(Earth Spirit post ကိုpublic မလုပ်ခင် တက်နိုင်သလောက် ပြည့်ပြည့်စုံစုံလေးဖြစ်အောင်
လေ့လာရင်းနဲ့ပဲ Guide က ပြင်လိုက်ဖျက်လိုက် ဖြစ်နေပါတယ်...
ဒါကြောင့် ကြားဖြတ်အနေနဲ့ Visage အကြောင်းကို တင်လိုက်ခြင်းဖြစ်ပါတယ်...
post တစ်ခုတစ်ခု တင်ဖို့ အချိန်ကြာတဲ့အတွက်လည်း အားလုံးကို တောင်းပန်ပါတယ်ဗျာ )
Visage ရဲ့ spell တွေ အကြောင်းမပြောခင်Visage အကြောင်းလေး နည်းနည်းဆွေးနွေးချင်ပါတယ်..
EHOME တို့ ခေတ်တစ်ခေတ်ဖြစ်ခဲ့တဲ့ 6.67c ၀န်းကျင်တုန်းက
Visage ဟာ cm ban ဟီးရိုး တစ်ကောင်ဖြစ်ခဲ့ပါတယ် .. အဲ့အချိန်တုန်းက Visage ကိုcounter လုပ်ဖို့
အရမ်းခက်ခဲခဲ့ပါတယ်.. Visage + Juggernaut ပုံစံနဲ့ Tri တွေဟာ Pro ပွဲတွေမှာ မဟုတ်ခဲ့ပေမယ့်
နေရာအနှံလို အသုံးပြုခဲ့ကြတယ်.. အားလုံးသိတဲ့အတိုင်း Visage ကိုTanker တစ်ကောင်ပုံစံနဲ့ သုံးခဲ့တယ်
အစောပိုင်းမှာ ob ကြည့်လို့ရတဲ့အပြင် တစ်ဖက်အသင်းသားရဲ့ ထွက်ပြေးတဲ့ လမ်းကြောင်းကို
ultimate Familiars နဲ့ လိုက်ကြည့်ပြီး ဖမ်းထားနိုင်သေးတယ်...
Spell တွေ အပြင်းအထန်ခင်းပြီး Battle ဆိုင်တဲ့Chinese Players တွေကြားမှာ Soul Assumption က
အသုံးပြုလို့ အရမ်းကောင်းခဲ့ပါတယ်.. Movement Speed အပြင်Attack Speed ကိုပါ စုတ်ယူတဲ့
Grave Chill ဟာ တစ်ဖက်အသင်းရဲ့Fighter ကို ခြောက်လှန့်ခဲ့ပါတယ်..
ပြီးခဲ့တဲ့ ၂၀၁၂, ၂၀၁၃ အစောပိုင်းလောက်က Visage ဟာ ခေတ်တစ်ခေတ်ကုန်သွားခဲ့ပါတယ်. ဒါပေမယ့် သုံးလို့ ကောင်းနေဆဲပါ ..
မှတ်မှတ်သားသားအနေနဲ့ Soul Assumption ရဲ့ အစောပိုင်း Mana ကို မြှင့်လိုက်တဲ့အပြင် ..
သူ့ရဲ့ Familiars ကို သတ်ရင် ရမယ့် ပိုက်ဆံကို တိုးလိုက်တဲ့အချိန်က စပြီး
ခဏတာ လူကြိုက်နည်းသွားခဲ့ပါတယ်... ဒါပေမယ့် professional player တွေကြားထဲမှာ
Visage က ပုံမှန် ပွဲထွက် Hero တစ်ကောင်ဖြစ်နေဆဲပါပဲ ..
အကြောင်းက သူ့ကို ဘယ်လောက် လျှော့လျှော့ သူ့ရဲ့ အသုံးဝင်မှုကို လစ်လျှူရှူလို့ မရတဲ့အချက်ကြောင့်ပါပဲ...
