Blogroll

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, October 16, 2014

Riki The Stealth Assassin


(Rekindling Soul Update)

၂ဝ၁၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ မိတ်ဆပ်ခဲ့တဲ့ Dota 2 v6.82 (The Rekindling Soul Update) မှာတော့ Riki ကို ယခင် ခေတ်အဆက်ဆက်က တွေ့ရှိခဲ့ကြတဲ့ Permanent Invisibility ကို Ultimate Ability အဖြစ်ကနေ ဖယ်ရှားခဲ့ပြီး Lvl 1 မှာကတည်းက စယူလို့ရတဲ့ Basic Ability တစ်ခုအဖြစ်ပြောင်းလဲခဲ့ပြီး Ultimate ကိုတော့ ယခင်က Basic Ability တစ်ခုဖြစ်တဲ့ Blink Strike ကို ပြောင်းလဲသတ်မှတ်ပေးလိုက်ပါတယ်။ Blink Strike ဟာ Ultimate Ability တစ်ခုဖြစ်သွားတာကြောင့်
သာမန် Blink Ability တွေလို ရိုးရိုးရှင်းရှင်းမဟုတ်တော့ဘဲ ပိုမိုထိထိရောက်ရောက်အသုံးပြုနိုင်တော့မှာဖြစ်လို့ Riki ဟာ လာရာဝင်တဲ့ Hero တစ်ကောင်ဖြစ်လာတော့မလားဆိုတာတော့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။


Dota 2 ကို account အသစ်တစ်ခုဖွင့်ပြီး ဆော့တဲ့ သူတွေအတွက် အမြင်ရဆုံး Hero တစ်ကောင်ကို ရွေးချယ်ပေးပါဆိုရင်တော့ Riki The Stealth Assassin ကို ပထမဆုံး သတိထားမိမှာအသေအချာပါပဲ။ Riki ဟာ ကျွမ်းကျင်တဲ့ ကစားသမားများ ဆော့တဲ့ ကစားပွဲမှာ ထုတ်ဖို့မလွယ်ကူတဲ့ Counter လုပ်ရလွယ်တဲ့ Hero တစ်ကောင်ဖြစ်ပေမယ့် Ally သိပ်မမိတဲ့ Low Level မှာတော့ ရွေးချယ်ဖို့အကောင်းဆုံးနဲ့ Hero သတ်ရအလွယ်ကူဆုံးဖြစ်တဲ့အပြင် မိမိကိုယ်ကိုအားကိုးပြီး ဆော့ကစားနိုင်တဲ့ Agility Carry Hero တစ်ကောင်ဖြစ်ပါတယ်။ Stealth Assassin ကို Publish Match တွေမှာ လူကြိုက်များလာရတဲ့ အဓိက အချက်ကတော့ သူ့ရဲ့ Trademark Ability တစ်ခုဖြစ်တဲ့ Ultimate Permanent Invisibility ကို အဆင့်မြှင့်ပေးလိုက်တဲ့ v6.79 မြေပုံကနေ စတင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ Carry Hero တစ်ကောင်ဖြစ်ပေမယ့် Antimage, Drow Ranger တို့ကဲ့သို့ Hard Carry မဟုတ်ဘဲ အစောပိုင်း Battle ဝင်နိုင်စွမ်းအသင့်အတင့်ရှိတဲ့အပြင် Riki ဟာ Dota 1 မှာ “Rikimaru” ဆိုတဲ့နာမည်ကို အသုံးပြုခဲ့ပေမယ့် အဆိုပါနာမည်က Playstation 1 ခေတ်က နာမည်ကြီး Game တစ်ခုဖြစ်တဲ့ Tenchu Game Series က အဓိက ဇာတ်ကောင်ရဲ့ နာမည်ကို ယူသုံးထားတာဖြစ်လို့ မူပိုင်ခွင့်လွတ်လွတ်ကင်းကင်းဖြစ်စေဖို့အတွက် Riki ဆိုတဲ့ နာမည်ကိုပြောင်းလဲခေါ်ဆိုခဲ့ခြင်းပဲဖြစ်ပါတယ်။

