Dota Hero တွေကို
ခွဲခြားသတ်မှတ်ထားတဲ့ အဓိက Hero Role တွေဖြစ်တဲ့ Support, Carry, Nuker,
Semi-Carry နဲ့ Durable ဆိုပြီးအကြမ်းဖျဉ်းခွဲခြားထားတဲ့ ၆ မျိုးထဲကမှ Nuker
ဆိုတဲ့ Role အကြောင်းပြောလိုက်ရင် ပထမဆုံး မြင်မိတာက Zeus The Lord of Heaven
ပဲဖြစ်ပါတယ်။ Dota 1 မှာ Lord of Olympus (Mountain King) ဆိုတဲ့ Title ကို
အသုံးပြုခဲ့ပေမယ့် Dota 2 မှာတော့
ဂရိဒဏ္ဍာရီဖြစ်တဲ့ Olympus နာမည်ကနေ အနည်းငယ်
ခွဲထွက်ပြီး The Lord of Heaven ဆိုတဲ့ နာမည်ကို အသုံးပြုထားတဲ့ Zeus ဟာ အခြား
Intelligence Hero များလို့ Disable, Slow နဲ့ Healing ကဲ့သို့သော Ability
များမပါဝင်ဘဲ Damage Ability ၄ မျိုးနဲ့သာ ဖွဲ့စည်းထားတဲ့အတွက် Nuker တွေထဲမှာ
အထင်ရှားဆုံးဖြစ်နေရခြင်းဖြစ်ပါတယ်။ Dota 2 မှာ Techies ပါဝင်လာတဲ့ နောက်မှာ
အကြီးမားဆုံး ပြဿနာဖြစ်တဲ့ True Sight ကို နေရာမရွေး ရရှိဖို့အတွက် အကောင်းဆုံး
Hero ကတော့ Zeus ပဲဖြစ်ပါတယ်။ Dota 2 မှာ Techies မပါဝင်ခင် v6.81a update ကတည်းက
အနည်းငယ်ပြောင်းလဲသွားတဲ့ Zeus ရဲ့ Lightning Bolt ဟာ အသစ်ပါဝင်လာမယ့် Techies
အတွက် အကောင်းဆုံး Counter ဖြစ်နေခဲ့ပါတယ်။ Professional Match တွေမှာ
တွေ့ရခဲပေမယ့် Zues ဟာ Dota ကစားသမားတိုင်းကြိုက်နှစ်သစ်တဲ့ Intelligence Nuke
Hero တစ်ကောင်ဖြစ်ပါတယ်။
Semi-Carry
တစ်ကောင်အနေနဲ့ဆော့လို့ရတဲ့ Zues ဟာ Ganker တစ်ကောင်ဆိုလည်းမမှားပါဘူး။ Mid Lane
နေသင့်တဲ့ Hero စာရင်းထဲမှာပါဝင်ပြီး Cooldown ရော Manacost ပါနည်းတဲ့ Arc
Lightning ၊ Nuke Ability တွေထဲကမှ Damage အများဆုံးတစ်ခုဖြစ်တဲ့ Lightning Bolt ၊
Ability တစ်ခု သုံးလိုက်တိုင်း ဘာကုန်ကျစားရိတ်မှ မပေးရဘဲ ကြီးမားတဲ့ AoE
ထဲမှာရှိသမျှ Enemy Unit တွေကို Damage သတ်ရောက်ပေးနိုင်တဲ့ Static Field နဲ့
မြေပုံထဲရှိသမျှ Visible Hero အားလုံးကို တိုက်ခိုက်နိုင်တဲ့ Global Range
Ultimate Thundergod's Wrath တို့နဲ့ဖွဲ့စည်းထားတဲ့ Zues ဟာ Dota ကစားသမားတိုင်း
ရင်းနီးပြီးသား Senior Hero တစ်ကောင်ဖြစ်ပါတယ်။
Abilities
350 Attack Range ပဲရှိတဲ့
Zeus ဟာ ပွဲအစောပိုင်းမှာ Creep စားရတာ အနည်းငယ်ခက်ခဲပေမယ့် Item
အသင့်အတင့်ရပြီးတဲ့အခါမှာ Creep စားဖို့ လွယ်ကူစေမယ့် Cooldown 1.75 seconds
သာကြာတဲ့ Arc Lightning ကို ပိုင်ဆိုင်ထားပါတယ်။ Manacost 65/70/75/80 သာ