တိုက်စစ်ဟာ အကောင်းဆုံး ခံစစ်ပါပဲ ....
Visage ကို ဘယ်လိုပဲ Counter လုပ်လို့ ရတယ်ဆိုပေမယ့်
Visage ရဲ့ Ability တွေဟာ တစ်ဖက်အသင်းပေါ်မှာ အကြီးအကျယ် ဒုက္ခပေးတဲ့အပြင်
Invoker, Geomancer လိုပါပဲ ... သုံးတတ်တဲ့ လူရဲ့ လက်ထဲရောက်သွားမှ အရည်အသွေးတက်မယ့် Hero မျိုးဖြစ်နေတာကြောင့်ပါပဲ ..
အခုအချိန်မှာ Visage ကိုcounter လုပ်ဖို့ Darkseer, Windrunner, Slardar ကဲ့သို့ ဟီးရိုးတွေ
ရှိတယ်ဆိုပေမယ့် လူကြိုက်များနေဆဲဖြစ်တဲ့
လက်ရှိ Visage ရဲ့ Spell တွေကို လေ့လာကြည့်ရအောင်...
Grave Chill
Cooldown = 10 seconds
Duration = 3/4/5/6 seconds
mana cost = 100
ဒီ spell က ရန်သူကို သုံးရတဲ့ Unit type Active spell ပါ ..
အားလုံးသိတဲ့အတိုင်း အသုံးခံရတဲ့ ရန်သူ hero ဟာMovement Speed 32 % ကျဆင်းသွားတယ်..
ဒါ့အပြင် Attack speed လဲ 64 ကျဆင်းသွားပါတယ်.. အဲ့ဒီ့ ကျဆင်းသွားတဲ့Moves speed နဲ့ Attacks peedကို
Visage က ရရှိသွားတာ ဖြစ်ပါတယ်.. Hyperstone တစ်လုံးရဲ့Attack speed ဟာ 55 ဖြစ်ပါတယ်.
ဒါကြောင့် Hyperstone တစ်တုံးထက် များတဲ့Attack speed ကို ရရှိတာ ဖြစ်ပါတယ်..
တစ်ဖက်က Hitter ရဲ့attack speed ကို စုတ်ယူပြီး ပြန်လည်တိုက်ခိုက်လို့ ကောင်းတဲ့အပြင် ..
Moves speed ကိုပါ စုတ်တဲ့အတွက် ဖမ်းလို့ ဆီးလို့လဲ ကောင်းပါတယ်..
(အခုချိန်မှာ Visage လမ်းကိုWindrunner, Darkseer လို့ အပြေးသန်တဲ့ကောင်တွေ နေလို့ ရသွားပါပီ..)
Grave Chill ကြောင့်Visage ဟာTanker အပြင်Hitter တစ်ကောင်လို့ ပါ သတ်မှတ်လို့ ရပါတယ်..
(ဒါကြောင့် Battle အလည်တည့်တည့် ၀င်ပြီးMjollnir နဲ့ ပစ်လိုက်ခတ်လို့ ကောင်းတာပေါ့ .. )
Soul Assumption
Cooldown = 4 seconds
Max Soul Charges = 3/4/5/6
Manacost = 170/160/150/140
Aoe = 1375
Duration = 6 seconds
Damage threshold = 110
ဒီ spell လဲ ရန်သူကို သုံးရတဲ့ Unit type Active spell ပါ ..
ဘာမှ မပြောခင် ဒီ spell ယူထားပြီးရင် Visage ရဲ့ခေါင်းပေါ်မှာ
Battle ဆိုင်တိုင်း အစိမ်းရောင် အချောင်းလေးတွေ ပေါ်လာတာ သတိထားမိမှာပါ ..
အဲ့ဒါ Soul Charges အရေအတွက် ကို ဖော်ပြတာဖြစ်ပါတယ်..
