ယခုနှစ် ကျင်းပပြီးစီးခဲ့တဲ့ TI4 ရဲ့ 1 vs 1 Solo Championship မှာတော့ Compendium Book User များ စီစစ်ရွေးချယ်ပေးခဲ့တဲ့ ကမ္ဘာ့ အကောင်းဆုံး Mid Player ၈ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ ပထမဆုကို ရရှိသွားခဲ့တဲ့ သူဟာ Alliance အသင်းက ကစားသမား "s4" ဖြစ်ပါတယ်လို့ပြောလိုက်တာနဲ့ လူအများရဲ့ စိတ်ထဲမှာ "ဒေါ်လာ ၁ သန်းတန် Dream Coil" ဆိုတာကို ချက်ချင်း မြင်ယောင်မိမှာ အသေအချာပါပဲ။
ပွ
ဲအဆုံးအဖြတ်ပေးမယ့် စက္ကန့်မှာ s4 ရဲ့ Puck ဟာ တစ်ဖက်အသင်းရဲ့ Enigma အပြင် Portal ခုန်နေတဲ့ Dendi ရဲ့ Templar Assassin အပေါ်ကို အသုံးပြုခဲ့တဲ့ Dream Coil ဟာ ဒေါ်လာ ၁ သန်း အထိ တန်ဖိုး မြင့်မားစေခဲ့တာဖြစ်ပါတယ်။ Final အဆုံးအဖြတ်ပွဲပြီးပြီးချင်းမှာ အဆိုပါပွဲကို ပွဲသုံးသပ်ပေးသွားတဲ့ Bruno, Maelk, Merlini နဲ့ 2GD တို့ဟာ "s4" ရဲ့ Puck ကစားကွက်များကြောင့် Alliance အသင်းကို ချန်ပီယံဖြစ်စေခဲ့တယ်ဆိုပြီး တစ်ပြိုင်နက်တည်း ချီးမွမ်းပြောဆိုခဲ့တဲ့အထိ Puck ဟာ အရေးပါတဲ့ Hero တစ်ကောင်ဖြစ်ခဲ့ပါတယ်။ TI3 မှာ ဖြစ်ပေါ်ခဲ့တဲ့ မှတ်တမ်းဟောင်းတွေ ဆိုပေမယ့်လည်း Alliance အသင်း ပရိတ်သတ်များအတွက်တော့ ထာဝရ ဂုဏ်ယူစရာ ကောင်းတဲ့ အောင်မြင်မှုတစ်ခုအဖြစ် မှတ်တမ်းတင်နေဆဲပါပဲ။ Puck The Faerie Dragon ဟာ ယခုနှစ် TI4 ရဲ့ Main Event မှာ ၂ ပွဲသာပါဝင်ခဲ့ပေမယ့် လူကြိုက်များတဲ့၊ အထူးသဖြင့် မိမိရဲ့ skill ကို ဖော်ထုတ်ချင်တဲ့ ကစားသမားတွေ အထူးကြိုက်နှစ်သက်ပြီး မကြာခဏ မြင်တွေ့နေရတဲ့ Intelligence Initiator Hero တစ်ကောင်ဖြစ်ပါတယ်။
Background Story
Puck ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရတဲ့သူတိုင်းဟာ ချစ်စဖွယ် ရန်လိုတတ်တဲ့ ဂြိုလ်သားပေါက်စလေး လို့ ထင်ကောင်းထင်ရပါလိမ့်မယ်။ Faerie နဂါး မျိုးနွယ်ရဲ့ အကောင်ပေါက်ကလေးဟာ လောကမှာ မသတ်မှတ်ရသေးတဲ့ အချိန်ကာလအတွင်းမှာ ရှင်သန်နေထိုင်နေတဲ့ သက်ရှိ ဂြိုလ်သားပေါက်လေး ဖြစ်ပါတယ်။ Puck ဟာ သူ့ရဲ့ အရွယ်မရောက်သေးတဲ့ အကောင်ပေါက် ခန္ဓာကိုယ်လေးနဲ့ ရှင်သန်နေထိုင်လာခဲ့တာ ခုနှစ်သက္ကရာဇ် ထောင်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကလေးအကောင်ပေါက် ပုံစံလေးကနေ မပျောက်သေးတဲ့ Puck ဟာ လူသားတွေ လက်ရှိနေထိုင်နေတဲ့ မြို့တော်ကြီးတွေ ဖှုန်မှုန့်ဖြစ်ပြီး တစ်စစီ ပျောက်ကွယ်သွားမယ့် အနာဂတ်အချိန်ထိ သူ့ရဲ့ ယခု ခန္ဓာကိုယ်အတိုင်းပဲ ဆက်လက်ရှင်သန်နေထိုင်သွားမှာဖြစ်ပါတယ်။ သူ့ရဲ့ ချစ်စရာကောင်းပြီး ကြိုတင်ခန့်မှန်းရခက်တဲ့ ဖွဲ့စည်းပုံကြောင့် Puck The Faerie Dragon ရဲ့ အစွမ်းများဟာ အမှောင်ထုအတွက် ရပ်တည်မည်လား၊ အဆုံးမရှိတဲ့ ချစ်စဖွယ် အိပ်မက်တွေကို ခေါ်ဆောင်လာပေးမလားဆိုတာကတော့ ......
Overview
Solo Hero တစ်ကောင်ဖြစ်တဲ့ Puck ဟာ အခြား Solo hero တွေထက် အားသာတဲ့အချက်ကတော့ ပြေးလို့လွှားလို့ ကောင်းတဲ့ Ability ၂ ခုတောင် ပါဝင်နေတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ Mid Lane အပြင် Offlane မှာပါ မြင်တွေ့ရလေ့ရှိတဲ့ Puck ရဲ့ အဆိုပါ Ability ၂ ခုထဲကမှ ပထမ တစ်ခုကတော့ Puck ကိုအကွာအဝေးတစ်ခုအထိ ခေါ်ဆောင်ပေးနိုင်စွမ်းရှိတဲ့ Illusory Orb ပဲဖြစ်ပါတယ်။
Illusory Orb ဟာ အသင့်အတင့်ရှိတဲ့ Magic Damage ကြောင့် Nuke Spell တစ်ခုအနေနဲ့ အသုံးပြုလို့ရတဲ့အပြင် Orb အသုံးပြုထားတဲ့ ၃ စက္ကန့်အတွင်းမှာ Ethereal Junk ကိုသာ အသုံးပြုလိုက်မယ်ဆိုရင် Orb ရှိတဲ့ နေရာကို ရောက်သွားမှာဖြစ်တဲ့ အတွက် လက်တစ်လုံးခြား Trick အမြောက်အများကို ဖြစ်ပေါ်စေတဲ့ အားသာချက်ရှိပါတယ်။ ဥပမာ မိမိရဲ့ Puck သေခါနီးမှာ Orb ကို အသုံးပြုထားပြီး သေသေချင်းမှာ Buy Back ဝယ်ထွက်ပြီး Ethereal Junk ကို အသုံးပြုလိုက်မယ်ဆိုရင် မိမိရဲ့ Fountain ကနေ Orb ရှိရာကို ရောက်လာနိုင်စွမ်းရှိတဲ့အတွက် Battle တစ်ခုမှာ Immortal မပါဘဲ အသက် ၂ သက် အသုံးပြုနိုင်ခြင်း၊ မိမိအနောက်ကို Enemy တစ်ကောင်အလိုက်ခံရတဲ့အခါမျိုးမှာ Orb ကို တစ်ဖက်၊ Puck ကို တစ်ဖက်ထွက်ပြေးပြီး Enemy မလိုက်မယ့် လမ်းကြောင်းကို အလွယ်တကူ ရွေးပြီး ရှောင်ထွက်နိုင်ခြင်း အစရှိတဲ့ Trick အသေးစားလေးတွေကို Puck ကို ပိုင်နိုင်တဲ့ ကစားသမားတိုင်း ပြုလုပ်လေ့ရှိတာကို တွေ့ရတတ်ပါတယ်။
ကစားပွဲတစ်ပွဲရဲ့ Lvl လိုအပ်တဲ့ Hero အများစုဟာ Mid Lane မှာ တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင် တိုက်ခိုက်ကြတဲ့အခါတိုင်း Bottle ဝယ်ထားတဲ့ Hero က အားသာချက် အမြောက်အများရှိလေ့ရှိပါတယ်။
