ဒီစာတမ်းက captian mode ကို နှစ်သက်ပြီး လက်ရှိ clan တစ်ခုကို ဦးဆောင်နေတဲ့ ကစားသမားတိုင်းအတွက် ရည်ရွယ်ထားတဲ့ Post တစ်ခုဖြစ်ပါတယ်... ပီးတော့
သိပြီးဖြစ်ရင်တောင် တစ်ချက်လောက်ဖတ်ပေးကြစေလိုပါတယ်.... ကျွန်တော်လဲ facebook က ညီအစ်ကိုတွေ အားလုံးအတွက် အနည်းငယ်လေးဖြစ်ဖြစ် အကျိုးရှိစေချင်တဲ့
ရည်ရွယ်ချက်နဲ့ လေ့လာပြီး တင်ပြလိုက်ရခြင်းဖြစ်ပါတယ်.... ဒီစာတမ်းမှာ ပါတဲ့အကြောင်းအရာတွေကို အားလုံးလဲ သိပီးသား ဖြစ်လောက်မှာပါ ....အချက်အလက်တွေကို
အကောင်းဆုံးလေ့လာရေးသားထားခြင်းဖြစ်ပီး ဆရာလုပ်ထားခြင်း မဟုတ်ကြောင်း ပြောလိုပါတယ်...အားလုံးလဲ ၀င်ဆွေးနွေးပေးကြစေလိုပါတယ်...ပီးတော့ အဆုံးထိလဲ
ဖတ်ပေးစေလိုပါတယ်... အာရုံစိုက်ပီးလဲ ဖတ်စေလိုပါတယ်...
အရင်ကလဲ ဒီစာတမ်းကို လေ့လာခဲ့တဲ့လူတွေလည်း အကျိုးရှိကြတယ်လို့ ပြောခဲ့ကြပါတယ်.....လုံးဝ အခြေခံ ကျတဲ့ လူတိုင်းသိတဲ့ အကြောင်းလေးတွေ ဖြစ်ပေမယ့် မသိမသာ နဲ့
ကျော်သွားမိတာ မျိုးမဖြစ်ရအောင် ကျွန်တော် အတက်နိုင်ဆုံး share လိုက်ခြင်းဖြစ်ပါတယ်....
စာပြီး ဖတ်ကြည့်ကြရအောင် ... (^^)
DotA ဂိမ်းကို အချိန်ပေးပီး မကစားနိုင်ပဲ အတွေ့အကြုံရှိတဲ့ captain mode Hero ရွေးချယ်သူ တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့....
အခုတင်ပြမယ့် အချက်အလက်တွေက သင့်အတွက် အကျိုးရှိပါလိမ့်မယ်....
Dota တစ်ပွဲအနိုင်ရဖို့အတွက် အရေးအကြီးဆုံး အချက် (၈)ချက် ရှိပါတယ်..
အဆိုပါ အချက (၈) ချက်မှာ Leader ကောင်းတစ်ယောက်ရရှိဖို့ က အရေးကြီးတဲ့ အချက်နံပါတ် ၂ ဖြစ်ပါတယ်..
Leaderများက သူတို့နဲ့ သတ်ဆိုင်တဲ့ ကလန်ရဲ့ အရေးအကြီးဆုံး ဗျူဟာနဲ့ တိုက်တွန်းပီး အရင်းခံတဲ့နေရာတွေ မှာ အလွန်အရေးကြီးသောသူများဖြစ်ပါတယ်..
hero ရွေးချယ်မှု ဟာ ကလန်တစ်ခုရဲ့ Leader အပေါ်မှာ အများကြီးသတ်ရောက်မှုရှိပါတယ်..
ကလန်သားများဟာ Leader ကို အကြံပေးလို့ရပေမယ့် Leader ဆိုသည်မှာ ဒိုတာ တစ်ပွဲအပေါ် ကြီးမားသော အမြင် ရှိသင့်ပီး
အဆိုပါ ပွဲကို မည်သည့် flow ဖြင့် ကစားရမည်ကို ကောင်းကောင်းသိသင့်သူဖြစ်ပါတယ်....
Leader များဟာ သူတို့ ထုတ်လိုက်သည့် hero များဖြင့် team အပေါ် ကြီးမားသော အကျိုးသတ်ရောက်မှု ရှိအောင် ရွေးချယ်သင့်သည့်အပြင်
မိမိရွေးချယ်ထားတဲ့ Hero ၅ ကောင်အပေါ် အပြည့်အ၀ တာဝန်ယူနိုင်ရပါမယ်....
ဒါ့အပြင် ပြိုင်ဘက်အသင်းကို ဘယ်လိုအခက်အခဲဖြစ်စေမယ် ဆိုတာကိုပါကြိုတင် တွက်ထားနိုင်သင့်ပါတယ်.....
ကျွန်တော်တို့ ဘယ်လို လုပ်ရမလဲ......?