Aoe 1375 အတွင်းမှာ Enemy Hero တစ်ကောင်ကောင်ပေါ် ဖြစ်ဖြစ်
Ally Hero တစ်ကောင်ကောင်အပေါ်ကို ဖြစ်ဖြစ် Damage 110 သတ်ရောက်တိုင်း
Charge ၁ ခုတိုးလာပါတယ်..
သဘောက Aoe 1375 အတွင်းမှာ Battle ဖြစ်ပြီးDamage တွေ ဖြစ်ပေါ်နေတာနဲ့
Soul Charges တွေက ဆက်တိုက်တက်လာမယ့် သဘောပါပဲ ..
ဥပမာ... Visage ရဲ့ Aoe 1375 အတွင်းမှာ Battle ဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်
ချကုန်ပြီဆိုပါစို့ ...
အဲ့ဒီ့ Battle ထဲမှာ .. Slayer ကDragon Slave သုံးတယ်ပဲထားပါတော့ ..
Damgae 300 ဖြစ်သွားတော့ 110 x 2 = Damage 220 ဖိုး အတွက် Charge ၂ ခုတက်လာမှာပေါ့
အဲ့ဒါကြောင့် Battle ထဲမှာဆို Soul Charge တွေက ဆက်တိုက်တက်နေတာပေါ့ ..
ဒါဆိုCharge ဘယ်လိုတက်လဲဆိုတာ သိပြီဆိုတော့ Damage ဘယ်လိုထိလဲ လေ့လာမယ်..
( အခြေခံ Damage 20 + Charge တစ်ခုစီအတွက်Damage 65 )
ခေါင်းပေါ်မှာ Charge တစ်ခုရှိနေမယ်ဆိုရင် 20 + 65 = 85 Damage
Charge ၂ ခု ရှိနေမယ်ဆိုရင် 20 + (65 x 2) = 150 Damage
Charge ၃ ခု ရှိနေရင် 20 + (65 x 3) = 215 Damage
Charge ၄ ခု ဆိုရင် 20 + (65 x 4) = 280 Damage
Charge ၅ ခု ဆိုရင် 20 + (65 x 5) = 345 Damage
Charge ၆ ခု ဆိုရင်တော့ 20 + (65 x 6) = 410 Damage
Cooldown 4 second တည်းနဲ့ Magic Damage 410 ထိနိုင်တဲ့ Hero Kill spell တစ်ခုပါ ..
သိထားရမယ့်အချက်တွေကတော့ Hero player unit တွေနဲ့Roshan တို့ ကြောင့် ဖြစ်ပေါ်လာတဲ့
Damage တွေပေါ်ပဲ မူတည်ပြီး Damage ဖြစ်တာဖြစ်တဲ့အတွက်
Neutral Creep တွေနဲ့ Lane Creep တွေကြောင့် ဖြစ်တဲ့ Damage တွေက Soul Charges ကို
တက်လာစေမှာ မဟုတ်ပါဘူး .. Charge တစ်ခုစီတိုင်းဟာ ၆ စက္ကန့်အတွင်းမှာ အသုံးမပြုရင်
ပြန်ပျောက်သွားပါမယ်.. ဒါကြောင့် Battle လောလောလက်လက်ဆိုင်နေမှ သုံးဖို့ အဆင်ပြေမှာပါ ..
Speed ကတော့ 1000 နှုန်းနဲ့ သွားတာ ဖြစ်ပါတယ်....
Gravekeeper's Cloak
Recovery Time = 12/10/8/6 seconds
Effect per layer = 1 armor and 3% magic resistance
2 armor and 6% magic resistance
4 armor and 12% magic resistance
5 armor and 16% magic resistance
Visage ကို Tanker တစ်ကောင်လို့ သတ်မှတ်စေတဲ့ ဒီability ဟာ Passive type ဖြစ်ပါတယ်...
Visage ကို အလွှာ ၄ ခု နဲ့ ကာကွယ်ပေးထားတဲ့ သဘောဖြစ်တယ်....
