EHOME, LGD နဲ့ MYM တို့ ရေပန်းစားခဲ့တဲ့ ခေတ်က Leviathan The Tidehunter ကို ကစားပွဲများမှာ မကြာခဏတွေ့ခဲ့ရပေမယ့် ခေတ်ပြောင်းလဲလာပြီး ကစားကွက်များတိုးတက်လာတာနဲ့အမျှ Tidehunter ကို ထည့်သွင်းအသုံးပြုမှု အနည်းငယ် လျော့ပါးသွားခဲ့ပါတယ်။ Dota Hero တွေအားလုံးထဲကမှ အကြီးဆုံး AoE Stun Ravage ကို ပိုင်ဆိုင်ထားတဲ့ Tidehunter ဟာ Carry Hero တစ်ကောင်မဟုတ်သလို ရွေးချယ်စရာ အသုံးပြုလို့ကောင်းတဲ့ Support Hero တွေ အမြောက်အများထဲမှာ Support သီးသန့်ကစားဖို့အတွက် အခြေအနေသိပ်မပေးခဲ့ပါဘူး။ ဒါပေမယ့် v6.80 မြေပုံအရောက်မှာတော့ Kraken Shell ရဲ့ Debuff Removal ပမာဏ နဲ့ Damage Block ကို သိသိသာသာကြီး တိုးမြှင့်ပြောင်းလဲပေးလိုက်တဲ့အချိန်မှာ Tidehunter ဟာ Professional Player တွေကိုယ်တိုင် မျက်စိကျပြီး Offlane ကစားတဲ့ Hero တစ်ကောင်အဖြစ် အသတ်မှတ်ခံရတဲ့အခြေအနေအထိ တိုးတက်သွားပါတယ်။ Tidehunter ရဲ့ နာမည်ဖြစ်တဲ့ Leviathan ဆိုတာကတော့ Bible ကျမ်းစာအုပ်ထဲက ဒဏ္ဏာရီလာ ပင်လယ်သတ္တဝါကြီးရဲ့ အမည်ကို ယူသုံးထားခြင်းပဲဖြစ်ပါတယ်။
Background Story
Leviathan လို့ အမည်ရတဲ့ The Tidehunter ဟာ Sunken ကျွန်းရဲ့ နာမည်ကျော်ကြားတဲ့ တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ပါတယ်။ သူ့မျိုးနွယ်စုရဲ့ထူးခြားတဲ့အချက်အတိုင်းပင် Tidehunter ဟာ ကိစ္စတိုင်းမှာ စိတ်ဓါတ်ပြင်းထန်တဲ့ သူတစ်ဦးပါ။ အတည်တစ်ကျ အုပ်ချူပ်သူ မသတ်မှတ်ရသေးတဲ့ ပင်လယ်ရေပိုက်နက်ကို အုပ်ချူပ်ခွင့်ရရှိဖို့အတွက် အဆိုပါ ပင်လယ်ရေမျက်နှာပြင်အပေါ်မှာ Drylander သင်္ဘောကျင်း တည်ဆောက်နိုင်ရေးကလည်း ကျွန်တော်တို့အားလုံးသိတဲ့ အရေးပါတဲ့ ဗျူဟာတစ်ချက်ဖြစ်နေပါတယ်။ မလှမ်းမကမ်းက ပင်လယ်ရေအောက် Meranthc Diaspora ရေသူထီး မျိုးနွယ်စုများရဲ့ နယ်မြေမလွတ်မကင်းထဲမှာ ဖောက်လုပ်ထားတဲ့ ရေငုတ်သင်္ဘောလမ်းကြောင်း အရှုတ်အထွေးကြောင့် အဆုံးမရှိတဲ့ ပင်လယ်ရေအောက် တိုက်ပွဲငယ်များဟာလည်း ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပါတယ်။ အဆိုပါ လူသားများ နဲ့ ရေသူထီး များအကြား အမှားမခံနိုင်တဲ့အခြေအနေမှာ ရေပိုင်နက်ကို ရယူဖို့အတွက် ကြိုးစားနေတဲ့ လူသားတွေရဲ့ တိုင်းပြည်ရေးအခြေအနေဟာ ရှုတ်ထွေးပြီး ပွင့်လင်းမြင်သာမှုမရှိဖြစ်နေတဲ့အတွက် ခန့်မှန်းရခက်တဲ့အခြေအနေဖြစ်နေပါတယ်။ အဆိုပါ အရှုတ်အထွေးရုန်းကန်မှုများကို စိတ်ကုန်လာတဲ့ Leviathan ဟာ သူ သစ္စာရှိတဲ့ တစ်ယောက်တည်းသော အသူတရာနတ်ဘုရား "ရေဘဝဲလက်ချောင်း Maelrawn" ဆီမှ ထွက်ခွာလာပါတော့တယ်။ အခုအချိန်မှာ Leviathan The Tidehunter ဟာ လူသားရော ရေသူထီးတွေရဲ့ အခြေအနေတွေကိုပါ သူ့လမ်းကြောင်းမှ ဘေးဖယ်ထားလိုက်ပြီး တစ်ချိန်က ရေနက်ပိုင်းတိုက်ပွဲတစ်ခုမှာ ကြုံတွေ့ခဲ့တဲ့ ရှုံးနိမ့်မှုကို ပြန်လည်ချေပဖို့အတွက် အပြင်းအထန်မုန်းတီးရတဲ့ ရေကြောင်းဗိုလ်ချူပ် "Kunkka" ကို ရှာဖွေဖို့အတွက် ရေမျက်နှာပြင်ပေါ်သို့ မာန်အပြည့်နဲ့လျှောက်လှမ်းလာပါတော့တယ်။
Overview
Initiator, Durable, Support Hero တစ်ကောင်ဖြစ်တဲ့ Tide ဟာ Battle ကိုအစပြုပေးနိုင်တဲ့ Ravage ကို Trademark Ability တစ်ခုအနေနဲ့ ပိုင်ဆိုင်ထားတာက အားသာချက်တစ်ခုဖြစ်ပါတယ်။ ရန်သူ့ရဲ့ Armor နဲ့ Movement Speed ကို Slow စေတဲ့ Gush ဟာ Stun Ability မဟုတ်ပေမယ့် တစ်ဖက်အသင်းရဲ့ ရန်သူတစ်ကောင်ကိုဖမ်းပေးဖို့အတွက် အထောက်အကူပြုစေပါတယ်။ Kraken Shell ကတော့ တစ်ခုတည်းသော Passive Ability ဖြစ်ပြီး အဓိကအားချက်ကတော့ သတ်မှတ်ထားတဲ့ Player Control Damage ပမာဏတစ်ခုကိုရောက်ခဲ့တိုင်း သူ့အပေါ်တင်ထားသမျှ Negative Buff တွေ အားလုံးကို အကုန်ရှင်းထုတ်ပေးနိုင်တဲ့အတွက် Tank Hero တွေချင်းအတူတူမှာတောင် ဘယ်သူနဲ့မှ မတူတဲ့ ထူးခြားချက်တစ်ခုလို့ ပြောလို့ရပါတယ်။ v6.72 မြေပုံကနေစပြီးတော့ သူ့ရဲ့ Anchor Smash ဟာ နှိပ်သုံးရတဲ့ Ability တစ်ခုအဖြစ်ပြောင်းလဲသွားပြီးတဲ့နောက်ပိုင်း 325 AoE ကနေ 400 AoE အထိ တိုးမြင့်လာခဲ့ပြီး အဆိုပါ AoE အတွင်းမှာရှိတဲ့ Base Damage ကို 60% လျော့ပေးတဲ့ သတ်ရောက်မှုတစ်ခုပါ တိုးလာခဲ့ပါတယ်။ Cooldown နည်းတဲ့ Anchor Smash ဟာ Farming အတွက်အပြင် Spamming Ability တစ်ခုအပြင် အသုံးပြုလို့ရတဲ့အတွက် Gush ထက်ပိုပြီး ဦးစားပေးသင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ Dota မှာရှိသမျှ ပုံမှန် AoE Aura အားလုံးနီးပါးက 900 AoE လို့ သတ်မှတ်ထားတဲ့အချိန်မှာ Ultimate Ravage ဟာ ထူးထူးခြားခြား 1025 AoE ရှိပါတယ်။ အဆိုပါ Ability (၄)ခုကို လေ့လာကြည့်ရင် Tide ဟာ အမှန်တကယ် Initiator တစ်ကောင်ဖြစ်ပါတယ်။ မမှီမကမ်း