Blogroll

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, August 24, 2014

>>>>>> Rattletrap the Clockwerk <<<<<<



Dota ကစားပွဲတွေရဲ့ ခေတ်အဆက်ဆက်မှာ Changelogs များ၊ update များကြောင့် အားသာချက်ရှိရင် ရသလို ပွဲထုတ်ခံရတဲ့ Hero တွေနဲ့ ပွဲထဲမှာတောင် မမြင်ရတော့တဲ့ Hero တွေကြောင့် ပုံသေသပ်မှတ်လို့မရပဲ မတူညီတဲ့ ကစားကွက်တွေနဲ့ မတူညီတဲ့ Hero ရွေးချယ်မှုတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲလျက်ရှိပါတယ်။ အဲဒီလို အပြောင်းအလဲတွေ ဘယ်လောက်များများ Dota ခေတ်အဆက်ဆက်လူကြိုက်များပြီးလျက်ရှိပြီး အခြေအနေအရ မကြာခဏ ပွဲထုတ်ခံရလေ့ရှိတဲ့ Hero တွေထဲမှာ Rattletrap ဟာလည်း တစ်ကောင်အပါအဝင် ဖြစ်ပါတယ်။ Melee Strength Hero တစ်ကောင်ဖြစ်တဲ့ Clockwerk ကို Initiator နဲ့ Ganker ပုံစံနဲ့ ပွဲထုတ်ကစားကြပြီး များသောအားဖြင့် Offlane Hero တစ်ကောင် အဖြစ်လည်း မြင်တွေ့ရလေ့ရှိပါတယ်။ ပွဲအစမှာကတည်းက များပြားတဲ့ Base Movement Speed, Strength Grow, Agility Grow များကြောင့် Tanker တစ်ကောင် အနေနဲ့လည်း မြင်တွေ့ရလေ့ရှိတဲ့ Rattletrap ဟာ Ultimate Hookshot ကဲ့သို့ အကောင်းဆုံး Initiating Ability တစ်ခုကို ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် တစ်ဖက်အသင်းရဲ့ Support Hero ဒါမှမဟုတ် Safe Farm Carry Hero တွေ အတွက်တော့ ကြောက်စရာကောင်းတဲ့ Strength Initiator Hero တစ်ကောင်ပဲဖြစ်ပါတော့တယ်။ Clockwerk ကို Dota 2 beta မထုတ်လွှင့်ခင်က ရေးဆွဲခဲ့တဲ့ Model ပုံစံဟာ Sniper, Tinker တို့နဲ့ ပုံစံအနည်းငယ်ဆင်တူတဲ့ အသားအရေ ခရမ်းရောင်ရှိတဲ့ မျိုးနွယ်တူ လူသားတစ်ယောက်အနေနဲ့ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ့အချိန်က ရေးဆွဲခဲ့တဲ့ Model ပုံများအရ Clockwerk ဟာ စက်ကိရိယာတန်ဆာပလာတွေ ဝတ်ဆင်ထားတဲ့ ခန္ဓာကိုယ် သေးကွေးတဲ့ လူသားတစ်ယောက်အနေနဲ့ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ တကယ်တမ်း Dota 2 Beta ထွက်လာတဲ့အချိန်မှာတော့ Clockwerk ကို စက်ရုပ်ကလေးတစ်ရုပ်အဖြစ် ပြောင်းလဲပြီး ရေးဆွဲထားခဲ့တာကိုတွေ့ရပေမယ့် သူ့ကို ၁ဝဝ ရာခိုင်းနှုန်း စက်ရုပ်ဆိုတာထက် စက်ရုပ်တစ်ဝက် လူသားတစ်ဝက် နဲ့ ဖွဲ့စည်းထားတဲ့ Rattletrap the Clockwerk အဖြစ်နဲ့ မြင်တွေ့ရခြင်းဖြစ်ပါတယ်။ 