ကုန်ကျမှာဖြစ်ပြီး 85/100/115/145 Damage တိုးပြီးသတ်ရောက်မှာဖြစ်လို့
နောက်ဆုံးအဆင့်မှာတော့ Damage ပမာဏ သိသိသာသာ တိုးသွားတာကို တွေ့ရပါတယ်။ Chain
ထိသွားတဲ့ Unit ရဲ့ ပတ်လည် 500 AoE အတွင်းမှာရှိတဲ့ နောက်ထပ် အနီးဆုံး Unit
တစ်ခုစီကို Bounce ခုန်သွားမှာဖြစ်ပြီး ထိပြီးသား Unit ကို
ပြန်လည်ထိမှာမဟုတ်ပါဘူး။ အဲ့ဒီလို Bounce ခုန်သွားမယ့် Unit အရေအတွက်ကတော့
5/7/9/15 units အထိတိုးသွားမှာဖြစ်ပြီး 850 Cast Range ရှိပါတယ်။ Bounce ခုန်မယ့်
Unit အရေအတွက်များလာခြင်းက Arc Lightning ရဲ့ အဓိက အားသာချက်ဖြစ်တာကြောင့် Creep အရေအတွက်
နည်းတဲ့ ပွဲအစောပိုင်းမှာ Arc Lightning ကို များများ ယူထားလည်း
အကျိုးသိပ်မရှိပါဘူး။ Cooldown မပြောင်းလဲတဲ့အပြင် Manacost တိုးလာမှာဖြစ်လို့
ကစားပွဲအစောပိုင်းမှာ 85 damage ဆိုတဲ့ ပမာဏဟာ သင့်လမ်းက Creep ကိုကောင်းကောင်း
စားနိုင်အောင်အထောက်အကူပြုမှာဖြစ်လို့ Arc Lightning ဟာ နောက်ဆုံးမှ တင်သင့်တဲ့
Ability တစ်ခုအနေနဲ့ အကြံပြုချင်ပါတယ်။
v6.81 changelog မှာ Zeus
ရဲ့ Lightning Bolt ဟာ မြေကြီးပေါ်ထောက်သုံးလို့ရတဲ့ Ability တစ်ခုအဖြစ်
ပြောင်းလဲသွားပါတယ်။ အကျိုးကျေးဇူးကတော့ တစ်ဖက်အသင်းရဲ့ Observer Ward, Sentry
Ward အစရှိတဲ့ Invisible Unit တွေကို ဆန္ဒရှိတဲ့နေရာမှာ ရှာဖွေနိုင်သွားတဲ့
အားသာချက်ပဲဖြစ်ပါတယ်။ ဒါကြောင့်တစ်ဖက်အသင်းရဲ့ Observer Ward ကိုဖျက်စီးဖို့ 200
Gold အကုန်ခံစရာမလိုတော့တဲ့အပြင် Sand King, Riki, Templar Assassin စတဲ့
Invisible Hero တွေကို ဖမ်းရလွယ်ကူသွားပါတယ်။ ပုံသေ Cooldown 6 seconds နဲ့ Cast
Range 700 ရှိတဲ့ Lightning Bolt ဟာ 100/175/275/350 Damage နဲ့ 75/95/115/135
Mana ဆိုပြီးတိုးလာမှာဖြစ်ပါတယ်။ မြေကြီးပေါ် (သို့မဟုတ်) Enemy Unit တစ်ခုခုပေါ်ကို
သုံးလိုက်တဲ့အခါတိုင်း အဆိုပါတည်နေရာရဲ့ ပတ်လည် 750 AoE ဟာ Flying Vision အပြင်
True Sight Vision ကိုပါရရှိမှာဖြစ်ပါတယ်။ Flying Vision ကတော့
သစ်ပင်ကြား၊ကုန်းပေါ်၊ကုန်းအောက် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် Black Space
ကင်းကင်းရှင်းရှင်းနဲ့ မြင်ရမယ့် မြင်ကွင်းကို ဆိုလိုတာဖြစ်ပါတယ်။ အဆိုပါ
မြင်ကွင်းရဲ့ကြာချိန်ကတော့ 45 seconds အထိရှိမှာဖြစ်ပြီး နောက်ထပ်ထူးခြားချက်ကတော့
အသုံးပြုခံရတဲ့ Unit ရဲ့ Channeling Spell တွေကိုပါ ပျက်စေမှာဖြစ်လို့ Town
