Blogroll

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, August 29, 2014

♪ Facebook v17.0.0.0.15 Alpha APK (29-Aug) ♫

Pyae Phyo (MMiTD): ♪ Facebook v17.0.0.0.15 Alpha APK (29-Aug) ♫: Facebook အသုံးပြုသောဘော်ဒါများအတွက် ဖုန်းနဲ့အသုံးပြုဖို့ ယနေ့မှာ အသစ်ထွက်လာတဲ့ Facebook Application v17.0.0.0.15 ကိုတင်ပေးလိုက်ပါတယ်ဗျ...

♪ Facebook v17.0.0.0.15 Alpha APK (29-Aug) ♫

Pyae Phyo (MMiTD): ♪ Facebook v17.0.0.0.15 Alpha APK (29-Aug) ♫: Facebook အသုံးပြုသောဘော်ဒါများအတွက် ဖုန်းနဲ့အသုံးပြုဖို့ ယနေ့မှာ အသစ်ထွက်လာတဲ့ Facebook Application v17.0.0.0.15 ကိုတင်ပေးလိုက်ပါတယ်ဗျ...

Thursday, August 28, 2014

Page အသုံးပြုနေသူများအတွက် Page Manager



Page တစ်ခုကို တည်ဆောက်ထားပြီး အသုံးပြုနေသူတွေအတွက် 
Page Manager version 7.0  လေး တင်ပေးလိုက်ပါတယ်။ 


လိုချင်တယ်ဆိုရင် အောက်မှာယူလိုက်ပါခဗျာ။







လာရောက်အားလည်ပတ် အားပေးကြတဲ့သူငယ်ချင်းများတို့ကို ကျေးဇူးတင်ပါတယ်
ကျွန်တော်တင်ထားသမျှအားလုံးကို မည်သူမဆို လိုအပ်သလိုအသုံးပြုနိုင်ပါတယ်ခဗျာ။
စတင်လေ့လာနေစဲအချိန်မို့ အမှားပါခဲ့ရင် လိုအပ်တာလေးတွေရှိခဲ့ရင် 
ခွင့်လွှတ်ပေးပါခဗျာ

Page အသုံးပြုနေသူများအတွက် Page Manager



Page တစ်ခုကို တည်ဆောက်ထားပြီး အသုံးပြုနေသူတွေအတွက် 
Page Manager version 7.0  လေး တင်ပေးလိုက်ပါတယ်။ 

Monday, August 25, 2014

အာရှသားရဲ့နည်းပညာ: Firefox ရဲ့ Browsing Speed ကို ဘယ်လိုတိုးမလည်း ?

အာရှသားရဲ့နည်းပညာ: Firefox ရဲ့ Browsing Speed ကို ဘယ်လိုတိုးမလည်း ?: Firefox ရဲ့ Browsing Speed ကို ဘယ်လိုတိုးမလည်း ? ကျွန်တော်တို့ Facebook သုံးစွဲသူတိုင်း၊ အင်တာနက်သုံးစွဲသူ တိုင်းထိတွေ့နေကျဖြစ...

အာရှသားရဲ့နည်းပညာ: Firefox ရဲ့ Browsing Speed ကို ဘယ်လိုတိုးမလည်း ?

အာရှသားရဲ့နည်းပညာ: Firefox ရဲ့ Browsing Speed ကို ဘယ်လိုတိုးမလည်း ?: Firefox ရဲ့ Browsing Speed ကို ဘယ်လိုတိုးမလည်း ? ကျွန်တော်တို့ Facebook သုံးစွဲသူတိုင်း၊ အင်တာနက်သုံးစွဲသူ တိုင်းထိတွေ့နေကျဖြစ...

Sunday, August 24, 2014

Mini Bottle Trick



Mini Bottle Tricks ဆိုတဲ့ အတိုင်း အရေးမကြီးပေမယ့် အခြေခံကျတဲ့ အချက်အလက် ကလေးတွေကို လက်တစ်လုံးခြားပြီး လုပ်နေတဲ့ အတွက် သိထားသင့်တဲ့ အချက်ကလေး ဖြစ်ပါတယ်။ ကိုယ်က Bottle သုံးတဲ့သူ မဟုတ်ဘူးဆိုရင်တောင် အဲ့ဒီလို အခြေခံ တွက်ချက်ပုံလေးကို သိထားတဲ့အနေနဲ့ Bottle သုံးတဲ့ အပေါင်းအသင်းတွေကို ပြန်ဝေမျှလို့ ရတာပေါ့ဗျာ။ Swann Yi Maung မေးထားတဲ့ မေးခွန်းတွေက အခြေခံ ကျတဲ့ အချက်သေးသေးလေးတွေ ဆိုပေမယ့် မသိသေးတဲ့ လူတွေ အတွက်လည်း ရည်ရွယ်ပြီး post တစ်ခုအနေနဲ့ ရေးရခြင်းဖြစ်ပါတယ်။ 

သိပြီးသား သူတွေအတွက်လည်း ဘာပဲဖြစ်ဖြစ် အသေးစိတ် ဘယ်လို တွက်ချက်သလဲ ဆိုတာ သိထားတော့ ကောင်းတာပေါ့ဗျာ။ 

Question by Swann Yi Maung

(ကျတော်သိချင်တာက Dendi storm spirit ကိုင်တဲ့ Replay မှာလေ ... သူ Null Tailsman (စာလုံးပေါင်းမှားလားမသိ) ဆက်တယ်ဗျာ ... ပီးတော့ Bottle Run 
တယ် ... အဲ့ဒီ့မှာ သူက ကြက်သယ်လာတဲ့ Bottle သောက်ရင် Null Talisman ကိုချသောက်တယ်ဗျ ...အဲ့လိုဆို Mana ပိုရတာလားဗျ ...
တခါတလေ သူ ၂ငုံပဲသောက်ပီးကြက်ကိုပြန်ပေးလိုက်တယ်ဗျ ... အဲ့တာကော သူအကြောင်းတခုကြောင့်လုပ်တာလားဗျ ...)

ဒါက Professional Player ပီပီ ကပ်သပ်ပြီး တန်အောင် လုပ်သွားတာဖြစ်ပါတယ်။ အဲ့ဒါနဲ့ ပတ်သတ်ပြီး သင်္ချာလို တွက်ချက်ကြည့်လိုက်ရင် အဖြေထွက်လာမှာ 
အသေအချာပဲဗျ။
အရင်ဆုံး Storm Spirit ရဲ့ lvl ကို 6
Power Tread (Blue)
2 x Null Talisman ဆိုပြီး စဉ်းစားကြည့်ပါမယ်။ 

သူက Bottle ဖြည့်ခါနီးတိုင်း အဆိုပါ Null Talisman ၂ ခုနဲ့ Power Tread (Blue) ကိုလည်း မြေကြီးပေါ်ချပါတယ်။
ပြီးမှ Bottle ဖြည့်ပါတယ်။ Bottle ကို ၂ ကျိုက်ပဲ သောက်ပြီးတော့ Flying Courier ထဲ ပြန်ထည့်ပေးလိုက်ပြီး Fountain ကို ပြန်ပို့လိုက်ပါတယ်။ 
ဘာလို့ ဒီလို လုပ်ရလဲဆိုတာကို မေးထားတာဖြစ်ပါတယ်။ 
ဟုတ်ပါပြီ။ အဲ့ဒီ အချက်အလက်တွေ မတွက်ချက်ခင် Storm Spirit ရဲ့ Mana ပမာဏကို တွက်ချက်ကြည့်ရအောင်။ 
1 intelligence ဟာ 13 Mana နဲ့ ညီမျှပါတယ်။ 

Storm Spirit ဟာ Lvl 6 မှာ စုစုပေါင်း Intelligence 38.6 ရှိပါတယ်။ 39 Intelligence လို့ပဲ ထားလိုက်ရအောင်။ 
Null Talisman ၁ ခုဟာ 6 intelligence ပေးတဲ့အတွက် ၂ ခုဆိုတော့ စုစုပေါင်း 12 Intelligence ရှိပါတယ်။ 
Power Tread (Blue) ကတော့ +8 Intelligence ကိုပေးတာဖြစ်ပါတယ်။ 
Bottle မဖြည့်ခင် အခြေအနေမှာ Storm Spirit ဟာ စုစုပေါင်း 39 + 12 + 8 = 59 intelligence ရှိပါတယ်။ 
ဒါကြောင့် စုစုပေါင်း Mana ဟာ 1 intel တိုင်းအတွက် 13 နဲ့ ညီမျှတာဖြစ်လို့ 59 x 13 = 767 Mana တိတိရှိပါတယ်။ 

ဒါဆိုရင် အဲ့ဒီ့ Power Tread နဲ့ Null Talisman ၂ ခုကို မြေကြီးပေါ်ချလိုက်တဲ့အခါမှာ 
Storm Spirit မှာ စုစုပေါင်း 39 Intelligence ပဲ ကျန်ပါတော့တယ်။ ဒီအခြေအနေမှာ 39 x 13 = 507 Mana ပဲ ရှိပါတယ်။

ဒါဆို သူက ဘာလို့ အဲ့ဒီ့ Item တွေကို မြေကြီးပေါ်ချပြီးမှ Bottle ၂ ကျိုက်ကို သောက်ရသလဲ။ ?

ဒီဟာကို ၂ ပိုင်းခွဲပြီး တွက်ကြည့်ပါမယ်။ 
ပထမအပိုင်းက ဘာမှ မချပဲ Bottle သောက်တဲ့အခြေအနေနဲ့ 
ဒုတိယအပိုင်းကတော့ Item တွေ ချပြီး Bottle သောက်တဲ့အခြေအနေ ဆိုပြီး ခွဲခြား စဉ်းစားပါမယ်။ 

/////////////////////////////////////
ပထမ အခြေအနေ (767 Mana)
/////////////////////////////////////
Storm Spirit ဟာ Mana တစ်ဝက် တိတိ (၅ဝ ရာခိုင်နှုန်း တိတိ)လျော့နေတယ်လို့ စဉ်းစားပါမယ်။ 
ဒါကြောင့် သူ့ရဲ့ Intelligence ရဲ့ 50% (59 x 0.5 = 383.5 Mana) လို့ အဖြေထွက်ပါတယ်။
ဒါကြောင့် 384 Mana တိတိရှိပါတယ်။ 
Bottle တစ်ကျိုက်ဟာ Hp 135 နဲ့ Mana 70 ကို ပြည့်စေပါတယ်။ (Mana ကိုပဲ တွက်ချက်ကြည့်ပါမယ်။)
ဒါဆို Bottle ၂ ကျိုက်သောက်လိုက်တဲ့အတွက် 140 Mana ပြည့်သွားမှာဖြစ်ပါတယ်။ 

^^^^^^^^^^^^^^^
384 + 140 = 524 Mana 
^^^^^^^^^^^^^^^

Item မချပဲ Bottle ၂ ကျိုက်သောက်လိုက်တဲ့ ရလာဒ်က 524 Mana ဖြစ်သွားမှာဖြစ်ပါတယ်။ 
ဆိုလိုတာက ဒီတိုင်းသောက်လိုက်တဲ့အတွက် စုစုပေါင်း 59 intel အခြေအနေမှာပဲ 524 mana ရှိသွားမှာဖြစ်ပါတယ်။ 

**************************************************
ဒုတိယ အခြေအနေကို မတွက်ချက်ခင် အားလုံး သိပြီးသား ရာခိုင်နှုန်းသဘောတရားလေးကို ပြန်လည် ဆွေးနွေးချင်ပါတယ်။ 
Dota ထဲမှာ ရှိသမျှ ကိန်းဂဏန်း အများစုကို ရာခိုင်နှုန်းနဲ့ တွက်ချက်လေ့ရှိပါတယ်။ 
အဲ့ဒီ့ ရာခိုင်နှုန်းသဘောဆိုတာက 
ဥပမာ 1000 Mana အပြည့်ရှိတဲ့အချိန်အတွက် 50% ဟာ 500 Mana နဲ့ ညီမျှပါတယ်။ 
ဒါဆို 2000 Mana အတွက် 50% ဟာ 1000 Mana နဲ့ ညီမျှပါတယ်။ 
ဆိုလိုတာက သင့် စုစုပေါင်း Mana 1000 ရှိတဲ့အခြေအနေမှာ သင့် Mana တစ်ဝက်ပဲ ကျန်တယ်ဆိုရင် 
သင့်ရဲ့ သွေးတမ်းအောက်မှာ အပြာတန်းလေးက တစ်ဝက်တိတိပဲ ရှိနေမှာဖြစ်ပါတယ်။ 
အဲ့ဒီ့ တစ်ဝက်တိတိဟာ 500 Mana နဲ့ ညီမျှပါတယ်။ 
ဒါဆို အဲ့ဒီ့ တစ်ဝက် တိတိဖြစ်နေလျှက်သား အခြေအနေမှာ သင့်ရဲ့ Inventory ထဲကို Energy Booster ၄ လုံးရောက်လာခဲ့မယ်ဆိုရင်
သင့်ရဲ့ စုစုပေါင်း Mana ဟာ 2000 ဖြစ်သွားပါမယ်။ 
အဲ့လို 2000 Mana ဖြစ်သွားလို့ သင့်ရဲ့ သွေးတမ်းအောက်က အပြာတမ်းလေးက လျော့မသွားပါဘူး။ 
၅၀% အတိုင်းပဲ ရှိနေပါမယ်။ 
ဒါပေမယ့် အရင်ကလို 500 mana မဟုတ်တော့ပဲနဲ့ 
2000 Mana ရဲ့ 50% ဖြစ်တဲ့အတွက် 2000 x 0.5 = 1000 Mana ဖြစ်သွားပါတယ်။ 
စုစုပေါင်း ပမာဏ များလာလို့ ရာခိုင်နှုန်းကို ဘာမှ မပြောင်းလဲဘူးဆိုတဲ့ အချက်ကို အဓိက သိစေချင်တာပါ။ 
ဒါကြောင့်
အဲ့ဒါ အချက်ကို အရင်ဆုံး နားလည်ထားပေးရပါမယ်။ 
**************************************************
/////////////////////////////////////
ဒုတိယ အခြေအနေ (507 Mana)
/////////////////////////////////////
ဒီအခြေအနေမှာတော့ Storm Spirit ဟာ Bottle ၂ ကျိုက်မသောက်ခင် Item မချခင်မှာ အပေါ်မှာတွက်ချက်ခဲ့သလိုပဲ 
တစ်ဝက်တိတိ (၅၀ ရာခိုင်နှုန်း တိတိ) လျော့နေတဲ့အတွက် 384 Mana ရှိပါတယ်။ 
အဲ့ဒီ့အခြေအနေမှာ Item တွေကို ချလိုက်တဲ့အတွက် Storm Spirit မှာ 39 Intelligence ပဲ ရှိတော့မှာဖြစ်ပါတယ်။ 
အကြောင်းက စုစုပေါင်း 59 Intel ထဲကနေ Power Tread နဲ့ Talisman ၂ ခုကို နှုတ်လိုက်တဲ့အတွက် 
59 - 8 - 12 = 39 Intelligence ဖြစ်သွားပါတယ်။ 

ဒီလို Item ချလိုက်တဲ့အတွက် 50% က 50% အတိုင်းပဲ ကျန်ပါတယ်။ တစ်ဝက် လျော့နေတဲ့ Mana က ၁ ဝက်အတိုင်းပဲ ရှိနေပါတယ်။ 
ဒါကြောင့် 39 x 0.5 = 19.5 Intelligence ဖိုးပဲ Mana တွေ ရှိတော့မှာဖြစ်ပါတယ်။ 
19.5 x 13 = 253.5 Mana 
ဒါကြောင့် Item တွေ ချလိုက်တဲ့အခြေအနေမှာ Storm Spirit မှာ 254 Mana ပဲ ရှိပါတော့မယ်။ 
(ဘာ Item မှ မချပဲ Bottle မသောက်ခင် အခြေအနေမှာ 384 Mana တောင်ရှိတယ်ဆိုတာ အပေါ်မှာ တွက်ချက်ခဲ့ပြီးဖြစ်ပါတယ်။)

ဒါဆိုရင် အခုလက်ရှိ Item တွေ ချထားတဲ့အခြေအနေမှာ 254 Mana ပဲ ရှိပြီး 
Bottle ၂ ကျိုက်သောက်လိုက်တဲ့အတွက် 140 mana ကတော့ ထုံးစံအတိုင်း ထပ်ပြည့်ပါမယ်။ 
ဒါကြောင့် 
254 + 140 = 394 Mana 
ဒီအခြေအနေဟာ Item တွေ ပြန်မကောက်ရသေးတဲ့ 39 Intel ရှိနေတဲ့အချိန်မှာ ရရှိနေမယ့် Mana ပမာဏဖြစ်ပါတယ်။ 
507 x 0.77 = 394 Mana
ဒါဆို Item တွေ ပြန်ကောက်လိုက်ရင်ရော ?