Smoke Screen

ကတော့ တစ်ဆင့်ထက်တစ်ဆင့် ပိုပိုယူလာရင် Aoe နဲ့ Miss Chance လိုက်ပြီးတိုးလာပါတယ်။ ကြာချိန် နဲ့ Slow ကတော့ ပထမ တစ်ဆင့်နဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီ Ability ကို အစောပိုင်း များများမယူဖို့ အကြံပြုချင်ပါတယ်။ အစောပိုင်းမှာ သင် Smoke ခင်းလည်းပဲ သင့်အတွက် အကျိုးအမြတ် များများမရှိဘူးလို့ ထင်ပါတယ်။ Smoke က Stun မပါတဲ့အတွက် Portal ဖျက်လို့မရတဲ့အပြင် Aoe 325 မရောက်မချင်း သုံးလို့ သိပ်မကောင်းသေးတဲ့ အချက်လဲရှိပါတယ်။ ဒါ့အပြင် Riki ဟာ Intelligence Grow အရမ်းနည်းပါတယ်။ Blink Strike အပြင်တခြား Ability ကို သုံးဖို့ သိပ်အခြေအနေမပေးဘူးလို့ ယူဆတဲ့အတွက် ၁ ဆင့်လောက်ပဲ အစောပိုင်းမှာ ယူထားရင် လုံလောက်မှာပါ။ သင်က Diffusal Blade ထည့်မယ့် Riki ဆိုရင်တော့ အသုံးတည့်ပါတယ်။ Smoke ခင်းပြီးပြီးချင်းပဲ Purge တင်လိုက်ရင် Smoke ထဲက မထွက်နိုင်ခင် Hero တစ်ကောင်ကို အပျောက်ဖျောက်နိုင်တဲ့အခွင့်အရေးတွေ ရှိပါလိမ့်မယ်။

Permanent Invisibility

Riki ရဲ့ Trademark တစ်ခုဖြစ်တဲ့ Permanent Invisibility ကို v6.79 မြေပုံမှာပြောင်းလဲပြီးတဲ့နောက်မှာ လူကြိုက်များလာတဲ့ အချက်တစ်ချက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း Riki ကို Captain Mode ကစားပွဲတွေမှာ တွေ့ရဖို့ ခက်ခဲနေဆဲပါပဲ။ ဒီအပိုင်းမှာ ထူးခြားချက်တစ်ချက်က Permanent Invisibility ဟာ Physical ခုတ်လိုက်တာက လွဲလို့Item နဲ့ Ability တွေသုံးရင် ကိုယ်ပေါ်မလာတဲ့ အချက်ကြောင့်ပါပဲ။ ဒါကြောင့်ပဲ Etheral Blade + Dagon နဲ့ ဆော့တဲ့ ပုံစံကို လူတွေ စဉ်းစားမိလာကြပါတယ်။ အဆိုပါ Item ၂ ခုအတွက် ကုန်ကျမယ့် စားရိတ်ကို အခြား မိမိရဲ့ Physical Damage အတွက်အကျိုးရှိမယ့် Item တွေ ရွေးချယ်သင့်တယ်လို့ ယူဆပါတယ်။ Permanent invisibility ဟာ item တွေသုံးရင် ကိုယ်မပေါ်တဲ့အတွက် Manta Style သုံးလိုက်တဲ့အခါမှာလဲ ကိုယ်မပေါ်တဲ့အပြင် ထွက်လာတဲ့ illusion ၂ ကောင်ကိုပါ ကိုယ်ပျောက်နေစေပါတယ်။ အဆိုပါ Invisible Illusion ၂ ကောင်ကို မိမိအသင်းအတွက် Observer အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

