Mini Bottle Tricks ဆိုတဲ့ အတိုင်း အရေးမကြီးပေမယ့် အခြေခံကျတဲ့ အချက်အလက် ကလေးတွေကို လက်တစ်လုံးခြားပြီး လုပ်နေတဲ့ အတွက် သိထားသင့်တဲ့ အချက်ကလေး ဖြစ်ပါတယ်။ ကိုယ်က Bottle သုံးတဲ့သူ မဟုတ်ဘူးဆိုရင်တောင် အဲ့ဒီလို အခြေခံ တွက်ချက်ပုံလေးကို သိထားတဲ့အနေနဲ့ Bottle သုံးတဲ့ အပေါင်းအသင်းတွေကို ပြန်ဝေမျှလို့ ရတာပေါ့ဗျာ။ Swann Yi Maung မေးထားတဲ့ မေးခွန်းတွေက အခြေခံ ကျတဲ့ အချက်သေးသေးလေးတွေ ဆိုပေမယ့် မသိသေးတဲ့ လူတွေ အတွက်လည်း ရည်ရွယ်ပြီး post တစ်ခုအနေနဲ့ ရေးရခြင်းဖြစ်ပါတယ်။
သိပြီးသား သူတွေအတွက်လည်း ဘာပဲဖြစ်ဖြစ် အသေးစိတ် ဘယ်လို တွက်ချက်သလဲ ဆိုတာ သိထားတော့ ကောင်းတာပေါ့ဗျာ။
Question by Swann Yi Maung
(ကျတော်သိချင်တာက Dendi storm spirit ကိုင်တဲ့ Replay မှာလေ ... သူ Null Tailsman (စာလုံးပေါင်းမှားလားမသိ) ဆက်တယ်ဗျာ ... ပီးတော့ Bottle Run
တယ် ... အဲ့ဒီ့မှာ သူက ကြက်သယ်လာတဲ့ Bottle သောက်ရင် Null Talisman ကိုချသောက်တယ်ဗျ ...အဲ့လိုဆို Mana ပိုရတာလားဗျ ...
တခါတလေ သူ ၂ငုံပဲသောက်ပီးကြက်ကိုပြန်ပေးလိုက်တယ်ဗျ ... အဲ့တာကော သူအကြောင်းတခုကြောင့်လုပ်တာလားဗျ ...)
ဒါက Professional Player ပီပီ ကပ်သပ်ပြီး တန်အောင် လုပ်သွားတာဖြစ်ပါတယ်။ အဲ့ဒါနဲ့ ပတ်သတ်ပြီး သင်္ချာလို တွက်ချက်ကြည့်လိုက်ရင် အဖြေထွက်လာမှာ
အသေအချာပဲဗျ။
အရင်ဆုံး Storm Spirit ရဲ့ lvl ကို 6
Power Tread (Blue)
2 x Null Talisman ဆိုပြီး စဉ်းစားကြည့်ပါမယ်။
သူက Bottle ဖြည့်ခါနီးတိုင်း အဆိုပါ Null Talisman ၂ ခုနဲ့ Power Tread (Blue) ကိုလည်း မြေကြီးပေါ်ချပါတယ်။
ပြီးမှ Bottle ဖြည့်ပါတယ်။ Bottle ကို ၂ ကျိုက်ပဲ သောက်ပြီးတော့ Flying Courier ထဲ ပြန်ထည့်ပေးလိုက်ပြီး Fountain ကို ပြန်ပို့လိုက်ပါတယ်။
ဘာလို့ ဒီလို လုပ်ရလဲဆိုတာကို မေးထားတာဖြစ်ပါတယ်။
ဟုတ်ပါပြီ။ အဲ့ဒီ အချက်အလက်တွေ မတွက်ချက်ခင် Storm Spirit ရဲ့ Mana ပမာဏကို တွက်ချက်ကြည့်ရအောင်။
1 intelligence ဟာ 13 Mana နဲ့ ညီမျှပါတယ်။
Storm Spirit ဟာ Lvl 6 မှာ စုစုပေါင်း Intelligence 38.6 ရှိပါတယ်။ 39 Intelligence လို့ပဲ ထားလိုက်ရအောင်။
Null Talisman ၁ ခုဟာ 6 intelligence ပေးတဲ့အတွက် ၂ ခုဆိုတော့ စုစုပေါင်း 12 Intelligence ရှိပါတယ်။
Power Tread (Blue) ကတော့ +8 Intelligence ကိုပေးတာဖြစ်ပါတယ်။
