လိုမျိုး တစ်ဖက်အသင်း Hero တွေ သွေးအပြည့်မဟုတ်တော့တာနဲ့ Movement Speed နဲ့ Damage တက်လာတော့မှာဖြစ်ပါတယ်။ ရန်သူရဲ့ ဒဏ်ရာကနေ စိမ့်ထွက်လာတဲ့ သွေးနံ့ကြောင့် အနံ့ခံခေါင်းတဲ့ Bloodseeker ရဲ့ လှုပ်ရှားမှုတွေဟာ ပိုမိုမြန်ဆန်လာပါတယ်။ သွေးနည်းသွားလေလေ Bloodseeker မှာ ရရှိလာမယ့် Bonus တွေပိုမိုများလာမှာဖြစ်လို့ အရင်ကထက် ပိုမိုကောင်းသွားတယ်လို့ပြောလို့ရပေမယ့် Vision ကိုပေးတဲ့ Buff ကတော့ အရင်ကလို 50% အောက်ရောက်တာနဲ့ ရရှိတော့မှာမဟုတ်ဘဲ 30% အောက်ရောက်မှသာ Vision အပြင် Invisible Unit တွေကိုပါ မြင်ရတဲ့ Ture Sight ကိုပါ ရရှိမှာဖြစ်ပါတယ်။ Enemy Hero တစ်ကောင်ချင်းစီအတွက် အများဆုံး MS 10%/20%/30%/40% နဲ့ Bonus Damage 10/20/30/40 ကို ရရှိစေမှာဖြစ်ပါတယ်။ တစ်ဖက်အသင်းက Hero ဟာ Bloodseeker ကနေ Vision ရရှိသွားတဲ့ အခါမှာတော့ သူ့ကို မြင်နေရပြီဆိုတာကို အချက်ပြမယ့် Status တစ်ခုပေါ်လာမှာဖြစ်ပါတယ်။
ထူးထူးခြားခြား မပြောင်းလဲပေမယ့် Ultimate Rupture ကတော့ ယခင် အသုံးပြုပြုချင်းမှာ ထိခဲ့တဲ့ Initial Damage ပါဝင်တော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် ယခင်က 7/8/9 seconds ဆိုတဲ့ Duration ရှိခဲ့ပေမယ့် ယခုမှာတော့ ပုံသေ 12 Seconds Duration ကြာမှာဖြစ်တဲ့အတွက် ပိုကောင်းသွားတယ်လို့ပြောလို့ရပါတယ်။ ရန်သူတစ်ယောက်ကို အမဲလိုက်တဲ့အခါမှာ အဆိုပါ ရန်သူရဲ့ အရေပြားကိုဆုတ်ဖြဲပြီးတိုက်ခိုက်တဲ့ အတွက် ပြေးလေလေ အဆိုပါ ဒဏ်ရာကနေ သွေးပိုထွက်လေလေဖြစ်မှာပါ။ Pure Damage သတ်ရောက်မှာဖြစ်ပြီး အကွာအဝေး 100 ရွေ့လျားတိုင်း 20/40/60 Pure Damage သတ်ရောက်မှာဖြစ်ပါတယ်။ Initial Damage မပါဝင်တော့ပေမယ့် ယခုပြောင်းလဲသွားတဲ့ Blood Rite နဲ့သာ တွဲသုံးမယ်ဆိုရင် Pure Damage အပြင် Silent ပါ သတ်ရောက်ဦးမှာဖြစ်လို့ ယခင်ကထက် ပိုကောင်းသွားတာ အသေအချာပါပဲ။
Item
Bloodseeker ဟာ Semi-Carry တစ်ကောင်ဖြစ်တဲ့အတွက် ကစားပွဲအလယ်လောက်မှာ တစ်ကိုယ်တော်လှုပ်ရှားပြီး တစ်ဖက်အသင်းရဲ့ Carry ကို ရှာသတ်ဖို့ Blade Mail ကို အခြေခံ Item တစ်ခုအဖြစ်ရွေးချယ်လေ့ရှိပါတယ်။ Rupture တင်ပြီး ထွက်မပြေးတဲ့ Hero တွေအတွက် Force Staff နဲ့တွန်းပြီး တိုက်ခိုက်တဲ့အချက်ကိုလည်း အများစုသိပြီးသားဖြစ်ပါတယ်။ Bloodseeker ဟာ သူတင်ကိုယ်တင် ယှဉ်ခုတ်တဲ့ Hero တစ်ကောင်ဖြစ်ယုံမကဘဲ Blood Rage ကြောင့်ပြန်ရမယ့် Hp Restore ဟာလည်း Last Hit အခြေအနေမှ ရမှာဖြစ်လို့ Madness မဟုတ်တဲ့ Lifesteal Item တစ်ခုခုကိုလည်း ပွဲအခြေအနေအရ ရွေးချယ်နိုင်ပါတယ်။ အခုလိုပြောင်းလဲသွားတဲ့ Blood Rage ကြောင့် တစ်ဖက်အသင်းရဲ့ Hero ကို Magic Amplification တိုးမြှင့်နိုင်သလို မိမိဘာသာတင်ပြီး Magic Damage တင်နိုင်တဲ့အတွက် Dagon ကဲ့သို့ Item မျိုးအသုံးပြုပြီး သင့်ရဲ့ Last Hit ကို သေချာစေပါလိမ့်မယ်။ Semi-Carry ပုံစံကစားနေရမှာ ပွဲကြာခဲ့ရင်တော့ ပုံမှန် Carry Hero တွေ ဆက်လေ့ရှိတဲ့ Butterfly, Mjollnir, Monkey King Bar, Abyssal Blade နဲ့ BkB တို့ကို ရွေးချယ်နိုင်ပါတယ်။ Damage Amplification ပြဿနာကြောင့် မိမိဘာသာ အနည်းငယ် Tank စေဖို့ Vanguard, Heart လို Item မျိုးလည်း ရွေးချယ်နိုင်ပါတယ်။
ဒီ Suggestion ဟာ ပြီးပြည့်စုံတဲ့ Suggestion မဟုတ်ပါဘူး။ ပြောင်းလဲသွားတဲ့ Changelogs အရ အသစ်အသစ်သော အတွေးအခေါ်များစွာ ပေါ်ထွက်လာမှာဖြစ်လို့ သင်နဲ့အဆင်ပြေမယ့်၊ သင်ကြိုက်နှစ်သက်တဲ့ကိုယ်ပိုင်ကစားကွက်သာလျှင် သင့်အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
Burn With the Flame of YOUTH !!
yahooyeeha ©
No comments:
Post a Comment