အဲ့ဒီ့ 394 Mana ဆိုတာဟာ Item တွေ ချထားတဲ့အချိန် 39 Intelligence အချိန်မှာ ရှိနေတဲ့ 507 Mana အတွက်
77% သော Mana ရှိနေတယ်လို့ ပြောလို့ ရပါတယ်။ 
Item တွေ ကောက်လိုက်တဲ့အချိန်မှာ ရှိလာမယ့် 59 Intelligence ဖြစ်နေတဲ့အချိန် (767 Mana) အတွက် 77% ရာခိုင်နှုန်းသော Mana ဟာ 

^^^^^^^^^^^^^^^^^^
767 x 0.77 = 590.59 Mana ! 
^^^^^^^^^^^^^^^^^^

ဖြစ်သွားတာကို တွေ့ရပါတယ်။ 
ဒီ ရလာဒ်ဟာ Item တွေ အားလုံး ပြန်ကောက်ပြီး စုစုပေါင်း 59 intel မှာ ရှိနေမယ့် စုစုပေါင်း Mana ပမာဏ ပဲဖြစ်ပါတယ်။

Item မချပဲ Bottle ၂ ကျိုက်သောက်လိုက်တဲ့ ရလာဒ်က 524 Mana ရှိပြီးတော့
Item ချ၊ Bottle သောက်၊ Item ပြန်ကောက်လိုက်ပြီး ရလိုက်တဲ့ Mana ကတော့ 590.59 mana တိတိ ရှိမှာဖြစ်ပါတယ်။ 

590 - 524 = 66 Mana

နောက်ဆုံး ရလာဒ်ကတော့ 66 Mana တောင် ကွာခြားပါတယ်။ 
ကစားပွဲ အစောပိုင်းမှာ 66 Mana ဆိုတာ အရမ်းများပြားတဲ့ ပမာဏ တစ်ခုဖြစ်ပါတယ်။ 
Intelligence Hero တစ်ကောင်ဖြစ်လို့ တစ်စက္ကန့်မှာ +2 Mana Regeneartion ရှိတယ်ဆိုရင်တောင် 
66 mana ပြည့်ဖို့အတွက် စုစုပေါင်း ၃၃စက္ကန့်လောက် စောင့်ရမှာဖြစ်ပါတယ်။ 

ဒီလို Item ချပြီး သောက်လိုက်တဲ့အတွက် ၃၃ စက္ကန့်စောင့်စရာ မလိုတော့ပဲ 66 mana ကို အလကားနေရင်း ရမှာဖြစ်ပါတယ်။ 

Professional Player တွေ အတွက်တော့ Mana တစ်ဆယ် ဟာလည်း တစ်ဆယ်ပဲဖြစ်ပါတယ်။ 
ကျွန်တော်တို့ အားလုံးလည်း သိကြပါတယ်။ Mana လေး 10 လောက် လိုသွားလို့ ရှုံးသွားခဲ့တဲ့ Battle တွေလည်း အများကြီး ကြုံဖူးမယ်လို့ ထင်ပါတယ်။ 
အဲ့လို မဖြစ်ရလေအောင် အချိန်ရှိခိုက် လုံ့လ စိုက်ပြီး အပင်ပန်းခံပြီး Bottle ကို အသုံးချနေတာဖြစ်ပါတော့တယ်။ 

နောက်ပြီးတော့ Bottle ကို ၂ ကျိုက်ပဲ သောက်ပြီး Flying Courier ထဲ ပြန်ထည့်ပေးပြီး Fountain ပြန်ခိုင်းတဲ့အချက်ပါ။ 
အဲ့ဒီ့အချက်ကတော့ 6.78 မြေပုံကနေ စပြီးတော့ ပြောင်းသွားတဲ့ Change Log မှာ ပါဝင်တဲ့ အချက်ကြောင့်ဖြစ်ပါတယ်။ 

Courier ဟာ Bottle အလွတ်ကို သယ်ထားတဲ့အချိန်မှာ မူလ Speed ထက် 30% လျော့နေမယ်ဆိုတဲ့ အတွက်ဖြစ်ပါတယ်။ 
Mid Lane မှာ Bottle ကို ကျွမ်းကျွမ်းကျင်ကျင် Run ပြီး သုံးနိုင်တဲ့ ကစားသမားတွေ အတွက်တော့ အရမ်းကို အားသာလွန်းနေတဲ့အတွက် 
အဆိုပါ အတိုင်း လျော့ချလိုက်တာဖြစ်ပါတယ်။ 
Flying Courier ဟာ -30% Movement Speed ဖြစ်နေတဲ့အတွက် Run ရတာ လုံးဝ အဆင်မပြေတော့ပါဘူး။
နောက်ပြီး Bottle အလွတ်ကို သယ်ပြီး Courier Speed Burst သုံးမယ်ဆိုရင်တော့ 
Flying Courier ဟာ 522 Movement Speed ရှိမှာမဟုတ်ပဲ 367.5 Movement Speed ပဲ ရှိတော့မှာဖြစ်ပါတယ်။ 

ဒါကြောင့် လက်တစ်လုံးခြား လုပ်တဲ့အနေနဲ့ပေါ့ဗျာ။ 
Bottle ကို အလွတ်ဖြစ်သွားတဲ့အထိ ၃ ကျိုက်လုံး မသောက်တော့ပဲ ၁ ကျိုက်ကို ချန်ထားပြီးပြန်ပို့လိုက်တာဖြစ်ပါတယ်။ 
အဲ့လို အခြေအနေမျိုးမှာမှ Courier Speed Burst သုံးရင် 522 Movement Speed ရသလို 
ပုံမှန် အခြေအနေမှာလည်း 350 Movement Speed နဲ့ သွားနိုင်မှာဖြစ်ပါတယ်။ 

**** **** **** **** **** **** **** **** **** ****

ဒါတွေ အတိအကျ မသိလည်း Dota ကို ကျွမ်းကျွမ်းကျင်ကျင် ခုတ်လို့ရပါတယ်။ 
အများစုကလည်း အဲ့လောက်အထိ အတိအကျ သိအောင် မလုပ်ပဲ skill အတွက်ပဲ လေ့ကျင့်ကြတာများပါတယ်။ 
တစ်ချို့ အကြောင်းအရာတွေကြတော့လည်း သိထားသင့်ပါတယ်။ မေးထားတဲ့ မေးခွန်းနဲ့ ကြုံလာတဲ့အခါမှာတော့ 
အပို အလုပ်တစ်ခုလို ဖြစ်ပေမယ့် တိတိကျကျလေး သိထားဖို့အတွက် တစ်ခါတည်း ဖြေပေးလိုက်တာဖြစ်ပါတယ်။
သူများတွေကို ပြန်ပြောပြလို့ရတာပေါ့ဗျာ။

ဒီ Suggestion ကိုပြီး ပြည့်စုံတဲ့ Suggestion လို့ မဆိုလိုပါဘူး။ မိမိကြိုက်နှစ်သက်ရာ ကစားကွက်သာလျှင် မိမိအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ မြန်မာ 

Dota Player များတိုးတက်ကြပါစေ။ 

Burn With the Flame of YOUTH !!
yahooyeeha ©

Mini Bottle Trick



Mini Bottle Tricks ဆိုတဲ့ အတိုင်း အရေးမကြီးပေမယ့် အခြေခံကျတဲ့ အချက်အလက် ကလေးတွေကို လက်တစ်လုံးခြားပြီး လုပ်နေတဲ့ အတွက် သိထားသင့်တဲ့ အချက်ကလေး ဖြစ်ပါတယ်။ ကိုယ်က Bottle သုံးတဲ့သူ မဟုတ်ဘူးဆိုရင်တောင် အဲ့ဒီလို အခြေခံ တွက်ချက်ပုံလေးကို သိထားတဲ့အနေနဲ့ Bottle သုံးတဲ့ အပေါင်းအသင်းတွေကို ပြန်ဝေမျှလို့ ရတာပေါ့ဗျာ။

<< Leviathan The Tidehunter >>



EHOME, LGD နဲ့ MYM တို့ ရေပန်းစားခဲ့တဲ့ ခေတ်က Leviathan The Tidehunter ကို ကစားပွဲများမှာ မကြာခဏတွေ့ခဲ့ရပေမယ့် ခေတ်ပြောင်းလဲလာပြီး ကစားကွက်များတိုးတက်လာတာနဲ့အမျှ Tidehunter ကို ထည့်သွင်းအသုံးပြုမှု အနည်းငယ် လျော့ပါးသွားခဲ့ပါတယ်။ Dota Hero တွေအားလုံးထဲကမှ အကြီးဆုံး AoE Stun Ravage ကို ပိုင်ဆိုင်ထားတဲ့ Tidehunter ဟာ Carry Hero တစ်ကောင်မဟုတ်သလို ရွေးချယ်စရာ အသုံးပြုလို့ကောင်းတဲ့ Support Hero တွေ အမြောက်အများထဲမှာ Support သီးသန့်ကစားဖို့အတွက် အခြေအနေသိပ်မပေးခဲ့ပါဘူး။ ဒါပေမယ့် v6.80 မြေပုံအရောက်မှာတော့ Kraken Shell ရဲ့ Debuff Removal ပမာဏ နဲ့ Damage Block ကို သိသိသာသာကြီး တိုးမြှင့်ပြောင်းလဲပေးလိုက်တဲ့အချိန်မှာ Tidehunter ဟာ Professional Player တွေကိုယ်တိုင် မျက်စိကျပြီး Offlane ကစားတဲ့ Hero တစ်ကောင်အဖြစ် အသတ်မှတ်ခံရတဲ့အခြေအနေအထိ တိုးတက်သွားပါတယ်။ Tidehunter ရဲ့ နာမည်ဖြစ်တဲ့ Leviathan ဆိုတာကတော့ Bible ကျမ်းစာအုပ်ထဲက ဒဏ္ဏာရီလာ ပင်လယ်သတ္တဝါကြီးရဲ့ အမည်ကို ယူသုံးထားခြင်းပဲဖြစ်ပါတယ်။

Background Story

Leviathan လို့ အမည်ရတဲ့ The Tidehunter ဟာ Sunken ကျွန်းရဲ့ နာမည်ကျော်ကြားတဲ့ တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ပါတယ်။ သူ့မျိုးနွယ်စုရဲ့ထူးခြားတဲ့အချက်အတိုင်းပင် Tidehunter ဟာ ကိစ္စတိုင်းမှာ စိတ်ဓါတ်ပြင်းထန်တဲ့ သူတစ်ဦးပါ။ အတည်တစ်ကျ အုပ်ချူပ်သူ မသတ်မှတ်ရသေးတဲ့ ပင်လယ်ရေပိုက်နက်ကို အုပ်ချူပ်ခွင့်ရရှိဖို့အတွက် အဆိုပါ ပင်လယ်ရေမျက်နှာပြင်အပေါ်မှာ Drylander သင်္ဘောကျင်း တည်ဆောက်နိုင်ရေးကလည်း ကျွန်တော်တို့အားလုံးသိတဲ့ အရေးပါတဲ့ ဗျူဟာတစ်ချက်ဖြစ်နေပါတယ်။ မလှမ်းမကမ်းက ပင်လယ်ရေအောက် Meranthc Diaspora ရေသူထီး မျိုးနွယ်စုများရဲ့ နယ်မြေမလွတ်မကင်းထဲမှာ ဖောက်လုပ်ထားတဲ့ ရေငုတ်သင်္ဘောလမ်းကြောင်း အရှုတ်အထွေးကြောင့် အဆုံးမရှိတဲ့ ပင်လယ်ရေအောက် တိုက်ပွဲငယ်များဟာလည်း ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပါတယ်။ အဆိုပါ လူသားများ နဲ့ ရေသူထီး များအကြား အမှားမခံနိုင်တဲ့အခြေအနေမှာ ရေပိုင်နက်ကို ရယူဖို့အတွက် ကြိုးစားနေတဲ့ လူသားတွေရဲ့ တိုင်းပြည်ရေးအခြေအနေဟာ ရှုတ်ထွေးပြီး ပွင့်လင်းမြင်သာမှုမရှိဖြစ်နေတဲ့အတွက် ခန့်မှန်းရခက်တဲ့အခြေအနေဖြစ်နေပါတယ်။ အဆိုပါ အရှုတ်အထွေးရုန်းကန်မှုများကို စိတ်ကုန်လာတဲ့ Leviathan ဟာ သူ သစ္စာရှိတဲ့ တစ်ယောက်တည်းသော အသူတရာနတ်ဘုရား "ရေဘဝဲလက်ချောင်း Maelrawn" ဆီမှ ထွက်ခွာလာပါတော့တယ်။ အခုအချိန်မှာ Leviathan The Tidehunter ဟာ လူသားရော ရေသူထီးတွေရဲ့ အခြေအနေတွေကိုပါ သူ့လမ်းကြောင်းမှ ဘေးဖယ်ထားလိုက်ပြီး တစ်ချိန်က ရေနက်ပိုင်းတိုက်ပွဲတစ်ခုမှာ ကြုံတွေ့ခဲ့တဲ့ ရှုံးနိမ့်မှုကို ပြန်လည်ချေပဖို့အတွက် အပြင်းအထန်မုန်းတီးရတဲ့ ရေကြောင်းဗိုလ်ချူပ် "Kunkka" ကို ရှာဖွေဖို့အတွက် ရေမျက်နှာပြင်ပေါ်သို့ မာန်အပြည့်နဲ့လျှောက်လှမ်းလာပါတော့တယ်။

Overview

Initiator, Durable, Support Hero တစ်ကောင်ဖြစ်တဲ့ Tide ဟာ Battle ကိုအစပြုပေးနိုင်တဲ့ Ravage ကို Trademark Ability တစ်ခုအနေနဲ့ ပိုင်ဆိုင်ထားတာက အားသာချက်တစ်ခုဖြစ်ပါတယ်။ ရန်သူ့ရဲ့ Armor နဲ့ Movement Speed ကို Slow စေတဲ့ Gush ဟာ Stun Ability မဟုတ်ပေမယ့် တစ်ဖက်အသင်းရဲ့ ရန်သူတစ်ကောင်ကိုဖမ်းပေးဖို့အတွက် အထောက်အကူပြုစေပါတယ်။ Kraken Shell ကတော့ တစ်ခုတည်းသော Passive Ability ဖြစ်ပြီး အဓိကအားချက်ကတော့ သတ်မှတ်ထားတဲ့ Player Control Damage ပမာဏတစ်ခုကိုရောက်ခဲ့တိုင်း သူ့အပေါ်တင်ထားသမျှ Negative Buff တွေ အားလုံးကို အကုန်ရှင်းထုတ်ပေးနိုင်တဲ့အတွက် Tank Hero တွေချင်းအတူတူမှာတောင် ဘယ်သူနဲ့မှ မတူတဲ့ ထူးခြားချက်တစ်ခုလို့ ပြောလို့ရပါတယ်။ v6.72 မြေပုံကနေစပြီးတော့ သူ့ရဲ့ Anchor Smash ဟာ နှိပ်သုံးရတဲ့ Ability တစ်ခုအဖြစ်ပြောင်းလဲသွားပြီးတဲ့နောက်ပိုင်း 325 AoE ကနေ 400 AoE အထိ တိုးမြင့်လာခဲ့ပြီး အဆိုပါ AoE အတွင်းမှာရှိတဲ့ Base Damage ကို 60% လျော့ပေးတဲ့ သတ်ရောက်မှုတစ်ခုပါ တိုးလာခဲ့ပါတယ်။ Cooldown နည်းတဲ့ Anchor Smash ဟာ Farming အတွက်အပြင် Spamming Ability တစ်ခုအပြင် အသုံးပြုလို့ရတဲ့အတွက် Gush ထက်ပိုပြီး ဦးစားပေးသင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ Dota မှာရှိသမျှ ပုံမှန် AoE Aura အားလုံးနီးပါးက 900 AoE လို့ သတ်မှတ်ထားတဲ့အချိန်မှာ Ultimate Ravage ဟာ ထူးထူးခြားခြား 1025 AoE ရှိပါတယ်။ အဆိုပါ Ability (၄)ခုကို လေ့လာကြည့်ရင် Tide ဟာ အမှန်တကယ် Initiator တစ်ကောင်ဖြစ်ပါတယ်။ မမှီမကမ်း Slow ပြီး ဖမ်းပေးထားနိုင်မယ့် Gush၊ Spell ရော Physical Damage ဒဏ်ကိုပါ ခံနိုင်ရည်ရှိမယ့် Kraken Shell၊ Battle မစခင်ကတည်းက တစ်ဖက်အသင်းရဲ့ Physical Damage ကို အသင့်အတင့် လျှော့ပေးထားနိုင်မယ့် Anchor Smash နဲ့ တစ်ဖက်အသင်း တစ်သင်းလုံးကို ကသောင်းကနင်းဖြစ်စေမယ့် Ravage တို့ဟာ Tide ကို အမှန်အကန် Initiator တစ်ကောင်အဖြစ်သတ်မှတ်စေပါတယ်။

Abilities

Slow နှုန်း၊ Duration၊ Range၊ Cooldown နဲ့ Manacost တွေလုံးဝ မပြောင်းလဲပဲ Armor လျော့မယ့် ပမာဏ နဲ့ Damage သာ တက်လာမှာဖြစ်တဲ့ Gush ဟာ အစောပိုင်းများများတင်မထားလည်း ပြောင်းလဲမှုမရှိနိုင်ပါဘူး။ Damage မများရင်တောင် Team Fight တစ်ခုမှာ အထိုက်အလျှောက် Slow ပြီး ဖမ်းပေးထားနိုင်တဲ့အတွက် သူ့ထက် အရေးကြီးတဲ့ အခြား Ability ၂ ခုကို ဦးစားပေးအရင်တင်ပေးခြင်းအားဖြင့် Tide ကို ပိုအကျိုးရှိစေမှာဖြစ်ပါတယ်။