Bottle မဖြည့်ခင် အခြေအနေမှာ Storm Spirit ဟာ စုစုပေါင်း 39 + 12 + 8 = 59 intelligence ရှိပါတယ်။
ဒါကြောင့် စုစုပေါင်း Mana ဟာ 1 intel တိုင်းအတွက် 13 နဲ့ ညီမျှတာဖြစ်လို့ 59 x 13 = 767 Mana တိတိရှိပါတယ်။
ဒါဆိုရင် အဲ့ဒီ့ Power Tread နဲ့ Null Talisman ၂ ခုကို မြေကြီးပေါ်ချလိုက်တဲ့အခါမှာ
Storm Spirit မှာ စုစုပေါင်း 39 Intelligence ပဲ ကျန်ပါတော့တယ်။ ဒီအခြေအနေမှာ 39 x 13 = 507 Mana ပဲ ရှိပါတယ်။
ဒါဆို သူက ဘာလို့ အဲ့ဒီ့ Item တွေကို မြေကြီးပေါ်ချပြီးမှ Bottle ၂ ကျိုက်ကို သောက်ရသလဲ။ ?
ဒီဟာကို ၂ ပိုင်းခွဲပြီး တွက်ကြည့်ပါမယ်။
ပထမအပိုင်းက ဘာမှ မချပဲ Bottle သောက်တဲ့အခြေအနေနဲ့
ဒုတိယအပိုင်းကတော့ Item တွေ ချပြီး Bottle သောက်တဲ့အခြေအနေ ဆိုပြီး ခွဲခြား စဉ်းစားပါမယ်။
/////////////////////////////////////
ပထမ အခြေအနေ (767 Mana)
/////////////////////////////////////
Storm Spirit ဟာ Mana တစ်ဝက် တိတိ (၅ဝ ရာခိုင်နှုန်း တိတိ)လျော့နေတယ်လို့ စဉ်းစားပါမယ်။
ဒါကြောင့် သူ့ရဲ့ Intelligence ရဲ့ 50% (59 x 0.5 = 383.5 Mana) လို့ အဖြေထွက်ပါတယ်။
ဒါကြောင့် 384 Mana တိတိရှိပါတယ်။
Bottle တစ်ကျိုက်ဟာ Hp 135 နဲ့ Mana 70 ကို ပြည့်စေပါတယ်။ (Mana ကိုပဲ တွက်ချက်ကြည့်ပါမယ်။)
ဒါဆို Bottle ၂ ကျိုက်သောက်လိုက်တဲ့အတွက် 140 Mana ပြည့်သွားမှာဖြစ်ပါတယ်။
^^^^^^^^^^^^^^^
384 + 140 = 524 Mana
^^^^^^^^^^^^^^^
Item မချပဲ Bottle ၂ ကျိုက်သောက်လိုက်တဲ့ ရလာဒ်က 524 Mana ဖြစ်သွားမှာဖြစ်ပါတယ်။
ဆိုလိုတာက ဒီတိုင်းသောက်လိုက်တဲ့အတွက် စုစုပေါင်း 59 intel အခြေအနေမှာပဲ 524 mana ရှိသွားမှာဖြစ်ပါတယ်။
**************************************************
ဒုတိယ အခြေအနေကို မတွက်ချက်ခင် အားလုံး သိပြီးသား ရာခိုင်နှုန်းသဘောတရားလေးကို ပြန်လည် ဆွေးနွေးချင်ပါတယ်။
Dota ထဲမှာ ရှိသမျှ ကိန်းဂဏန်း အများစုကို ရာခိုင်နှုန်းနဲ့ တွက်ချက်လေ့ရှိပါတယ်။
အဲ့ဒီ့ ရာခိုင်နှုန်းသဘောဆိုတာက
ဥပမာ 1000 Mana အပြည့်ရှိတဲ့အချိန်အတွက် 50% ဟာ 500 Mana နဲ့ ညီမျှပါတယ်။
ဒါဆို 2000 Mana အတွက် 50% ဟာ 1000 Mana နဲ့ ညီမျှပါတယ်။
ဆိုလိုတာက သင့် စုစုပေါင်း Mana 1000 ရှိတဲ့အခြေအနေမှာ သင့် Mana တစ်ဝက်ပဲ ကျန်တယ်ဆိုရင်
သင့်ရဲ့ သွေးတမ်းအောက်မှာ အပြာတန်းလေးက တစ်ဝက်တိတိပဲ ရှိနေမှာဖြစ်ပါတယ်။
