Blogroll

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, October 16, 2014

Rylai The Crystal Maiden


(The Best Supporter Ever)

Facebook, Twitter ကဲ့သို့သော လူမှုကွန်ရက်တွေမှာ Dota နဲ့ပတ်သတ်ပြီး Support Hero တစ်ကောင်ကောင်အကြောင်းကို ဖော်ပြချင်တဲ့အခါတိုင်း Rylai The Crystal Maiden ဖြင့် ကိုယ်စားပြုရေးသားကြတာကို တွေ့ရပါတယ်။ Female Character အရမ်းမများတဲ့ Dota 2 မှာ လူကြိုက်များပြီး ချစ်စရာကောင်းတဲ့ Crystal Maiden ဟာ
Support ကစားသမားတိုင်း ကိုင်ဖူးတဲ့ အခြေခံကျတဲ့ Support Hero တစ်ကောင်ဖြစ်ပါတယ်။ Support Hero လို့ပြောပေမယ့် တစ်ဖက်ကကြည့်ရင် Slow ၂ ခု Disable ၁ ခု နဲ့ ဖွဲ့စည်းထားတဲ့အပြင် အခြား
Support တွေနဲ့မတူတဲ့ Damage ပမာဏများပြားတဲ့ Nuke Ability တွေနဲ့ ဖွဲ့စည်းထားလို့ Nuke Supporter တစ်ကောင်လို့ပြောလို့ရတဲ့ Crystal Maiden ဟာ ပြေးလွှားဖို့ Ability မပါဝင်တဲ့အတွက် မိမိသာ နေတတ်ထိုင်တတ်မယ်ဆိုရင် ရိုးရှင်းစွာ တစ်ဖက်အသင်းကို ဒုက္ခပေးနိုင်မယ့် Hero ကောင်း တစ်ကောင်ဖြစ်ပါတယ်။

Background Story

သမပိုင်းဇုံတစ်ခုမှာ မွေးဖွားလာတဲ့ Rylai ဟာ သူမရဲ့အစ်မဖြစ်သူ မီးတောက် Lina နဲ့ အတူတူကြီးပျင်းလာတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ သိပ်မကြာခင်မှာ သူမရဲ့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အေးခဲတဲ့ စွမ်းအားများဟာ ပတ်ဝန်းကျင်ကိုအနှောင့်အယှက်အလွန်ပေးကြောင်း သူမသိရှိလိုက်ရပါတော့တယ်။ သူမ သွားလေရာမှာရှိတဲ့ ရေပူစမ်းများနဲ့ မြစ်ချောင်းများ အားလုံး အေးခဲကုန်ခြင်း၊ မှည့်ဝင်းနေတဲ့ ကောက်ပဲသီးနှံတွေအားလုံး နှင်းကိုက်ဒဏ်များဖြစ်ပေါ်လာပြီး ပျက်စီးကုန်ခြင်း နဲ့ သစ်သီးခြံများဟာလည်း ရေခဲ ဝင်္ကပါ တစ်ခုသဖွယ် ရေခဲသွားခြင်း အစရှိတဲ့ အပျက်အစီးများစွာ ဖြစ်ပေါ်နေခဲ့ပါတယ်။ ဒီလို စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ညီအစ်မနှစ်ယောက်ကို စောင့်ရှောက်နေရလို့ စိတ်ပျက်နေတဲ့ မိဘနှစ်ပါးဟာ သမီး ၂ ယောက် နေထိုင်ဖို့ အဆင်ပြေမယ့် နေရာတစ်ခုဆီကို တစ်ယောက်တစ်ကွဲဆီ ပို့ဆောင်လိုက်ပါတယ်။ အစ်မဖြစ်သူ Lina ဟာ အီကွေတာ ဒေသဘက်သို့ ရောက်ရှိသွားသလို Rylai ဟာလည်း မြောက်ဝင်ရိုးစွန်းရှိ ရေခဲနယ်မြေတစ်ခုကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီဒေသမှာအရောက်မှာတော့ မိမိကိုယ်ကို သူတော်စင်တစ်ပါးလို့ခံယူထားတဲ့ Blueheart Glacier ဒေသရဲ့ ရေခဲမှော်ဆရာတစ်ဦးရဲ့ ကောက်ယူမွေးစားခြင်းကို ခံလိုက်ရတဲ့ Rylai ဟာ အဆိုပါ မှော်ဆရာကြီးထံမှာ အချိန်ကြာမြင့်စွာ ပညာသင်ယူပြီးခဲ့တဲ့နောက်မှာတော့ မှော်ဆရာကြီးဟာ သူ့ရဲ့နေရာကို Rylai ထံ လွှဲပြောင်းပေးခဲ့ပြီး နှစ်တစ်ထောင်ခန့် ဆောင်းခိုဖို့အတွက် Blueheart Glacier မှထွက်ခွာသွားပါတော့တယ်။ Rylai ဟာ အေးမြတဲ့ ရေ၊လေတို့ကို အသုံးချပြီးတိုက်ခိုက်ရာမှာ နက်ရှိုင်းစွာ ကျွမ်းကျင်တဲ့ဆရာတစ်ဆူဖြစ်ခဲ့ပြီး အခုချိန်မှာတော့ သူမရဲ့ ကျွမ်းကျင်မှုများဟာ အနှိုင်းမဲ့ အရည်အသွေးများဖြစ်နေပါပြီ။