Background Story

Rattletrap ဟာ Sniper နဲ့ Tinker ကဲ့သို့သော သာမန်လူသားများထက် ညဏ်ရည်အဆင့်အတန်းမြင့်မားတဲ့ မျိုးတုံးပျောက်ကွယ်ခါနီး လူမျိုးစုတစ်စုမှ သေးကွေးတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ မျိုးနွယ်တစ်ခုမှ ဆင်းသက်လာသူတစ်ယောက်ဖြစ်ပါတယ်။ သူတို့မျိုးနွယ်ကတော့ စက်မှုပစ္စည်းတက်ဆင်မှု အပိုင်းမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ မျိုးနွယ်စုတစ်စုဖြစ်ပြီး Rattletrap ဟာ အဆိုပါ မျိုးနွယ်ထဲမှ နာမည်ကြီး စက်မှုပညာရှင်တစ်ဦးရဲ့ သားဖြစ်သူရဲ့ သား (မြေး) ဖြစ်ပါတယ်။ တောင်ကုန်းတောင်တန်း ဒေသများမှာ အစပျိုးကာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲများဟာ တစ်ဖြည်းဖြည်း ပျံ့ပွားလာခဲ့ပြီး သူတို့ နေထိုင်ရာ မြေပြန့်ဒေသမှာရှိတဲ့ အေးအေးချမ်းချမ်းနေထိုင်တဲ့ စက်မှုရွာကလေးရဲ့ ငြိမ်းချမ်းမှုကို ဖျက်စီးပစ်လိုက်တဲ့အချိန် ရောက်တဲ့အထိ Rattletrap ဟာ သူ့ရဲ့ ဖခင်ထံမှာ လက်မှုပညာကို အောက်ခြေသိမ်းလေ့လာနေတဲ့ သာမန် အလုပ်သင်ကလေး အဆင့်ပဲရှိပါသေးတယ်။ သေအံ့ဆဲဆဲဖြစ်နေတဲ့ သူ့ရဲ့ဖခင်ဟာ "မင်းဒီတစ်ခေါက်သင်ယူရမယ့် လက်မှုပညာ အသစ်က တိုက်ပွဲ ပဲသား" ဆိုတဲ့ အမှာစကားကိုပြောထားခဲ့ပြီးနောက် ဘိုးဘွား ဘီဘင် လက်ထက်ကတည်းက အခြေချနေထိုင်လာခဲ့တဲ့ အမြဲတမ်း မီးခိုးထူထပ်လျက်ရှိတဲ့ တောင်ကြားထဲက ရွာကလေးကို အပြီးအပိုင်စွန့်ခွာသွားခဲ့ပါတယ်။ 

ဖခင်ရဲ့ ရုပ်ကလာဒ်ကို သူတို့ရဲ့ ရွာကလေးမှာပဲ မြှုတ်နှံပြီးနောက် Rattletrap ဟာ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ပွဲအတွက် ပြင်ဆင်ထားတဲ့ ကမ္ဘာမှာ ဘယ်သူမှမမြင်ဖူးတဲ့ စက်ကိရိယာတွေနဲ့တပ်ဆင်ပြီး ခြေဆုံးခေါင်းဆုံးပြောင်းလဲလိုက်ပါတော့တယ်။ အခြားသော တိုင်းပြည်များက စစ်သည်တော်တွေရဲ့ ဝတ်ဆင်ထားတဲ့ သံကိုယ်ထည် သံချပ်ကာများနဲ့ အနည်းငယ်ဆင်တူတဲ့ ဖွဲ့စည်းတည်ဆောက်မှုမျိုးကို သူ့ရဲ့ သာလွန်တဲ့ ညဏ်ပညာနဲ့ ပေါင်းစပ်ပြီး ပြီးပြည့်စုံတဲ့ စစ်ဝတ်စုံ တစ်ခုကို ဖန်တီးလိုက်ပါတော့တယ်။ အခုတော့ Rattletrap ဟာ ကိရိယာ တန်ဆာပလာများနဲ့ တန်ဆာဆင်ထားတဲ့ သက်ရှိတစ်ယောက်ပဲ ဖြစ်ပါတယ်။ သေးကွေးသယောင်ထင်ရပေမယ့် တိကျတဲ့ ရလာဒ်ကောင်းကို ပေးစွမ်းနိုင်သော အလိုအလျှောက် မောင်းနှင်စွမ်းအားကို ပိုင်ဆိုင်ထားတဲ့အတွက် Rattletrap ဟာ ခြုံခိုတိုက်ခိုက်တဲ့နေရာမှာ အဖျက်စွမ်းအားကြီးမားတဲ့ တိုက်ပွဲဝင် စက်ရုပ်တစ်ရုပ်သဖွယ်ဖြစ်နေပါတယ်။ စစ်မက်ဖြစ်ပွားရာ ခေတ်ဆိုးကြီးမှာ ပေါ်ထွက်လာတဲ့ သေမင်းရဲ့အနုပညာဖန်တီးမှုတစ်ခုလို့ တင်စားခေါ်ဝေါ်ကြတဲ့ သူ့ရဲ့ စက်မှုလက်ရာဟာ အာရုံဦးမှာ အသစ်ထွက်ပေါ်လာတဲ့ ရှေ့တော်ပြေး စေတမန်တစ်ဦး ပဲဖြစ်ပါတော့တယ်။ ဒီခေတ်ဟာ ဘယ်သူ့ရဲ့ ခေတ် ဖြစ်ပါသလဲ ? ။ ဒီခေတ်ဟာ Clockwerk ရဲ့ ခေတ်ပဲ ဖြစ်ပါတယ်။ 