ယခုနောက်ဆုံးထွက် v6.82 changelog မှာတော့ Permanent Invisibility ဟာ Ultimate Ability တစ်ခုမဟုတ်တော့ဘဲ ပွဲစထွက်ကတည်းက ယူလို့ရတဲ့ Ability တစ်ခုအဖြစ်ပြောင်းလဲသွားခြင်းဟာ Dota ကစားသမားတွေအတွက်တော့ ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်စေမှာအသေအချာပါပဲ။ ယခင် Ultimate အနေနဲ့ ရှိစဉ်တုန်းက Permanent Invisibility ဟာ Fade Time 3/2/1 second ရှိခဲ့ပေမယ့် Basic Ability တစ်ခုဖြစ်သွားချိန်မှာတော့ Fade Time ဟာ 8/6/4/2 second ဆိုပြီးသိသိသာသာပြောင်းလဲသွားခဲ့ပါတယ်။ Riki ဟာ Permanent Invisibility ကြောင့် ကိုယ်ပျောက်သွားတဲ့အချိန်မှာ 4/5/6/7 HP regeneration per second ကို ရရှိနေမှာဖြစ်လို့ ဒီ Ability ဟာ ကစားပွဲအခြေအနေအရ စောစောသာ တင်ထားခဲ့မယ်ဆိုရင် Slark လိုမျိုး Hp Regen အတွက် မပူရတဲ့ Hero တစ်ကောင်ဖြစ်စေမှာပါ။ ထူးခြားချက်ကတော့ အဆိုပါ Permanent Invisibility ကြောင့်ရရှိလာမယ့် HP Regen ဟာ Riki ကိုယ်တိုင် တိုက်ခိုက်မှုတစ်ခုခုပြုလုပ်ပြီး ကိုယ်ပေါ်သွားမှသာ ရပ်တန့်သွားမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် Riki ဟာ တစ်ဖက်အသင်းက Sentry, Dust အသုံးပြုပြီး Riki ကို မြင်တွေ့ရတာနဲ့ HP Regen ဟာ ရပ်တန့်သွားမှာမဟုတ်ဘဲ ဆက်လက်ရရှိနေမှာဖြစ်လို့ Riki က တိုက်ခိုက်မှုတစ်ခုကို ပြန်လည်မပြုလုပ်မခြင်း 7 Hp Regen ကို ရရှိနေမယ့်အချက်ကတော့ Slark ရဲ့ Hp Regen ထက်အားသာတဲ့အချက်တစ်ခုဖြစ်စေမှာပါ။

Backstab

အများစုသော Stealth Assassin ကစားသမားတွေဟာ ယခင် မြေပုံဟောင်းတုန်းကတည်းကBackstab ကို lvl 7 မှာ ဂိတ်ဆုံးယူကြပါတယ်။ ပထမ အနေနဲ့lvl 7 Riki ကို Smoke (၁ ဆင့်) Blink (၁ ဆင့်) Backstab (၄ ဆင့်) Permanent Invisibility (၁ ဆင့်) ဆိုပြီးတွက်ချက်ကြည့်ပါမယ်။ ဘာ Item မှ ထည့်မစဉ်းစားပါဘူး။ lvl 7 မှာ Stealth ရဲ့ Agility ဟာ 54.3 Agi ရှိပါတယ်။ Physical Damage ကတော့ 68~72 Damage ရှိပါတယ်။ပျှမ်းမျှအနေနဲ့ 70 Damage နဲ့ လို့သတ်မှတ်ထားပြီးBackstab ၄ ဆင့်ယူပြီးတဲ့အချိန်မှာ မိမိရဲ့ ရှိတဲ့ Agility ရဲ့ 1.25 အဆကို Physical Damage နဲ့ပေါင်းပြီးထိမှာဖြစ်လို့ ရှိတဲ့ Agility 54.3 အတွက် 54.3 x 1.25 = 67.875 Damage တိတိထိပါလိမ့်မယ်။ ဒါဆိုရင် စုစုပေါင်း Blink တစ်ဆင့် ကိုပါ ထည့်တွက်ရမယ်ဆိုရင် 70 + 67.875 + 30 = 167.875 Damage ထိပါလိမ့်မယ်။ Riki ရဲ့ Attack speed ကို Item မပါပဲ တွက်မယ်ဆိုရင် 0.9 second တိုင်းမှာ တစ်ချက်ခုတ်မယ်လို့ အဖြေထွက်ပါတယ်။ ယေဘုယျအားဖြင့် မတ်တပ်ရပ်နေတဲ့ ရန်သူတစ်ကောင်ကို 10 seconds အတွင်း 0.9 second မှာ တစ်ချက်နှုန်းနဲ့ စုစုပေါင်း ၁၁ ချက်ခုတ်ပါမယ်။ Blink Strike ရဲ့ cooldown က 20 seconds ရှိတဲ့အတွက် ၁ ခါပဲသုံးမယ်လို့ တွက်ချက်မယ်ဆိုရင် ပထမ ခုတ်ချက်မှာ 167.875 Damage ထိမယ်ဆိုပေမယ့် နောက်ထပ် ကျန်တဲ့ ၁၀ ချက်မှာ တစ်ချက်ကို 137.875 Damage ထိပါမယ်။ ဒါကြောင့် 10 seconds မှာ Riki တိုက်ခိုက်မယ့် စုစုပေါင်း Damage ဟာ167.875 + (137.875 x 10) = 1546.625 Damage နှုန်းအထိ သတ်ရောက်စေမှာဖြစ်ပါတယ်။
ဒါကြောင့် lvl 7 Riki ကို Smoke (၁ ဆင့်) Blink (၄ ဆင့်) Backstab (၁ ဆင့်) Permanent Invisibility (၁ ဆင့်) ဆိုတဲ့ ပုံစံနဲ့တွက်ချက်ကြည့်မည်ဆိုပါက Agility 54.3 ကို 0.5 နဲ့မြှောက်ကြည့်မယ်ဆိုရင် 27.25 Damage က Backstab အနေနဲ့ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် Physical တစ်ချက်တိုင်းမှာ 70 + 27.25 = 97.25 Damage သတ်ရောက်မှာဖြစ်ပြီး Blink Strike က ၁၀ စက္ကန့်မှာ ၂ ချက်ခုန်လို့ရမှာဖြစ်လို့ စုစုပေါင်း 240 Damage နဲ့၁၀ စက္ကန့်မှာ ၁၁ ချက် ခုတ်မှာဖြစ်လို့ Blink Strike ၂ ချက်ပါထည့်တွက်လိုက်ရင် 240 + (97.25 x 11) = 1309.75 Damage ဖြစ်ပါတယ် ။