Support Hero တစ်ကောင်ရဲ့ အဓိက Role ဟာ တစ်ဖက်အသင်းရဲ့ Hero ကို သေအောင် သတ်တဲ့နေရာမှာ အကူအညီပေးဖို့နဲ့ မိမိအသင်းတစ်သင်းစလုံးအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်စည်းပေးရခြင်းဖြစ်ပါတယ်။ Support Hero အများစုရဲ့အားသာချက်ဟာ ပွဲအစောပိုင်းမှာ တစ်ဖက်အသင်းကို တိုက်ခိုက်တဲ့နေရာမှာ အသုံးဝင်တဲ့ Ability များနဲ့ဖွဲ့စည်ထားတာဖြစ်လို့ Carry Hero များလို Item မလိုတဲ့အချက်ကို မေ့မထားသင့်ပါဘူး။ Crystal Maiden ဟာ အခြားသော Support တွေထက် အားသာချက်များစွာရှိနေပေမယ့် အဓိက အားနည်းချက်ကတော့ သူ့ရဲ့နည်းပါးလှတဲ့ Strength ပဲဖြစ်ပါတယ်။ Nuke ရော Slow ပါ သတ်ရောက်စေတဲ့ Crystal Nova, Cooldown နည်းပြီး အသုံးပြုရလွယ်ကူတဲ့ Frostbite, ဘယ် Hero မှာမှ မရှိတဲ့ Global Mana Regeneration နဲ့ မိမိရဲ့ Support Role နဲ့မလိုက်အောင် များပြားတဲ့ Damage ပမာဏကိုပေးမယ့် AoE Ultimate Freezing Field တို့နဲ့ ဖွဲ့စည်းထားတဲ့အတွက်ကြောင့် ပွဲအစမှာ အသုံးဝင်တဲ့ Support Hero ဖြစ်ယုံမကဘဲ ပွဲနောက်ပိုင်းအထိ အခြေအနေကို လိုက်ပြီး Team Fight တွေမှာ အကျိုးရှိစေမယ့် Rylai The Crystal Maiden ပဲဖြစ်ပါတယ်။