Slow ပြီး ဖမ်းပေးထားနိုင်မယ့် Gush၊ Spell ရော Physical Damage ဒဏ်ကိုပါ ခံနိုင်ရည်ရှိမယ့် Kraken Shell၊ Battle မစခင်ကတည်းက တစ်ဖက်အသင်းရဲ့ Physical Damage ကို အသင့်အတင့် လျှော့ပေးထားနိုင်မယ့် Anchor Smash နဲ့ တစ်ဖက်အသင်း တစ်သင်းလုံးကို ကသောင်းကနင်းဖြစ်စေမယ့် Ravage တို့ဟာ Tide ကို အမှန်အကန် Initiator တစ်ကောင်အဖြစ်သတ်မှတ်စေပါတယ်။
Abilities
Slow နှုန်း၊ Duration၊ Range၊ Cooldown နဲ့ Manacost တွေလုံးဝ မပြောင်းလဲပဲ Armor လျော့မယ့် ပမာဏ နဲ့ Damage သာ တက်လာမှာဖြစ်တဲ့ Gush ဟာ အစောပိုင်းများများတင်မထားလည်း ပြောင်းလဲမှုမရှိနိုင်ပါဘူး။ Damage မများရင်တောင် Team Fight တစ်ခုမှာ အထိုက်အလျှောက် Slow ပြီး ဖမ်းပေးထားနိုင်တဲ့အတွက် သူ့ထက် အရေးကြီးတဲ့ အခြား Ability ၂ ခုကို ဦးစားပေးအရင်တင်ပေးခြင်းအားဖြင့် Tide ကို ပိုအကျိုးရှိစေမှာဖြစ်ပါတယ်။
အခုနောက်ပိုင်း ကစားပွဲတွေမှာ Tide ကို Solo Offlane ပုံစံနဲ့ ကစားလာတာကို တွေ့ရပါတယ်။ အဆိုပါ ပုံစံအတိုင်းကစားခဲ့မယ်ဆိုရင် Tide ဟာ Tank Hero တစ်ကောင်ပုံစံအဖြစ်နဲ့ ကစားသင့်ပြီး သူ့ရဲ့ Kraken Shell ကို lvl 7 ရောက်တာနဲ့ ဂိတ်ဆုံးတင်ပေးရင် ပိုကောင်းပါတယ်။ နောက်ဆုံးအဆင့်မှာ 40 Damage Block ကို အချိန်တိုင်းရရှိနေမှာဖြစ်ပြီး Tide အပေါ်ကျရောက်လာတဲ့ Damage စုစုပေါင်း 450 ပြည့်တိုင်း ကိုယ့်မှာ ရှိသမျှ Negative Buff (Slow, Stun, Poison)
အစရှိတာတွေ အားလုံးကို ဖယ်ရှားပေးစေမှာဖြစ်ပါတယ်။ 40 Damage ဆို အလွန်များပြားတဲ့ ပမာဏတစ်ခုလို့ပြောပေမယ့် အဆိုပါ Damage Block ဟာ Magic Damage တွေကိုတော့ ကာကွယ်ပေးမှာမဟုတ်ပါဘူး။ အစောပိုင်း Solo Offlane မှာ 40 Physical Damage ဆိုတာဟာ သင့်ကို တိုက်ခိုက်မယ့် Hero Damage တိုင်းရဲ့ သုံးပုံပုံ နှစ်ပုံ လောက်ကို တောက်လျှောက်ကာကွယ်ပေးနေမယ့် သဘောဖြစ်တဲ့အပြင် Lane Creep တွေရဲ့ Damage တွေအားလုံးကလည်း Zero သာ သင့်အပေါ်သတ်ရောက်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်အသင်းက Tower ကို တိုက်ခိုက်မယ့် Hero ၃ ကောင်သာ မဟုတ်ခဲ့ဘူးဆိုရင် Kraken Shell ကို အများဆုံး တင်ပြီး သုံးမယ့် Tide ကို offlane မှာ အသုံးပြုနိုင်ပါတယ်။