အခုနောက်ပိုင်း ကစားပွဲတွေမှာ Tide ကို Solo Offlane ပုံစံနဲ့ ကစားလာတာကို တွေ့ရပါတယ်။ အဆိုပါ ပုံစံအတိုင်းကစားခဲ့မယ်ဆိုရင် Tide ဟာ Tank Hero တစ်ကောင်ပုံစံအဖြစ်နဲ့ ကစားသင့်ပြီး သူ့ရဲ့ Kraken Shell ကို lvl 7 ရောက်တာနဲ့ ဂိတ်ဆုံးတင်ပေးရင် ပိုကောင်းပါတယ်။ နောက်ဆုံးအဆင့်မှာ 40 Damage Block ကို အချိန်တိုင်းရရှိနေမှာဖြစ်ပြီး Tide အပေါ်ကျရောက်လာတဲ့ Damage စုစုပေါင်း 450 ပြည့်တိုင်း ကိုယ့်မှာ ရှိသမျှ Negative Buff (Slow, Stun, Poison)
အစရှိတာတွေ အားလုံးကို ဖယ်ရှားပေးစေမှာဖြစ်ပါတယ်။ 40 Damage ဆို အလွန်များပြားတဲ့ ပမာဏတစ်ခုလို့ပြောပေမယ့် အဆိုပါ Damage Block ဟာ Magic Damage တွေကိုတော့ ကာကွယ်ပေးမှာမဟုတ်ပါဘူး။ အစောပိုင်း Solo Offlane မှာ 40 Physical Damage ဆိုတာဟာ သင့်ကို တိုက်ခိုက်မယ့် Hero Damage တိုင်းရဲ့ သုံးပုံပုံ နှစ်ပုံ လောက်ကို တောက်လျှောက်ကာကွယ်ပေးနေမယ့် သဘောဖြစ်တဲ့အပြင် Lane Creep တွေရဲ့ Damage တွေအားလုံးကလည်း Zero သာ သင့်အပေါ်သတ်ရောက်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်အသင်းက Tower ကို တိုက်ခိုက်မယ့် Hero ၃ ကောင်သာ မဟုတ်ခဲ့ဘူးဆိုရင် Kraken Shell ကို အများဆုံး တင်ပြီး သုံးမယ့် Tide ကို offlane မှာ အသုံးပြုနိုင်ပါတယ်။ 

Mana နည်းနည်း Cooldown နည်းနည်း နဲ့ အသုံးပြုနိုင်မယ့် Anchor Smash ဟာ အသုံးပြုခံရတဲ့ unit ရဲ့ Damage ကို 60% လျော့စေတဲ့အတွက် Creep wave တွေကို ရှင်းဖို့အတွက် အားသာချက်ရှိတဲ့ Ability တစ်ခုဖြစ်ပါတယ်။ Base Damage ပမာဏကို လျော့စေတာဖြစ်လို့ Physical Damage ကို အားကိုးပြီးတိုက်ခိုက်ရတဲ့ Ursa, Mortred ကဲ့သို့သော Hero များကို အထိုက်အလျောက် Counter လုပ်ပေးနိုင်မယ့် Ability လည်းဖြစ်ပါတယ်။ တစ်ဆင့်ယူလိုက်တိုင်း 75/125/175/225 Damage တိုးလာမှာဖြစ်တဲ့အပြင် Cooldown လည်းကျသွားမှာဖြစ်လို့ တတ်နိုင်သလောက်မြန်မြန်ယူသင့်တဲ့ Ability တစ်ခုလည်းဖြစ်ပါတယ်။ Anchor Smash ဟာ Hero, Summon Unit, Lane Creep, Neutral Creep နဲ့ Ancient Creep တွေအားလုံးကို Damage လျော့စေနိုင်ပေမယ့် Roshan ကိုတော့ Damage မလျော့စေနိုင်ပါဘူး။ 

1025 AoE ရှိတဲ့ Ravage ကတော့ 2.02/2.32/2.77 seconds AoE Stun လို့ပြောကြပေမယ့် လေထဲကို မြောက်သွားမယ့် အချိန် 0.52 seconds ကိုပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် စုစုပေါင်း အနေနဲ့ 2.54/2.84/3.39 seconds Stun စေမှာဖြစ်ပါတယ်။ 

Items Build

Ultimate ability Ravage ကို အတိအကျ အသုံးပြုနိုင်စေရန်ရည်ရွယ်ချက်နဲ့ Blink Dagger ကို တတ်နိုင်သလောက် ဖိနပ်စီးပြီးတာနဲ့ မြန်မြန်ရှာလေ့ရှိတာကိုတွေ့ရတတ်ပါတယ်။ ဥပမာအနေနဲ့ Magnus ရဲ့ Ultimate Reverse Polarity ကို အသုံးပြုတဲ့ အခါမျိုးမှာ တိကျဖို့အတွက် Dagger လိုအပ်တယ်ဆိုပေမယ့် အရမ်းကြီးမားတဲ့ AoE အကျယ်အဝန်း ကိုရရှိထားတဲ့ Ravage အနေနဲ့ Dagger မပါရင်တောင် အသုံးပြုရ လွယ်ကူတာကြောင့် 2150 gold နေရာမှာ Team Fight အတွက် အကျိုးရှိစေမယ့် Mekansm, Tank ပိုမို ပီသစေမယ့် Hood (သို့မဟုတ်) Pipe, Mana ပမာဏ ပြဿနာကို ဖြေရှင်းပေးမယ့် Arcane Boots တို့ကို Mid Game မတိုင်ခင်မှာ ရွေးချယ်နိုင်ပါတယ်။ အားသာချက် အများအပြားရှိတဲ့ Kraken Shell ကြောင့် Tank Hero ကို ပိုမို Tank ဖြစ်စေမယ့် Heart, Shiva Guard, Assault Cuirass တို့အပြင် AoE 1025 အတွင်းက ရန်သူအားလုံးကို 7 seconds ခန့် Stun ထားပေးဖို့ Refresher Orb + Dagger ကလည်း Late Game အရေးပါတဲ့ Item များအဖြစ်ထည့်စပ်ပေးနိုင်ပါတယ်။

Counters for Tide

Tidehutner အတွက် ထူးထူးခြားခြား Counter ဆိုပြီး သီးသန့်ပြောလို့မရပေမယ့် Rubick ကတော့ တစ်ဖက်အသင်းရဲ့ Tidehunter ကို စိတ်အနှောင့်အယှက်ပေးနိုင်တာတော့ သေချာပါတယ်။ Ravage အတွက် cast time ဟာ Rubick အတွက် သိပ်မခက်ခဲပဲ Spell Steal တဲ့အပြင် Stun, Slow Ability များထက် Magic Damage ပမာဏ အမြောက်အများပေးနိုင်တဲ့ Nuker များဟာလည်း Kraken Shell ရဲ့ Damage Block နဲ့ မဆိုင်တဲ့အတွက် အစောပိုင်း Tidehunter ကို Counter လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ Anchor Smash ရဲ့မလှမ်းမကမ်းကနေ Tide ကို တိုက်ခိုက်နိုင်တဲ့ Range Hitter များဖြစ်တဲ့ Drow ကဲ့သို့သော Hero မျိုးကို Counter အဖြစ် အသုံးပြုနိုင်ပါတယ်။ 

ဒီ Suggestion ကို ပြီးပြည့်စုံတဲ့ Suggestion လို့မဆိုလိုပါဘူး။ မိမိ ပိုင်နိုင်တဲ့ ကစားကွက်သာလျှင် မိမိအတွက်ကောင်းဆုံးဖြစ်ပါတယ်။ 

Burn With the Flame of YOUTH !!
yahooyeeha ©

(အပို သုံးသပ်ချက်)
(စမ်းဆော့ကြည့်ပါ။ ကျွန်တော်လည်း ဟိုးခေတ်ကတည်းက Tide လိုကောင်မျိုးကို ကိုင်လာတဲ့သူပါ။ ဒါမယ့် 6.80 နောက်ပိုင်းပြောင်းသွားကတည်းက lvl 7 မှာ Kraken Shell ကို ဂိတ်ဆုံးယူပြီး Dagger နေရာမှာ Mekansm + Boots of Speed ထည့်ပြီးဆော့ကြည့်ခဲ့ပါတယ်။ တကယ်လည်း အသုံးတည့်လို့ စမ်းဆော့ကြည့်စေချင်ပါတယ်။

ဒီလောက် Stun AoE အကြီးကြီး ရှိတဲ့အပြင် တခြား Support hero (Lion, Shaman) လိုမျိုး Disable Ability များများ မပါတဲ့အတွက် Dagger က သိပ်အရေးတကြီး မလိုတာတော့ အမှန်ပဲဗျ။

ဒီလို Menkasm ဆက်ထားတဲ့ Tank Hero ကြီးက ရှေ့ကနေ လမ်းလျှောက်ပြီး ပြေးတတ်လာရင် ဘယ် Hero မျိုးက အစောပိုင်း ယှဉ်ချရဲမှာလဲ။ ယှဉ်ချရင်လည်း Ravage ကို အလွယ်တကူသုံးလိုက်ယုံပါပဲ။
ဒါ့အပြင် အစောပိုင်းမှာ Dagger ခုန်ပြီး Ravage သုံးလည်း ကြာချိန် သိပ်မများတဲ့အပြင် AoE အကြီးကြီးကို တိကျအောင် သုံးဖို့ဆိုရင်တော့ ပိုက်ဆံဖြုန်းရာ ကျမယ် ထင်တာပဲ။

ဒါကြောင့် Dagger အစား Mekansm က ပိုအကျိုးရှိမယ်လို့ အကြံပြုတာဖြစပါတယ်။ Kraken Shell lvl 4 နဲ့ Mekansm ရဲ့ ကောင်းကျိုးကို ကိုယ်တိုင် စမ်းသပ်အသုံးပြုပြီး ဝေဖန် သုံးသပ်ကြရအောင်ဗျာ။  )

(ဒီဆောင်းပါးဟာ Internet Journal အတွဲ (၁၅) အမှတ် (၂၆) မှာပါဝင်တဲ့ ဆောင်းပါးကို ပြန်လည် ဖော်ပြထားခြင်းဖြစ်ပါတယ်။)

<< Leviathan The Tidehunter >>



EHOME, LGD နဲ့ MYM တို့ ရေပန်းစားခဲ့တဲ့ ခေတ်က Leviathan The Tidehunter ကို ကစားပွဲများမှာ မကြာခဏတွေ့ခဲ့ရပေမယ့် ခေတ်ပြောင်းလဲလာပြီး ကစားကွက်များတိုးတက်လာတာနဲ့အမျှ Tidehunter ကို ထည့်သွင်းအသုံးပြုမှု အနည်းငယ် လျော့ပါးသွားခဲ့ပါတယ်။ Dota Hero တွေအားလုံးထဲကမှ အကြီးဆုံး AoE Stun Ravage ကို ပိုင်ဆိုင်ထားတဲ့ Tidehunter ဟာ Carry Hero တစ်ကောင်မဟုတ်သလို ရွေးချယ်စရာ အသုံးပြုလို့ကောင်းတဲ့ Support Hero တွေ အမြောက်အများထဲမှာ

░░ >> 6 types of Damage << ░░



Dota ဟာ တိုက်ခိုက်ရေးကိုအသားပေးတဲ့ Game တစ်ခုဖြစ်တဲ့အတွက်ကြောင့် ကစားပွဲရဲ့ အဓိက အသက်ဟာ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ရင်းဖြစ်ပေါ်လာတဲ့ Damage တွေပဲဖြစ်ပါတယ်။ အဆိုပါ Damage တွေကို အကြမ်းဖျဉ်းအနေနဲ့ Phaysical Damage နဲ့ Magical Damage ဆိုပြီး ခွဲခြားထားပြီး မိမိ Hero ရဲ့ ပုံမှန် ခုတ်ချက်တိုင်းကို Physical Damage လို့ သတ်မှတ်ပြီးပုံမှန်ခုတ်ချက်မဟုတ်ပဲ Hero ရဲ့ Ability ကိုအသုံးပြုရာနေ ဖြစ်ပေါ်လာတဲ့ Damage ကိုတော့ Magic Damage လို့ ခွဲခြားသတ်မှတ်နိုင်ပါတယ်။ 

အသေးစိတ်အနေနဲ့တော့

(၁) Physical Damage
(၂) Magical Damage
(၃) Pure Damage
(၄) Composite Damage
(၅) Hp Removal
(၆) Universal Damage ဆိုပြီး စုစုပေါင်း Damage အမျိုးအစား (၆) မျိုး ခွဲခြားပြီး သတ်မှတ်ပေးထားပါတယ်။ Dota ပြိုင်ပွဲတိုင်းဟာ Captain Mode ကိုသာ တရားဝင် Game Mode တစ်ခုအနေနဲ့ ကစားကြတာဖြစ်တဲ့အတွက် အသင်းတစ်သင်းမှာ Spell Caster Hero တွေနဲ့ Physical Damage Hero တွေကို အသင်းရဲ့ Captain ဟာ စိတ်တိုင်းကျရွေးချယ် ပေါင်းစပ်ဖွဲ့စည်းပြီး တစ်ဖက်အသင်းနဲ့ တိုက်ခိုက် ကစားကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး ရွေးချယ်ပေးရတဲ့ အခြေအနေမျိုးမှာ တစ်ဖက်အသင်းက ဖွဲ့စည်းထားတဲ့ အသင်းရဲ့ Hero တွေကို Counter လုပ်ဖို့ စဉ်းစားတဲ့ နေရာမှာ ဟောဒီ Damage အမျိုးအစား (၆) မျိုးကိုလည်း ထည့်သွင်းစဉ်းစားပေးမယ်ဆိုရင် အထိုက်အလျှောက် အကျိုးရှိမှာ အသေအချာပါပဲ။ Damage အမျိုးအစား (၆) မျိုးကို ခွဲခြားသိရှိထားခြင်းအားဖြင့် သင့်ရဲ့ Dota အရည်အသွေးကို တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုပေးနိုင်မှာပါ။ 

Damage (၆) မျိုးအကြောင်းမှာ မပါမဖြစ် ပါဝင်တဲ့အချက်က အဆိုပါ Damage တွေကို ပြန်ကာကွယ်ပေးမယ့် Physical Damage Reduction, Magic Resistance နဲ့ Magic Immune တို့ပဲဖြစ်ပါတယ်။ Physical Damage Reduction ဆိုတာကတော့ မိမိပေါ်ကျရောက်လာမယ့် Physical Damage ကို လျော့ပေးမယ့် Armor နဲ့ Damage Block တွေကို ကိုယ်စားပြုပါတယ်။ Armor များရင်များသလောက် မိမိပေါ်သက်ရောက်မယ့် Phsyical Damage တွေဟာ နည်းသွားပါလိမ့်မယ်။ Magic Resistance ကတော့ Spell Damage ကို ပြန်လျော့ပေးမယ့် Resistance တွက်ချက်ပုံဖြစ်ပါတယ်။ Base Magic Resistance နဲ့ Hood, Pipe ကဲ့သို့ Item များကနေ Magic Resistance ကို ရရှိနိုင်ပါတယ်။ Magic Immune ကတော့ မိမိ Hero ပေါ်ကို Target Ability, AoE Ability တွေ မကျရောက်အောင် ၁ဝဝ% ကာကွယ်ပေးတဲ့ Positive Buff တစ်ခုဖြစ်ပါတယ်။ Magic Immune Unit တစ်ခုကို ယေဘုယျ Stun, Slow, Silent ကဲ့သို့ Debuff တွေ အသုံးပြုလို့မရသလို Magic Damage တွေကိုလည်း 0 Damage သာ သတ်ရောက်စေမှာဖြစ်ပါတယ်။ 
░░░░░░░░░░░░░░░░░░░░░

(၁) Physical Damage

(Armor- ထည့်တွက်၊ Magic Resistance-ထည့်မတွက်၊ Magic Immune-ထိုးဖောက်)

Physical Damage တိုင်းဟာ အတိုက်ခိုက်ခံရတဲ့ Unit ရဲ့ Armor ပမာဏ အနည်းအများပေါ်မူတည်ပြီး တိုးနိုင်လျော့နိုင်ပါတယ်။ Back Stab Damage (Nyx-Vendetta, Gondar-Shadow walk) အမျိုးအစားအားလုံးကို Physical Damage အဖြစ်သတ်မှတ်ပြီး Magic Resistance ပမာဏ ကို လုံးဝထည့်သွင်းမစဉ်းစားပါဘူး။ Magic Immune Unit တွေကို Physical Damage နဲ့တိုက်ခိုက်နိုင်ပေမယ့် Ethereal Unit (Ghost Scepter, Cripple) တွေကိုတော့ Damage သတ်ရောက်မှာမဟုတ်ပါဘူး။ နှိပ်သုံးရတဲ့ Ability တွေမှာလည်း Physical Damage သတ်ရောက်နိုင်တဲ့ ချွင်းချက် Ability တွေ ရှိပါတယ်။ Physical Damage Ability များအနေနဲ့ 
Exorcism (Death Prophet), 
Omnislash (Juggernaut), 
Quill Spray (Bristleback), 
Counter Helix (Axe), 
Death Ward (Witch Doctor) တို့ဟာ Physical Damage အမျိုးအစား Ability အချို့ပဲဖြစ်ပါတယ်။ 
░░░░░░░░░░░░░░░░░░░░░

(၂) Magic Damage

(Armor- ထည့်မတွက်၊ Magic Resistance- ထည့်တွက်၊ Magic Immune-မထိုးဖောက်)

Armor အနည်းအများကို မူတည်ခြင်းမရှိပဲ Unit ရဲ့ စုစုပေါင်း Magic Resistance နဲ့ ပြန်လည့်လျော့သွားနိုင်တဲ့ Damage အမျိုးအစားဖြစ်ပါတယ်။ Hood, Pipe, Grave's Keepercloak (Visage), Null Field (Rubick), Spell Shield (Anti-Mage) အစရှိတဲ့ Item နဲ့ Ability များဟာ Magic Resistance ကိုပေးတဲ့ Ability များဖြစ်ပါတယ်။ Ethereal Unit များအပေါ်မှာတော့ ပုံမှန် Damage ပမာဏထက် ၄ဝ% ပိုပြီး သတ်ရောက်နိုင်မယ့် Magic Damage ဟာ Bkb, Blade Fury, Rage, Repel အစရှိတဲ့ Magic Immune Ability များကိုတော့ 0 Damage သာ သတ်ရောက်စေနိုင်မှာဖြစ်ပါတယ်။ Magic Damage Ability အချို့ကတော့ 
Finger of Death (Lion), 
Crystal Nova (Crystal Maiden), 
Magic Missile (Vengiful Spirit) တို့ကဲ့သို့သော Ability များဖြစ်ပါတယ်။ 
░░░░░░░░░░░░░░░░░░░░░