Abilities

Crystal Maiden ဟာ Dota ပေါ်ပေါ်ချင်းကတည်းက တည်ရှိခဲ့တဲ့ Hero တစ်ကောင်ဖြစ်လို့ ရိုးရှင်းတဲ့ Ability များနဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ သူမရဲ့ ပတ်ဝန်းကျင်က အပူချိန်ကို ရုတ်တရက် ကျဆင်းအောင် ပြုလုပ်လိုက်ပြီး လေထုကို ဖောက်ခွဲပြီး တိုက်ခိုက်တဲ့ပုံစံနဲ့ ဖန်တီးထားတဲ့ Crystal Nova ဟာ AoE Nuke Ability တစ်ခုဖြစ်ပါတယ်။ 700 Range နဲ့ 400 AoE ရှိတဲ့အတွက် မိမိရဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး Ranage 1100 အကွာအဝေးက Enemy ကို အဖျားခပ်ပြီး Slow ပေးထားနိုင်ပါတယ်။ အဆင့်တိုင်းမှာ Movement Speed 30% နဲ့ Attack Speed 20% ကို Slow စေမှာဖြစ်ပြီး Mana Cost တက်လာသလို Damage ဟာလည်း 100/150/200/250 ဆိုပြီးတက်လာမှာဖြစ်ပါတယ်။ ပုံသေ Cooldown ၁၅ စက္ကန့်ရှိတဲ့အတွက် မျှတတဲ့ Cooldown ဖြစ်ပြီး Slow ကြာချိန်ဟာလည်း 3.5/4/4.5/5 seconds ဆိုပြီး တိုးလာမယ့်အပြင် သုံးရတာ လွယ်ကူတဲ့ AoE Nuke တစ်ခုဖြစ်လို့ စောစောစီးစီး Team Fight ကစားရတဲ့ ပွဲမျိုးမှာ အမြန်ဆုံးတင်သင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။

Single Target Disable Ability တစ်ခုဖြစ်တဲ့ Frostbite ဟာ အကွာအဝေး Range 500 ကိုသာ အသုံးပြုနိုင်ပေမယ့် Cooldown နည်းပြီး Duration ကလည်း Hero တစ်ကောင်ကို သေအောင်သတ်ဖို့ လုံလောက်တဲ့ပမာဏဖြစ်လို့ Aggressive အခြေအနေမျိုးမှာ တတ်နိုင်သလောက် ဦးစားပေးယူပေးသင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ 0.5 second ကို 50 Damage နှုန်းသတ်ရောက်မှာဖြစ်လို့ Duration 1.5/2/2.5/3 seconds မှာ စုစုပေါင်း damage 150/200/250/300 နဲ့တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ Crystal Maiden ကို Jungle ဆော့တာကို တွေ့ရတတ်ပါတယ်။ အကြောင်းက သူ့ရဲ့ Frostbite ဟာ Hero Unit မဟုတ်ဘဲ အခြား Unit တွေကို တိုက်ခိုက်တိုင်း ဘယ်နှစ်ဆင့် ယူထားယူထား စုစုပေါင်းကြာချိန် 10 seconds ရှိမှာဖြစ်ပါတယ်။ 0.5 second တိုင်းမှာ 50 Damage ထိတာဖြစ်လို့ စုစုပေါင်း 10 seconds အတွက် 1000 damage ဆိုတာဟာ Neutral Creep တွေကို အလွယ်တကူ တိုက်ခိုက်ရင်း Jungle ကစားလို့လည်းရပါတယ်။ ဒါပေမယ့် Crystal Maiden လိုမျိုး Hero ကိုတော့ Lane ပေါ်မှာနေပြီးတစ်ဖက်အသင်းနဲ့ ထိတ်တိုက်တွေ့ဖို့ ပိုသင့်လျှော်ပါတယ်။ Frostbite အသုံးပြုခံထားရတဲ့ Unit ဟာ ပြန်လည်တိုက်ခိုက်မှုမပြုလုပ်နိုင်ပေမယ့် ချွင်းချက်အနေနဲ့ Blink Ability များကိုတော့ ရပ်တန့်ပေးထားမှာ မဟုတ်ပါဘူး။ မိမိက တစ်ဖက်အသင်းကို အလစ်ဝင်ရောက်တိုက်ခိုက်မယ်ဆိုရင် Crystal Nova အရင်အသုံးပြုကာ Slow ထားပြီးမှ Range နီးတဲ့ Frostbite ကို နောက်မှ လိုက်သုံးပေးရင် ပိုမိုအဆင်ပြေပါလိမ့်မယ်။