Portal, Death Ward, Blackhole အစရှိတဲ့ Ability တွေကို Lightning Bolt
အသုံးပြုပြီး အလွယ်တကူဖျက်လို့ရပါတယ်။ အထူးခြားဆုံးအချက်ကတော့ Lightning Bolt ကို
မြေကြီးပေါ်အသုံးပြုလိုက်ပြီး အဆိုပါနေရာရဲ့ 325 AoE အတွင်းမှာရှိတဲ့ အနီးဆုံး
Enemy Hero တစ်ကောင်ကို တည့်တည့်ချိန်မသုံးပေမယ့် Damage သက်ရောက်မယ့်
အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်အသင်းရဲ့ Invisible Hero တစ်ကောင်ကို
မမြင်ရပေမယ့် သင့်ရဲ့ ခန့်မှန်းချက်ပေါ်မူတည်ပြီး တိုက်ခိုက်လို့ရတဲ့ အားသားချက်ကို
v6.81 ကနေစပြီး ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်ရန်သူကို ချိန်သုံးပေမယ့်
မြေကြီးပေါ်မှားထောက်မိမှာကို ပူစရာမလိုတဲ့အပြင် Mana ကုန်ကျစားရိတ်တိုးလာပေမယ့်
တစ်ချက်ဆို ဆိုသလောက် Damage သက်ရောက်မယ့် Lightning Bolt ဟာ Nuker
တစ်ကောင်ဖြစ်တဲ့ Zeus အနေနဲ့ အရင်ဆုံးတင်သင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။
Passive Ability
တစ်ခုဖြစ်တဲ့ Static Field ဟာ Zues ရဲ့ အခြား Ability ၃ခုကို Damage ပမာဏ
ပိုမိုတိုးပွားစေမယ့် Mana မကုန်ကျတဲ့ Ability တစ်ခုဖြစ်ပါတယ်။ Zeus အနေနဲ့
Ability တစ်ခုကို အသုံးပြုလိုက်တိုင်း သူ့ရဲ့ 1000 AoE အတွင်းမှာရှိသမျှ Hero,
Neutral, Lane Creep တွေအားလုံးဟာ လက်ရှိကျန်ရှိနေတဲ့ Hp ရဲ့ 5%/7%/9%/11% သော
ပမာဏဟာ Damage အနေနဲ့ အလိုအလျှောက် သက်ရောက်စေမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့
နောက်ဆုံးအဆင့်မှာ သင့် Enemy ရဲ့ လက်ရှိ Hp ဟာ 1000 အတိရှိနေခဲ့ပြီး အဆိုပါ Hero
ကို Ability တစ်ခုခု အသုံးပြုခဲ့မယ်ဆိုရင် သူ့လက်ရှိ Hp ရဲ့ ၁၁ ရာခိုင်းနှုန်း
(1000 * 0.11= 110 Damage) ဟာ သင့်ရဲ့ Ability မသက်ရောက်ခင်
အရင်ဦးဆုံးသတ်ရောက်ပါမယ်။ ဒါကြောင့် သင့်ရဲ့ lvl အဆုံးယူထားတဲ့ Lightning Bolt
နဲ့တွဲသုံးခဲ့မယ်ဆိုရင် 350+110=460 Damage ဆိုတဲ့
ပမာဏနဲ့တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ အဆိုပါ Damage တွက်ချက်မှုဟာ သင် Ability
တစ်ခုခု အသုံးပြုလိုက်တိုင်း Enemy Unit တွေရဲ့ လက်ရှိ Hp ပမာဏကို တွက်ချက်ပြီး
တိုက်ခိုက်ပေးနေမှာဖြစ်လို့ ဒုတိယ ဦးစားပေး တင်သင့်တဲ့ Ability တစ်ခုအဖြစ် အကြံပြုချင်ပါတယ်။
အကြောင်းပြချက်ကတော့ အစောပိုင်း Mana ပမာဏ မများသေးတဲ့အခြေအနေမှာ Team Fight