ယခု မြေပုံအသစ်မှာတော့ Blink Strike ဟာ Ultimate Ability တစ်ခုဖြစ်သွားတဲ့အတွက် Backstab ကို လွတ်လွတ်ကျွတ်ကျွတ် ရွေးချယ်နိုင်ပါတယ်။ တစ်ဖက်အသင်းက Hero ကို ဦးစားပေးတိုက်ခိုက်ဖို့အတွက်တော့ Backstab ဟာ ကျန်တဲ့ Ability ၂ခုထက် အစောပိုင်းမှာ ပိုမိုထိရောက်စေမှာဖြစ်ပါတယ်။
Fighter Hero တစ်ကောင်ဟာ သူ့ရဲ့ Physical Damage ပေါ်ကို မှီခိုနေရတာက အခြေခံအမှန်တရားတစ်ခုဖြစ်ပါတယ်။ ဒီတွက်ချက်မှုဟာ item ဘာမှ မပါပဲ တွက်ချက်ထားခြင်းဖြစ်ပြီး 250 Damage ခန့်ကွာခြားနေမယ်ဆိုရင် Attack Speed item တွေဖြစ်တဲ့ (Madness, Yasha) လိုမျိုးသာ ထည့်ထားမယ်ဆိုရင် Blink Strike ၂ ချက်ကနေ ရတဲ့ Damage 240 လောက်ဟာ မယှဉ်နိုင်လောက်အောင် နည်းပါးသွားမှာပါ။ ကွာခြားမှုတွေကလည်း အရမ်းကိုကြီးမားသွားမှာပါ။
ဒါဟာ Backstab ကိုများများယူသင့်လဲဆိုတဲ့ သင်္ချာပိုင်းဆိုင်ရာ သုံးသပ်မှုတစ်ခုဖြစ်ပါတယ်။ ရန်သူ Hero တစ်ကောင်ကို မတ်တပ်ရပ်နေမယ်လို့ တွက်ချက်ထားတာ ဖြစ်လို့ တကယ့် ကစားပွဲတစ်ခုမှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အချက်ဖြစ်ပါတယ်။ ၂ စက္ကန့်လောက် stun နေတဲ့ Hero ကို Backstab နဲ့ခုတ်ရင်တောင် တော်တော် နာတဲ့အခြေအနေဖြစ်နေပါပြီ။
ဒါကြောင့် ကျွန်တော့်ရဲ့ အကြံပြုချက်မှာတော့ Backstab ကို lvl 7 မှာ ဂိတ်ဆုံးယူသင့်တဲ့ Ability လို့ အကြံပြုချင်ပါတယ်။