အဲ့ဒီ့ တစ်ဝက်တိတိဟာ 500 Mana နဲ့ ညီမျှပါတယ်။
ဒါဆို အဲ့ဒီ့ တစ်ဝက် တိတိဖြစ်နေလျှက်သား အခြေအနေမှာ သင့်ရဲ့ Inventory ထဲကို Energy Booster ၄ လုံးရောက်လာခဲ့မယ်ဆိုရင်
သင့်ရဲ့ စုစုပေါင်း Mana ဟာ 2000 ဖြစ်သွားပါမယ်။
အဲ့လို 2000 Mana ဖြစ်သွားလို့ သင့်ရဲ့ သွေးတမ်းအောက်က အပြာတမ်းလေးက လျော့မသွားပါဘူး။
၅၀% အတိုင်းပဲ ရှိနေပါမယ်။
ဒါပေမယ့် အရင်ကလို 500 mana မဟုတ်တော့ပဲနဲ့
2000 Mana ရဲ့ 50% ဖြစ်တဲ့အတွက် 2000 x 0.5 = 1000 Mana ဖြစ်သွားပါတယ်။
စုစုပေါင်း ပမာဏ များလာလို့ ရာခိုင်နှုန်းကို ဘာမှ မပြောင်းလဲဘူးဆိုတဲ့ အချက်ကို အဓိက သိစေချင်တာပါ။
ဒါကြောင့်
အဲ့ဒါ အချက်ကို အရင်ဆုံး နားလည်ထားပေးရပါမယ်။
**************************************************
/////////////////////////////////////
ဒုတိယ အခြေအနေ (507 Mana)
/////////////////////////////////////
ဒီအခြေအနေမှာတော့ Storm Spirit ဟာ Bottle ၂ ကျိုက်မသောက်ခင် Item မချခင်မှာ အပေါ်မှာတွက်ချက်ခဲ့သလိုပဲ
တစ်ဝက်တိတိ (၅၀ ရာခိုင်နှုန်း တိတိ) လျော့နေတဲ့အတွက် 384 Mana ရှိပါတယ်။
အဲ့ဒီ့အခြေအနေမှာ Item တွေကို ချလိုက်တဲ့အတွက် Storm Spirit မှာ 39 Intelligence ပဲ ရှိတော့မှာဖြစ်ပါတယ်။
အကြောင်းက စုစုပေါင်း 59 Intel ထဲကနေ Power Tread နဲ့ Talisman ၂ ခုကို နှုတ်လိုက်တဲ့အတွက်
59 - 8 - 12 = 39 Intelligence ဖြစ်သွားပါတယ်။
ဒီလို Item ချလိုက်တဲ့အတွက် 50% က 50% အတိုင်းပဲ ကျန်ပါတယ်။ တစ်ဝက် လျော့နေတဲ့ Mana က ၁ ဝက်အတိုင်းပဲ ရှိနေပါတယ်။
ဒါကြောင့် 39 x 0.5 = 19.5 Intelligence ဖိုးပဲ Mana တွေ ရှိတော့မှာဖြစ်ပါတယ်။
19.5 x 13 = 253.5 Mana
ဒါကြောင့် Item တွေ ချလိုက်တဲ့အခြေအနေမှာ Storm Spirit မှာ 254 Mana ပဲ ရှိပါတော့မယ်။
(ဘာ Item မှ မချပဲ Bottle မသောက်ခင် အခြေအနေမှာ 384 Mana တောင်ရှိတယ်ဆိုတာ အပေါ်မှာ တွက်ချက်ခဲ့ပြီးဖြစ်ပါတယ်။)
ဒါဆိုရင် အခုလက်ရှိ Item တွေ ချထားတဲ့အခြေအနေမှာ 254 Mana ပဲ ရှိပြီး
Bottle ၂ ကျိုက်သောက်လိုက်တဲ့အတွက် 140 mana ကတော့ ထုံးစံအတိုင်း ထပ်ပြည့်ပါမယ်။
ဒါကြောင့်
254 + 140 = 394 Mana
ဒီအခြေအနေဟာ Item တွေ ပြန်မကောက်ရသေးတဲ့ 39 Intel ရှိနေတဲ့အချိန်မှာ ရရှိနေမယ့် Mana ပမာဏဖြစ်ပါတယ်။
507 x 0.77 = 394 Mana
ဒါဆို Item တွေ ပြန်ကောက်လိုက်ရင်ရော ?