Ember Spirit ရဲ့ Ultimate Fire Remnant အရိပ်ကို ချထားခဲ့ပြီး Portal သုံး သွေးကန်ပြန် Bottle ဖြည့်ပြီး အရိပ်ရှိရာကို အလွယ်တကူ ပြန်လာနိုင်တဲ့ Mini Trick ဟာ Mid Lane, Offlane မှာ နေပြီးကစားရတဲ့ Hero တစ်ကောင်အတွက် လိုအပ်တဲ့ Mana ကို ဖြည့်တင်းပေးမယ့် Bottle ကို Courier မပါဘဲ ပြန်ဖြည့်ပေးနိုင်မယ့် Mini Trick တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Portal တစ်ရွက်တော့ အသုံးပြုရပါမယ်။ ဒါ့အပြင် Kunkka ရဲ့ X Mark The Spot ဟာ မိမိရဲ့ Ally ကို အသုံးပြုမယ်ဆိုရင် 2/4/6/8 Seconds ကြာမှာဖြစ်တဲ့အတွက် Mid Lane Bottle ကိုင်ပြီး ကစားတဲ့ Kunkka ကစားသမားအချို့အနေနဲ့ မိမိဘာသာ X Mark သုံး၊ Town Portal ခုန်ပြီး Fountain ပြန် Bottle ဖြည့်လို့ရတဲ့ Trick တစ်ခုဖြစ်လာပါတယ်။ ဒါဟာလည်း Town Portal တစ်ရွက်ကုန်ပါလိမ့်မယ်။ မိမိအသင်းမှာ မိမိကို Fountain ဆီသို့ ပြန်ပို့ပေးနိုင်မယ့် Chen သာပါလာခဲ့မယ်ဆိုရင် Puck The Faerie Dragon ဟာလည်း Ember Spirit နဲ့ Kunkka တို့လိုမျိုး Fountain ပြန်ပြီး Bottle ဖြည့်နိုင်စွမ်းရှိတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ Chen ရဲ့ Test of Faith ကို Puck အပေါ်ကို အသုံးပြုပေးလိုက်ပြီး Fountain ကို ပြန်ရောက်ခါနီးမှာ Illusory Orb ကို အသုံးပြုထားခဲ့ပြီး Fountain အရောက် Bottle လည်း ဖြည့်အပြီး ၃ စက္ကန့်အတွင်းမှာ Ethereal Junk ကို အသုံးပြုလိုက်မယ်ဆိုရင် မိမိရဲ့ Orb ရှိရာကို Bottle ဖြည့်ပြီး အလွယ်တကူ ပြန်ရောက်လာမှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ Test of Faith ရဲ့ Duration မိမိရဲ့ Status Bar ကနေ သေချာ ကြည့်ထားဖို့ လိုအပ်တဲ့အချက်ပါပဲ။
ပုံသေ Cooldown 12 seconds ရှိပြီး ပုံသေ Mana 150 ရှိတဲ့ Illusory Orb ဟာ 70/140/210/280 Damage ဆိုပြီး တက်လာမှာဖြစ်ပါတယ်။ ကျန်တဲ့အချက်တွေ ဘာမှ တိုးလာတာ မရှိပါဘူး။ ဒါကြောင့်ပဲ Orb ကို Nuke Ability တစ်ခုအနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ စောစောတင်သင့်ပေမယ့် မိမိဟာ Offlane Hero တစ်ကောင်အနေနဲ့ Dual Lane မှာ ထိန်းရမယ့် အခြေအနေမျိုးဆိုရင်တော့ အခြား Ability ၂ ခုကို ရွေးချယ်တင်နိုင်ပါတယ်။ အကွာအဝေး 1800 ကို 600 Movement Speed နှုန်းနဲ့ 3 seconds အတွင်းမှာ အရောက်သွားမှာဖြစ်တဲ့ အချက်ဟာ ပြောင်းလဲမသွားတဲ့ Illusory Orb ဟာ ပုံသေ 225 AoE ရှိတဲ့ Nuke Ability တစ်ခုဖြစ်ပါတယ်။