Ultimate Blink Strike

Ultimate တစ်ခုဖြစ်သွားတဲ့အတွက် အနည်းငယ်တော့ ထူးခြားသွားပါတယ်။ အရင်က Blink Strike ဟာ Phantom Assassin, Chaos Knight တို့လို Mana နဲ့ Cooldown ပြည့်နေရုံနဲ့အသုံးပြုလို့ရတဲ့ ရိုးရှင်းတဲ့ Ability တစ်ခုဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ Ember Spirit, Earth Spirit တို့လိုမျိုး Charge နဲ့အသုံးပြုရတဲ့ ပုံစံဖြစ်သွားပါတယ်။ Charge တစ်ခုပြည့်ဖို့အတွက် 30 seconds ကြာချိန်ရှိမှာဖြစ်ပြီး နောက်ဆုံးအဆင့်မှာ Charge ဟာ အများဆုံး ၅ ခု အထိစုထားလို့ရပါတယ်။ Charge နဲ့အသုံးပြုတဲ့ပုံစံဖြစ်သွားလို့ သင်က Blink Strike ကို စိတ်တိုင်းကျ ၅ ခါဆက်တိုက်အသုံးပြုလို့ရသွားမှာဖြစ်ပါတယ်။ သင့်ရဲ့ Backstab ကနေ ရရှိမယ့် Bonus Damage ဟာ အပေါ်မှာတွက်ချက်ထားတဲ့အတိုင်း Lvl 7 မှာ တစ်ချက်ကို 131 Damage ခန့်ရှိပါတယ်။ ယခုပြောင်းလဲသွားတဲ့ Blink Strike နဲ့ပါ ပေါင်းပြီးတွက်ချက်ကြည့်မယ်ဆိုရင် Blink Strike တစ်ချက်ခုန်တိုင်းမှာ 131+50=181 Damage နှုန်းနဲ့ ၃ ခါ ဆက်တိုက် တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ ဒီပမာဏဟာ Hero တစ်ကောင်အနေနဲ့ Riki ကို ပြန်လည် မခုတ်ရဲလောက်အောင် လက်ဦးမှုရယူနိုင်မှာဖြစ်ပါတယ်။ အကြံပြုချင်တဲ့အချက်တစ်ခုအနေနဲ့ Battle အတွင်းမှာ အသုံးပြုရမယ့် အခြေအနေဆိုရင်တော့ Charge တွေကို ကုန်အောင် မသုံးပစ်ဘဲ တစ်ခုလောက်တော့ အနည်းဆုံးချန်ထားသင့်ပါတယ်။ ယခင်ကလို Cooldown 5 second ပြည့်တာနဲ့ ပြန်လည် အသုံးပြုလို့ရတဲ့ Blink Strike မဟုတ်တော့တဲ့အတွက် ထွက်ပြေးရမယ့်အခြေအနေမှာအ သုံးပြုဖို့ တစ်ခုလောက်တော့ မလိုအပ်ရင်မသုံးမိဖို့ ခြေစောင့်လက်စောင့်ထားသင့်ပါတယ်။

Smoke Screen နဲ့ တွဲဖက်ပြီးအသုံးပြုမယ်ဆိုရင်တော့ ယခု Blink Strike ဟာ Riki ကို Easy Kill တစ်ခုရအောင် လုပ်ဆောင်ပေးမှာအသေအချာပါပဲ။

Item

Late Game အတွက် Orb Effect Item တစ်ခုပဲ ရွေးချယ်ပြီးစဉ်းစားထားတာဖြစ်လို့ ပွဲအခြေအနေက တစ်ဖက်အသင်းမှာ ကိုယ်နဲ့ ယှဉ်ခုတ်ရမယ့် Hero မျိုးပါလာပြီး ပွဲလည်းကြာလာမယ်ဆိုရင်တော့ Mask of Madness နေရာမှာ Satanic ကိုပြောင်းလဲ ထည့်ပြီးကစားနိုင်ပါတယ်။