အဲ့ဒီ့ 394 Mana ဆိုတာဟာ Item တွေ ချထားတဲ့အချိန် 39 Intelligence အချိန်မှာ ရှိနေတဲ့ 507 Mana အတွက်
77% သော Mana ရှိနေတယ်လို့ ပြောလို့ ရပါတယ်။
Item တွေ ကောက်လိုက်တဲ့အချိန်မှာ ရှိလာမယ့် 59 Intelligence ဖြစ်နေတဲ့အချိန် (767 Mana) အတွက် 77% ရာခိုင်နှုန်းသော Mana ဟာ
^^^^^^^^^^^^^^^^^^
767 x 0.77 = 590.59 Mana !
^^^^^^^^^^^^^^^^^^
ဖြစ်သွားတာကို တွေ့ရပါတယ်။
ဒီ ရလာဒ်ဟာ Item တွေ အားလုံး ပြန်ကောက်ပြီး စုစုပေါင်း 59 intel မှာ ရှိနေမယ့် စုစုပေါင်း Mana ပမာဏ ပဲဖြစ်ပါတယ်။
Item မချပဲ Bottle ၂ ကျိုက်သောက်လိုက်တဲ့ ရလာဒ်က 524 Mana ရှိပြီးတော့
Item ချ၊ Bottle သောက်၊ Item ပြန်ကောက်လိုက်ပြီး ရလိုက်တဲ့ Mana ကတော့ 590.59 mana တိတိ ရှိမှာဖြစ်ပါတယ်။
590 - 524 = 66 Mana
နောက်ဆုံး ရလာဒ်ကတော့ 66 Mana တောင် ကွာခြားပါတယ်။
ကစားပွဲ အစောပိုင်းမှာ 66 Mana ဆိုတာ အရမ်းများပြားတဲ့ ပမာဏ တစ်ခုဖြစ်ပါတယ်။
Intelligence Hero တစ်ကောင်ဖြစ်လို့ တစ်စက္ကန့်မှာ +2 Mana Regeneartion ရှိတယ်ဆိုရင်တောင်
66 mana ပြည့်ဖို့အတွက် စုစုပေါင်း ၃၃စက္ကန့်လောက် စောင့်ရမှာဖြစ်ပါတယ်။
ဒီလို Item ချပြီး သောက်လိုက်တဲ့အတွက် ၃၃ စက္ကန့်စောင့်စရာ မလိုတော့ပဲ 66 mana ကို အလကားနေရင်း ရမှာဖြစ်ပါတယ်။
Professional Player တွေ အတွက်တော့ Mana တစ်ဆယ် ဟာလည်း တစ်ဆယ်ပဲဖြစ်ပါတယ်။
ကျွန်တော်တို့ အားလုံးလည်း သိကြပါတယ်။ Mana လေး 10 လောက် လိုသွားလို့ ရှုံးသွားခဲ့တဲ့ Battle တွေလည်း အများကြီး ကြုံဖူးမယ်လို့ ထင်ပါတယ်။
အဲ့လို မဖြစ်ရလေအောင် အချိန်ရှိခိုက် လုံ့လ စိုက်ပြီး အပင်ပန်းခံပြီး Bottle ကို အသုံးချနေတာဖြစ်ပါတော့တယ်။
နောက်ပြီးတော့ Bottle ကို ၂ ကျိုက်ပဲ သောက်ပြီး Flying Courier ထဲ ပြန်ထည့်ပေးပြီး Fountain ပြန်ခိုင်းတဲ့အချက်ပါ။
အဲ့ဒီ့အချက်ကတော့ 6.78 မြေပုံကနေ စပြီးတော့ ပြောင်းသွားတဲ့ Change Log မှာ ပါဝင်တဲ့ အချက်ကြောင့်ဖြစ်ပါတယ်။