(၃) Pure Damage

(Armor-ထည့်မတွက်၊ Magic Resistance-ထည့်မတွက်၊ Magic Immune-မထိုးဖောက်)
အတိုက်ခိုက်ခံရမယ့် Unit ဟာ Armor ဘယ်လောက်ရှိရှိ၊ Magic Resistance ဘယ်လောက်များများ ထည့်မစဉ်းစားပဲ Damage ပမာဏ အပြည့်အဝ ထိမယ့် Damage အမျိုးအစားကို Pure Damage ဆိုပြီး သတ်မှတ်ထားပါတယ်။ Dota 1 တုန်းက Piercing Damage လို့ ခေါ်ခဲ့ကြတဲ့ Pure Damage ဟာ Magic Immune Unit များအပေါ် အသုံးပြုလို့ မရပေမယ့် Ethereal Unit များအပေါ်တော့ ပုံမှန်အတိုင်း Damage သတ်ရောက်နိုင်စွမ်းရှိပါတယ်။ 
Kraken Shell (Tidehunter), Bristleback (Bristalback) နဲ့ Dispersion (Spectre) အစရှိတဲ့ Damage Block နဲ့ Damage Reduction Ability များကို ပုံမှန်အတိုင်း ဖောက်ပြီးထိနိုင်စွမ်းရှိတဲ့ Pure Damage Ability အချို့ကတော့ 
Laser (Tinker), 
Desolate (Spectre), 
Brain Sap (Bane), 
Arcane Orb (OD), 
Timber Chain/ Whirling Death/ Chakaram (Timbersaw), 
Mystic Snake (Medusa), 
Sunstrike (Invoker), 
Impetus (Enchantress), 
Meat Hook (Pudge), 
Purification (Omniknight), 
Mist Coil (Abaddon) နဲ့ Blade Mail တို့ပဲဖြစ်ပါတယ်။ 
Blade Mail ကတော့ မိမိပေါ်ကို ဘယ်လို Damage အမျိုးအစားပဲ သတ်ရောက်ပါစေ၊ Return Damage ပြန်ထိမယ့် Hero ကို Pure Damage အနေနဲ့ ပြန်လည်ထိစေမှာဖြစ်ပါတယ်။ 
░░░░░░░░░░░░░░░░░░░░░

(၄) Composite Damage

(Armor-ထည့်တွက်၊ Magic Resistance-ထည့်တွက်၊ Magic Immune-ထိုးဖောက်)

Magic Immune unit ကို ထိုးဖောက်ပြီး ထိနိုင်စွမ်းရှိပေမယ့် အဆိုပါ Damage ဟာ Armor, Magic Resistance တို့ကြောင့် Damage ပမာဏ ပြန်လည်လျော့သွားနိုင်ပါတယ်။ Magic Immune Unit ကို ထိုးဖောက်နိုင်စွမ်းရှိတဲ့အတွက်ကြောင့် အချို့သော Composite Damage များဟာ Tower, Seige Creep များအပေါ်သတ်ရောက်နိုင်စွမ်းရှိပါတယ်။ ဥပမာ အနေနဲ့ Diabolic Edict (Leshrac), Land Mines (Goblin Techies) တို့ဟာ Seige Unit ကို ထိုးဖောက်ထိနိုင်စွမ်းရှိတဲ့ Composite Damage Ability များဖြစ်ပါတယ်။ ဒါပေမယ့် Seige Unit ကို မထိနိုင်တဲ့ Composite Damage Ability များကတော့ 

Acid Spray (Alchemist), 
Wild Axe (Beast Master) နဲ့ Sucide Bombing (Goblin Techies) တို့ပဲဖြစ်ပါတယ်။ Lone Druid ရဲ့ Spirit Bear ကို သတ်လိုက်တဲ့အခါမှာ Lone Druid ကို ပြန်လည်ထိစေမယ့် Damage ဟာ Composite Damage အမျိုးအစားဖြစ်တာကြောင့် Bkb သုံးပြီး ရှောင်လွှဲလို့ မရနိုင်ပါဘူး။ 
░░░░░░░░░░░░░░░░░░░░░

(၅) Hp Removal

(Armor-ထည့်မတွက်၊ Magic Resistance-ထည့်မတွက်၊ Magic Immune-ထိုးဖောက်)

Dota မှာရှိသမျှ Damage အမျိုးအစားတွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရတဲ့ Hp Removal ကို ဘယ်လိုနည်းနဲ့မှ ရှောင်လွှဲလို့ မရနိုင်တဲ့ Damage အမျိုးအစားဖြစ်ပါတယ်။ အကြောင်းက အတိုက်ခိုက်ခံရတဲ့ Unit မှာ Armor, Magic Resistance ဘယ်လောက်များများ လုံးဝဂရုမစိုက်ပဲ Damage ထိမှာဖြစ်ပြီး Magic Immune ဖြစ်နေရင်တောင် ပုံမှန် ပမာဏအတိုင်း Damage ထိမှာဖြစ်ပါတယ်။ ဒါကြောင်ပဲ Bloodseeker ရဲ့ Ultimate Rapture ကို Hp Removal အဖြစ်ပြောင်းလဲပေးလိုက်တဲ့ v6.78 မြေပုံနောက်ပိုင်းမှာ ကစားသမားအချို့ဟာ Rapture အသုံးခံထားရချိန်မှာ BkB သုံးပြီး ထွက်ပြေးဖို့ ကြိုးစားလို့ သေကြရတာကို ရံဖန်ရံခါ တွေ့ရလေ့ရှိတာဖြစ်ပါတယ်။ Magic Immune Unit ကို အသုံးပြုလို့ရတဲ့ Sandar (Terrorblade) ဟာလည်း Hp Removal ပဲဖြစ်ပါတယ်။ ဒီလို အားသာချက်အရမ်းများတဲ့ Hp Removal ရဲ့ အဓိက အားနည်းချက်ကတော့ Damage ပမာဏ နည်းပါးလေ့ ရှိတဲ့အချက်ပဲဖြစ်ပါတယ်။ 

Nightmare (Bane), 
Wave of Terror (Vengiful),
Fatal Bonds (Warlock) နဲ့ Heartstopper Aura (Necrophos) တို့ဟာ Enemy ကို သုံးတဲ့ Hp Removal Ability များဖြစ်ပြီးတော့ မိမိရဲ့ Health Cost အဖြစ်သုံးရတဲ့ 
Icarus Dive/Fire Spirits/ Sun Ray (Phoenix), 
Burning Spear (Huskar), 
Overcharge (Io) နဲ့ Soul Ring, Armlet တို့ဟာ Self Hp Removal များပဲဖြစ်ပါတယ်။ 
░░░░░░░░░░░░░░░░░░░░░

(၆) Universal Damage

(Armor-ထည့်မတွက်၊ Magic Resistance-ထည့်တွက်၊ Magic Immune-ထိုးဖောက်)

v6.81 မြေပုံအပြောင်းအလဲမှာ လူပြောများခဲ့တဲ့ အချက်တစ်ခုကတော့ Lina ရဲ့ Laguna Blade ကို Aghanim's Scepter ဆက်လိုက်တဲ့အခါမှာရရှိမယ့် Magic Immune unit တွေကို ထိုးဖောက်ပြီး Damage သတ်ရောက်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါဟာ Lina ရဲ့ Laguna Blade ကို Magic အမျိုးအစားကနေ Universal အမျိုးအစားသို့ ပြောင်းလဲပေးလိုက်တာပဲဖြစ်ပါတယ်။ Universal Damage ဟာ Magic Immune Unit တွေကို ထိုးဖောက်ပြီးထိနိုင်ပေမယ့် အဆိုပါ Unit ရဲ့ Magic Resistance ကို ပြန်လည်တွက်ချက်ပြီးမှ Damage ထိမှာဖြစ်လို့ Damage ပမာဏ ပြန်လည်လျော့သွားနိုင်ပါတယ်။ 

လူကြိုက်များတဲ့ Ability တစ်ခုဖြစ်တဲ့ Doom (Doom) အပါအဝင် 
Midnight Pulse (Enigma), 
March of the machines (Tinker), 
Pulverize (Brewmaster - Earth Panda) တို့ဟာ Universal အမျိုးအစားများဖြစ်ပါတယ်။ Earthshaker ရဲ့ Echo Slam ဟာ ပထမဆုံး သတ်ရောက်မယ့် Initial Damage သာလျှင် Universal Damage အမျိုးအစားဖြစ်ပြီး Echo Damage များကတော့ Magic Damage အမျိုးအစားများဖြစ်ပါတယ်။ 

အထက်မှာ ဆွေးနွေးခဲ့တဲ့ Ability တွေဟာ လုံးဝအပြည့်အစုံမဟုတ်ပါဘူး။ လူကြိုက်များတဲ့ Ability အချို့ကို နှိုင်းယှဉ်ပြထားယုံသာဖြစ်ပြီး မိမိဘာသာ အဆိုပါ Damage (၆) မျိုးကို ခွဲခြားပြီးသိထားမယ်ဆိုရင် အဆင်ပြေမှာသေချာပါတယ်။ ဒီ Suggestion ကို ပြီးပြည့်စုံတဲ့ Suggestion လို့မဆိုလိုပါဘူး။ မိမိ ပိုင်နိုင်တဲ့ ကစားကွက်သာလျှင် မိမိအတွက်ကောင်းဆုံးဖြစ်ပါတယ်။

( ဒီဆောင်းပါးဟာ internet journal အတွဲ (၁၅) အမှတ် (၂၇) မှာဖော်ပြပီးဖြစ်ပါတယ်။ )

Burn With the Flame of YOUTH !!
yahooyeeha ©

░░ >> 6 types of Damage << ░░



Dota ဟာ တိုက်ခိုက်ရေးကိုအသားပေးတဲ့ Game တစ်ခုဖြစ်တဲ့အတွက်ကြောင့် ကစားပွဲရဲ့ အဓိက အသက်ဟာ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ရင်းဖြစ်ပေါ်လာတဲ့ Damage တွေပဲဖြစ်ပါတယ်။ အဆိုပါ Damage တွေကို အကြမ်းဖျဉ်းအနေနဲ့ Phaysical Damage နဲ့ Magical Damage ဆိုပြီး ခွဲခြားထားပြီး မိမိ Hero ရဲ့ ပုံမှန် ခုတ်ချက်တိုင်းကို Physical Damage လို့ သတ်မှတ်ပြီး

>>>>>> Rattletrap the Clockwerk <<<<<<



Dota ကစားပွဲတွေရဲ့ ခေတ်အဆက်ဆက်မှာ Changelogs များ၊ update များကြောင့် အားသာချက်ရှိရင် ရသလို ပွဲထုတ်ခံရတဲ့ Hero တွေနဲ့ ပွဲထဲမှာတောင် မမြင်ရတော့တဲ့ Hero တွေကြောင့် ပုံသေသပ်မှတ်လို့မရပဲ မတူညီတဲ့ ကစားကွက်တွေနဲ့ မတူညီတဲ့ Hero ရွေးချယ်မှုတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲလျက်ရှိပါတယ်။ အဲဒီလို အပြောင်းအလဲတွေ ဘယ်လောက်များများ Dota ခေတ်အဆက်ဆက်လူကြိုက်များပြီးလျက်ရှိပြီး အခြေအနေအရ မကြာခဏ ပွဲထုတ်ခံရလေ့ရှိတဲ့ Hero တွေထဲမှာ Rattletrap ဟာလည်း တစ်ကောင်အပါအဝင် ဖြစ်ပါတယ်။ Melee Strength Hero တစ်ကောင်ဖြစ်တဲ့ Clockwerk ကို Initiator နဲ့ Ganker ပုံစံနဲ့ ပွဲထုတ်ကစားကြပြီး များသောအားဖြင့် Offlane Hero တစ်ကောင် အဖြစ်လည်း မြင်တွေ့ရလေ့ရှိပါတယ်။ ပွဲအစမှာကတည်းက များပြားတဲ့ Base Movement Speed, Strength Grow, Agility Grow များကြောင့် Tanker တစ်ကောင် အနေနဲ့လည်း မြင်တွေ့ရလေ့ရှိတဲ့ Rattletrap ဟာ Ultimate Hookshot ကဲ့သို့ အကောင်းဆုံး Initiating Ability တစ်ခုကို ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် တစ်ဖက်အသင်းရဲ့ Support Hero ဒါမှမဟုတ် Safe Farm Carry Hero တွေ အတွက်တော့ ကြောက်စရာကောင်းတဲ့ Strength Initiator Hero တစ်ကောင်ပဲဖြစ်ပါတော့တယ်။ Clockwerk ကို Dota 2 beta မထုတ်လွှင့်ခင်က ရေးဆွဲခဲ့တဲ့ Model ပုံစံဟာ Sniper, Tinker တို့နဲ့ ပုံစံအနည်းငယ်ဆင်တူတဲ့ အသားအရေ ခရမ်းရောင်ရှိတဲ့ မျိုးနွယ်တူ လူသားတစ်ယောက်အနေနဲ့ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ့အချိန်က ရေးဆွဲခဲ့တဲ့ Model ပုံများအရ Clockwerk ဟာ စက်ကိရိယာတန်ဆာပလာတွေ ဝတ်ဆင်ထားတဲ့ ခန္ဓာကိုယ် သေးကွေးတဲ့ လူသားတစ်ယောက်အနေနဲ့ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ တကယ်တမ်း Dota 2 Beta ထွက်လာတဲ့အချိန်မှာတော့ Clockwerk ကို စက်ရုပ်ကလေးတစ်ရုပ်အဖြစ် ပြောင်းလဲပြီး ရေးဆွဲထားခဲ့တာကိုတွေ့ရပေမယ့် သူ့ကို ၁ဝဝ ရာခိုင်းနှုန်း စက်ရုပ်ဆိုတာထက် စက်ရုပ်တစ်ဝက် လူသားတစ်ဝက် နဲ့ ဖွဲ့စည်းထားတဲ့ Rattletrap the Clockwerk အဖြစ်နဲ့ မြင်တွေ့ရခြင်းဖြစ်ပါတယ်။ 

Background Story

Rattletrap ဟာ Sniper နဲ့ Tinker ကဲ့သို့သော သာမန်လူသားများထက် ညဏ်ရည်အဆင့်အတန်းမြင့်မားတဲ့ မျိုးတုံးပျောက်ကွယ်ခါနီး လူမျိုးစုတစ်စုမှ သေးကွေးတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ မျိုးနွယ်တစ်ခုမှ ဆင်းသက်လာသူတစ်ယောက်ဖြစ်ပါတယ်။ သူတို့မျိုးနွယ်ကတော့ စက်မှုပစ္စည်းတက်ဆင်မှု အပိုင်းမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ မျိုးနွယ်စုတစ်စုဖြစ်ပြီး Rattletrap ဟာ အဆိုပါ မျိုးနွယ်ထဲမှ နာမည်ကြီး စက်မှုပညာရှင်တစ်ဦးရဲ့ သားဖြစ်သူရဲ့ သား (မြေး) ဖြစ်ပါတယ်။ တောင်ကုန်းတောင်တန်း ဒေသများမှာ အစပျိုးကာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲများဟာ တစ်ဖြည်းဖြည်း ပျံ့ပွားလာခဲ့ပြီး သူတို့ နေထိုင်ရာ မြေပြန့်ဒေသမှာရှိတဲ့ အေးအေးချမ်းချမ်းနေထိုင်တဲ့ စက်မှုရွာကလေးရဲ့ ငြိမ်းချမ်းမှုကို ဖျက်စီးပစ်လိုက်တဲ့အချိန် ရောက်တဲ့အထိ Rattletrap ဟာ သူ့ရဲ့ ဖခင်ထံမှာ လက်မှုပညာကို အောက်ခြေသိမ်းလေ့လာနေတဲ့ သာမန် အလုပ်သင်ကလေး အဆင့်ပဲရှိပါသေးတယ်။ သေအံ့ဆဲဆဲဖြစ်နေတဲ့ သူ့ရဲ့ဖခင်ဟာ "မင်းဒီတစ်ခေါက်သင်ယူရမယ့် လက်မှုပညာ အသစ်က တိုက်ပွဲ ပဲသား" ဆိုတဲ့ အမှာစကားကိုပြောထားခဲ့ပြီးနောက် ဘိုးဘွား ဘီဘင် လက်ထက်ကတည်းက အခြေချနေထိုင်လာခဲ့တဲ့ အမြဲတမ်း မီးခိုးထူထပ်လျက်ရှိတဲ့ တောင်ကြားထဲက ရွာကလေးကို အပြီးအပိုင်စွန့်ခွာသွားခဲ့ပါတယ်။ 

ဖခင်ရဲ့ ရုပ်ကလာဒ်ကို သူတို့ရဲ့ ရွာကလေးမှာပဲ မြှုတ်နှံပြီးနောက် Rattletrap ဟာ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ပွဲအတွက် ပြင်ဆင်ထားတဲ့ ကမ္ဘာမှာ ဘယ်သူမှမမြင်ဖူးတဲ့ စက်ကိရိယာတွေနဲ့တပ်ဆင်ပြီး ခြေဆုံးခေါင်းဆုံးပြောင်းလဲလိုက်ပါတော့တယ်။ အခြားသော တိုင်းပြည်များက စစ်သည်တော်တွေရဲ့ ဝတ်ဆင်ထားတဲ့ သံကိုယ်ထည် သံချပ်ကာများနဲ့ အနည်းငယ်ဆင်တူတဲ့ ဖွဲ့စည်းတည်ဆောက်မှုမျိုးကို သူ့ရဲ့ သာလွန်တဲ့ ညဏ်ပညာနဲ့ ပေါင်းစပ်ပြီး ပြီးပြည့်စုံတဲ့ စစ်ဝတ်စုံ တစ်ခုကို ဖန်တီးလိုက်ပါတော့တယ်။ အခုတော့ Rattletrap ဟာ ကိရိယာ တန်ဆာပလာများနဲ့ တန်ဆာဆင်ထားတဲ့ သက်ရှိတစ်ယောက်ပဲ ဖြစ်ပါတယ်။ သေးကွေးသယောင်ထင်ရပေမယ့် တိကျတဲ့ ရလာဒ်ကောင်းကို ပေးစွမ်းနိုင်သော အလိုအလျှောက် မောင်းနှင်စွမ်းအားကို ပိုင်ဆိုင်ထားတဲ့အတွက် Rattletrap ဟာ ခြုံခိုတိုက်ခိုက်တဲ့နေရာမှာ အဖျက်စွမ်းအားကြီးမားတဲ့ တိုက်ပွဲဝင် စက်ရုပ်တစ်ရုပ်သဖွယ်ဖြစ်နေပါတယ်။ စစ်မက်ဖြစ်ပွားရာ ခေတ်ဆိုးကြီးမှာ ပေါ်ထွက်လာတဲ့ သေမင်းရဲ့အနုပညာဖန်တီးမှုတစ်ခုလို့ တင်စားခေါ်ဝေါ်ကြတဲ့ သူ့ရဲ့ စက်မှုလက်ရာဟာ အာရုံဦးမှာ အသစ်ထွက်ပေါ်လာတဲ့ ရှေ့တော်ပြေး စေတမန်တစ်ဦး ပဲဖြစ်ပါတော့တယ်။ ဒီခေတ်ဟာ ဘယ်သူ့ရဲ့ ခေတ် ဖြစ်ပါသလဲ ? ။ ဒီခေတ်ဟာ Clockwerk ရဲ့ ခေတ်ပဲ ဖြစ်ပါတယ်။ 