Overview

Clockwerk ဟာ တခြား Hero တွေလိုမျိုး Mid Lane, Offlane, Safe lane ဆိုပြီး မဖြစ်မနေ လမ်းရွေးချယ်နေစရာမလိုပဲ အခြေအနေအရ Flexible ကျကျ ဆော့ကစားနိုင်တဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ Melee Fight တစ်ခုကို အားသာစေတဲ့ Battery Assault ဟာ Mini Stun အချက်အရေအတွက် ၁၆ ချက်အထိ ဖြစ်ပေါ်နိုင်တဲ့အတွက် Clockwerk အနားကပ်သမျှ Hero တိုင်းအတွက် စိတ်အနှောင့်အယှက်ပေးနိုင်ပြီး အဆိုပါ Battery Assault ကို အပြည့်အဝ အကျိုးရှိစေဖို့ နဲ့ Enemy Hero တစ်ကောင်ကို အချိန်ကြာကြာ ဖမ်းထားနိုင်တဲ့ Power Cogs ရဲ့ ပထမအဆင့် ကြာချိန် ၅ စက္ကန့်ဟာ ပွဲအစောပိုင်းအတွက် အရမ်းကို များတဲ့ အချိန်အတိုင်းအတာ တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Power Cogs ဟာ disable ability တစ်ခုမဟုတ်ပေမယ့် နောက်ပြန်တွန်းနိုင်တဲ့ Hp နဲ့ Mana ကို Burn နိုင်တဲ့ အချက်က Channeling Ability တွေကိုပျက်စေနိုင်ပါတယ်။ လူကြိုက်များတဲ့ Ability တစ်ခုဖြစ်တဲ့ Rocket Flare ဟာ Global Range Abliity ဖြစ်တာကြောင့် Clockwerk ကို ရွေးချယ်ကစားတဲ့ အသင်းအနေနဲ့ Map Control ကို အပြည့်အဝရရှိစေပြီး များများယူတာနဲ့ အမျှ Cooldown 20/18/16/14 seconds ဆိုပြီး ကျသွားပြီး Damage ဟာလည်း 80/120/160/200 ဆိုပြီးတိုးလာမှာဖြစ်သလို အသုံးပြုဖို့ 50 Mana လိုအပ်ချက်ကတော့ မပြောင်းလဲပဲ ဒီအတိုင်းရှိနေပါလိမ့်မယ်။ Rocket Flare အသုံးပြုပြီး ရထားတဲ့ Vision နဲ့ တွဲဖက်ပြီး အသုံးပြုပေးရမယ့် Ultimate Hookshot ကတော့ Rattletrap ရဲ့ Ability တွေအားလုံးအတွက် အရေးအပါဆုံး သော့ချက်တစ်ခုပဲဖြစ်ပါတယ်။ Hookshot ထိအောင် အသုံးပြုနိုင်ခြင်းအားဖြင့် Battery Assasult နဲ့ Power Cogs ကို အခက်အခဲမရှိ သေသပ်စွာ အသုံးပြုနိုင်မှာဖြစ်လို့ Hookshot တစ်ခုပစ်ခါနီးတိုင်း တိကျသေချာမှ အသုံးပြုအရေးကြီးပါတယ်။ ဒီလို အရေးအကြီးဆုံး Disable Ability တစ်ခုကို စိတ်တိုင်းကျ အသုံးပြုနိုင်ဖို့ သူ့ရဲ့ များပြားလှတဲ့ Cooldown ပမာဏကို သိသိသာသာ လျော့သွားစေမယ့် Aghanim's Scepter ဟာ မဖြစ်မနေ ဆက်ပေးသင့်တဲ့ Core Item တစ်ခုပဲဖြစ်ပါတော့တယ်။ 