Arcane Aura ကတော့ Rylai ဟာ မြေပုံပေါ်မှာ ရှိနေတာနဲ့အမျှ မိမိရဲ့ အသင်းသားအားလုံးကို 1/1.5/2/2.5 Mana Regen ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ 1 Intelligence ဟာ 13 Mana နဲ့ ညီမျှပြီး 0.04 Mana Regen ရှိတာဖြစ်လို့ မိမိအသင်းက Intelligence Grow နည်းတဲ့ Hero တွေအတွက်တော့ 1 Mana Regeneration ရဖို့အတွက် တော်တော်ကို မလွယ်ကူပါဘူး။ ဒါကြောင့် မိမိအသင်းမှာ Crystal Maiden ကဲ့သို့ Support Hero တစ်ကောင်ထည့်ထားခြင်းက ဘယ် Hero နဲ့မှ မတူနိုင်တဲ့ အသင်းတစ်သင်းလုံးကို အထောက်အကူပြုစေမယ့် Mana Regen ကို လွယ်ကူရိုးရှင်းစွာ ရရှိနေမှာဖြစ်ပါတယ်။ Rylai ကိုယ်တိုင်အတွက်တော့ 2/3/4/5 Mana Regen ရရှိမှာဖြစ်လို့ ကစားပွဲနောက်ပိုင်းမှာ အသုံးပိုဝင်ပါလိမ့်မယ်။ ဒါပေမယ့် ပွဲအစပိုင်းမှာတော့ ဒီ Arcane Aura ကို ၁ ဆင့်လောက် တင်ထားရင်တောင် တော်တော်လုံလောက်ပါတယ်။ တစ်ဖက်အသင်းရဲ့ Hero တွေကို သတ်ဖို့အတွက် Crystal Nova နဲ့ Frostbite ကို များများတင်ထားခြင်းက ပိုကြာတဲ့ Slow နဲ့ ပိုကြာတဲ့ Disable ကို ဖြစ်ပေါ်စေမှာဖြစ်လို့ Crystal Maiden အနေနဲ့ Arcane Aura ကို Lvl 3 အရောက်မှာ ၁ ခါလောက် တင်ထားပေးပြီး လမ်းပတ်ပြီး Hero လိုက်သတ်ပေးတဲ့ပုံစံနဲ့ကစားတာ ပိုအကျိုးရှိပါလိမ့်မယ်။