Mana နည်းနည်း Cooldown နည်းနည်း နဲ့ အသုံးပြုနိုင်မယ့် Anchor Smash ဟာ အသုံးပြုခံရတဲ့ unit ရဲ့ Damage ကို 60% လျော့စေတဲ့အတွက် Creep wave တွေကို ရှင်းဖို့အတွက် အားသာချက်ရှိတဲ့ Ability တစ်ခုဖြစ်ပါတယ်။ Base Damage ပမာဏကို လျော့စေတာဖြစ်လို့ Physical Damage ကို အားကိုးပြီးတိုက်ခိုက်ရတဲ့ Ursa, Mortred ကဲ့သို့သော Hero များကို အထိုက်အလျောက် Counter လုပ်ပေးနိုင်မယ့် Ability လည်းဖြစ်ပါတယ်။ တစ်ဆင့်ယူလိုက်တိုင်း 75/125/175/225 Damage တိုးလာမှာဖြစ်တဲ့အပြင် Cooldown လည်းကျသွားမှာဖြစ်လို့ တတ်နိုင်သလောက်မြန်မြန်ယူသင့်တဲ့ Ability တစ်ခုလည်းဖြစ်ပါတယ်။ Anchor Smash ဟာ Hero, Summon Unit, Lane Creep, Neutral Creep နဲ့ Ancient Creep တွေအားလုံးကို Damage လျော့စေနိုင်ပေမယ့် Roshan ကိုတော့ Damage မလျော့စေနိုင်ပါဘူး။
1025 AoE ရှိတဲ့ Ravage ကတော့ 2.02/2.32/2.77 seconds AoE Stun လို့ပြောကြပေမယ့် လေထဲကို မြောက်သွားမယ့် အချိန် 0.52 seconds ကိုပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် စုစုပေါင်း အနေနဲ့ 2.54/2.84/3.39 seconds Stun စေမှာဖြစ်ပါတယ်။
Items Build
Ultimate ability Ravage ကို အတိအကျ အသုံးပြုနိုင်စေရန်ရည်ရွယ်ချက်နဲ့ Blink Dagger ကို တတ်နိုင်သလောက် ဖိနပ်စီးပြီးတာနဲ့ မြန်မြန်ရှာလေ့ရှိတာကိုတွေ့ရတတ်ပါတယ်။ ဥပမာအနေနဲ့ Magnus ရဲ့ Ultimate Reverse Polarity ကို အသုံးပြုတဲ့ အခါမျိုးမှာ တိကျဖို့အတွက် Dagger လိုအပ်တယ်ဆိုပေမယ့် အရမ်းကြီးမားတဲ့ AoE အကျယ်အဝန်း ကိုရရှိထားတဲ့ Ravage အနေနဲ့ Dagger မပါရင်တောင် အသုံးပြုရ လွယ်ကူတာကြောင့် 2150 gold နေရာမှာ Team Fight အတွက် အကျိုးရှိစေမယ့် Mekansm, Tank ပိုမို ပီသစေမယ့် Hood (သို့မဟုတ်) Pipe, Mana ပမာဏ ပြဿနာကို ဖြေရှင်းပေးမယ့် Arcane Boots တို့ကို Mid Game မတိုင်ခင်မှာ ရွေးချယ်နိုင်ပါတယ်။ အားသာချက် အများအပြားရှိတဲ့ Kraken Shell ကြောင့် Tank Hero ကို ပိုမို Tank ဖြစ်စေမယ့် Heart, Shiva Guard, Assault Cuirass တို့အပြင် AoE 1025 အတွင်းက ရန်သူအားလုံးကို 7 seconds ခန့် Stun ထားပေးဖို့ Refresher Orb + Dagger ကလည်း Late Game အရေးပါတဲ့ Item များအဖြစ်ထည့်စပ်ပေးနိုင်ပါတယ်။
Counters for Tide