Abilties

0.7 seconds တိုင်းမှာ တစ်ချက် ပေါက်တဲ့ Battery Assault ဟာ 0.1 second mini stun ကို ဖြစ်ပေါ်စေပါတယ်။ AoE 275 အတွင်းမှာရှိတဲ့ Rattletrap နဲ့ အနီးဆုံး Unit တစ်ခုကို Random ရွေးချယ်ပြီးတစ်ချက်ချင်းဆီ ထိတာဖြစ်လို့ အသုံးပြုတဲ့အချိန်မှာ အနီးအနားမှာ Creep တွေ ရှိမနေဖို့တော့ လိုပါလိမ့်မယ်။ အကြောင်းက Battery Assault ရဲ့ တစ်ချက်ပေါက်တိုင်း ထိတဲ့ Damage ဟာ 15/35/55/75 Damage ဖြစ်လို့ စုစုပေါင်း ၁၆ ချက်အတွက် 240/560/880/1200 Damage အထိဖြစ်ပေါ်နိုင်ပါတယ်။ ဒါဟာ Ultimate မဟုတ်တဲ့ Ability တစ်ခုအနေနဲ့ များပြားတဲ့ Damage ပမာဏဖြစ်လို့ အသုံးပြုတိုင်းမှာ အကျိုးရှိရှိနဲ့ အလဟဿ မဖြစ်စေဖို့ လိုပါတယ်။ Manacost 75 ပဲရှိတဲ့ Battery Assault ဟာ အဆင့်မြှင့်တင်လိုက်တာနဲ့အမျှ Cooldown ဟာ 32/28/24/20 seconds ဆိုပြီး ကျသွားပါလိမ့်မယ်။ 

Manacost နည်းတဲ့ နောက်ထပ် Ability တစ်ခုဖြစ်တဲ့ Power Cogs ကတော့ အဆင့်တင်လိုက်လေလေ Duration 5/6/7/8 seconds ဆိုပြီး တိုးသွားမှာဖြစ်ပါတယ်။ Enemy တစ်ကောင်က Cog တစ်ခုကို ဖျက်ဆီးဖို့အတွက် 2/2/2/3 Attacks လိုအပ်မှာဖြစ်ပြီး အပြင်ဘက်ကနေ Cog ကို ဝင်တိုက်မိတဲ့ Enemy Hero တွေဟာ 0.84 second mini stun ဖြစ်မှာဖြစ်ပြီး 80/120/160/200 Hp နဲ့ Mana ကို Burn ပစ်လိုက်မှာဖြစ်ပါတယ်။ Power Cogs ဟာ Clockwerk ရဲ့ 210 AoE အနီးနားမှာရှိတဲ့ Unit တွေကို ခြံထဲဆွဲထည့်တာဖြစ်လို့ မိမိ ဖမ်းချင်တဲ့ ရန်သူရဲ့ အနီး 210 Distance အကွာအထိတောင် ရောက်အောင် သွားဖို့ လိုပါလိမ့်မယ်။ ဒီလိုရန်သူတစ်ကောင်ကို မိမိရဲ့ 210 AoE ထဲဝင်စေဖို့အတွက် Battery Assault နဲ့ Hookshot ကအထောက်အကူပေးပါလိမ့်မယ်။ Earthshaker ရဲ့ Fissure ကဲ့သို့ Range များများနဲ့ လမ်းတားလို့မရပေမယ့် Roshan ကုန်း အဆင်းအတက်နေရာများ၊ Jungle အဝင်အထွက်နေရာများနဲ့ Base အဆင်းအတက်နေရာများ ကဲ့သို့ လမ်းကျဉ်းများမှာ Cogs ကို အသုံးပြုခြင်းအားဖြင့် မိမိရဲ့ ရန်သူကို မိမိအနောက် လမ်းတားတဲ့ Ability တစ်ခုအဖြစ်အသုံးပြုလို့ရပါတယ်။