ဒုတိယပုံစံကတော့ ပွဲချိန်သိပ်မကြာတဲ့အခြေအနေမျိုးမှာမှာ သုံးသင့်တဲ့ ပုံစံလို့တော့ ပြောလို့ရပါတယ်။ Basher မပါဝင်တဲ့အတွက်တော့ Slow ကိုပဲ အသားပေးပြီး ဆက်ထားတာဖြစ်လို့ ဖြစ်နိုင်ရင် ပွဲချိန် သိပ်မဆွဲပဲဆော့ဖို့လိုပါလိမ့်မယ်။
ပထမ ပုံစံမှာတော့ Satanic နဲ့ Bkb သာ မပါခဲ့ဘူးဆိုရင် တော်တော်ပျော့မယ့် Riki ဖြစ်နေမှာပါ။ တိုက်စစ်ဟာ အကောင်းဆုံးခံစစ် ဆိုတဲ့ စကားနဲ့ ညီ ကိုယ်နဲ့ အတွဲမိမိဆော့နိုင်တဲ့ Ally ၂ ယောက် (ဥပမာ Nature Prophet, Clockwerk ) လောက်ပါရင်တောင် ဒီ Item Build ကို ရွေးချယ်ပြီး အဆင်ပြေပြေ ဆော့နိုင်ပါလိမ့်မယ်။ သူတို့ခတ်ထားတဲ့ ခြံထဲကို ရိုးရှင်းစွာ ခုန်ဝင်ပြီးတော့ Smoke ခင်းပြီး တိုက်ခိုက်ယုံပါပဲ။
မိမိနဲ့ ally မိတဲ့ Disabler Hero ၂ ယောက်လောက်ပါရင်တောင် Stealth Assassin လို့ခေါ်တဲ့ Rikimaru အတွက် အကောင်းမွန်ဆုံး Carry တွေထဲက တစ်ကောင်အနေနဲ့ ကစားနိုင်ပါလိမ့်မယ်။

Riki အတွက်တော့ Sentry Ward, Necronomicon နဲ့ Gem of True Sight တို့လို့ Item တွေဟာ Counter လုပ်ဖို့အကောင်းဆုံး Item တွေဖြစ်ပြီး Force Staff ဆက်ထားတဲ့ Disabler များဟာလည်း Riki ရဲ့ Smoke Screen အတွင်းကနေ ရှောင်ထွက်ပြီး ပြန်လည်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ Spell ဒဏ်မခံနိုင်တာဟာ Riki ရဲ့ အဓိက အားနည်းချက်တစ်ခုဖြစ်တဲ့အတွက် Nuker များကိုလည်း Riki အတွက် Counter နေရာမှာ ထည့်သွင်းစဉ်းစားပေးနိုင်ပါတယ်။

မည်သို့ပင်ဖြစ်စေ Riki ဟာ Solo ဆော့တဲ့ ကစားသမားတွေအနေနဲ့ ရွေးချယ်လေ့ရှိတဲ့ တစ်ကိုယ်တော် အစွမ်းပြလို့ရတဲ့ Bloodseeker, Slark တို့ကဲ့သို့ Carry Hero တစ်ကောင်ဖြစ်ပါတယ်။ သင့်ရဲ့ နေတတ်ထိုင်တတ်မှုပေါ်မူတည်ပြီး သင့်ရဲ့ Riki ဟာ နိုင်ပွဲကိုယူဆောင်ပေးပါလိမ့်မယ်။
ဒီ Suggestion ကို ပြီးပြည့်စုံတဲ့ Suggestion လို့ မဆိုလိုပါဘူး။ ကမ္ဘာ့နေရာအနှံ့မှာ တစ်ထပ်တည်းမကျတဲ့ ကစားကွက်မျိုးစုံနဲ့ တစ်ရွာတစ်ပုဒ်ဆန်း ကစားနေကြတာဖြစ်ပါတယ်။ Professional Player တွေရဲ့ ကစားကွက်အတိုင်း ထပ်တူကျဖို့ မကြိုးစားပဲ မိမိကြိုက်နှစ်သက်တဲ့ ကစားကွက်သာလျှင် မိမိအတွက်အကောင်းဆုံးဖြစ်ပါတယ်။

Burn With the Flame of YOUTH !!
yahooyeeha ©

No comments:

Post a Comment

Followers