ကျွန်တော်တို့ရဲ့ Leader ကို captain mode တစ်ပွဲ ကြုံတွေ့လာတဲ့အခါ မှာ ဘယ်လောက် အထိ ယုံကြည်မှု ရှိနိုင် မလဲ.....?
ကျွန်တော်တို့အတွက် Leader ကထုတ်ပေးလိုက်သောဟီးရိုး များဖြင့် ဒိုတာ တစ်ပွဲကို အလွယ်ဆုံးနည်းလမ်းဖြင့်အောင်မြင်နိုင်အောင် မည်သို့ လုပ်ရမလဲ.....?
သင်ကိုယ်တိုင် Leader တစ်ယောက် ဖြစ်နေခဲ့ရင် ဘယ်လို လုပ်မလဲ .... ??
အိုင်းစတိုင်းရဲ့ "အသိပညာထက် တွေးတောခြင်းက ပိုမိုထိရောက်သည်"ဟူသော စကားကို လက်စွဲကြည့်ကြပါစို့.........
Earthshaker ရဲ့ Fissure, enchant, aftrshock, echo slam အစရှိတဲ့ spell များကို ကျွန်တော်တို့ ကောင်းကောင်းသိကြပါတယ်.....
ဒါကြောင့် ကျွန်တော်တို့ရဲ့ စိတ်ကူးမှာ Kelen's Dagger of Escape ကို သုံးလျင် အဆင်ပြေမည်ကို သိကြပါတယ်...
ကျွနတော်တို့ရဲ့ စိတ်ကူးမှာတော့ Earthshaker ရဲ့ ရုတ်တရက် ၀င်ရောက်တိုက်ခိုက်ခြင်းများကို အသုံးပြုလျှင် တစ်ဖက် အသင်းတစ်သင်းလုံးအား
ရုန်းရင်းဆန်ခက် ဖြစ်အောင် လုပ်နိုင်သည်ကိုလည်း ကျွန်တော်တို့ တွေးမိကြပါတယ်....
ဒီလိုအခြေခံကျတဲ့အချက်ကို လူတိုင်းသိနားလည်ပြီး ဖြစ်ပါတယ်...
ဒါပေမယ့် စီစဉ်ထားတဲ့အတိုင်း အစဉ်တကျ ဖြစ်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်....
ဒါ့ကြောင့် ကွန်တော်တို့ဟာ အကောင်းမွန်ဆုံး တွေးတော နိုင်ရပါမယ်...
ဒါ့ကြောင့် ဟီးရိုးရွေးချယ်မှုဟာ အလွန် အရေးကြီးပါတယ်...
DotA သမိုင်း တစ်လျှောက်မှာ ဟီးရိုးရွေးချယ်မှု အကောင်းမွန်ဆုံးသူ များသာ အသင်း၏ ခေါင်းဆောင်များ Leader များဖြစ်ခဲ့ကြပါတယ်...
ကျွန်တော်တို့ ဘာ့ကြောင့်မလုပ်နိုင်ကြလဲ...?
ကျွန်တော်တို့ဟာ DotA ကို အပျော်သတ်သတ် ကစားနေကြတာဖြစ်ပါတယ်..
ကျွန်တော်တို့ဟာ DotA ကို သင်တန်းစာပို့ချသကဲ့သို့ မလေ့လာကြလို့ပါ...
တကယ်တော့ ကျွန်တော်တို့ဟာ hero များရဲ့ အစီအစဉ်နဲ့ မည်သို့ထိရောက်အောင်တိုက်မည်ကို အတွေ့အကြုံ များများရအောင်
အချိန်မပေးနိုင်ခဲ့တာလဲ ဆိုတဲ့အချက်ပါ ပါဝင်ပါတယ်..
အကောင်းဆုံး hero ရွေးချယ်သူဖြစ်ဖို့ အတွက် အကောင်းဆုံး ဖြတ်လမ်းကတော့ သင့်ရဲ့ တွေးတောခြင်းပါပဲ.....
"တွေးတောခြင်း"ကိုပြုလုပ်ဖို့ အတွက် အအောက်ပါ အချက်တွေ လိုအပ်ပါတယ်....
****************************************************
** **
၁။ ** Hero များ၏ ငုတ်လျှိုးနေသော စွမ်းရည်များ (Potentials of Heroes) **
** **
****************************************************
hero တစ်ကောင်ဟာ ရန်သူ့အသင်းဖက်သို့ မည်မျှ ဒုက္ခပေးနိုင်ကြောင်း သင်တွေးတောမိဖို့ လိုပါတယ်...
အဲ့ဒီ hero တွေရဲ့ အသုံးချနိုင်မယ့် စွမ်းရည်ကို သင် တွေးတော ဆင်ခြင်သုံးသပ် နိုင်ဖို့ လိုပါတယ်...
ဥပမာ အနေဖြင့် ...
Pugna (Oblivion) - ရန်သူလစ်ရင် လစ်သလို Push ကောင်းကောင်းလုပ်နိုင်တဲ့ Hero ပါ ...