Overview

Clockwerk ဟာ တခြား Hero တွေလိုမျိုး Mid Lane, Offlane, Safe lane ဆိုပြီး မဖြစ်မနေ လမ်းရွေးချယ်နေစရာမလိုပဲ အခြေအနေအရ Flexible ကျကျ ဆော့ကစားနိုင်တဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ Melee Fight တစ်ခုကို အားသာစေတဲ့ Battery Assault ဟာ Mini Stun အချက်အရေအတွက် ၁၆ ချက်အထိ ဖြစ်ပေါ်နိုင်တဲ့အတွက် Clockwerk အနားကပ်သမျှ Hero တိုင်းအတွက် စိတ်အနှောင့်အယှက်ပေးနိုင်ပြီး အဆိုပါ Battery Assault ကို အပြည့်အဝ အကျိုးရှိစေဖို့ နဲ့ Enemy Hero တစ်ကောင်ကို အချိန်ကြာကြာ ဖမ်းထားနိုင်တဲ့ Power Cogs ရဲ့ ပထမအဆင့် ကြာချိန် ၅ စက္ကန့်ဟာ ပွဲအစောပိုင်းအတွက် အရမ်းကို များတဲ့ အချိန်အတိုင်းအတာ တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Power Cogs ဟာ disable ability တစ်ခုမဟုတ်ပေမယ့် နောက်ပြန်တွန်းနိုင်တဲ့ Hp နဲ့ Mana ကို Burn နိုင်တဲ့ အချက်က Channeling Ability တွေကိုပျက်စေနိုင်ပါတယ်။ လူကြိုက်များတဲ့ Ability တစ်ခုဖြစ်တဲ့ Rocket Flare ဟာ Global Range Abliity ဖြစ်တာကြောင့် Clockwerk ကို ရွေးချယ်ကစားတဲ့ အသင်းအနေနဲ့ Map Control ကို အပြည့်အဝရရှိစေပြီး များများယူတာနဲ့ အမျှ Cooldown 20/18/16/14 seconds ဆိုပြီး ကျသွားပြီး Damage ဟာလည်း 80/120/160/200 ဆိုပြီးတိုးလာမှာဖြစ်သလို အသုံးပြုဖို့ 50 Mana လိုအပ်ချက်ကတော့ မပြောင်းလဲပဲ ဒီအတိုင်းရှိနေပါလိမ့်မယ်။ Rocket Flare အသုံးပြုပြီး ရထားတဲ့ Vision နဲ့ တွဲဖက်ပြီး အသုံးပြုပေးရမယ့် Ultimate Hookshot ကတော့ Rattletrap ရဲ့ Ability တွေအားလုံးအတွက် အရေးအပါဆုံး သော့ချက်တစ်ခုပဲဖြစ်ပါတယ်။ Hookshot ထိအောင် အသုံးပြုနိုင်ခြင်းအားဖြင့် Battery Assasult နဲ့ Power Cogs ကို အခက်အခဲမရှိ သေသပ်စွာ အသုံးပြုနိုင်မှာဖြစ်လို့ Hookshot တစ်ခုပစ်ခါနီးတိုင်း တိကျသေချာမှ အသုံးပြုအရေးကြီးပါတယ်။ ဒီလို အရေးအကြီးဆုံး Disable Ability တစ်ခုကို စိတ်တိုင်းကျ အသုံးပြုနိုင်ဖို့ သူ့ရဲ့ များပြားလှတဲ့ Cooldown ပမာဏကို သိသိသာသာ လျော့သွားစေမယ့် Aghanim's Scepter ဟာ မဖြစ်မနေ ဆက်ပေးသင့်တဲ့ Core Item တစ်ခုပဲဖြစ်ပါတော့တယ်။ 

Abilties

0.7 seconds တိုင်းမှာ တစ်ချက် ပေါက်တဲ့ Battery Assault ဟာ 0.1 second mini stun ကို ဖြစ်ပေါ်စေပါတယ်။ AoE 275 အတွင်းမှာရှိတဲ့ Rattletrap နဲ့ အနီးဆုံး Unit တစ်ခုကို Random ရွေးချယ်ပြီးတစ်ချက်ချင်းဆီ ထိတာဖြစ်လို့ အသုံးပြုတဲ့အချိန်မှာ အနီးအနားမှာ Creep တွေ ရှိမနေဖို့တော့ လိုပါလိမ့်မယ်။ အကြောင်းက Battery Assault ရဲ့ တစ်ချက်ပေါက်တိုင်း ထိတဲ့ Damage ဟာ 15/35/55/75 Damage ဖြစ်လို့ စုစုပေါင်း ၁၆ ချက်အတွက် 240/560/880/1200 Damage အထိဖြစ်ပေါ်နိုင်ပါတယ်။ ဒါဟာ Ultimate မဟုတ်တဲ့ Ability တစ်ခုအနေနဲ့ များပြားတဲ့ Damage ပမာဏဖြစ်လို့ အသုံးပြုတိုင်းမှာ အကျိုးရှိရှိနဲ့ အလဟဿ မဖြစ်စေဖို့ လိုပါတယ်။ Manacost 75 ပဲရှိတဲ့ Battery Assault ဟာ အဆင့်မြှင့်တင်လိုက်တာနဲ့အမျှ Cooldown ဟာ 32/28/24/20 seconds ဆိုပြီး ကျသွားပါလိမ့်မယ်။ 

Manacost နည်းတဲ့ နောက်ထပ် Ability တစ်ခုဖြစ်တဲ့ Power Cogs ကတော့ အဆင့်တင်လိုက်လေလေ Duration 5/6/7/8 seconds ဆိုပြီး တိုးသွားမှာဖြစ်ပါတယ်။ Enemy တစ်ကောင်က Cog တစ်ခုကို ဖျက်ဆီးဖို့အတွက် 2/2/2/3 Attacks လိုအပ်မှာဖြစ်ပြီး အပြင်ဘက်ကနေ Cog ကို ဝင်တိုက်မိတဲ့ Enemy Hero တွေဟာ 0.84 second mini stun ဖြစ်မှာဖြစ်ပြီး 80/120/160/200 Hp နဲ့ Mana ကို Burn ပစ်လိုက်မှာဖြစ်ပါတယ်။ Power Cogs ဟာ Clockwerk ရဲ့ 210 AoE အနီးနားမှာရှိတဲ့ Unit တွေကို ခြံထဲဆွဲထည့်တာဖြစ်လို့ မိမိ ဖမ်းချင်တဲ့ ရန်သူရဲ့ အနီး 210 Distance အကွာအထိတောင် ရောက်အောင် သွားဖို့ လိုပါလိမ့်မယ်။ ဒီလိုရန်သူတစ်ကောင်ကို မိမိရဲ့ 210 AoE ထဲဝင်စေဖို့အတွက် Battery Assault နဲ့ Hookshot ကအထောက်အကူပေးပါလိမ့်မယ်။ Earthshaker ရဲ့ Fissure ကဲ့သို့ Range များများနဲ့ လမ်းတားလို့မရပေမယ့် Roshan ကုန်း အဆင်းအတက်နေရာများ၊ Jungle အဝင်အထွက်နေရာများနဲ့ Base အဆင်းအတက်နေရာများ ကဲ့သို့ လမ်းကျဉ်းများမှာ Cogs ကို အသုံးပြုခြင်းအားဖြင့် မိမိရဲ့ ရန်သူကို မိမိအနောက် လမ်းတားတဲ့ Ability တစ်ခုအဖြစ်အသုံးပြုလို့ရပါတယ်။

575 AoE ရှိပြီး 1500 Movement Speed နှုန်းနဲ့သွားတဲ့ Rocket Flare ကတော့ Global Range Ability တစ်ခုဖြစ်ပါတယ်။ Manacost 50 သာ ကုန်တဲ့အတွက် Farming နဲ့ Spamming လုပ်ရာမှာ အသုံးပြုလေ့ရှိပြီး အဓိကအသုံးပြုတဲ့အချက်ကတော့ Vision ဖော်ဖို့ အတွက်ဖြစ်ပါတယ်။ Rocket Flare သွားရာလမ်း 575 AoE တစ်လျှောက် ခဏတာ Vision ရရှိမှာဖြစ်တဲ့အပြင် တည်နေရာကိုရောက်ရှိတဲ့အခါမှာလည်း 600 AoE ရှိတဲ့ Flying Vision ကို 10 seconds အထိ ရရှိနေမှာဖြစ်ပါတယ်။ အဆိုပါ 10 seconds flying vision ဟာ Rocket Flare ကို ဘယ် နှစ်ဆင့်ယူထားယူထား ကြာချိန်အတူတူပဲဖြစ်ပြီး Clockwerk ကို အသုံးပြုတဲ့အသင်းရဲ့အားသာချက်ကတော့ တစ်ဖက်အသင်းသားတွေမြေပုံမှာပျောက်တိုင်း Roshan ကုန်းကို Rocket လှမ်းသုံးပြီး အချက်ပြလို့ရခြင်းပဲ ဖြစ်ပါတယ်။ 

Ultimate Hookshot ကတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း အရေးအကြီးဆုံး Ability တစ်ခုဖြစ်ပြီး AoE Stun ဖြစ်တဲ့အပြင် ခပ်လှမ်းလှမ်းကနေ Team Fight တစ်ခုကို အစပြုနိုင်ဖို့အတွက် 2000/2500/3000 ဆိုတဲ့ အကွာအဝေးအထိ Cast Range ရှိခြင်းပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ Dire Team ရဲ့ အပေါ်လမ်း 2nd Tower နဲ့ Mega Tower အကြားအကွာအဝေးဟာ 2947 Distance အကွာအဝေးရှိပြီး Dire Team အောက်လမ်းရဲ့ 1st Tower နဲ့ 2nd Tower ကြားအကွာအဝေးကတော့ 2000 Distance တိတိရှိပါတယ်။ အဲ့ဒီ့ အကွာအဝေးနှစ်ခုကို မျက်မှန်းနဲ့ မှတ်သားထားခြင်းအားဖြင့် မိမိ Clockwerk ရဲ့ ယူထားတဲ့ Hookshot level ဟာ ဘယ်လောက် အကွာအဝေးအထိ သုံးနိုင်သလဲဆိုတာကို ခန့်မှန်းတွက်ချက်လို့ရပါတယ်။ 1/1.5/2 seconds Stun ရှိပြီး 4000/5000/6000 Speed နှုန်းနဲ့ သွားတဲ့ Hookshot ဟာ Magic Immune Unit တွေကို Disable ဖြစ်စေနိုင်ပေမယ့် Damage တော့ သတ်ရောက်နိုင်မှာမဟုတ်ပါဘူး။ Clockwerk ရဲ့ Ultimate ကို အကျိုးပြုမယ့် Aghanim's Scepter သာဆက်ထားမယ်ဆိုရင် Cooldown 70/55/40 seconds ကနေ ပုံသေ 12 seconds အထိ ကျဆင်းသွားမှာဖြစ်တဲ့အပြင် Hook ထိသွားတဲ့နေရာကို တွက်ချက်တဲ့ AoE ဟာလည်း 125 AoE ကနေ 175 AoE အထိတိုးသွားမှာဖြစ်ပါတယ်။ Hookshot သွားတဲ့ လမ်းကြောင်းမှာ Ally Unit တွေ ရှိခဲ့မယ်ဆိုရင် အဆိုပါ Ally Unit ဆီကို ချိတ်သွားမှာဖြစ်ပြီး Stun နဲ့ Damage တော့ သတ်ရောက်မှာမဟုတ်ပဲ Neutral Creep တွေကိုသာ ချိတ်မိခဲ့မယ်ဆိုရင်တော့ မည်သည့်သတ်ရောက်မှုမျိုးမှ ရှိမှာမဟုတ်ပါဘူး။ 

Items

Hookshot + Battery Assault + Power Cogs Combo ကို အသုံးပြုပြီး တိုက်ခိုက်ရတဲ့ Clockwerk ဟာ Initiator တစ်ကောင်လို့ ပြောလို့ရပေမယ့် Enemy Team ကို ပထမဆုံး Battle ခေါ်ရမယ့် Hero ဖြစ်လို့ များသောအားဖြင့်ပြန်လည်တိုက်ခိုက်ခံရလေ့ရှိပါတယ်။ ဒါကြောင့် Initiator အပြင် Tank Hero ပါ ဖြစ်တဲ့ Clockwerk အနေနဲ့ Blade Mail ဟာ ဦးစားပေးဆက်သင့်တဲ့ Item တစ်ခုဖြစ်သလို Vanguard နဲ့ Hood ဟာလည်း ပွဲအခြေအနေအရ ရွေးချယ်နိုင်တဲ့ Item များဖြစ်ပါတယ်။ Ultimate Hookshot ရဲ့ Manacost ကလွဲရင် ကျန်တဲ့ Ability ၃ ခု စလုံးဟာ 100 မကျော်တဲ့ Manacost တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါကြောင့် Spamming Abilities တွေ အဖြစ်လုံလုံလောက်လောက် အသုံးပြုဖို့ Arcane Boots ကို အစောပိုင်း ရွေးချယ်တတ်ကြသလို Ganker ပုံစံနဲ့ဆော့မယ့် Rattletrap ကစားသမားတစ်ယောက်အနေနဲ့ Battery Assasult နဲ့ Power Cogs ကို လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့ Arcane Boots မထည့်ပဲ Phase Boots + Bottle ပုံစံနဲ့ဆော့တာကိုလည်း တွေ့ရတတ်ပါတယ်။ ဖိနပ်ရွေးချယ်မှုကိုတော့ မိမိနှစ်သက်တဲ့အတိုင်း Power Tread, Phase Boots, Arcane Boots အစရှိသဖြင့် ရွေးချယ်ကြတဲ့အတွက် ပုံသေတွက်ချက်လို့ မရပေမယ့် Aghanim's Scepter ကတော့ မဖြစ်မနေပါဝင်သင့်တဲ့ Core Item တစ်ခုအဖြစ် အကြံပြုချင်ပါတယ်။ အစောပိုင်း Mana ပမာဏ နည်းတဲ့ Clockwerk အတွက် Magic Stick ဟာ အခြေခံ Item တစ်ခုဖြစ်ပြီး Team Fight အတွက် အကျိုးရှိမယ့် Shiva Guard နဲ့ Durable လုပ်ဖို့အတွက် အသုံးဝင်မယ့် Heart တို့ကို အခြေအနေအရ ရွေးချယ် အသုံးပြုနိုင်ပါတယ်။ 
ယခင် Dota 1 ခေတ် Fog of War ပိတ်ထားတဲ့နေရာတွေကို Nature Prophet က အလွယ်တကူ Teleportation အသုံးပြုလို့မရတဲ့အတွက် Clockwerk ရဲ့ Rocket Flare ကို အသုံးပြုပြီး တစ်ဖက်အသင်းရဲ့ Fountain ကို Vision ရအောင် လုပ်ပြီးမှ Teleport ခုန်၊ Courier ကို သတ်တဲ့ ကစားကွက်က ခေတ်စားခဲ့သလို imbalance လည်း ဖြစ်တယ်လို့ လူပြောများခဲ့ပါတယ်။ ဒါကြောင့်ပဲ Courier တစ်ကောင်ဟာ Fountain Area အတွင်းမှာ ရှိနေတဲ့အချိန် Armor invulnerable ဖြစ်ရတဲ့အချက်ဟာ Clockwerk ကြောင့်လို့ ပြောရင်လည်း မမှားပါဘူး။ 

ဒီ Suggestion ကို ပြီးပြည့်စုံတဲ့ Suggestion လို့ မဆိုလိုပါဘူး။ ကစားပွဲနဲ့ မိမိအသင်းသားတွေ ရဲ့ အခြေအနေပေါ် မူတည်ပြီး အများကြီးပြောင်းလဲနိုင်တဲ့အချက်တွေရှိပါတယ်။ Professional Clockwerk Player အချို့က Dagger ကိုင်ပြီး ကစားပြတိုင်း မိမိလည်းလိုက်ပြီး Dagger ကိုင်ဆော့ရမယ်လို့ ပုံသေသတ်မှတ်ထားခြင်းမရှိပါဘူး။ DotA ကစားပွဲတစ်ပွဲရဲ့ အဓိက ဦးတည်ချက်ဟာ တစ်ဖက်အသင်းရဲ့ Ancient ကို ဖျက်ဆီးဖို့ပဲဖြစ်တဲ့အတွက်ကြောင့် မိမိနဲ့ အဆင်ပြေမယ့် မိမိရဲ့ ကိုယ်ပိုင်ကစားကွက်သာလျှင် အကောင်းဆုံးဖြစ်ပါတယ်။ 

