ထွက်ပေါ်လာမယ့် v6.82 patch ဟာဖြင့် ထွက်မလာခင် အချိန်ကတည်းက အသစ်ကို မျှော်လင့်သူများနဲ့ အဟောင်းကို
လက်မလွှတ်လိုသူများအကြား စကားစစ်ပွဲတွေအဖြစ် အားပြိုင်ခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဟောင်းကို လိုလားသူတွေပဲ လက်လျှော့ရမှာပါ။ ယခု ၂၆ရက်နေ့ မနက်မှာပဲ Rekindling Soul Update က
အတည်ပြုပြီးသွားပါပြီ။ ယခင်က Skeleton King ကနေ Wraith King အဖြစ်သို့ပြောင်းလဲလိုက်တဲ့အချိန်တုန်းက ၇ဝ% သော
ကစားသမားများဟာ Wraith King ဆိုတဲ့ Model ကို လက်မခံခဲ့ကြပါဘူး။ အချိန်ကြာလာတော့လည်း အသားကျသွားပြီး
ယခင်က Skeleton King ကြီးကို မေ့သွားကြတဲ့အတွက် Valve ကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ မမြင်ပါဘူး။
ကမ္ဘာ့အဆင့် လူကြိုက်အများဆုံး Video Game တွေထဲက တစ်ခုအဖြစ် ရပ်တည်လျက်ရှိတဲ့ အတွက် အချိန်အကြာကြီး
ရပ်တန့်နေလို့ မရတဲ့ အချက်ကိုလည်း စဉ်းစားရမှာ ဖြစ်တဲ့အတွက် ပုံမှန်အတိုင်း Hero Reworked တွေ အပြင် Map
တစ်ခုလုံးရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းအများစုကို ပြောင်းလဲပစ်လိုက်တဲ့အတွက် ကစားသမားအားလုံး အသားကျအောင်
ပြန်ကစားရတော့မှာပါ။
အခုလို ပြောင်းလဲသွားတဲ့အချက်အလက် မြောက်များစွာထဲကမှ Roshan ရဲ့ တည်နေရာကို ပြောင်းလဲလိုက်တာက
လူပြောအများဆုံးအချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို Roshan ရဲ့ နေရာအပြောင်းအလဲကို ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်
သြဂုတ်လက Dota 1 v6.75 Beta ဆိုတဲ့နာမည်နဲ့ ထွက်ခဲ့တဲ့ မြေပုံတစ်ခုမှာ စမ်းသပ်လွှင့်တင်ခဲ့ပါတယ်။ အဲ့တုန်းကတော့ Dota
1 တစ်ခုပဲရှိသေးတဲ့အတွက် အများစုက လက်မခံဘူးဆိုတဲ့အချက်ကို လစ်လျှူမရှူဘဲ Test မြေပုံက Test အတိုင်းသာ
အဆုံးသပ်သွားခဲ့ပါတယ်။ အခုတော့ အဲ့လိုရပ်တန့်သွားဖို့ အလားအလာ မရှိတော့ပါဘူး။
လက်တွေ့အကောင်အထည်ပေါ်လာတော့မှာပါ။ စိတ်ဝင်စားဖို့ကောင်းတာတွေ အများကြီးမြင်ရတော့မှာပါ။
ကျွန်တော့်အမြင်ကတော့ အခု Update အသစ်ကို အရမ်းကောင်းတဲ့ Update တစ်ခုလို့ သုံးသပ်ချင်ပါတယ်။ တကယ်ကောင်းတဲ့
အပြောင်းအလဲတစ်ခုဖြစ်လာမှာပါ။ ကမ္ဘာ့အဆင့် Professional ကစားသမားတွေဟာ သာမန်ကစားသမားတွေထက်
သာလွန်တဲ့အရည်အချင်းတွေနဲ့ အစွမ်းကုန်ကစားလေ့ ရှိတဲ့အတွက် Professional ကစားသမားတွေရဲ့
လက်ထဲရောက်သွားရင် လိုတာထက်ပိုတဲ့ Imbalance ဖြစ်တဲ့အချက်ပေါင်းများစွာ ထွက်ပေါ်လာလေ့ရှိပါတယ်။ အထင်ရှားဆုံး
ဥပမာတစ်ခုကတော့ DDZ ရဲ့ Tinker ပဲဖြစ်ပါတယ်။ Dota 2 မှာကစားသမားတိုင်းကို အဆင်ပြေအောင် ထည့်သွင်းပေးထားတဲ့