အလွှာတစ်ခုချင်းဆီမှာ အပေါ်မှာ ပြထားတဲ့အတိုင်း ကြည့်ကြည့်မယ်ဆိုရင် ..
နောက်ဆုံး အဆင့်ကိုပဲ လေ့လာကြည့်မယ်ဆိုပါစို့ ..
အလွှာ ၁ ခုကို + 5 armor နဲ့ + 16% magic resistance ဆိုတော့ ..
အလွှာ ၄ ခုဆိုရင် + 20 armor နဲ့ + 64% magic resistance ဆိုတဲ့ သဘောပေါ့ ..
(magic resistance ကတော့ % နဲ့ တွက်ချက်ရတာဖြစ်လို့ အကြမ်းဖြင်း အဲ့လိုပဲ မှတ်ထားလိုက်ပါ)
ထူးခြားချက်တစ်ခုက Visage ကို ကာကွယ်ပေးထားတဲ့ အလွှာတွေဟာDamage 2 အထက်
ပိုထိခဲ့မယ်ဆိုရင် တစ်လွှာချင်းစီ ပျောက်သွားပါတယ်...
(အဲ့ဒီ့ Damage အမျိုးအစားကတော့ Hero type နဲ့ )
ဥပမာ ပထမဆုံးvisage ကို Lion ကFinger of Death နဲ့ ထိုးလိုက်ပီ ဆိုပါစို့ ..
Finger of Death ရဲ့Damage 850 ကို armor 20 နဲ့ magic resistance 64 % က ကာကွယ်လိုက်တယ်
ဒါကြောင့် Damage 850 မထိပဲ
850 ရဲ့ 64% = 544 Damage ကို ပထမ အလွှာက ကာကွယ်ပေးလိုက်တယ်
Damage 306 ပဲ ထိအောင်ကာကွယ်ပေးလိုက်တဲ့ ပထမအလွှာဟာ ကွာကျသွားပါတယ်...
ဒါဆိုVisage မှာ ၃ လွှာပဲ ကျန်တော့မှာပေါ့ ...
၃ လွှာဆိုတော့ + 15 armor နဲ့ magic resistance 48 % ပေါ့ ..
ဟုတ်ပီ .. ဒါဆို ၃ လွှာပဲ ကျန်တော့တဲ့ Visage ကိုMortred က Physical ခုတ်လိုက်တာ
Critical Damage 1000 အတိတက်သွားတယ်ဆိုပါစို့ ..
armor 15 ဆိုရင် Damage Reduction က 47% ရှိတဲ့အတွက် ...
အဲ့ဒီ့ 1000 ကို 47% လျော့ပေးလိုက်ပြီး ဒုတိယ အလွှာထပ်ကွဲသွားပါတယ်...
ဒါဆို ၂ လွှာပဲ ကျန်ပါတော့တယ်...
အဲဒီ့ သဘောအတိုင်းပါပဲ .. သူ့ရဲ့ Spell က စုစုပေါင်း ၄လွှာ ရှိပြီး
၁ လွှာချင်းဆီက သူ့ကို ကာကွယ်ပေးသွားတာပါ ..
အပေါ်မှာ ပြထားတဲ့ အတိုင်း Recovery time ဆိုတာကတော့ အလွှာ ၄ခု စလုံး ပြန်တက်လာဖို့
ကြာတဲ့အချိန်ကို ပြောထားတာဖြစ်ပါတယ်..
lvl ၄ ဆင့်ယူပြီးပီဆိုရင် နောက်ဆုံးအလွှာ ကွဲသွားပြီးလို့ နောက်ထပ် ၆စက္ကန့်မှာ
၎လွှာစလုံး ပြန်တက်လာမယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်...
ထူးခြားချက်တစ်ခုက Neutral Creep, Lane Creep, Tower, Roshan နဲ့ မိမိဘာသာ သတ်ရောက်တဲ့
Damage တွေကြောင့် အလွှာတွေ မကွာကျ နိုင်ပါဘူး ...