Dota 2 Hero ၁ဝ၇ ကောင်ရှိတဲ့အထဲမှာ Silence Ability ကို အသုံးပြုနိုင်တဲ့ Hero ဟာ စုစုပေါင်း ၁ဝ ကောင်သာ ရှိပါတယ်။ အဆိုပါ ၁ဝ ကောင်ထဲမှာ Waning Rift ကိုပိုင်ဆိုင်ထားတဲ့ Puck လည်း တစ်ကောင်အပါအဝင်ဖြစ်ပါတယ်။ Cast Time 0.1 second ပဲ ရှိတဲ့ Puck ဟာ တစ်ဖက်အသင်းရဲ့ Spell Caster တွေကို Silent ပိတ်ဖို့အတွက် Illusory Orb နဲ့ တွဲဖက်ပြီး အသုံးပြုနိုင်သလို ပိုမို တိကျအောင် အသုံးပြုနိုင်ဖို့အတွက် Blink Dagger နဲ့လည်း ရွေးချယ်အသုံးလေ့ရှိပါတယ်။ Cooldown ကတော့ ပုံသေ 16 seconds မပြောင်းလဲပေမယ့် များများယူလေ 100/110/120/130 Mana၊ 70/140/210/280 Damage နဲ့ 0.75/1.5/2.25/3.0 silent Duration တိုးသွားမှာဖြစ်လို့ မိမိရဲ့ ကစားကွက် အပေါ်မူတည်ပြီး အဆင့်တင်သင့်တဲ့ Ability ကောင်းတစ်ခုဖြစ်ပါတယ်။
Magic Immunity, Ghost Form အစရှိတဲ့ Positive Buff များနဲ့ ကိုယ့်အပေါ်ကျလာမယ့် Magical, Physical Damage အမျိုးမျိုးကို ကိုယ့်အပိုင်းနဲ့ ကိုယ်ရှောင်တိမ်းလို့ ရပေမယ့် Dota ထဲမှာရှိတဲ့ Damage အမျိုးအစား ၅ မျိုးဟာ သူ့ရဲ့ Resistance နဲ့သူ အားနည်းချက်ကလေးတွေ ရှိတဲ့အတွက် ၁ဝဝ% ကာကွယ်နိုင်စွမ်းမရှိပါဘူး။ Puck ရဲ့ Phase Shift ကတော့ မိမိရဲ့ အချိန်ကိုက် အသုံးပြုနိုင်စွမ်းပေါ်မူတည်ပြီး ရှိသမျှ Ability အားလုံးကို ခလုတ်တစ်ချက်နှိပ်ယုံနဲ့ အလွယ်ကူဆုံး ရှောင်တိမ်းနိုင်တဲ့ Ability ကောင်းတစ်ခုပဲဖြစ်ပါတယ်။ ပုံသေ Cooldown 6 seconds ရှိတယ်ဆိုပေမယ့် များများယူလေ ကြာချိန်ကတော့ 0.75/1.5/2.25/3.25 seconds ဆိုပြီး တိုးလာလေ ဖြစ်မှာပါ။ Skillful Player တွေ အနေနဲ့ သူတို့ရဲ့ ကျွမ်းကျင်မှုကို ဖော်ပြဖို့ အကောင်းဆုံးဖြစ်တဲ့၊ တစ်ဖက်အသင်းအတွက် အကြီးအကျယ် စိတ်အနှောင့်အယှက်ပေးတဲ့ Phase Shift ရဲ့ အဓိက အားနည်းချက်ကတော့ Shift ပြောင်းထားတဲ့ အချိန်မှာ တစ်ဖက်အသင်းဟာ Hero တစ်ကောင်ကောင် သေခဲ့မယ်ဆိုရင် Assist Gold ကိုရရှိမှာမဟုတ်သလို Urn Of Shadow ဆက်ထားခဲ့မယ်ဆိုရင်လည်း အဆိုပါ Urn of Shadow Charge တိုးလာမှာမဟုတ်ပါဘူး။ Puck အပေါ်ကိုကျလာမယ့် Ability အားလုံးကို