Quick Cast နဲ့ Auto Cast ကို ပိုင်ပိုင်နိုင်နိုင်အသုံးပြုသွားတဲ့နောက်မှာ Tinker ဟာ Publish Match တွေမှာ
လူတိုင်းနည်းပါးကိုင်နိုင်တဲ့ ပွဲတိုင်းကျော် Hero တစ်ကောင်ဖြစ်လာပါတယ်။ Professional Player အချင်းချင်းအတွက်တော့
Tinker ကို Counter လုပ်ဖို့ အခက်အခဲသိပ်မရှိပေမယ့် Publish Match တွေမှာတော့ အနည်းငယ်ခက်ခဲနေဆဲပါပဲ။ ဒါကြောင့်
Professional တွေ လုပ်သွားသမျှကို နောက်ကလိုက်ပြီး ပြင်ပေးဖို့ကလည်း အထိုက်အလျှောက်လိုအပ်နေဆဲပါပဲ။
ဒါကြောင့် အပြောင်းအလဲတွေ အများကြီးဖြစ်ပေါ်အောင် အဖက်ဖက်က ပံ့ပိုးနေတဲ့အတွက်ကြောင့် Rekindling Soul Update
အတွက် အသင့်ပြင်ဆင်ထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
အပြောင်းအလဲအများကြီးရှိတဲ့ထဲကမှ Hero Changelog တွေကို မတင်ခင် General Changelog တွေကို Part 1 အနေနဲ့
အရင်ဆုံးတင်ချင်ပါတယ်။ ကျန်တဲ့ Changelogs တွေကိုလည်း အပိုင်းခွဲပြီး တင်သွားမှာဖြစ်လို့ စောင့်ပြီးလေ့လာပေးကြပါဦး။
►Fountain ရဲ့ တည်နေရာကို ယခင်ကထက် ၁ ဆင့်ပို မြှင့်ပေးထားပါတယ်။
►Fountain ရဲ့ Vision ကို 1400 မှ 1800 သို့ တိုးမြှင့်ပေးထားပါတယ်။
(အမြင့်ဘက်ကို ရောက်သွားလို့ အောက်ဘက်ကို ဝေးဝေးပိုမြင်ရသွားတဲ့ သဘောဖြစ်ပါတယ်။)►Fountain ရဲ့ Attack Range ကို 1100 ကနေ 1200 သို့ တိုးမြှင့်ထားပါတယ်။
►Fountain ရဲ့ True Sight Range ကို 900 ကနေ 1200 အထိ သိသိသာသာ တိုးလိုက်ပါတယ်။
(Fountain ကို အပြောင်းအလဲများစွာ လုပ်လိုက်တဲ့အချက်က အခြားသော MOBA game တွေရဲ့ Base နဲ့ အနည်းငယ်
ဆင်တူဖြစ်သွားပေမယ့် ကောင်းတဲ့အချက်တွေ ရှိပါတယ်။ Publish Match တွေမှာ ကစားသမား မပီသတဲ့
သွေးကန်ပိတ်သတ်တဲ့ အဖြစ်အပျက်တွေလျော့နည်းသွားမှာဖြစ်ပါတယ်။
အရေးနိမ့်နေတဲ့ အသင်းဘက်က Hero တွေအနေနဲ့ အရင်ကလို သွေးကန်အဝမှာ Observer Ward ထောင်ပြီး သွေးကန်ထဲက
Hero တွေကိုသတ်တဲ့အခြေအနေမျိုး၊ Invisible Hero တွေပုန်းအောင်းပြီး အပေါက်ဝမှာ
ပိတ်သတ်တဲ့အခြေအနေမျိုးတွေကနေ လုံးဝလွတ်ကင်းသွားတော့မှာဖြစ်ပါတယ်။ ဒါကြောင့် သွေးကန်ပိတ်သတ်ပြီး
အချိန်ဖြုန်းတဲ့ ကစားပွဲတွေ နည်းပါးသွားနိုင်မယ့်အပြင် အရေးနိမ့်နေတဲ့ အသင်းအနေနဲ့ Hero အသေအပျောက်ပမာဏ
နည်းသွားလို့ လွယ်လွယ်ကူကူ အရှုံးပေးရမယ့် အခြေအနေတွေလည်း လျော့နည်းသွားမှာပါ။)
မြေပုံအပြောင်းအလဲအနေနဲ့ အသိသာဆုံးအဖြစ် Roshan ကုန်းရဲ့တည်နေရာအပြောင်းအလဲကတော့ ၂ ရက်လောက် Social
Media တွေမှာ မြင်နေတွေ့နေရတော့ ထွေထွေထူးထူးပြောစရာမရှိပေမယ့် အပေါ်လမ်းနဲ့ အောက်လမ်းက Middle Tower
တွေနားမှာ Observer Ward ထောင်လို့ရတဲ့ နေရာတွေ ထည့်သွင်းထားခြင်းကတော့ Observer Ward ပိုမိုထောင်ရမယ့်