ရန်သူ Hero ကြောင့်ဖြစ်လာတဲ့ magic နဲ့physical damage ကြောင့်ပဲ အလွှာတွေ ကွာကျနိုင်ပါတယ်..
Summon Familiars
1/ Cooldown = 180/160/140 seconds
2/ Hp = 300/450/600
3/ Charge recovery = 8/14/22 bonus damage for every 15 seconds
4/ Maximun bonus Damage = 56/98/154 Damages
5/ Stone stun = 1/1.25/1.5 seconds
6/ Stone Damage = 60/100/140 magic damage
7/ movement speed = 380/390/400
8/ armor = 0/1/2 armor.
1/ Cooldown
အားလုံးသိတဲ့အတိုင်း တစ်ဆင့်ချင်းဆီရဲ့ Cooldown ကိုပြောတာပါ ...
2/ Hp
ဒီအဆင့်လဲ ရှင်းပါတယ်.. Familiars တစ်ကောင်ချင်းဆီရဲ့
ပထမအဆင့်မှာ Hp 300 /ဒုတိယအဆင့် Hp 450 နဲ့ /တတိယအဆင့် Hp 600 ကိုပြောတာဖြစ်ပါတယ်..
3/ Charge recovery
င်္Familiars တစ်ကောင်ချင်းဆီမှာ charge ၇ ခုဆီ ပါဝင်ပါတယ်...
နောက်ဆုံးအဆင့်နဲ့ ပြောရရင် ၁၅ စက္ကန့်တိုင်းမှာ Charge ၁ ခုဆီတိုးလာပါတယ်..
တစ်ခုကို Damage 22 နှုန်းနဲ့ အများဆုံးcharge ၇ ခု = 154 Damage တိုးလာပါမယ်..
(ဒါက Familiars ရဲ့Physical Damage ကိုကြည့်လိုက်ရင် 10-10 ဆိုတာလေးရဲ့ဘေးမှာ
အစိမ်းရောင်နဲ့ ပြထားတဲ့ တိုးနေတဲ့ Damage ကိုပြောတာ ဖြစ်ပါတယ်...)
Familiars တွေကPhysical တစ်ချက်ပစ်လိုက်တိုင်း charge ၁ ခုစီ လျော့သွားပါတယ်..
ဒါကြောင့် ပစ်လေ Damage နည်းသွားလေ ဖြစ်ရတာပေါ့ ...
အားလုံး ၇ ချက်လုံး ပစ်လိုက်ရင် Familiars တွေမှာDamage 10 ပဲ ကျန်တော့မှာပါ ..
Charge ၁ ခု ပြည့်ဖို့ ၁၅ စက္ကန့်နှုန်းနဲ့ ပြန်စောင့်ပေးရမှာပါ ....
ဒါကြောင့် တွက်ချက်ကြည့်မယ်ဆိုရင် lvl 3 Familiar တစ်ကောင်ရဲ့
charge ၇ ခုပြည့်နေတဲ့အချိန်မှာ ရှိမယ့် စုစုပေါင်း Damage က 686 Damage အထိ ရှိပါတယ်
၂ ကောင်ဆိုရင် 1372 Damage
၃ ကောင်ဆိုရင် 2058 Damage ဖြစ်လို့ အကောင်းမွန်ဆုံး Hitter, Pusher လိုလဲ သုံးနိုင်ပါသေးတယ်...
4/ Maximun bonus Damage
ဒါကတော့ အပေါ်မှာ ပြောထားတဲ့အတိုင်း Charge ၇ ခု ပြည့်နေတဲ့အခါမှာ အများဆုံးရှိနိုင်မယ့်
Damage ကို ပြောတာ ဖြစ်ပါတယ်...
5/ Stone stun
Familiars တွေရဲ့ Stone Form ပြောင်းလိုက်ရင် မြေကြီးပေါ် ကျပြီး အနားတစ်ဝိုက်က
ရန်သူ Hero တွေ Stun သွားတဲ့ ကြာချိန်ကိုပြောတာ ဖြစ်ပါတယ်..