တစ်ခုမှာ Lightning Bolt ၂ခါ နဲ့ Thundergod's Wrath ကို အသုံးပြုနိုင်ဖို့တောင်
ခက်ခဲပါတယ်။ ဒါကြောင့် Mana ဆက်တိုက်ကုန်စေမယ့် Arc Lightning ကို အသုံးပြုမယ့်
အစား Passive Damage ကိုပေးမယ့် Static Field ဟာ item အလုံအလောက်မရသေးတဲ့ Zues ကို
Nuker တစ်ကောင်အဖြစ် ပိုမို ရုပ်လုံးပေါ်စေမှာဖြစ်ပါတယ်။
မြေပုံရဲ့ မည်သည့်နေရာကို
ရောက်နေပါစေ၊ Enemy Hero တစ်ကောင်မကျန်ကို တိုက်ခိုက်နိုင်မယ့် Global Ability
Thundergod's Wrath ဟာ အသုံးပြုရလွယ်ကူသလို အကျိုးကျေးဇူးလည်း ကြီးမားတဲ့ Ultimate
ဖြစ်ပါတယ်။ အားနည်းချက်တစ်ခုကတော့ Enemy Hero ဟာ Invisible ဖြစ်နေခဲ့မယ်ဆိုရင်
Damage မသက်ရောက်စေပေမယ့် True Sight 3 seconds ကိုတော့ ပေးမှာဖြစ်ပါတယ်။
အားသာချက်တစ်ခုကတော့ Invisible ဖြစ်နေတဲ့ Enemy Hero ရဲ့ 900 AoE အတွင်းမှာ အခြား
Enemy Hero တစ်ကောင်ရှိနေခဲ့မယ်ဆိုရင်တော့ အဆိုပါ Invisible Hero ကို Damage
သတ်ရောက်စေမှာဖြစ်ပါတယ်။ အကြောင်းက ကိုယ်မပျောက်နေလို့ Damage သတ်ရောက်သွားတဲ့
Hero ရဲ့ 900 AoE အတွင်းမှာ True Sight Vision ကို ရရှိသွားမှာဖြစ်တဲ့အတွက် အဆိုပါ
AoE အတွင်းမှာ ရှိတဲ့ Invisible Hero ကိုလည်း Thundergod's Wrath က ရှာတွေ့သွားတဲ့
သဘောဖြစ်ပါတယ်။ 225/350/475 Damage သက်ရောက်မှာဖြစ်ပေမယ့် Aghanim's Scepter
ဆက်ခဲ့မယ်ဆိုရင်တော့ 440/540/640 Damage ဆိုပြီး တိုးသွားစေမယ့် Ultimate ဟာ ပုံသေ
Cooldown 90 Seconds ရှိပါတယ်။
Items
Intelligence Hero
တစ်ကောင်ဖြစ်လို့ Mana Regen နဲ့ ပမာဏကို တိုးစေမယ့် မည့်သည့် Item မဆို Zeus နဲ့
လိုက်ဖက်ပါတယ်။ အများစုသော ကစားသမားများက နူးလွယ်နပ်လွယ်ဖြစ်တဲ့ Arcane Boots ကို
ရွေးချယ်လေ့ရှိပြီး Bottle ကို ပိုင်ပိုင်နိုင်နိုင် အသုံးပြုတဲ့ ကစားသမားတွေကတော့
Phase Boots တစ်ရံဆက်ထားပြီး Roaming လုပ်တဲ့ ကစားကွက်ကိုလည်း တွေ့ရတတ်ပါတယ်။
ကုန်ကျစားရိတ် သက်သက်သာသာနဲ့ Zeus ကို Mana Regen ကောင်းကောင်းထောက်ပံ့ပေးမယ့်
Eul's Scepter of Divinity, Nuker တစ်ကောင်ဖြစ်တဲ့ Zeus ရဲ့ Magical Damage တွေကို
30% ခန့်ပိုသက်ရောက်စေမယ့် Veil of Discord နဲ့ မိမိကိုယ်တိုင် Hero လိုက်သတ်တဲ့
ပုံစံနဲ့ကစားတဲ့သူအတွက် Nuke Item ဖြစ်တဲ့ Dagon အစရှိတဲ့ Item များကို မိမိရဲ့
ကစားကွက်နဲ့အညီ ရွေးချယ်နိုင်သလို ပျော့ဖက်ဖက် hero တစ်ကောင်ဖြစ်တဲ့ Zeus ကို Hp