အခြေအနေတွေ ဖြစ်ပေါ်လာပါမယ်။ ဒါ့အပြင် Roshan ရဲ့နောက်ကျောက ကုန်းမြင့်မှာထည့်သွင်းပေးထားတဲ့ Ward Spot
ဟာလည်း အခုပြောင်းလဲသွားတဲ့ မြေပုံအသစ်ရဲ့ မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်ရအောင် တစ်ခါတည်း
ထည့်သွင်းပေးထားသလိုပါပဲ။ မြေပုံရဲ့ အမြင့်ဆုံး lvl မှာ ထားထားတဲ့ Ward Spot ဖြစ်တဲ့အတွက် Flying Vision
သဖွယ်မြင်ရတဲ့အတွက် Dire အသင်းအနေနဲ့ အဆိုပါနေရာကို Deward လုပ်ဖို့ပိုပြီး သတိထားရတော့မှာပါ။ Dire
အသင်းဘက်ရဲ့ Jungle ၂ခုလုံးမှာ အရေးကြီးတဲ့ Ward Spot ၂ နေရာတောင်ရှိသွားတဲ့အတွက် ကစားပွဲရဲ့ အခြေအနေက
Dire ရော Radiant ပါ ရှုံးရှုံးနိုင်နိုင် သတိထားပေးရမယ့် နေရာတစ်ခုဖြစ်လာမှာပါ။
New Bounty Rune
ဒီ Update မှာ အသစ်ပါလာတဲ့ Bounty Rune က အသုံးပြုသူကို လက်ရှိပွဲကစားချိန်ပေါ်မူတည်ပြီး ရရှိတဲ့ Exp နဲ့ Gold
ပမာဏကို တိုးသွားစေမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပွဲကစားချိန် မိနစ် ၂ဝ မှာ Bounty Rune ကို အသုံးပြုခဲ့မယ်ဆိုရင် (50 +
(20 Minute * 5)) = 150 Experience နဲ့ (50 + (20 Minute * 2)) = 90 Gold ကို ရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့်
ပွဲကစားချိန် မိနစ် ၆ဝ မှာသာ Bounty Rune ရခဲ့မယ်ဆိုရင် 350 Exp နဲ့ 170 Gold ကို ရရှိစေမှာဖြစ်ပါတယ်။ ၂ မိနစ် ပြည့်တိုင်း
မြောင်း ၂ နေရာစလုံးမှာ Rune တစ်ခုက ကျိန်းသေပေါက် ပေါ်မှာဖြစ်လို့ Bounty Rune က
အသုံးကြီးကြီးမားမားမတည့်ဘူးဆိုပေမယ့် Mid Lane မှာ Bottle အသုံးပြုတဲ့သူတွေ အတွက် အဓိကအဆင်ပြေသွားပြီး
ဘေးလမ်းကို Gank ဖို့ အခြေအနေပိုပေးတော့မှာဖြစ်ပါတယ်။ ဒီလို Rune ၂ ခု ပေါ်လာတာဟာ လက်ရှိပြောင်းသွားတဲ့ Courier
Nerf နဲ့ ပြန်လည် ချေပပြီးသားဖြစ်သွားပါတယ်။
Flying Courier
င်္►Flying Courier ရဲ့ Base Movement Speed ကို 350 မှာ 430 သို့ တိုးမြှင့်ပေးလိုက်ပါတယ်။
►Melee Hero တွေသာ Flying Courier ကို တိုက်ခိုက်မယ်ဆိုရင် 50% ပိုမို Damage သတ်ရောက်မှာဖြစ်ပါတယ်။
►Speed Burst (R) ရဲ့ Cooldown ကို 40 ကနေ 90 Seconds သို့ တိုးမြှင့်လိုက်ပါတယ်။
►Speed Burst (R) ရဲ့ Duration ကို 20 seconds ကနေ 4 seconds သို့ လျော့ချထားပါတယ်။
►Speed Burst (R) ရဲ့ Speed ကို 522 MS မှ 650 MS သို့ တိုးမြှင့်ထားလိုက်ပါတယ်။
Melee Hero တစ်ကောင်အနေနဲ့ တစ်ဖက်အသင်းရဲ့ Courier ကိုယ့်မျက်စိရှေ့ကနေ ဖြတ်ပြေးသွားရင်တောင် Damage
မများတဲ့ အခြေအနေမှာ လိုက်သတ်ရတာ ခက်ခဲတဲ့အခြေအနေကို Balance လုပ်ထားတာဖြစ်ပါတယ်။ Flying Courier ရဲ့ ပုံမှန်