Burn With the Flame of YOUTH !!
yahooyeeha ©

>>>>>> Rattletrap the Clockwerk <<<<<<



Dota ကစားပွဲတွေရဲ့ ခေတ်အဆက်ဆက်မှာ Changelogs များ၊ update များကြောင့် အားသာချက်ရှိရင် ရသလို ပွဲထုတ်ခံရတဲ့ Hero တွေနဲ့ ပွဲထဲမှာတောင် မမြင်ရတော့တဲ့ Hero တွေကြောင့် ပုံသေသပ်မှတ်လို့မရပဲ မတူညီတဲ့ ကစားကွက်တွေနဲ့ မတူညီတဲ့ Hero ရွေးချယ်မှုတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲလျက်ရှိပါတယ်။ အဲဒီလို အပြောင်းအလဲတွေ ဘယ်လောက်များများ Dota ခေတ်အဆက်ဆက်လူကြိုက်များပြီးလျက်ရှိပြီး အခြေအနေအရ မကြာခဏ ပွဲထုတ်ခံရလေ့ရှိတဲ့ Hero တွေထဲမှာ Rattletrap ဟာလည်း တစ်ကောင်အပါအဝင် ဖြစ်ပါတယ်။

~~~~~ Rhasta The Shadow Shaman ~~~~



လတ်တလောကမှ ကျင်းပပြီးစီးခဲ့တဲ့ The International Dota 2 Championship (TI4) ပြိုင်ပွဲကြီးမှာ အားလုံးသိကြတဲ့အတိုင်း Rat ကစားကွက်ရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Pusher Hero "Nature Prophet" ဟာ Main Event မှာ ၁၆ ပွဲတိတိ ပါဝင်ခဲ့လို့ ပထမ အများဆုံး လူစိတ်စားမှုခံရတဲ့ Hero တစ်ကောင်လို့ သတ်မှတ်ခံခဲ့ရသလိုပဲ Carry များထက်ပင်ကျော်လွန်ပြီး ဒုတိယအများဆုံး အရွေးချယ်ခံရတဲ့ Hero ကတော့ ၁၅ ပွဲတိတိပါဝင်ခဲ့တဲ့ Support Hero "Shadow Shaman" ပဲဖြစ်ပါတယ်။

၂ဝ၁၃ ခုနှစ်မှာတော့ Global နဲ့ Team Fight ကို လူကြိုက်များခဲ့တဲ့အတွက် Io, Chaos Knight, Batrider, Visage အစရှိတဲ့ Hero များရေပန်းစားခဲ့သလို ၂ဝ၁၄ ခုနှစ်ရဲ့ အကောင်းဆုံးနည်းဗျူဟာဖြစ်တဲ့ RAT ကစားကွက်ဟာ တစ်ဖက်အသင်းရဲ့ Tower ကို မြန်နိုင်သမျှ မြန်မြန်ယူခြင်းဖြင့် မိမိအသင်း တစ်သင်းစလုံးကို 200 Gold စီရရှိစေတဲ့အတွက် Pusher များမျက်နှာရခဲ့ပါတယ်။ Shadow Shaman ရဲ့ Mass Serpent Wards ရဲ့ မြွေအကောင်အရေအတွက်ကို (၈) ကောင်မှ (၁ဝ) ကောင်အထိ တိုးမြှင့်ပေးလိုက်တဲ့ v6.79 Changelog ကနေ စပြီး Disable Ability ၂ ခုတောင်ပါဝင်တဲ့ Shadow Shaman ဟာ Early Pusher များဖြစ်တဲ့ Chen နဲ့ Enchantress တို့ထက် ရေပန်းစားကာ အရွေးချယ်အခံရဆုံး Support Pusher Hero တစ်ကောင်အဖြစ် အဆင့်မြင့်တက်သွားပါတော့တယ်။ Disable Ability ၂ ခုရဲ့ စုစုပေါင်းကြာချိန်ဟာ အမြင့်ဆုံးအနေနဲ့ 3.5 + 5 = 8.5 Seconds အထိရှိတဲ့အတွက် Dota ထဲက ရှိသမျှ Hero အားလုံးထဲမှာ အများဆုံး Single Target Disable ကို ပိုင်ဆိုင်ထားတဲ့ Shadow Shaman ရဲ့ Rhasta ဆိုတဲ့နာမည်ဟာ Dota မှာရော Dota 2 မှာပါ အတူတူပဲ ဖြစ်နေခဲ့တဲ့အပြင် Persian ဘာသာစကားအရ Rhasta ဟာ "အမှန်တရား" သို့မဟုတ် "သွားရာလမ်း" ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။

Background Story

သွေးလွှမ်းတောင်ကုန်းမှာ မွေးဖွားခဲ့တဲ့ Rhasta ဟာ နယ်တကာလှည့်၍ လိမ်လည်ကာ အသက်မွေးဝမ်းကျောင်းပြုနေသူတစ်ယောက်က ကောက်ယူမွေးစားခြင်း မခံရမီ ဆာလောင်မွတ်သိပ်ငတ်ပြတ်နေသော လူငယ်လေး တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဆရာဖြစ်လာတဲ့ လူလိမ်ဟာ ကြေးအဿပြာ ၂ ပြားရရင် အနာဂတ်ကို ဟောပေးခြင်း၊ ၃ ပြားရရင် ဝက်များကို ဝှေးသင်းပေးခြင်းနဲ့ ကြေး ၅ ပြားအတွက် ကလေးငယ်များရဲ့ လိင်အင်္ဂါကိုဖြတ်တောက်ပေးတဲ့ အလုပ်မျိုးတွေ အထိ လုပ်ပေးရင်း အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်တဲ့အလျှောက် ပိုက်ဆံရရင်ရသလို သူ့ရဲ့ လက်စွဲတော် ပယောဂ စာအုပ်ရဲ့ စာမျက်နှာများကို လှန်ရင်း ရန်သူများကို ကျိန်စာတိုက်တဲ့ အလုပ်တွေကိုပါ လုပ်နိုင်စွမ်း ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ငတ်တစ်ခါ ပြတ်တလှည့်ဖြင့် တောင်တန်းဒေမှာ ကြီးပြင်းလာတဲ့ အရိုင်းအစိုင်းလူငယ်လေးဟာ ယခုအချိန်မှာတော့ နယ်လှည့်လူလိမ်ကြီးရဲ့ လက်ထောက်တစ်ယောက် အဖြစ်အပြင် နယ်လှည် ကုန်သွယ်ခဲ့တဲ့ ကုန်စည်များကို ကူညီသယ်ယူပေးရတဲ့ သူတစ်ယောက် ဖြစ်ခဲ့ပါတော့တယ်။ 

ခရီးသွား နှစ်ယောက်ဟာ ရောဂါထူပြောတဲ့ ဒေသပေါင်းမြောက်များစွာကို အတူတကွ ဖြတ်သန်းရင်း လိမ်လည်ရမယ့် လူများထက် ခြေတစ်လှမ်းသာအောင် ကြိုးစားလိမ်လည်ရင်း ဖြတ်သန်းခဲ့တဲ့ မြို့များမှာ ပျူငှာစွာ ကြိုဆိုခံရခြင်းများ များလာသောအခါမှာ ဆရာဟာ သူဟန်ဆောင်လိမ်လည် လုပ်ဆောင်ခဲ့တဲ့ အယောင်ဆောင် ပြကွက်များကို တပည့်ဖြစ်သူ Rhasta က တကယ့်ပညာရပ်များသဖွယ် အသုံးပြုနိုင်စွမ်းရှိလာတာကို သတိထားမိလာပါတော့တယ်။ ဆရာ့ဖြစ်သူအတွက်ကတော့ သူ့ရဲ့အုပ်ထိန်းမှုအောက်က တပည့်လေးဟာ ဖောက်သည်များ တန်ဖိုးထားတဲ့ အရာတစ်ခုဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ လူငယ်လေး Rhasta ဟာ လူအများရဲ့ ယုံကြည်မှုကို တဖြည်းဖြည်းရလာပြီး "Shadow Shaman" ဆိုတဲ့ ကိုယ်စားပြုနာမည် တွင်ခဲ့ပါတော့တယ်။ သူတို့ နှစ်ဦးဟာ တစ်မြို့ဝင် တစ်မြို့ထွက်ဖြင့် ခရီးသွားရင်း လိမ်လည်ကာ ပိုက်ဆံရှာရင်းနဲ့ပင် Shadow Shaman ဆိုတဲ့ အမည်နာမဟာ တစ်ဆထက် တစ်စ တိုးမြင့်လာပါတော့တယ်။ သို့ပေမယ့် သူတို့ ပြုခဲ့တဲ့ မကောင်းမှုတွေဟာ သူတို့ဆီကို တစ်ပါတ်ပြန်လည်လာခဲ့တဲ့ နေ့တစ်နေ့ကို အရောက်မှာတော့ တစ်ချိန်က သူတို့ လိမ်လည်မှုကို ခံခဲ့ရတဲ့ လူရမ်းကားတစ်စုရဲ့ အုပ်စုဖွဲ့ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံလိုက်ရပါတော့တယ်။ ဆရာဖြစ်သူ လူလိမ်ကြီး အသတ်ခံလိုက်ရတဲ့အချိန်မှာတော့ Rhasta ဟာ သူ့ဘဝတစ်လျှောက်လုံး ပထမဆုံးအကြိမ်အဖြစ် အောက်လမ်းမှော်ပညာများကို ထုတ်သုံးပြီး ချောင်းမြောင်းတိုက်ခိုက်သူများအားလုံးကို ပြန်လည် သတ်ဖြတ်လိုက်ပါတော့တယ်။ သူ့ရဲ့ ချစ်လှစွာသော ဆရာဖြစ်သူကို မြေမြုတ်သင်းကျို ပေးပြီးချိန်မှ စပြီး Rhasta The Shadow Shaman ဟာ သူ့အပေါ် နာကျင်အောင် ရန်စလာသူများအားလုံးကို သူ့ရဲ့ မိစ္ဆာစွမ်းအားများဖြင့် တုံ့ပြန်တိုက်ခိုက်ပါတော့တယ်။

Overview

Rhasta ရဲ့ Hero ဖွဲ့စည်းပုံအရ သူဟာ Mid Game မှာ အစွမ်းအပြနိုင်ဆုံး Hero တစ်ကောင်လို့ ပြောလို့ရတဲ့အပြင် အခြား Support Hero တွေထက် အားသာတဲ့အချက်ကတော့ ပွဲနောက်ပိုင်းအထိတောင် အသုံးဝင်တဲ့ Ability တွေနဲ့ ဖွဲ့စည်းထားတဲ့ အချက်ပဲဖြစ်ပါတယ်။ Inventory ၆ ကွက်အတွက် ရွေးချယ်စရာ Item အမြောက်အများရှိတဲ့အပြင် Nuker, Pusher, Ganker အစရှိတဲ့ Role တွေ အားလုံးကို Flexeble ကျကျ အသုံးပြုနိုင်ဖို့အတွက် Rhasta ကို ကိုင်တွယ်တဲ့ ကစားသမားဟာ အရေးအကြီးဆုံး ပစ်မှတ်၊ အချိန်ကိုက်လှုပ်ရှားမှု၊ Ability အသုံးပြုသင့်မပြုသင့် စတဲ့ အချက်တွေကို အချိန်တိုအတွင်းမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်ခဲ့မယ်ဆိုရင် Rhasta ဟာ တစ်ဖက်အသင်းကို အဓိက ချိန်းခြောက်နိုင်တဲ့ Hero တစ်ကောင်ဖြစ်စေမှာ အသေအချာပါပဲ။ Cooldown မများတဲ့ Ether Shock ဟာ Damage ပမာဏ များပြားတဲ့အပြင် အသုံးပြုရတာလွယ်ကူတဲ့အတွက်ကြောင့် အစောပိုင်း နားလည်မှုနဲ့ Item ရှာရမှာ အသုံးပြုနိုင်သလို တစ်ဖက် Hero ကို နှိမ်ထားနိုင်တဲ့ Nuke Ability တစ်ခုဖြစ်ပါတယ်။ ရန်သူကို Hex ပြောင်းလို့ရတဲ့ Ability ၃ မျိုးရှိတဲ့ထဲကမှ Rhasta ရဲ့ Hex ကတော့ ပုံသေအတိုင်းမပြောင်းလဲပဲ Cooldown နည်းတဲ့ အားသာချက်တွေကြောင့် အားနည်းချက်အနေနဲ့ အဆင့်နည်းနည်းပဲယူထားခဲ့မယ်ဆိုရင် Duration အရမ်းနည်းပါတယ်။ Dota မှာ Single Target ကိုအကြာဆုံး Disable Ability ၃ ခုထဲကမှ Rhasta ရဲ့ Shackles ဟာ တစ်ခုအပါအဝင်ဖြစ်ပြီး Channeling Ability တစ်ခုဖြစ်ပါတယ်။ Shackles ဟာ ပမာဏ မများပေမယ့်လည်း Damage Per Second အနည်းငယ်ပါ သတ်ရောက်နိုင်စွမ်းရှိလို့ Ganking တစ်ခုအတွက် အကောင်းဆုံး Ability တွေထဲက တစ်ခုဖြစ်ပါတယ်။ Rhasta ကို Pusher တစ်ကောင်အဖြစ် သတ်မှတ်စေတဲ့ Ultimate Mass Serpent Ward ဟာ Physical Piercing Damage နဲ့ တိုက်ခိုက်တဲ့ မြွေတိုင် (၁ဝ) တိုင်ကို ဆင့်ခေါ်လိုက်တာဖြစ်တဲ့အတွက် Tower, Building နဲ့ Siege Creep တွေကိုပါ တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ Piercing အမျိုးအစားဖြစ်တဲ့အတွက် Lane Creep တွေကို 150% Damage နဲ့ တိုက်ခိုက်နိုင်တဲ့အတွက် အရေးတကြီး လမ်းထိမ်းတဲ့နေရာမှာ အသုံးပြုလို့ ကောင်းတဲ့ Ability တစ်ခုဖြစ်ပါတယ်။ Ganker ခြင်းအတူတူမှာတောင် Initiate Ganker တစ်ကောင်ဖြစ်တဲ့ Shadow Shaman ဟာ Dagger ကဲ့သို့ ရုပ်တရက် ဝင်ရောက်ဖမ်းနိုင်တဲ့ Item လိုအပ်တဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ 

Abilities

500 Attack Range ပဲရှိတဲ့ Shadow Shaman ရဲ့ Ether Shock ကတော့ 600 Cast Range အထိ အသုံးပြုနိုင်ပြီး Hero နှိမ်ဖို့ အပြင် ပိုက်ဆံရှာတဲ့နေရာမှာလည်း အသုံးဝင်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ 140/200/260/320 Damage အထိသပ်ရောက်နိုင်တဲ့ Ether Shock ဟာ ပုံသေ Cooldown 8 Seconds ပဲ ရှိပြီး Shadow Shaman ရဲ့ မျက်နှာမူရာအရပ်ကို ကတော့ပုံစံ သတ်ရောက်တဲ့ Magical Damage Ability တစ်ခုဖြစ်ပါတယ်။ 1/3/5/7 units ဆိုပြီး အဆင့်တင်လေလေ သတ်ရောက်မယ့် Unit များလေလေ ဖြစ်တဲ့အပြင် တည်ပြီးသုံးတဲ့ Unit ရဲ့ အနောက်ဘက် 400 Distance အကွာ နဲ့ အရှေ့ဘက် 100 Distance အကွာအဝေး ၂ ခု အကြားက Units များကို ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ AoE တွက်ချက်ပုံမှာ ကတော့ပုံဖြစ်တဲ့အလျှောက် အစ AoE 200 နဲ့ အဆုံး AoE 300 ဆိုပြီး သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ အဆိုပါ အဆုံး AoE 300 ဟာ Target ရဲ့ အနောက် 400 Distance အကွာအဝေးထိ သတ်ရောက်နိုင်လို့ မိမိတွက်ချက်အသုံးပြုမှုပေါ်မူတည်ပြီး အကွာအဝေး 1000 Distance မှ Unit အထိ တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ Lvl 1 မှာ 140 Damage ပမာဏဟာ အလွန်များပြားတဲ့ Single Target Damage Ability တစ်ခုဖြစ်လို့ Lvl 7 အရောက်မှာ ဂိတ်ဆုံးတင်ပေးနိုင်လေ အတန်ဆုံးဖြစ်လေ ပါပဲ။ ဒါပေမယ့် 95/105/135/160 Mana ဆိုပြီး အသုံးပြုစားရိတ် များလာတဲ့အတွက် အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ 

Hex ဟာ ဒုတိယမြောက် Lvl အတင်ဆုံး Ability တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့အဓိက အချက်ကတော့ သူ့ရဲ့ Duration ပါပဲ။ Hex Ability ကိုအသုံးပြုနိုင်သော အခြား Hero တစ်ကောင်ဖြစ်တဲ့ Lion ကတော့ lvl ၁ ဆင့်မှာ 2.5 Seconds အထိ Duration ရှိတဲ့အတွက် တစ်ဆင့်ဆို ဆိုသလောက် အသုံးပြုရတာအဆင်ပြေနိုင်ပေမယ့် Rhasta ရဲ့ Hex ကတော့ ပထမအဆင့်မှာ 1.25 seconds သာ ကြာမြင့်မှာဖြစ်လို့ နည်းနည်းပဲ ယူထားခဲ့မယ်ဆိုရင် Target ကို ခဏလောက်သာ ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပိုယူလေလေ ကြာချိန်ဟာ 1.25/2/2.75/3.5 Seconds ဆိုပြီး မြင့်တက်လာသလို အသုံးပြုရမယ့် Mana ဟာလည်း 110/140/170/200 Mana ဆိုပြီး တိုးလာမှာဖြစ်ပါတယ်။ အသုံးပြုခံရတဲ့ Target ဟာ Hex ဖြစ်သွားချိန်မှာ Base Movement Speed ကို 100 အထိလျော့သွားစေတဲ့အပြင် Damage Block နဲ့ Evasion Effect များအားလုံးကို ဖျောက်ပေးထားမှာဖြစ်ပါတယ်။ Hex ရဲ့ တွက်ချက်မှုဟာ Base Movement Speed ကိုလျော့စေတာဖြစ်တဲ့အတွက် Boots of Speed စီးထားတဲ့ Target ဟာ 150 Movement Speed ရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ အခြားသော Movement Speed ကို တိုးစေတဲ့ Item နဲ့ Ability များဟာ Hex ပြောင်းထားချိန်မှာတောင် Hex unit ကို 100 MS ထက် ပိုများတဲ့ Movement Speed တွေ ဖြစ်ပေါ်စေနိုင်တာပဲ ဖြစ်ပါတယ်။ 

တစ်ဆင့်တည်းယူထားရင်တောင် Enemy Unit ကို 2.75 Seconds အထိ Disable လုပ်ထားနိုင်တဲ့ Shackles ဟာ Channeling Ability တစ်ခုဖြစ်ပါတယ်။ အဆင့်များများယူလေ ကြာချိန် 2.75/3.5/4.25/5 Seconds ဆိုပြီး တိုးလာမှာဖြစ်ပေမယ့် အသုံးပြုဖို့ Mana ကတော့ 110/130/155/185 Mana ဆိုပြီး တိုးလာမှာဖြစ်ပါတယ်။ 1 Second ကို 40 Damage နှုန်းနဲ့တိုက်ခိုက်မှာဖြစ်လို့ Shackles ဟာ 112/140/172/200 Damage ဆီလည်း သတ်ရောက်ဦးမှာဖြစ်ပါတယ်။ ပုံသေ Cooldown 16 Seconds ပဲ ရှိတဲ့ Shackles ကိုအသုံးပြုဖို့ မိမိကိုယ်တိုင် Disable ဖြစ်နေမှာဖြစ်ပေမယ့် Ganker တစ်ကောင်အတွက် lvl ၁ ဆင့်လောက်ယူထားရင်တောင် လုံလောက်တဲ့ အချိန်ကာလ တစ်ခုကို ပေးစွမ်းမှာဖြစ်ပါတယ်။ 

v6.79 Changelog ကစပြီး Rhasta ရဲ့ Ultimate Mass Serpent Ward ကို မြွေတိုင် (၈) တိုင်မှ (၁ဝ) တိုင်သို့ တိုးမြှင့်ပေးလိုက်တဲ့ အချိန်ကစပြီး Shadow Shaman ဟာ ယခင်က လူကြိုက်များတယ်ဆိုတာထက်ပိုပြီး လူလက်ခံတဲ့ Support Hero တစ်ကောင်ဖြစ်သွားပါတော့တယ်။ Mass Serpent Ward ဟာ 45 Seconds ကြာမြင့်ပြီး Cooldown 110 Seconds နဲ့ 550 Cast Range ရှိပါတယ်။ မြွေတိုင် တစ်တိုင်ဟာ ပျှမ်းမျှအားဖြင့် 43/58/73 Damage နဲ့တိုက်ခိုက်တာဖြစ်ပြီး 1.5 Seconds မှာ တစ်ချက်နှုန်းတိုက်ခိုက်တာဖြစ်လို့ ယခင် မြွေတိုင် (၈) တိုင်ဟာ တစ်ကြိမ်တိုက်ခိုက်တိုင်း 344/464/584 Damage ဆိုတဲ့ ပမာဏနဲ့ တိုက်ခိုက်ခဲ့ပေမယ့် ယခု (၁ဝ) တိုင်ဖြစ်ချိန်မှာတော့ 430/580/730 Damage ဆိုပြီး ကွာဟာသွားမှာဖြစ်လို့ TI4 အတွက် လူကြိုက်များတဲ့ Pusher တစ်ကောင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် Mass Serpent Ward ဟာ အဆောက်အဦးများကို တိုက်ခိုက်တာ မဟုတ်ခဲ့ရင်တော့ သူ့ရဲ့ Damage သတ်ရောက်မှုဟာ 150/200/220 AoE အတွင်းမှာ ရှိတဲ့ Unit အားလုံးအပေါ်ကို သတ်ရောက်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် သတ်ရောက်မယ့် အချိုးအစားကတော့ နောက်ဆုံးအဆင့်အတွက် 85 AoE မှာ 100% Damage ၊ 110 AoE မှာ 40% Damage နဲ့ 220 AoE မှာ 20% Damage ဆိုပြီး သတ်ရောက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တည်ပြီး အတိုက်ခိုက်ခံရတဲ့ Unit သာလျှင် Damage ကို အပြည့်အဝ ခံစားရမှာဖြစ်ပြီး သူ့အနီးတစ်ဝိုက်မှာတော့ ကိုယ်ယူထားတဲ့ Lvl အလိုက် Mini Damage များ အသီးသီးသတ်ရောက်စေမှာ ဖြစ်ပါတယ်။ Aghanim's Scepter ဆက်ခဲ့မယ်ဆိုရင်တော့ မြွေအရေအတွက်ကို တိုးစေမှာမဟုတ်ပဲ သူ့ရဲ့ Damage ကို ပျှမ်းမျှ 87/108/128 Damage ဆိုပြီးတိုးသွားစေမှာဖြစ်ပေမယ့် အသုံးပြုဖို့ လိုအပ်တဲ့ Mana ကုန်ကျစားရိတ်ကတော့ 200/350/600 ဆိုတဲ့အတိုင်း မပြောင်းလဲနိုင်ပါဘူး။ သူတို့ကို ချိုးမယ့် Enemy ဟာ 26~38 Gold နဲ့ 31 Experience ကိုရရှိမယ့်အချက်ကတော့ မြွေတိုင်တွေရဲ့ အဓိက အားနည်းချက်ဖြစ်ပါတယ်။ 

Items

Rhasta ရဲ့ Ability (၄) ခုစလုံးဟာ Mana ပမာဏ အမြောက်အများကုန်ကျစေတဲ့အတွက် Mana Regen နဲ့ Mana Capacity (Mana Pool) ကို မြင့်တက်စေတဲ့ Item တွေဖြစ်တဲ့ Aghanim's Scepter, Eul's Scepter of Divinity, Bloodstone, Shiva Guard, Guinsoo's Scythe of Vyse အစရှိတဲ့ အခြေအနေအရ ရွေးချယ်နိုင်တဲ့ Item အကုန်လုံး Shadow Shaman အတွက် သင့်တော်ပါတယ်။ Ganker တစ်ကောင်ဖြစ်တဲ့အတွက် သူ့ရဲ့ Core Item အနေနဲ့ Arcane Boots + Magic Stick + Blink Dagger ဟာ မရှိမဖြစ် လိုအပ်တဲ့ Item တွေဖြစ်ပါတယ်။ သင့်ရဲ့ Ganking Skill ကို ပိုမို မြင့်တက်စေဖို့ Force Staff ကိုလည်း ရွေးချယ်နိုင်သလို Rhasta အတွက် Mana Pool ရော Hp ကိုပါ တိုးစေမယ့် Rod of Atos ဟာလည်း အခြေအနေအရ ရွေးချယ်သင့်တဲ့ Item တစ်ခုဖြစ်ပါတယ်။ Pusher တိုင်းအတွက် Necronimicon ဟာ ထည့်စဉ်းစားပေးသင့်တယ်ဆိုပေမယ့် Shackles အသုံးပြုထားချိန်မှာ လှုပ်လို့မရတဲ့ Shadow Shaman အတွက်တော့ ကူညီတိုက်ခိုက်ပေးမယ့် မိစ္ဆာနှစ်ကောင်ကို ဆင့်ခေါ်ပေးနိုင်မှာဖြစ်သလို မြွေတိုင်ကြား ညှပ်ထားပေးဖို့ အလွယ်ကူဆုံး အကူအညီပေးမယ့် Eul's Scepter of Divinity ဟာလည်း အသုံးတည့်မယ့် Item တစ်ခုဖြစ်ပါလိမ့်မယ်။ Mass Serpent Ward ဟာ Physical Damage အမျိုးအစားဖြစ်လို့ သင်နှစ်သက်မယ်ဆိုရင်တော့ Mana Regen ကို အနည်းငယ်အထောက်အကူပေးပြီး ရန်သူကို Armor လျော့စေတဲ့ Metallion of Courage ကိုလည်း အစောပိုင်းရွေးချယ်ပြီး Gank နိုင်မှာဖြစ်ပါတယ်။ Ultimate ဟာ 600 Mana ကို ကုန်ကျမှာဖြစ်လို့ သင့်မှာ လုံလောက်တဲ့ Mana Pool ကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ Refresher Orb ဟာ သင့်ရဲ့ Tower ချိုးမယ့် အစွမ်းကို ၂ ဆတိုးစေမှာဖြစ်ပါတယ်။ ဒါပေမယ့် Shadow Shaman ဟာ Support Hero တစ်ကောင်ဖြစ်လို့ Observer Ward ထောင်ဖို့ကိုတော့ မေ့မထားသင့်တဲ့ အချက်တစ်ခုလို့ အကြံပြုချင်ပါတယ်။ 

ယခုနှစ် TI4 ရဲ့ ရလဒ်အရ Support Hero တွေအားလုံးရဲ့ထိပ်ဆုံးမှာ နေရာယူထားတဲ့ Rhasta The Shadow Shaman ဟာ သင့်ရဲ့ Favourite Hero တွေထဲက တစ်ကောင်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ Single Target Ability အများစုနဲ့ ဖွဲ့စည်းထားတဲ့ Ganker Rhasta ဟာ သင်အသုံးပြုတဲ့ Ability အစီအစဉ်ပေါ်ကို မူတည်ပြီး တစ်ဖက်အသင်းကို သတ်ရောက်မယ့် ရလဒ်တွေဟာလည်း ပြောင်းလဲသွားစေမှာဖြစ်ပါတယ်။ DotA ကစားပွဲတစ်ပွဲရဲ့ အဓိက ဦးတည်ချက်ဟာ တစ်ဖက်အသင်းရဲ့ Ancient ကို ဖျက်ဆီးဖို့ပဲဖြစ်တဲ့အတွက်ကြောင့် မိမိနဲ့ အဆင်ပြေမယ့် မိမိရဲ့ ကိုယ်ပိုင်ကစားကွက်သာလျှင် အကောင်းဆုံးဖြစ်ပါတယ်။ 

သင်ဒါကိုသိပါသလား။ 

English အဘိဓာန် မှာ မပါဝင်တဲ့ "Gank" ဆိုတဲ့ စကားလုံးဟာ Gang Kill = “အုပ်စုဖွဲ့၍ သတ်ဖြတ်ခြင်း” ဆိုတဲ့ စကားလုံးကနေ ဆင်းသပ်လာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပွဲအစောပိုင်းမှာ အုပ်စုဖွဲ့ပြီး တစ်ဖက်အသင်းနဲ့ အမြန်ဆုံး Battle ဆိုင်နိုင်တဲ့ Disable နဲ့ Damage Ability များကို အသုံးပြုနိုင်တဲ့ Hero များကို "Ganker" များဟု ခေါ်ဆိုရခြင်းဖြစ်ပါတယ်။