575 AoE ရှိပြီး 1500 Movement Speed နှုန်းနဲ့သွားတဲ့ Rocket Flare ကတော့ Global Range Ability တစ်ခုဖြစ်ပါတယ်။ Manacost 50 သာ ကုန်တဲ့အတွက် Farming နဲ့ Spamming လုပ်ရာမှာ အသုံးပြုလေ့ရှိပြီး အဓိကအသုံးပြုတဲ့အချက်ကတော့ Vision ဖော်ဖို့ အတွက်ဖြစ်ပါတယ်။ Rocket Flare သွားရာလမ်း 575 AoE တစ်လျှောက် ခဏတာ Vision ရရှိမှာဖြစ်တဲ့အပြင် တည်နေရာကိုရောက်ရှိတဲ့အခါမှာလည်း 600 AoE ရှိတဲ့ Flying Vision ကို 10 seconds အထိ ရရှိနေမှာဖြစ်ပါတယ်။ အဆိုပါ 10 seconds flying vision ဟာ Rocket Flare ကို ဘယ် နှစ်ဆင့်ယူထားယူထား ကြာချိန်အတူတူပဲဖြစ်ပြီး Clockwerk ကို အသုံးပြုတဲ့အသင်းရဲ့အားသာချက်ကတော့ တစ်ဖက်အသင်းသားတွေမြေပုံမှာပျောက်တိုင်း Roshan ကုန်းကို Rocket လှမ်းသုံးပြီး အချက်ပြလို့ရခြင်းပဲ ဖြစ်ပါတယ်။ 

Ultimate Hookshot ကတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း အရေးအကြီးဆုံး Ability တစ်ခုဖြစ်ပြီး AoE Stun ဖြစ်တဲ့အပြင် ခပ်လှမ်းလှမ်းကနေ Team Fight တစ်ခုကို အစပြုနိုင်ဖို့အတွက် 2000/2500/3000 ဆိုတဲ့ အကွာအဝေးအထိ Cast Range ရှိခြင်းပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ Dire Team ရဲ့ အပေါ်လမ်း 2nd Tower နဲ့ Mega Tower အကြားအကွာအဝေးဟာ 2947 Distance အကွာအဝေးရှိပြီး Dire Team အောက်လမ်းရဲ့ 1st Tower နဲ့ 2nd Tower ကြားအကွာအဝေးကတော့ 2000 Distance တိတိရှိပါတယ်။ အဲ့ဒီ့ အကွာအဝေးနှစ်ခုကို မျက်မှန်းနဲ့ မှတ်သားထားခြင်းအားဖြင့် မိမိ Clockwerk ရဲ့ ယူထားတဲ့ Hookshot level ဟာ ဘယ်လောက် အကွာအဝေးအထိ သုံးနိုင်သလဲဆိုတာကို ခန့်မှန်းတွက်ချက်လို့ရပါတယ်။ 1/1.5/2 seconds Stun ရှိပြီး 4000/5000/6000 Speed နှုန်းနဲ့ သွားတဲ့ Hookshot ဟာ Magic Immune Unit တွေကို Disable ဖြစ်စေနိုင်ပေမယ့် Damage တော့ သတ်ရောက်နိုင်မှာမဟုတ်ပါဘူး။ Clockwerk ရဲ့ Ultimate ကို အကျိုးပြုမယ့် Aghanim's Scepter သာဆက်ထားမယ်ဆိုရင် Cooldown 70/55/40 seconds ကနေ ပုံသေ 12 seconds အထိ ကျဆင်းသွားမှာဖြစ်တဲ့အပြင် Hook ထိသွားတဲ့နေရာကို တွက်ချက်တဲ့ AoE ဟာလည်း 125 AoE ကနေ 175 AoE အထိတိုးသွားမှာဖြစ်ပါတယ်။ Hookshot သွားတဲ့ လမ်းကြောင်းမှာ Ally Unit တွေ ရှိခဲ့မယ်ဆိုရင် အဆိုပါ Ally Unit ဆီကို ချိတ်သွားမှာဖြစ်ပြီး Stun နဲ့ Damage တော့ သတ်ရောက်မှာမဟုတ်ပဲ Neutral Creep တွေကိုသာ ချိတ်မိခဲ့မယ်ဆိုရင်တော့ မည်သည့်သတ်ရောက်မှုမျိုးမှ ရှိမှာမဟုတ်ပါဘူး။ 