Ultimate Freezing Field ကတော့ အသုံးပြုဖို့ Mana Cost များတဲ့အတွက် အများစုသော ကစားသမားများက စောစောစီးစီး မတင်တာကိုတွေ့ရပါတယ်။ Freezing Field AoE ထဲ ရောက်သမျှ Enemy unit များအားလုံးကို Explosion ထိထိ မထိထိ Slow စေမှာဖြစ်ပြီး အဆိုပါ Slow ရဲ့ ကြာချိန်ဟာ 1 second ရှိပါတယ်။ Explosion တစ်ခုစီကို 105/170/250 Damage ရှိမှာဖြစ်ပြီး 0.1 second တိုင်းကို Explosion တစ်ချက်ပေါက်သည့်အတွက်ကြောင့် 7 seconds တွင် စုစုပေါင်း 70 Explosion ရှိမှာဖြစ်ပြီး 70 Explosion စလုံးရဲ့ စုစုပေါင်း Damage ဟာ 7350/11900/17500 Damage ခန့်ရှိပါလိမ့်မယ်။ ဒါကြောင့် Enemy Unit တစ်ကောင်ဟာ 7 seconds စလုံး Freezing Field အတွင်းမှာ ရှိနေခဲ့မယ်ဆိုရင် ပျှမ်းမျှအနေနဲ့ စုစုပေါင်း 1317/2133/3137 Damage ခန့်ထိနိုင်မယ်လို့ ယေဘုယျတွက်ချက်နိုင်ပါတယ်။ ဒါပေမယ့် Crystal Maiden ကဲ့သို့ ခပ်ပျော့ပျော့ Hero တစ်ကောင်အတွက်တော့ ပွဲအစောပိုင်း Battle ကြားမှာ ပေါ်ပေါ်တင်တင် Ultimate သုံးဖို့ အနည်းငယ်ခက်ခဲနိုင်မယ့်အပြင် Mana Cost ပြဿနာလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် Freezing Field ကို စောစောစီးစီးတင်မယ့်အစား ကျန်တဲ့ Nuke Ability ၂ ခုကို ဦးစားပေးတင်ခြင်းက တစ်ဖက်အသင်းကို ပိုမိုအခက်အခဲဖြစ်စေပါလိမ့်မယ်။ ပုံမှန်အခြေအနေမှာ Freezing Field ရဲ့ AoE ထဲကို ဝင်လာတဲ့ Enemy တိုင်းဟာ 30% MS AS Slow ကိုဖြစ်ပေါ်စေပေမယ့် Aghanim’s Scepter ကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင်တော့ 50% Slow ဖြစ်သွားမှာဖြစ်ပြီး Explosion တစ်ခုချင်းစီဟာလည်း 170/250/310 Damage ဆိုပြီး တိုးသွားမှာဖြစ်ပါတယ်။