Aoe ကတော့ 375 ရှိပြီးတော့ Cooldown က 30 Second ပါ ...
6/ Stone Damage
ကျောက်တုံးပြောင်းလိုက်တဲ့အချိန်မှာ Stun ယုံတင်မကပဲDamage လဲ ထိပါသေးတယ်..
7/ Movement speed
တစ်ဆင့်ဆီ ယူလိုက်တိုင်း Movement speed 10 ဆီတိုးလာတာကို တွေ့ရမှာပါ ...
8/ Armor
Armor လဲ 1 ဆီတိုးလာပါတယ်...
အရင်ကFamillars တွေဟာ magic resistance 96.25% ရှိခဲ့ပါတယ် ..
ှSpell Damage 1000 နဲ့တိုက်ခိုက်မှ 37.5 Damage ပဲ ထိမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်..
ဒါကြောင့် Familiars တွေကိုVengiful ရဲ့ magic Missile နဲ့ ပစ်လိုက်ရင်တောင်
သွေးမလျော့ပဲ Stun ယုံပဲ Stun သွားတာဟာ အရမ်းမြင့်မားတဲ့ magic resistacne ကြောင့်ပါ ..
ဒါပေမယ့် အဲ့ဒါတွေ မေ့လိုက်ပါ... အခုနောက်ဆုံး update မှာFamiliars တွေဟာ
Magic Immune ဖြစ်သွားပြီ ဆိုတဲ့အတွက်ဖြစ်ပါတယ်..
ဒါပေမယ့် ချွင်းချက်အနေနဲ့ (X-mark, Stampede, Paralyzing Cask, Weave,...)
လိုမျိုး ability တွေကိုတော့Familiars တွေက Hero unit အဖြစ်သတ်ရောက်တဲ့အချက် ရှိပါတယ်...
Aghanim's Scepter (အပြာချောင်း) ဆက်လိုက်ရင်တော့
စုစုပေါင်း Familiars ၃ ကောင်အထိ ခေါ်ယူနိုင်မှာပါ ... (^^)
>> Ability Build <<
------------------------------
1. Grave Chill
2. Soul Assumption
3. Gravekeeper's Cloak
4. Soul Assumption
5. Soul Assumption
6. Summon Familiars
7. Soul Assumption
8. Gravekeeper's Cloak
9. Gravekeeper's Cloak
10. Gravekeeper's Cloak
11. Summon Familiars
12. Grave Chill
ကျွန်တော်ကတော့ ဒီ Guide မှာ Grave Chill ကို တစ်ဆင့်ပဲယူဖို့ အကြံပြုချင်ပါတယ်...
အကြောင်းက Grave Chill ဟာ တစ်ဆင့်ပိုယူရင် ၁ စက္ကန့်ပဲ တိုးလာတာဖြစ်ပါတယ်...
cooldown တွေ manacost တွေ မကျသွားသလို
range တွေ slow ပမာဏတွေ တိုးလာတာလဲ မဟုတ်တဲ့အတွက်ဖြစ်ပါတယ်...
ကျွန်တော့်မှာ သတ်မှတ်ချက်တစ်ခုရှိပါတယ်...
lvl 6 မဟုတ်တဲ့ ability ၃ ခုကို lvl တင်တဲ့အခါမှာ အတန်ဆုံးability ကို lvl 7 မှာ ဂိတ်ဆုံးယူပါတယ်..