Items

Hookshot + Battery Assault + Power Cogs Combo ကို အသုံးပြုပြီး တိုက်ခိုက်ရတဲ့ Clockwerk ဟာ Initiator တစ်ကောင်လို့ ပြောလို့ရပေမယ့် Enemy Team ကို ပထမဆုံး Battle ခေါ်ရမယ့် Hero ဖြစ်လို့ များသောအားဖြင့်ပြန်လည်တိုက်ခိုက်ခံရလေ့ရှိပါတယ်။ ဒါကြောင့် Initiator အပြင် Tank Hero ပါ ဖြစ်တဲ့ Clockwerk အနေနဲ့ Blade Mail ဟာ ဦးစားပေးဆက်သင့်တဲ့ Item တစ်ခုဖြစ်သလို Vanguard နဲ့ Hood ဟာလည်း ပွဲအခြေအနေအရ ရွေးချယ်နိုင်တဲ့ Item များဖြစ်ပါတယ်။ Ultimate Hookshot ရဲ့ Manacost ကလွဲရင် ကျန်တဲ့ Ability ၃ ခု စလုံးဟာ 100 မကျော်တဲ့ Manacost တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါကြောင့် Spamming Abilities တွေ အဖြစ်လုံလုံလောက်လောက် အသုံးပြုဖို့ Arcane Boots ကို အစောပိုင်း ရွေးချယ်တတ်ကြသလို Ganker ပုံစံနဲ့ဆော့မယ့် Rattletrap ကစားသမားတစ်ယောက်အနေနဲ့ Battery Assasult နဲ့ Power Cogs ကို လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့ Arcane Boots မထည့်ပဲ Phase Boots + Bottle ပုံစံနဲ့ဆော့တာကိုလည်း တွေ့ရတတ်ပါတယ်။ ဖိနပ်ရွေးချယ်မှုကိုတော့ မိမိနှစ်သက်တဲ့အတိုင်း Power Tread, Phase Boots, Arcane Boots အစရှိသဖြင့် ရွေးချယ်ကြတဲ့အတွက် ပုံသေတွက်ချက်လို့ မရပေမယ့် Aghanim's Scepter ကတော့ မဖြစ်မနေပါဝင်သင့်တဲ့ Core Item တစ်ခုအဖြစ် အကြံပြုချင်ပါတယ်။ အစောပိုင်း Mana ပမာဏ နည်းတဲ့ Clockwerk အတွက် Magic Stick ဟာ အခြေခံ Item တစ်ခုဖြစ်ပြီး Team Fight အတွက် အကျိုးရှိမယ့် Shiva Guard နဲ့ Durable လုပ်ဖို့အတွက် အသုံးဝင်မယ့် Heart တို့ကို အခြေအနေအရ ရွေးချယ် အသုံးပြုနိုင်ပါတယ်။ 
ယခင် Dota 1 ခေတ် Fog of War ပိတ်ထားတဲ့နေရာတွေကို Nature Prophet က အလွယ်တကူ Teleportation အသုံးပြုလို့မရတဲ့အတွက် Clockwerk ရဲ့ Rocket Flare ကို အသုံးပြုပြီး တစ်ဖက်အသင်းရဲ့ Fountain ကို Vision ရအောင် လုပ်ပြီးမှ Teleport ခုန်၊ Courier ကို သတ်တဲ့ ကစားကွက်က ခေတ်စားခဲ့သလို imbalance လည်း ဖြစ်တယ်လို့ လူပြောများခဲ့ပါတယ်။ ဒါကြောင့်ပဲ Courier တစ်ကောင်ဟာ Fountain Area အတွင်းမှာ ရှိနေတဲ့အချိန် Armor invulnerable ဖြစ်ရတဲ့အချက်ဟာ Clockwerk ကြောင့်လို့ ပြောရင်လည်း မမှားပါဘူး။ 

ဒီ Suggestion ကို ပြီးပြည့်စုံတဲ့ Suggestion လို့ မဆိုလိုပါဘူး။ ကစားပွဲနဲ့ မိမိအသင်းသားတွေ ရဲ့ အခြေအနေပေါ် မူတည်ပြီး အများကြီးပြောင်းလဲနိုင်တဲ့အချက်တွေရှိပါတယ်။ Professional Clockwerk Player အချို့က Dagger ကိုင်ပြီး ကစားပြတိုင်း မိမိလည်းလိုက်ပြီး Dagger ကိုင်ဆော့ရမယ်လို့ ပုံသေသတ်မှတ်ထားခြင်းမရှိပါဘူး။ DotA ကစားပွဲတစ်ပွဲရဲ့ အဓိက ဦးတည်ချက်ဟာ တစ်ဖက်အသင်းရဲ့ Ancient ကို ဖျက်ဆီးဖို့ပဲဖြစ်တဲ့အတွက်ကြောင့် မိမိနဲ့ အဆင်ပြေမယ့် မိမိရဲ့ ကိုယ်ပိုင်ကစားကွက်သာလျှင် အကောင်းဆုံးဖြစ်ပါတယ်။ 

Burn With the Flame of YOUTH !!
yahooyeeha ©

No comments:

Post a Comment

Followers