Item

Rylai ဟာ Strength နည်းတဲ့ Hero တစ်ကောင်ဖြစ်လို့ ပွဲအစောပိုင်းမှာ Bracer ၁ ခုလောက်ဆက်ထားခြင်းက များစွာအကျိုးရှိစေမယ့် Basic Item တစ်ခုဖြစ်လာစေပါမယ်။ သင့်ရဲ့ကစားပုံပေါ်မူတည်ပြီး ဖိနပ်ရွေးချယ်ရာမှာလည်း အပြောင်းအလဲရှိနိုင်ပါတယ်။ Aggressive ပုံစံ အချိန်တိုင်း လမ်းပတ်ပြီး တိုက်ခိုက်နေမယ့် Support ကစားပုံဆိုရင်တော့ Tranquil Boots က Hp နည်းတဲ့ Rylai အတွက် အကောင်းဆုံး Hp Regen ကိုထောက်ပံ့ပေးနေမယ့်အပြင် ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ရာမှာလည်း အထောက်အကူပြုစေမှာဖြစ်ပါတယ်။ Ultimate Freezing Field ကို နေရာယူကျွမ်းကျင်စွာနဲ့ စောစောစီးစီးကတည်းက အသုံးပြုချင်ရင်တော့ Mana Capacity များစေမယ့် Arcane Boots ကိုလည်း ရွေးချယ်နိုင်ပါတယ်။ Dota 2 ထဲက Crystal Maiden ရဲ့ Staff တွေထဲမှာ Eul Staff နဲ့ Force Staff ပါဝင်နေသလို အဆိုပါ Item ၂ ခုကလည်း Crystal Maiden အတွက် ပွဲနောက်ပိုင်းအထိ Support ပေးဖို့အသုံးတည့်မယ့် Item တွေ ဖြစ်လာပါလိမ့်မယ်။ Cast Point 0 ရှိတဲ့ Frostbite ကို ပိုင်ဆိုင်ထားတာဖြစ်လို့ ရုတ်တရက် Enemy တစ်ကောင်ကို ဝင်ရောက်ဖမ်းဆီးပေးဖို့ Dagger ကိုရွေးချယ်နိုင်ပါတယ်။ Rylai ဟာ အခြား Hero တွေထက်အားသာချက်များတဲ့ Ability များကို ပိုင်ဆိုင်ထားတဲ့အတွက် ဖိနပ်တစ်ရံလောက်ရတဲ့အခြေအနေမှာ Observer Ward, Sentry Ward နဲ့ Smoke တို့ကို အပြည့်အဝ ဝယ်ပြီး Aggressive ပုံစံ အတင်းဝင်ရောက်တိုက်ခိုက်တဲ့ ကစားကွက်က Rylai အတွက် အလိုက်ဖက်ဆုံး ကစားပုံဖြစ်ပါတယ်။ ပွဲကြာလာရင်တော့ Boots, Dagger, Force Staff, Cyclone, Bkb နဲ့ Aghanim’s Secpter ဟာ Rylai လို Support တစ်ကောင်အတွက် ပြည့်စုံတဲ့ Item ၆ ကွက်လို့ပြောလို့ရပါတယ်။
လမ်းပေါ်မှာနေပြီး မိမိအသင်းရဲ့ Hero ကို (Babysit) ထိုင်ကြည့်နေရတဲ့ ပုံစံထက် Tranquil Boots, Bracer, OB, Sentry, Smoke, Portal ဆိုတဲ့ Inventory ၆ ကွက်အပြည့်ထည့်ပြီး လမ်းလိုက်ပတ်တဲ့ ပုံစံက Rylai အတွက် အကောင်းဆုံးကစားကွက်ဖြစ်ပါလိမ့်မယ်။ Rylai ကစားသမားတွေရဲ့ အဓိက လိုအပ်ချက်ကတော့ Battle ဖြစ်တိုင်းမှာ မိမိရှိနေဖို့ လိုအပ်လို့ Portal ဟာ 100 Gold ရှိတာနဲ့ မဖြစ်မနေဝယ်ထားသင့်တဲ့ Item ဖြစ်ပါတယ်။ Support Hero လို့ပြောလို့ရပေမယ့် သူ့ရဲ့ Ability ၂ ခု ဟာ သုံးရလွယ်တဲ့ Nuke Ability များဖြစ်လို့ တစ်ဖက် Hero ကို လိုက်သတ်ဖို့ နဲ့ မိမိ အသင်းသားကို ကယ်ဖို့ အမြဲစဉ်းစားထားသင့်ပါတယ်။ မိနစ် ၂ဝ ဝန်းကျင်အထိ ဖိနပ် တစ်ရံ၊ Bracer တစ်ကွင်းလောက်ထက် အခြားပိုမဝယ်ဘဲ နေလို့ရတဲ့အတွက် မိမိဟာ Support Role နဲ့ ကိုက်ညီအောင် မိမိအသင်းတစ်သင်းလုံးကို ကြည့်ရှူစောင့်ရှောက်ပေးထားရမှာပါ။

Support Role ဟာ အသင်းတစ်သင်းရဲ့ အရေးအပါဆုံး Role ဖြစ်လို့ ပွဲစကတည်းက အဆုံးအဖြတ်ကိုပေးမယ့် အခြေအနေများဟာ မိမိအပေါ်မှာ များစွာမူတည်တဲ့အတွက် Rylai The Crystal Maiden ကဲ့သို့ Support ဟာ သင့်ရဲ့ အရည်အချင်းကို ပြသဖို့ အကောင်းဆုံး Hero တွေထဲက တစ်ကောင်ဖြစ်ပါလိမ့်မယ်။
ဒီ Suggestion ဟာ ပြီးပြည့်စုံတဲ့ Suggestion မဟုတ်လို့ သင်ကြိုက်နှစ်သက်တဲ့ကိုယ်ပိုင်ကစားကွက်သာလျှင် သင့်အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Burn With the Flame of YOUTH !!
yahooyeeha ©

No comments:

Post a Comment

Followers