မတန်ဆုံး ability ကိုတော့ နောက်ဆုံးမှ တင်ပါတယ်... တကယ်လို့ ၃ ခုစလုံး တန်နေရင်တော့
မျှမျှတတ ယူပါတယ်.. (ဥပမာ - Bristle Back)
ဒါပေမယ့် ကိုယ်ဆော့နေတဲ့ စကားပွဲပေါ်မှာ မူတည်ပြီး ယူနိုင်မှသာ တကယ်အကျိုးရှိတဲ့ ရွေးချယ်မှု
ဖြစ်လာမှာပါ.. ဒီမှာဆွေးနွေးထားတဲ့ အကြံပြုချက်တွေက ခြုံငုံပြီး ပြောထားတာဖြစ်လို့
၁၀၀% သေချာတယ်လို့ မဆိုလိုပါဘူး (^^)
>> Item Build <<
(Early Game)
---------------------------
Caurier
Ironwood Branch x 3
Tango
Healing Salve
(Mid Game) [before 25 minutes]
---------------------------
Power Tread (or) Tranquil Boots
Magic Wand
Medallion of Courage
Mekansm
Urn of Shadow
(Late Game) [after 25 minutes]
---------------------------
Boots
Pipe of Insight
Orchid
Mekansm
Scythe of Vyse
Aghanim's Scepter
ဒီအပိုင်းမှာ Item Build အကြောင်းကို အနည်းငယ် ထပ်ဆွေးနွေးချင်ပါတယ်...
Visage ရဲ့ အဓိက role ကတော့support ပါ ..
ဒါပေမယ့် အခြေအနေနဲ့ ကစားနေတဲ့ ပွဲ အမျိုးအစားပေါ် မူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်
ဒါကြောင့် Late Game item build ကို အခြေအနေ တွေ ကွဲပြီး စဉ်းစားနိုင်ပါတယ်..
support ဆိုရင်တော့ Rod of Atos, Offering, Force Staff
Tank ဆိုရင် Shiva Guard, Black King Bar, Assult Cuirass
Carry ဆိုင်တော့ Desolator, Mjollnir, Eye of Skadi
ကြိုက်သလို ထည့်ပြီး ကစားကြတာ တွေ့ရတတ်ပါတယ်..
ဒါပေမယ့် Visage ရဲ့ အဓိက role ကတော့support ပဲဖြစ်တယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး...
support တစ်ကောင်လို ဆော့ခြင်းက သင့်အသင်းအတွက် ပိုပြီး အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်...
နောက်ဆုံးအကြံပြုချင်တဲ့အချက်ကတော့ သင်က Visage ကိုင်တော့မယ်လို့ ဆုံးဖြတ်ရင်
Aghanim Scepter ဆက်ပြီးFamiliars ၃ ကောင်ကို ကျကျနန ကိုင်တွယ်တက်အောင် လေ့ကျင့်စေချင်ပါတယ်...
Controll နိုင်နိုင် အသုံးပြုရမယ့် Dota Hero ဟာ များများစားစား မရှိတဲ့အပြင်
Pusher, Stunner, Observer, Hitter အနေနဲ့ အကုန်လုံး အသုံးချလို့ရတဲ့အတွက်ကြောင့်
ရရှိထားတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချဖို့ တိုက်တွန်းလိုပါတယ်... (^^)
ဒီ Guide ကို ပြီးပြည့်စုံတဲ့ Guide လို့ လုံးဝ (လုံးဝ) မဆိုလိုပါဘူး ...
အကြံပြုချက် သက်သက်ဖြစ်တဲ့အတွက် စဉ်းစားချင့်ချိန်ပြီး မိမိနှစ်သက်သလို ပြောင်းလဲ ကစားနိုင်ပါတယ်.... (^^)
ကမ္ဘာအနှံ့ အချိန်နေရာတိုင်းမှာ မတူညီတဲ့ ကစားပုံတွေ နဲ့ ကစားနေကြပါတယ်...
Suggestion တွေ Guide တွေ အမြောက်အများရှိနေပေမယ့် မိမိပိုင်နိုင်တဲ့ ကစားကွက်သာလျှင်
အကောင်းဆုံးနဲ့ အပြည့်စုံဆုံး ဖြစ်ပါတယ်.....
မြန်မာ player များ တိုးတက်ကြပါစေ....
Burn With the Flame of YOUTH !!
yahooyeeha ©
No comments:
Post a Comment