ရှောင်တိမ်းနိုင်စွမ်းရှိပေမယ့် Puck ဟာ Ensnare (ပိုက်ကွန်) အအုတ်ခံထားရတဲ့အချိန်၊ Entangled (နွယ်) အချူပ် ခံထားရတဲ့ အချိန်တွေမှာတော့ Phase Shift ကို အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ထူးခြားချက် နောက်တစ်ခုကတော့ Silencer ရဲ့ Last Word အသုံးပြုခံထားရမယ်ဆိုရင် Phase Shift ကို အသုံးပြုခြင်းဖြင့် Last Word ရဲ့ Duration ကို ရပ်တန့်လို့ မရတဲ့ အချက်ပဲဖြစ်ပါတယ်။
Damage ပမာဏလည်း မများ၊ အသုံးခံရရင် Mini Stun လေးသာ ဖြစ်လို့ ကြောက်ဖို့ မကောင်းဘူးလို့ ထင်ရတဲ့ Puck ရဲ့ Ultimate Dream Coil ကတော့ စိတ်စနိုးစနောင့် အပေးနိုင်ဆုံး AoE Ultimate Ability တစ်ခုဖြစ်ပါတယ်။ Dream Coil အသုံးပြုလိုက်တဲ့ AoE 375 အတွင်းမှာရှိတဲ့ Enemy တွေဟာ ခြေချင်းခတ်ခံလိုက်ရတာနဲ့ ဆင်တူပါတယ်။ Dream Coil မှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမအပိုင်းက အသုံးပြုခံရခြင်းမှာ 0.5 second Stun နဲ့ 100/150/200 Damage ဆိုပြီး ဦးစွာထိပြီးနောက် အဆိုပါ Enemy Hero များကို Dream Coil ရဲ့ 6 seconds ကြာတဲ့ Negative Buff တစ်ခု တင်ထားလိုက်ပါတယ်။ အဆိုပါ Coil ထဲမှာ ရှိတဲ့ Enemy Hero များဟာ 6 seconds အတွင်းမှာ အပြင်ကို ထွက်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် Dream Coil ရဲ့ ဒုတိယအပိုင်း ဖြစ်တဲ့ Coil Break အပိုင်းကို ဆက်လက် ခံစားသွားရမှာဖြစ်ပါတယ်။ Coil ထဲက ထွက်ပြေးတဲ့ Hero ဟာ 1.5/2.25/3 seconds Stun နဲ့ 100/150/200 Damage ဆိုပြီး ထပ်မံ သတ်ရောက်ခံရပါမယ်။ Enemy တစ်ကောင်ဟာ အဆိုပါ ၂ ပိုင်းစလုံးနဲ့ တိုက်ခိုက်ခံရမယ်ဆိုရင် စုစုပေါင်း Stun ချိန်ဟာ တွက်ချက်ကြည့်ရင် 2/2.75/3.5 seconds Stun နဲ့ 200/300/400 Damage ဆိုတဲ့ ပမာဏအထိ Dream Coil က တိုက်ခိုက်နိုင်ပါလိမ့်မယ်။ ဒါဟာ Tidehunter ရဲ့ Cooldown များတဲ့ Ravage ရဲ့ သတ်ရောက်မှုထက် အဆပေါင်းများစွာ သာလွန်ပါတယ်။ အားနည်းချက်ကတော့ သူ့ရဲ့ အရမ်းသေးငယ်တဲ့ AoE ကြောင့် အသုံးပြုရတာ အနည်းငယ် ခက်ခဲခြင်းပဲဖြစ်ပါတယ်။ဒါကြောင့် Dream Coil မိသွားတဲ့ Hero တစ်ကောင်က အပြင်ထွက်ဖို့ ကြိုးစားမယ်ဆိုရင် ပိုမို အခြေအနေဆိုးသွားနိုင်တဲ့အတွက် 6 seconds လုံးလုံး Dream Coil ထဲကနေပဲ တိုက်ခိုက်ခွင့်ရှိတော့မှာဖြစ်ပါတယ်။ Battle တစ်ခုမှာ တစ်ဖက်အသင်းရဲ့ Hero တွေကို စိတ်ကြိုက်နေရာမရွေးချယ်နိုင်အောင် မြေကွက်အကျဉ်းလေး သတ်မှတ်ပေးလိုက်နိုင်စွမ်းရှိတဲ့ Ultimate Dream Coil ဟာ ပုံသေ Cooldown 85 seconds နဲ့ 100/150/200 Mana ကုန်ကျမှာ ဖြစ်ပြီး Aghanim's Scepter ထည့်မယ်ဆိုရင်တော့ Dream Coil ရဲ့ ကြာချိန်ကို 8 seconds အထိ တိုးသွားမှာဖြစ်ပြီး Coil Break အခြေအနေမှာ သတ်ရောက်မယ့် Damage ဟာလည်း 200/250/300 Damage ဆိုပြီး တိုးသွားမှာဖြစ်ပါတယ်။
Nuker တစ်ကောင်ဖြစ်တဲ့ Puck ဟာ Dagon ကို အစောပိုင်းရွေးချယ်ခဲ့မယ်ဆိုရင် Semi Carry တစ်ကောင်လိုမျိုး တစ်ဖက်အသင်းရဲ့ Hero များကို ချိန်းခြောက်နိုင်မှာဖြစ်သလို Dagger ကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင်တော့ ကြောက်ဖို့အကောင်းဆုံး Initiator တစ်ကောင် ဖြစ်သွားစေမှာပါ။ Dagger > Waning Rift > Illusory Orb > Dream Coil > Phase Shift > Ethereal Junk ဆိုတဲ့ Combo ကို ပိုင်ပိုင် နိုင်နိုင် အသုံးပြုနိုင်မယ်ဆိုရင် Puck ဟာ Battle တစ်ခုကို အန္တရာယ်ကင်းကင်းနဲ့ အစပြုပေးနိုင်မှာဖြစ်သလို တစ်ဖက်အသင်းကို ဒုက္ခအကြီးအကျယ်ပေးတဲ့ Super Intiator Hero တစ်ကောင်ဖြစ်စေမှာ အသေအချာပါပဲ။ အဆိုပါ အခြေအနေထက် Puck ကို ပိုမို လုံခြုံစေဖို့အတွက် Force Staff နဲ့ Eul's Scepter ဟာလည်း Skill ပြချင်တဲ့ ကစားသမားတွေကို အထောက်အကူပေးပါလိမ့်မယ်။ Nuker တစ်ကောင်ဖြစ်တဲ့ Puck ကို Tinker လိုမျိုး Carry Hero သဖွယ် ဆော့ကစားချင်ရင်တော့ Dagon + Ethereal Blade + Guinsoo's Scythe of Vyse ဟာလည်း Puck ကို Initiator ကနေ Carry Hero တစ်ကောင်လို သတ်မှတ်ပေးနိုင်ဖို့ အထောက်အကူပြုမှာ အသေအချာပါပဲ။
ဒီ Suggestion ကို ပြီးပြည့်စုံတဲ့ Suggestion လို့ မဆိုလိုပါဘူး။ မိမိရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး Faerie Dragon ရဲ့ အရည်အသွေးတွေဟာလည်း တိုးတက်သွားမှာဖြစ်ပြီး သင်အနှစ်သက်ဆုံး ကစားကွက်သာလျှင် တစ်ဖက်အသင်းရဲ့ Throne ကို ကျိုးအောင် ဆောင်ရွယ်ပေးမှာဖြစ်လို့ မိမိရဲ့ စိတ်ကြိုက်ကစားကွက် သာလျှင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
Burn With the Flame of YOUTH !!
yahooyeeha
No comments:
Post a Comment