Speed ကို 350 ကနေ 430 အထိ တိုးမြှင့်ထားခြင်းက သာမန် Item ပို့ဆောင်ရေးမှ ပြောင်းလဲမှုသိပ်မရှိနိုင်ပေမယ့် Bottle Run
တဲ့ကစားသမားတွေအတွက်တော့ ပိုမိုခက်ခဲသွားစေမှာပါ။ ဒါကြောင့် Bounty Rune ကို ထည့်သွင်းပေးထားတာ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် Item ပို့ဆောင်ရေးမှာ Speed Burst ကို အသုံးပြုစရာမလိုတော့တဲ့အတွက် Cooldown များတဲ့ Speed Burst ကို
အရေးမကြီးရင် မသုံးတာကောင်းပါလိမ့်မယ်။ မိမိ Courier အတိုက်ခိုက်ခံရတော့မယ့် အခြေအနေမျိုး (Battle ကြားထဲ
Courier ခေါ်မိတဲ့အခါမျိုး၊ Courier လိုက်အသတ်ခံရတဲ့ အခြေအနေမျိုး) မှာသာ Speed Burst ကို အသုံးပြုသင့်ပါတယ်။
အရေးကြီးတဲ့ နောက်တစ်ချက်က Damage Type ဖြစ်ပါတယ်။ အရင်က Internet Journal အတွဲ (၁၅) အမှတ် (၂၇) မှာ
ရေးခဲ့ဖူးတဲ့ 6 types of Damage မှာ ဖော်ပြခဲ့တဲ့ Physical, Magical, Pure, Composite, Hp Removal နဲ့ Universal ဆိုတဲ့
Damage Type ၆ မျိုးထဲက Composite, Hp Removal နဲ့ Universal ဆိုတဲ့ ခေါင်းစဉ် ၃ မျိုးကို ဖယ်ရှားပြီး Physical,
Magical နဲ့ Pure ဆိုတဲ့ ခေါင်းစဉ် ၃ ခုနဲ့ ရောပေးထားလိုက်ပါတယ်။ ဒါကြောင့် အရင်က Composite, Hp Removal နဲ့
Universal လို့ သတ်မှတ်ခဲ့တဲ့ အထင်ကရ Ability အချို့ဟာ အောက်ပါ အတိုင်း ပြောင်းလဲသွားပါတယ်။
► Acid Spray (Alchemist) Composite >> Physical
►Nightmare (Bane) Hp Removal >> Pure
► Wild Axe (Beastmaster) Composite >> Physical
► Doom (Doom) Magical >> Pure
► Echo Slam (Earthshaker) Universal >> Magical
►Midnight Pulse (Enigam) Universal >> Pure
►Diabolic Edict (Tormented Soul) Composite >> Physical
►Aghanim's Laguna Blade (Lina) Universal >> Pure
►Heartstopper (Necrophos) Hp Removal >> Negative Hp Regen
► Land Mine (Techies) Composite >> Physical
►Suicide Squad, Attack! (Techies) Composite >> Physical
► Wave of Terror (Vengiful) Hp Removal >> Pure
►Fatal Bonds (Warlock) Hp Removal >> Same Damage Types
► Last Will (Necronomicon) Pure >> Magical
► Soul Release (Urn of Shadow) Hp Removal >> Pure
ယခင်က Damage အမျိုးအစားကို အမျိုးမျိုး ခွဲခြားခဲ့တဲ့အတွက် မှတ်သားရခက်ခဲပေမယ့် အခုလို
ပေါင်းစည်းလိုက်တဲ့အခါမှာတော့ အခြေခံကျကျ လွယ်လွယ်ကူကူ မှတ်သားနိုင်တော့မှာပါ။
ဒါကြောင့် BkB နဲ့ Tower ကို တိုက်ခိုက်နိုင်ခဲ့တဲ့ Composite နဲ့ Universal အမျိုးအစား Damage များဟာ အခုချိန်မှာ