Tidehutner အတွက် ထူးထူးခြားခြား Counter ဆိုပြီး သီးသန့်ပြောလို့မရပေမယ့် Rubick ကတော့ တစ်ဖက်အသင်းရဲ့ Tidehunter ကို စိတ်အနှောင့်အယှက်ပေးနိုင်တာတော့ သေချာပါတယ်။ Ravage အတွက် cast time ဟာ Rubick အတွက် သိပ်မခက်ခဲပဲ Spell Steal တဲ့အပြင် Stun, Slow Ability များထက် Magic Damage ပမာဏ အမြောက်အများပေးနိုင်တဲ့ Nuker များဟာလည်း Kraken Shell ရဲ့ Damage Block နဲ့ မဆိုင်တဲ့အတွက် အစောပိုင်း Tidehunter ကို Counter လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ Anchor Smash ရဲ့မလှမ်းမကမ်းကနေ Tide ကို တိုက်ခိုက်နိုင်တဲ့ Range Hitter များဖြစ်တဲ့ Drow ကဲ့သို့သော Hero မျိုးကို Counter အဖြစ် အသုံးပြုနိုင်ပါတယ်။
ဒီ Suggestion ကို ပြီးပြည့်စုံတဲ့ Suggestion လို့မဆိုလိုပါဘူး။ မိမိ ပိုင်နိုင်တဲ့ ကစားကွက်သာလျှင် မိမိအတွက်ကောင်းဆုံးဖြစ်ပါတယ်။
Burn With the Flame of YOUTH !!
yahooyeeha ©
(အပို သုံးသပ်ချက်)
(စမ်းဆော့ကြည့်ပါ။ ကျွန်တော်လည်း ဟိုးခေတ်ကတည်းက Tide လိုကောင်မျိုးကို ကိုင်လာတဲ့သူပါ။ ဒါမယ့် 6.80 နောက်ပိုင်းပြောင်းသွားကတည်းက lvl 7 မှာ Kraken Shell ကို ဂိတ်ဆုံးယူပြီး Dagger နေရာမှာ Mekansm + Boots of Speed ထည့်ပြီးဆော့ကြည့်ခဲ့ပါတယ်။ တကယ်လည်း အသုံးတည့်လို့ စမ်းဆော့ကြည့်စေချင်ပါတယ်။
ဒီလောက် Stun AoE အကြီးကြီး ရှိတဲ့အပြင် တခြား Support hero (Lion, Shaman) လိုမျိုး Disable Ability များများ မပါတဲ့အတွက် Dagger က သိပ်အရေးတကြီး မလိုတာတော့ အမှန်ပဲဗျ။
ဒီလို Menkasm ဆက်ထားတဲ့ Tank Hero ကြီးက ရှေ့ကနေ လမ်းလျှောက်ပြီး ပြေးတတ်လာရင် ဘယ် Hero မျိုးက အစောပိုင်း ယှဉ်ချရဲမှာလဲ။ ယှဉ်ချရင်လည်း Ravage ကို အလွယ်တကူသုံးလိုက်ယုံပါပဲ။
ဒါ့အပြင် အစောပိုင်းမှာ Dagger ခုန်ပြီး Ravage သုံးလည်း ကြာချိန် သိပ်မများတဲ့အပြင် AoE အကြီးကြီးကို တိကျအောင် သုံးဖို့ဆိုရင်တော့ ပိုက်ဆံဖြုန်းရာ ကျမယ် ထင်တာပဲ။
ဒါကြောင့် Dagger အစား Mekansm က ပိုအကျိုးရှိမယ်လို့ အကြံပြုတာဖြစပါတယ်။ Kraken Shell lvl 4 နဲ့ Mekansm ရဲ့ ကောင်းကျိုးကို ကိုယ်တိုင် စမ်းသပ်အသုံးပြုပြီး ဝေဖန် သုံးသပ်ကြရအောင်ဗျာ။ )
(ဒီဆောင်းပါးဟာ Internet Journal အတွဲ (၁၅) အမှတ် (၂၆) မှာပါဝင်တဲ့ ဆောင်းပါးကို ပြန်လည် ဖော်ပြထားခြင်းဖြစ်ပါတယ်။)
No comments:
Post a Comment