~~~~~ Rhasta The Shadow Shaman ~~~~



လတ်တလောကမှ ကျင်းပပြီးစီးခဲ့တဲ့ The International Dota 2 Championship (TI4) ပြိုင်ပွဲကြီးမှာ အားလုံးသိကြတဲ့အတိုင်း Rat ကစားကွက်ရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Pusher Hero "Nature Prophet" ဟာ Main Event မှာ ၁၆ ပွဲတိတိ ပါဝင်ခဲ့လို့ ပထမ အများဆုံး လူစိတ်စားမှုခံရတဲ့ Hero တစ်ကောင်လို့ သတ်မှတ်ခံခဲ့ရသလိုပဲ Carry များထက်ပင်ကျော်လွန်ပြီး ဒုတိယအများဆုံး အရွေးချယ်ခံရတဲ့ Hero ကတော့ ၁၅ ပွဲတိတိပါဝင်ခဲ့တဲ့ Support Hero "Shadow Shaman" ပဲဖြစ်ပါတယ်။

<<>> Puck tHe fAEriE DrAgON <<>>



ယခုနှစ် ကျင်းပပြီးစီးခဲ့တဲ့ TI4 ရဲ့ 1 vs 1 Solo Championship မှာတော့ Compendium Book User များ စီစစ်ရွေးချယ်ပေးခဲ့တဲ့ ကမ္ဘာ့ အကောင်းဆုံး Mid Player ၈ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ ပထမဆုကို ရရှိသွားခဲ့တဲ့ သူဟာ Alliance အသင်းက ကစားသမား "s4" ဖြစ်ပါတယ်လို့ပြောလိုက်တာနဲ့ လူအများရဲ့ စိတ်ထဲမှာ "ဒေါ်လာ ၁ သန်းတန် Dream Coil" ဆိုတာကို ချက်ချင်း မြင်ယောင်မိမှာ အသေအချာပါပဲ။
ပွဲအဆုံးအဖြတ်ပေးမယ့် စက္ကန့်မှာ s4 ရဲ့ Puck ဟာ တစ်ဖက်အသင်းရဲ့ Enigma အပြင် Portal ခုန်နေတဲ့ Dendi ရဲ့ Templar Assassin အပေါ်ကို အသုံးပြုခဲ့တဲ့ Dream Coil ဟာ ဒေါ်လာ ၁ သန်း အထိ တန်ဖိုး မြင့်မားစေခဲ့တာဖြစ်ပါတယ်။ Final အဆုံးအဖြတ်ပွဲပြီးပြီးချင်းမှာ အဆိုပါပွဲကို ပွဲသုံးသပ်ပေးသွားတဲ့ Bruno, Maelk, Merlini နဲ့ 2GD တို့ဟာ "s4" ရဲ့ Puck ကစားကွက်များကြောင့် Alliance အသင်းကို ချန်ပီယံဖြစ်စေခဲ့တယ်ဆိုပြီး တစ်ပြိုင်နက်တည်း ချီးမွမ်းပြောဆိုခဲ့တဲ့အထိ Puck ဟာ အရေးပါတဲ့ Hero တစ်ကောင်ဖြစ်ခဲ့ပါတယ်။ TI3 မှာ ဖြစ်ပေါ်ခဲ့တဲ့ မှတ်တမ်းဟောင်းတွေ ဆိုပေမယ့်လည်း Alliance အသင်း ပရိတ်သတ်များအတွက်တော့ ထာဝရ ဂုဏ်ယူစရာ ကောင်းတဲ့ အောင်မြင်မှုတစ်ခုအဖြစ် မှတ်တမ်းတင်နေဆဲပါပဲ။ Puck The Faerie Dragon ဟာ ယခုနှစ် TI4 ရဲ့ Main Event မှာ ၂ ပွဲသာပါဝင်ခဲ့ပေမယ့် လူကြိုက်များတဲ့၊ အထူးသဖြင့် မိမိရဲ့ skill ကို ဖော်ထုတ်ချင်တဲ့ ကစားသမားတွေ အထူးကြိုက်နှစ်သက်ပြီး မကြာခဏ မြင်တွေ့နေရတဲ့ Intelligence Initiator Hero တစ်ကောင်ဖြစ်ပါတယ်။

Background Story

Puck ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရတဲ့သူတိုင်းဟာ ချစ်စဖွယ် ရန်လိုတတ်တဲ့ ဂြိုလ်သားပေါက်စလေး လို့ ထင်ကောင်းထင်ရပါလိမ့်မယ်။ Faerie နဂါး မျိုးနွယ်ရဲ့ အကောင်ပေါက်ကလေးဟာ လောကမှာ မသတ်မှတ်ရသေးတဲ့ အချိန်ကာလအတွင်းမှာ ရှင်သန်နေထိုင်နေတဲ့ သက်ရှိ ဂြိုလ်သားပေါက်လေး ဖြစ်ပါတယ်။ Puck ဟာ သူ့ရဲ့ အရွယ်မရောက်သေးတဲ့ အကောင်ပေါက် ခန္ဓာကိုယ်လေးနဲ့ ရှင်သန်နေထိုင်လာခဲ့တာ ခုနှစ်သက္ကရာဇ် ထောင်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကလေးအကောင်ပေါက် ပုံစံလေးကနေ မပျောက်သေးတဲ့ Puck ဟာ လူသားတွေ လက်ရှိနေထိုင်နေတဲ့ မြို့တော်ကြီးတွေ ဖှုန်မှုန့်ဖြစ်ပြီး တစ်စစီ ပျောက်ကွယ်သွားမယ့် အနာဂတ်အချိန်ထိ သူ့ရဲ့ ယခု ခန္ဓာကိုယ်အတိုင်းပဲ ဆက်လက်ရှင်သန်နေထိုင်သွားမှာဖြစ်ပါတယ်။ သူ့ရဲ့ ချစ်စရာကောင်းပြီး ကြိုတင်ခန့်မှန်းရခက်တဲ့ ဖွဲ့စည်းပုံကြောင့် Puck The Faerie Dragon ရဲ့ အစွမ်းများဟာ အမှောင်ထုအတွက် ရပ်တည်မည်လား၊ အဆုံးမရှိတဲ့ ချစ်စဖွယ် အိပ်မက်တွေကို ခေါ်ဆောင်လာပေးမလားဆိုတာကတော့ ...... 