Courier ဟာ Bottle အလွတ်ကို သယ်ထားတဲ့အချိန်မှာ မူလ Speed ထက် 30% လျော့နေမယ်ဆိုတဲ့ အတွက်ဖြစ်ပါတယ်။
Mid Lane မှာ Bottle ကို ကျွမ်းကျွမ်းကျင်ကျင် Run ပြီး သုံးနိုင်တဲ့ ကစားသမားတွေ အတွက်တော့ အရမ်းကို အားသာလွန်းနေတဲ့အတွက်
အဆိုပါ အတိုင်း လျော့ချလိုက်တာဖြစ်ပါတယ်။
Flying Courier ဟာ -30% Movement Speed ဖြစ်နေတဲ့အတွက် Run ရတာ လုံးဝ အဆင်မပြေတော့ပါဘူး။
နောက်ပြီး Bottle အလွတ်ကို သယ်ပြီး Courier Speed Burst သုံးမယ်ဆိုရင်တော့
Flying Courier ဟာ 522 Movement Speed ရှိမှာမဟုတ်ပဲ 367.5 Movement Speed ပဲ ရှိတော့မှာဖြစ်ပါတယ်။
ဒါကြောင့် လက်တစ်လုံးခြား လုပ်တဲ့အနေနဲ့ပေါ့ဗျာ။
Bottle ကို အလွတ်ဖြစ်သွားတဲ့အထိ ၃ ကျိုက်လုံး မသောက်တော့ပဲ ၁ ကျိုက်ကို ချန်ထားပြီးပြန်ပို့လိုက်တာဖြစ်ပါတယ်။
အဲ့လို အခြေအနေမျိုးမှာမှ Courier Speed Burst သုံးရင် 522 Movement Speed ရသလို
ပုံမှန် အခြေအနေမှာလည်း 350 Movement Speed နဲ့ သွားနိုင်မှာဖြစ်ပါတယ်။
**** **** **** **** **** **** **** **** **** ****
ဒါတွေ အတိအကျ မသိလည်း Dota ကို ကျွမ်းကျွမ်းကျင်ကျင် ခုတ်လို့ရပါတယ်။
အများစုကလည်း အဲ့လောက်အထိ အတိအကျ သိအောင် မလုပ်ပဲ skill အတွက်ပဲ လေ့ကျင့်ကြတာများပါတယ်။
တစ်ချို့ အကြောင်းအရာတွေကြတော့လည်း သိထားသင့်ပါတယ်။ မေးထားတဲ့ မေးခွန်းနဲ့ ကြုံလာတဲ့အခါမှာတော့
အပို အလုပ်တစ်ခုလို ဖြစ်ပေမယ့် တိတိကျကျလေး သိထားဖို့အတွက် တစ်ခါတည်း ဖြေပေးလိုက်တာဖြစ်ပါတယ်။
သူများတွေကို ပြန်ပြောပြလို့ရတာပေါ့ဗျာ။
ဒီ Suggestion ကိုပြီး ပြည့်စုံတဲ့ Suggestion လို့ မဆိုလိုပါဘူး။ မိမိကြိုက်နှစ်သက်ရာ ကစားကွက်သာလျှင် မိမိအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ မြန်မာ
Dota Player များတိုးတက်ကြပါစေ။
Burn With the Flame of YOUTH !!
yahooyeeha ©
No comments:
Post a Comment