Physical Damage ဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်ရှိသွားပြီး Hero ရဲ့ Armor, Resistance ကို မတွက်ချက်ပဲ
တိုက်ခိုက်ခဲ့တဲ့ Hp removal အမျိုးအစားဟာလည်း Pure Damage အမျိုးအစားဖြစ်သွားပါတယ်။
ဒါကြောင့် အရှင်းဆုံးပုံစံအနေနဲ့
အဆိုပါ Damage ၃ မျိုးကို အကြမ်းဖျဉ်းအနေနဲ့ခွဲခြားနိုင်ပါတယ်။
Physical >> Armor ကြောင့် လျော့သွားနိုင်သော Damage အမျိုးအစား
Magical >> Magic Resistance ကြောင့် လျော့သွားနိုင်သော Damage အမျိုးအစား
Pure >> Armor ရော Magic Resistance ကိုရော ထည့်မစဉ်းစားသည့် Damage အမျိုးအစား
များပြားလှတဲ့ အပြောင်းအလဲတွေကြားမှာ မြန်မာကစားသမားတွေအကြိုက်ဆုံးဖြစ်မယ့် အပြောင်းအလဲတစ်ခုကတော့
Remodel Shadow Fiend ပဲဖြစ်ပါတယ်။ အများစုသော မြန်မာကစားသမားတွေဟာ Nevermore Crazy တွေဖြစ်ကြပေမယ့် ၎
နှစ်လောက်မပြောင်းလဲပဲ ရှိခဲ့တဲ့ ဆိုးရွားတဲ့ Model ကြောင့် လူသုံးနည်းခဲ့ပေမယ့် အခုချိန်မှာတော့ သိသိသာသာကို
ကောင်းမွန်တဲ့ Model Rework ကြောင့် မြန်မာတွေ ရွေးချယ်တဲ့ Carry Hero တစ်ကောင်ပြန်ဖြစ်လာတော့မှာပါ။
ယခင်က ကင်းမြှီးကောက်မီးကင် ခွေးခေါင်းကြီးနဲ့ Nevermore ပုံစံကို ထပ်မြင်စရာအကြောင်းမရှိတော့ပါဘူး။
နောက်ဆုံးတော့လည်း Dota 1 တုန်းက Nevermore ရဲ့ Model နဲ့ တော်တော်နီးနီးစပ်စပ် တူတဲ့ ပုံစံကို ပြန်ယူလိုက်ရတာပါပဲ။
Requiem of Soul အသုံးပြုတဲ့ပုံကလည်း Dota 1 Nevermore ရဲ့ ကတဲ့ပုံနဲ့ ခပ်ဆင်ဆင်တူတဲ့အတွက်
နှစ်သက်စရာကောင်းတဲ့အပြင် Raze အသုံးပြုတဲ့ပုံတွေနဲ့ Phyical Attack တို့ရဲ့ Particle Effect တွေကိုလည်း သေသေချာချာ
ပြန်ပြင်ထားတာက မြန်မာကစားသမားတွေ အကြိုက်ဖြစ်မှာ အသေအချာပါပဲ။
လောလောဆယ် ဒီဆောင်းပါးရေးနေတုန်းမှာပဲ Nevermore ရဲ့ Demon Eater Arcana ကို ဝယ်ဖို့ လာပြောတဲ့ Friend ၆
ယောက်တောင်ရှိပါတယ်။
မြန်မာကစားသမားတွေအတွက်တော့ Nevermore Arcana ရှိတာဟာ ဂုဏ်ယူစရာ ကိစ္စတစ်ခုလိုတောင် ဖြစ်လာမလားပဲ။
The Demon Eater Arcana ရဲ့ Ultimate အသုံးပြုပုံက ကြောက်ဖို့ကောင်းတဲ့ သွင်ပြင်မျိုးရှိတာကြောင့် လက်ရှိပေါက်ဈေး
37.61$ မှာ ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်ဖို့ တိုက်တွန်းလိုပါတယ်။
ကျန်နေသေးတဲ့ မြောက်များစွာသော Changelogs များဖြစ်တဲ့ Roshan Place, Map Change, New Bounty Rune, New
Item Crimson Guard, New Aghanim’s Heroes, New Model of Shadow Fiend, Damage Type Change, Hero
Reworks နဲ့ Item Reworks အစရှိတာတွေကိုလည်း အပိုင်းတွေ ခွဲပြီး တင်ပေးသွားပါဦးမယ်။
Burn With the Flame of YOUTH !!
yahooyeeha ©
No comments:
Post a Comment