Overview

Solo Hero တစ်ကောင်ဖြစ်တဲ့ Puck ဟာ အခြား Solo hero တွေထက် အားသာတဲ့အချက်ကတော့ ပြေးလို့လွှားလို့ ကောင်းတဲ့ Ability ၂ ခုတောင် ပါဝင်နေတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ Mid Lane အပြင် Offlane မှာပါ မြင်တွေ့ရလေ့ရှိတဲ့ Puck ရဲ့ အဆိုပါ Ability ၂ ခုထဲကမှ ပထမ တစ်ခုကတော့ Puck ကိုအကွာအဝေးတစ်ခုအထိ ခေါ်ဆောင်ပေးနိုင်စွမ်းရှိတဲ့ Illusory Orb ပဲဖြစ်ပါတယ်။ 

Illusory Orb ဟာ အသင့်အတင့်ရှိတဲ့ Magic Damage ကြောင့် Nuke Spell တစ်ခုအနေနဲ့ အသုံးပြုလို့ရတဲ့အပြင် Orb အသုံးပြုထားတဲ့ ၃ စက္ကန့်အတွင်းမှာ Ethereal Junk ကိုသာ အသုံးပြုလိုက်မယ်ဆိုရင် Orb ရှိတဲ့ နေရာကို ရောက်သွားမှာဖြစ်တဲ့ အတွက် လက်တစ်လုံးခြား Trick အမြောက်အများကို ဖြစ်ပေါ်စေတဲ့ အားသာချက်ရှိပါတယ်။ ဥပမာ မိမိရဲ့ Puck သေခါနီးမှာ Orb ကို အသုံးပြုထားပြီး သေသေချင်းမှာ Buy Back ဝယ်ထွက်ပြီး Ethereal Junk ကို အသုံးပြုလိုက်မယ်ဆိုရင် မိမိရဲ့ Fountain ကနေ Orb ရှိရာကို ရောက်လာနိုင်စွမ်းရှိတဲ့အတွက် Battle တစ်ခုမှာ Immortal မပါဘဲ အသက် ၂ သက် အသုံးပြုနိုင်ခြင်း၊ မိမိအနောက်ကို Enemy တစ်ကောင်အလိုက်ခံရတဲ့အခါမျိုးမှာ Orb ကို တစ်ဖက်၊ Puck ကို တစ်ဖက်ထွက်ပြေးပြီး Enemy မလိုက်မယ့် လမ်းကြောင်းကို အလွယ်တကူ ရွေးပြီး ရှောင်ထွက်နိုင်ခြင်း အစရှိတဲ့ Trick အသေးစားလေးတွေကို Puck ကို ပိုင်နိုင်တဲ့ ကစားသမားတိုင်း ပြုလုပ်လေ့ရှိတာကို တွေ့ရတတ်ပါတယ်။ 

ကစားပွဲတစ်ပွဲရဲ့ Lvl လိုအပ်တဲ့ Hero အများစုဟာ Mid Lane မှာ တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင် တိုက်ခိုက်ကြတဲ့အခါတိုင်း Bottle ဝယ်ထားတဲ့ Hero က အားသာချက် အမြောက်အများရှိလေ့ရှိပါတယ်။ 
Ember Spirit ရဲ့ Ultimate Fire Remnant အရိပ်ကို ချထားခဲ့ပြီး Portal သုံး သွေးကန်ပြန် Bottle ဖြည့်ပြီး အရိပ်ရှိရာကို အလွယ်တကူ ပြန်လာနိုင်တဲ့ Mini Trick ဟာ Mid Lane, Offlane မှာ နေပြီးကစားရတဲ့ Hero တစ်ကောင်အတွက် လိုအပ်တဲ့ Mana ကို ဖြည့်တင်းပေးမယ့် Bottle ကို Courier မပါဘဲ ပြန်ဖြည့်ပေးနိုင်မယ့် Mini Trick တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Portal တစ်ရွက်တော့ အသုံးပြုရပါမယ်။ ဒါ့အပြင် Kunkka ရဲ့ X Mark The Spot ဟာ မိမိရဲ့ Ally ကို အသုံးပြုမယ်ဆိုရင် 2/4/6/8 Seconds ကြာမှာဖြစ်တဲ့အတွက် Mid Lane Bottle ကိုင်ပြီး ကစားတဲ့ Kunkka ကစားသမားအချို့အနေနဲ့ မိမိဘာသာ X Mark သုံး၊ Town Portal ခုန်ပြီး Fountain ပြန် Bottle ဖြည့်လို့ရတဲ့ Trick တစ်ခုဖြစ်လာပါတယ်။ ဒါဟာလည်း Town Portal တစ်ရွက်ကုန်ပါလိမ့်မယ်။ မိမိအသင်းမှာ မိမိကို Fountain ဆီသို့ ပြန်ပို့ပေးနိုင်မယ့် Chen သာပါလာခဲ့မယ်ဆိုရင် Puck The Faerie Dragon ဟာလည်း Ember Spirit နဲ့ Kunkka တို့လိုမျိုး Fountain ပြန်ပြီး Bottle ဖြည့်နိုင်စွမ်းရှိတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ Chen ရဲ့ Test of Faith ကို Puck အပေါ်ကို အသုံးပြုပေးလိုက်ပြီး Fountain ကို ပြန်ရောက်ခါနီးမှာ Illusory Orb ကို အသုံးပြုထားခဲ့ပြီး Fountain အရောက် Bottle လည်း ဖြည့်အပြီး ၃ စက္ကန့်အတွင်းမှာ Ethereal Junk ကို အသုံးပြုလိုက်မယ်ဆိုရင် မိမိရဲ့ Orb ရှိရာကို Bottle ဖြည့်ပြီး အလွယ်တကူ ပြန်ရောက်လာမှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ Test of Faith ရဲ့ Duration မိမိရဲ့ Status Bar ကနေ သေချာ ကြည့်ထားဖို့ လိုအပ်တဲ့အချက်ပါပဲ။ 

ပုံသေ Cooldown 12 seconds ရှိပြီး ပုံသေ Mana 150 ရှိတဲ့ Illusory Orb ဟာ 70/140/210/280 Damage ဆိုပြီး တက်လာမှာဖြစ်ပါတယ်။ ကျန်တဲ့အချက်တွေ ဘာမှ တိုးလာတာ မရှိပါဘူး။ ဒါကြောင့်ပဲ Orb ကို Nuke Ability တစ်ခုအနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ စောစောတင်သင့်ပေမယ့် မိမိဟာ Offlane Hero တစ်ကောင်အနေနဲ့ Dual Lane မှာ ထိန်းရမယ့် အခြေအနေမျိုးဆိုရင်တော့ အခြား Ability ၂ ခုကို ရွေးချယ်တင်နိုင်ပါတယ်။ အကွာအဝေး 1800 ကို 600 Movement Speed နှုန်းနဲ့ 3 seconds အတွင်းမှာ အရောက်သွားမှာဖြစ်တဲ့ အချက်ဟာ ပြောင်းလဲမသွားတဲ့ Illusory Orb ဟာ ပုံသေ 225 AoE ရှိတဲ့ Nuke Ability တစ်ခုဖြစ်ပါတယ်။

Dota 2 Hero ၁ဝ၇ ကောင်ရှိတဲ့အထဲမှာ Silence Ability ကို အသုံးပြုနိုင်တဲ့ Hero ဟာ စုစုပေါင်း ၁ဝ ကောင်သာ ရှိပါတယ်။ အဆိုပါ ၁ဝ ကောင်ထဲမှာ Waning Rift ကိုပိုင်ဆိုင်ထားတဲ့ Puck လည်း တစ်ကောင်အပါအဝင်ဖြစ်ပါတယ်။ Cast Time 0.1 second ပဲ ရှိတဲ့ Puck ဟာ တစ်ဖက်အသင်းရဲ့ Spell Caster တွေကို Silent ပိတ်ဖို့အတွက် Illusory Orb နဲ့ တွဲဖက်ပြီး အသုံးပြုနိုင်သလို ပိုမို တိကျအောင် အသုံးပြုနိုင်ဖို့အတွက် Blink Dagger နဲ့လည်း ရွေးချယ်အသုံးလေ့ရှိပါတယ်။ Cooldown ကတော့ ပုံသေ 16 seconds မပြောင်းလဲပေမယ့် များများယူလေ 100/110/120/130 Mana၊ 70/140/210/280 Damage နဲ့ 0.75/1.5/2.25/3.0 silent Duration တိုးသွားမှာဖြစ်လို့ မိမိရဲ့ ကစားကွက် အပေါ်မူတည်ပြီး အဆင့်တင်သင့်တဲ့ Ability ကောင်းတစ်ခုဖြစ်ပါတယ်။ 

Magic Immunity, Ghost Form အစရှိတဲ့ Positive Buff များနဲ့ ကိုယ့်အပေါ်ကျလာမယ့် Magical, Physical Damage အမျိုးမျိုးကို ကိုယ့်အပိုင်းနဲ့ ကိုယ်ရှောင်တိမ်းလို့ ရပေမယ့် Dota ထဲမှာရှိတဲ့ Damage အမျိုးအစား ၅ မျိုးဟာ သူ့ရဲ့ Resistance နဲ့သူ အားနည်းချက်ကလေးတွေ ရှိတဲ့အတွက် ၁ဝဝ% ကာကွယ်နိုင်စွမ်းမရှိပါဘူး။ Puck ရဲ့ Phase Shift ကတော့ မိမိရဲ့ အချိန်ကိုက် အသုံးပြုနိုင်စွမ်းပေါ်မူတည်ပြီး ရှိသမျှ Ability အားလုံးကို ခလုတ်တစ်ချက်နှိပ်ယုံနဲ့ အလွယ်ကူဆုံး ရှောင်တိမ်းနိုင်တဲ့ Ability ကောင်းတစ်ခုပဲဖြစ်ပါတယ်။ ပုံသေ Cooldown 6 seconds ရှိတယ်ဆိုပေမယ့် များများယူလေ ကြာချိန်ကတော့ 0.75/1.5/2.25/3.25 seconds ဆိုပြီး တိုးလာလေ ဖြစ်မှာပါ။ Skillful Player တွေ အနေနဲ့ သူတို့ရဲ့ ကျွမ်းကျင်မှုကို ဖော်ပြဖို့ အကောင်းဆုံးဖြစ်တဲ့၊ တစ်ဖက်အသင်းအတွက် အကြီးအကျယ် စိတ်အနှောင့်အယှက်ပေးတဲ့ Phase Shift ရဲ့ အဓိက အားနည်းချက်ကတော့ Shift ပြောင်းထားတဲ့ အချိန်မှာ တစ်ဖက်အသင်းဟာ Hero တစ်ကောင်ကောင် သေခဲ့မယ်ဆိုရင် Assist Gold ကိုရရှိမှာမဟုတ်သလို Urn Of Shadow ဆက်ထားခဲ့မယ်ဆိုရင်လည်း အဆိုပါ Urn of Shadow Charge တိုးလာမှာမဟုတ်ပါဘူး။ Puck အပေါ်ကိုကျလာမယ့် Ability အားလုံးကို ရှောင်တိမ်းနိုင်စွမ်းရှိပေမယ့် Puck ဟာ Ensnare (ပိုက်ကွန်) အအုတ်ခံထားရတဲ့အချိန်၊ Entangled (နွယ်) အချူပ် ခံထားရတဲ့ အချိန်တွေမှာတော့ Phase Shift ကို အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ထူးခြားချက် နောက်တစ်ခုကတော့ Silencer ရဲ့ Last Word အသုံးပြုခံထားရမယ်ဆိုရင် Phase Shift ကို အသုံးပြုခြင်းဖြင့် Last Word ရဲ့ Duration ကို ရပ်တန့်လို့ မရတဲ့ အချက်ပဲဖြစ်ပါတယ်။ 

Damage ပမာဏလည်း မများ၊ အသုံးခံရရင် Mini Stun လေးသာ ဖြစ်လို့ ကြောက်ဖို့ မကောင်းဘူးလို့ ထင်ရတဲ့ Puck ရဲ့ Ultimate Dream Coil ကတော့ စိတ်စနိုးစနောင့် အပေးနိုင်ဆုံး AoE Ultimate Ability တစ်ခုဖြစ်ပါတယ်။ Dream Coil အသုံးပြုလိုက်တဲ့ AoE 375 အတွင်းမှာရှိတဲ့ Enemy တွေဟာ ခြေချင်းခတ်ခံလိုက်ရတာနဲ့ ဆင်တူပါတယ်။ Dream Coil မှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမအပိုင်းက အသုံးပြုခံရခြင်းမှာ 0.5 second Stun နဲ့ 100/150/200 Damage ဆိုပြီး ဦးစွာထိပြီးနောက် အဆိုပါ Enemy Hero များကို Dream Coil ရဲ့ 6 seconds ကြာတဲ့ Negative Buff တစ်ခု တင်ထားလိုက်ပါတယ်။ အဆိုပါ Coil ထဲမှာ ရှိတဲ့ Enemy Hero များဟာ 6 seconds အတွင်းမှာ အပြင်ကို ထွက်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် Dream Coil ရဲ့ ဒုတိယအပိုင်း ဖြစ်တဲ့ Coil Break အပိုင်းကို ဆက်လက် ခံစားသွားရမှာဖြစ်ပါတယ်။ Coil ထဲက ထွက်ပြေးတဲ့ Hero ဟာ 1.5/2.25/3 seconds Stun နဲ့ 100/150/200 Damage ဆိုပြီး ထပ်မံ သတ်ရောက်ခံရပါမယ်။ Enemy တစ်ကောင်ဟာ အဆိုပါ ၂ ပိုင်းစလုံးနဲ့ တိုက်ခိုက်ခံရမယ်ဆိုရင် စုစုပေါင်း Stun ချိန်ဟာ တွက်ချက်ကြည့်ရင် 2/2.75/3.5 seconds Stun နဲ့ 200/300/400 Damage ဆိုတဲ့ ပမာဏအထိ Dream Coil က တိုက်ခိုက်နိုင်ပါလိမ့်မယ်။ ဒါဟာ Tidehunter ရဲ့ Cooldown များတဲ့ Ravage ရဲ့ သတ်ရောက်မှုထက် အဆပေါင်းများစွာ သာလွန်ပါတယ်။ အားနည်းချက်ကတော့ သူ့ရဲ့ အရမ်းသေးငယ်တဲ့ AoE ကြောင့် အသုံးပြုရတာ အနည်းငယ် ခက်ခဲခြင်းပဲဖြစ်ပါတယ်။ဒါကြောင့် Dream Coil မိသွားတဲ့ Hero တစ်ကောင်က အပြင်ထွက်ဖို့ ကြိုးစားမယ်ဆိုရင် ပိုမို အခြေအနေဆိုးသွားနိုင်တဲ့အတွက် 6 seconds လုံးလုံး Dream Coil ထဲကနေပဲ တိုက်ခိုက်ခွင့်ရှိတော့မှာဖြစ်ပါတယ်။ Battle တစ်ခုမှာ တစ်ဖက်အသင်းရဲ့ Hero တွေကို စိတ်ကြိုက်နေရာမရွေးချယ်နိုင်အောင် မြေကွက်အကျဉ်းလေး သတ်မှတ်ပေးလိုက်နိုင်စွမ်းရှိတဲ့ Ultimate Dream Coil ဟာ ပုံသေ Cooldown 85 seconds နဲ့ 100/150/200 Mana ကုန်ကျမှာ ဖြစ်ပြီး Aghanim's Scepter ထည့်မယ်ဆိုရင်တော့ Dream Coil ရဲ့ ကြာချိန်ကို 8 seconds အထိ တိုးသွားမှာဖြစ်ပြီး Coil Break အခြေအနေမှာ သတ်ရောက်မယ့် Damage ဟာလည်း 200/250/300 Damage ဆိုပြီး တိုးသွားမှာဖြစ်ပါတယ်။ 

Nuker တစ်ကောင်ဖြစ်တဲ့ Puck ဟာ Dagon ကို အစောပိုင်းရွေးချယ်ခဲ့မယ်ဆိုရင် Semi Carry တစ်ကောင်လိုမျိုး တစ်ဖက်အသင်းရဲ့ Hero များကို ချိန်းခြောက်နိုင်မှာဖြစ်သလို Dagger ကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင်တော့ ကြောက်ဖို့အကောင်းဆုံး Initiator တစ်ကောင် ဖြစ်သွားစေမှာပါ။ Dagger > Waning Rift > Illusory Orb > Dream Coil > Phase Shift > Ethereal Junk ဆိုတဲ့ Combo ကို ပိုင်ပိုင် နိုင်နိုင် အသုံးပြုနိုင်မယ်ဆိုရင် Puck ဟာ Battle တစ်ခုကို အန္တရာယ်ကင်းကင်းနဲ့ အစပြုပေးနိုင်မှာဖြစ်သလို တစ်ဖက်အသင်းကို ဒုက္ခအကြီးအကျယ်ပေးတဲ့ Super Intiator Hero တစ်ကောင်ဖြစ်စေမှာ အသေအချာပါပဲ။ အဆိုပါ အခြေအနေထက် Puck ကို ပိုမို လုံခြုံစေဖို့အတွက် Force Staff နဲ့ Eul's Scepter ဟာလည်း Skill ပြချင်တဲ့ ကစားသမားတွေကို အထောက်အကူပေးပါလိမ့်မယ်။ Nuker တစ်ကောင်ဖြစ်တဲ့ Puck ကို Tinker လိုမျိုး Carry Hero သဖွယ် ဆော့ကစားချင်ရင်တော့ Dagon + Ethereal Blade + Guinsoo's Scythe of Vyse ဟာလည်း Puck ကို Initiator ကနေ Carry Hero တစ်ကောင်လို သတ်မှတ်ပေးနိုင်ဖို့ အထောက်အကူပြုမှာ အသေအချာပါပဲ။

ဒီ Suggestion ကို ပြီးပြည့်စုံတဲ့ Suggestion လို့ မဆိုလိုပါဘူး။ မိမိရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး Faerie Dragon ရဲ့ အရည်အသွေးတွေဟာလည်း တိုးတက်သွားမှာဖြစ်ပြီး သင်အနှစ်သက်ဆုံး ကစားကွက်သာလျှင် တစ်ဖက်အသင်းရဲ့ Throne ကို ကျိုးအောင် ဆောင်ရွယ်ပေးမှာဖြစ်လို့ မိမိရဲ့ စိတ်ကြိုက်ကစားကွက် သာလျှင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Burn With the Flame of YOUTH !!
yahooyeeha

Followers