ရော Mana ပါ ထောက်ပံ့ပေးမယ့် Aghanim's Scepter ကတော့ အဓိက ရွေးချယ်ပေးသင့်တဲ့
Core Item တစ်ခုဖြစ်ပါတယ်။ တစ်မြေပုံလုံးမှာရှိတဲ့ Enemy Hero အားလုံးကို ၂
စက္ကန့်အတွင်း 1280 Damage သက်ရောက်စေဖို့အတွက် Refresher Orb ဟာ
မဖြစ်မနေထည့်သင့်တဲ့ ဈေးကြီး Item တစ်ခုဖြစ်ပြီး Escape အတွက်အပြင် 5 vs 5 Team
Fight တစ်ခုကိုကောင်းကောင်း အသားစီးရယူဖို့အတွက်ပါ အကျိုးရှိစေမယ့် Dagger ကိုလည်း
အခြေအနေအရ ရွေးချယ်သင့်ပါတယ်။ 5 vs 5 Team Fight တစ်ခုကို အစပြုဖို့အတွက် Enemy
Team နဲ့ နီးရာကို Dagger အသုံးပြုပြီး Thundergod's Wrath ကို Refresher Orb နဲ့
တွဲသုံးပေးခြင်းဖြင့် 1280 Damage ထက်မကတဲ့ AoE Nuke တစ်ခုဖြစ်လာအောင် များပြားတဲ့
Damage ပမာဏတွေနဲ့ ထောက်ပံ့ပေးဦးမယ့် သင့်ရဲ့ Static Field ကြောင့်Team Fight
တစ်ခုကို အစမပြုခင်ကတည်းက တစ်ဖက်အသင်းကို ကသောင်းကနင်းဖြစ်သွားအောင်
သွေးလျှော့နိုင်တဲ့ Combo တစ်ခုကို ဖြစ်ပေါ်စေဦးမှာပါ။ Bloodstone, Guinsoo's
Scythe of Vyse နဲ့ Shiva Guard တို့ကတော့ သင့်ရဲ့ Mana Regen နဲ့ ပမာဏကို
အထောက်အပံ့ပေးမှာဖြစ်လို့ အခြေအနေပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။
Zeus ကို Global Team Fight
အတွဲဖြစ်တဲ့ Spectre, Nature Prophet, Zeus, Clockwerk, Ancient အစရှိတဲ့
လူသုံးများသော ကစားကွက်နဲ့ ပွဲထုတ်တာကို တွေ့ရလေ့ရှိပြီး Thundergod's Wrath >
Wrath of Nature > Haunt > Ice Blast ဆိုတဲ့ Ultimate Combo နဲ့
အသုံးပြုရာမှာ ခေတ်စားခဲ့ပေမယ့် Lvl နဲ့ Item အထိုက်အလျှောက်လိုအပ်တာကြောင့် Early
Push ပုံစံနဲ့ ကစားလာတဲ့ အခုနောက်ပိုင်း ကစားပွဲတွေမှာတော့ တွေ့ရခဲတဲ့ Combo Flow
တစ်ခုဖြစ်ခဲ့ရပါတယ်။ Thundergod's Wrath ရဲ့ Invisible Unit ကို
မတိုက်ခိုက်နိုင်တဲ့ အဓိက အားနည်းချက်ကို ပယ်ဖျက်ဖို့အတွက် ရန်သူရဲ့ Hp 25%
အောက်ရောက်သွားတာနဲ့ True Sight Vision ကိုရရှိအောင်ကူညီပေးတဲ့ Thirst Ability ကို
ပိုင်ဆိုင်ထားတဲ့ Bloodseeker နဲ့ တွဲဖက်ကစားချင်းဖြင့် အပြန်အလှန်အကျိုးရှိတဲ့
Combo ကို ရရှိစေမှာဖြစ်ပါတယ်။
ဒီ Suggestion ဟာ
ပြီးပြည့်စုံတဲ့ Suggestion မဟုတ်လို့
သင်ကြိုက်နှစ်သက်တဲ့ကိုယ်ပိုင်ကစားကွက်သာလျှင်
သင့်အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
Burn
With the Flame of YOUTH
yahooyeeha ©
yahooyeeha ©
No comments:
Post a Comment