Creep တွေနဲ့ Tower တွေကို တစ်ပြိုင်နက်ထက် တိုက်ခိုက်နိုင်လို့ ဖြစ်ပါတယ်...
Alchemist - သူကတော့ farming လုပ်နေချိန်မှာ သတ်ရန်ခက်ခဲတဲ့အပြင် Chemical Rage ရဲ့ Life Regenaration က
ကြောက်စရာကောင်းလောက်အောင် များတဲ့အတွက် အချိန်တိုအတွင်း မသတ်နိုင်ရင် သေဖို့ မလွယ်ပါဘူး ....
ထို့ကြောင့် သင်ဟာ hero တစ်ကောင်ချင်းစီရဲ့ အားနည်းချက် အားသာချက် များကို အသေးစိတ်တွေးတောထားသင့်တာပါ...
အကြောင်းမှာ....................
*တန်ပြန် ဟီးရိုးများ (Couter heros)* ဆိုသည့်အချက်ကို တွေးတောရန်လိုအပ်လာတာကြောင့် ဖြစ်ပါတယ်.....
********************************
** **
၂။ ** တန်ပြန် ဟီးရိုးများ (Counter Heros) **
** **
********************************
ဒီအဆင့်မှာတော့ သင်ဟာ မည်ကဲ့သို့သော hero များက သင့်အား ဒုက္ခပေးမည်ကို စဉ်းစားဖို့ လိုအပ်လာပြီ ...
အခုချိန်မှာ သင်ဟာ သင်၏ အသင်း၌ မည်ကဲ့သို့သော counter hero များ ပိုင်ဆိုင်ထားရန် လာအပ်လာကြောင်းကို စဉ်းစားရတော့မယ် ..
Punga ကဲ့သို့သော Pusher hero များက KOTL ကဲ့သို့သော lane defender hero ဖြင့် tower များကာကွယ်ရန် ရွေးယူထားဖို့ သင်စဉ်းစား မိနိုင်ပါတယ် ...
Alchemist ကဲ့သို့သော သတ္တ၀ါကြီးအတွက် late game တွင် Sladar ၏ ultimate ဖြင့် နုဖတ်သွားအောင် armor လျော့၍ တိုက်ခိုက်နိုင်ပါတယ် ....
ဘယ်လို Hero တွေကို ဘယ်လို နည်းနဲ့ counter မလဲကတော့ သင့်ရဲ့ စိတ်ကူးညဏ် ကွန့်မြူးနိုင်သလောက် အကျိုး ရှိပါလိမ့်မယ် ...
အချို့အချက်များက အကျိုးသတ်ရောက်မှု ရှိပြီး ..
အချို့အချက်များကတော့ ကျရှုံးပါလိမ့်မယ် ....
သင်၏ အစီအစဉ်များ မအောင်မြင်သဖြင့် စိတ်ဓါတ်မကျပါနဲ့ ...
အဲဒါက သင့်ကို အတွေ့အကြုံတစ်ခု ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ် ....
အကြောင်းကတော့ သင့် အစီအစဉ်၏ အားနည်းချက်ကို သင်ကိုယ်တိုင်တွေ့ရှိပြီး
ပိုကောင်းသော နည်းလမ်းကို စဉ်းစားခွင့်ရရှိပေလိမ့်မည် ....
ဒီ Suggestion က သင့်ကို Professional Dota Captain တစ်ယောက် ချက်ချင်းဖြစ်သွားအောင် သင်ကြားမပို့ချ ပေးနိုင်မှာ မဟုတ်ပါဘူး ...
ဒါပေမယ့် ....
Dota ပွဲပေါင်း အမြောက်အများကို ကိုယ်တိုင်အတွေ့အကြုံများ replay များအတွက်
အချိန်ပေးစရာမလိုပဲ experience ရရှိသွားစေပါလိမ့်မယ် ..
***************************
** **
၃။ ** လမ်းသတ်မှတ်ခြင်း (Laning) **
** **
****************************
လမ်းသတ်မှတ်ခြင်းကတော့ အလွန်တရာ အနှစ်သာရ ရှိ၍ ကျယ်ပြန့်ပါတယ် ...
သင့်ရဲ့ စိတ်ကူးညဏ်ကို အသုံးပြု၍ သင် သတ်မှတ်ပေးလိုက်သော lane ပေါ်တွင် မည်ကဲ့သို့ အနိုင်ယူရမည်ကို .... သင်ဆုံးဖြတ်ရပါလိမ့်မယ် ..
များသောအားဖြင့်တော့ ... lane တစ်ခုမှာ မည်ကဲ့သို့ တစ်ဖက်အသင်းအား ဖိနှိပ်နိုင်ရမည်ကို သင်စဉ်းစားဖို့ လိုပါလိမ့်မယ်...
တစ်ခါတစ်လေကြပြန်တော့လည်း သင်သတ်မှတ်လိုက်တဲ့ lane မှာ မသေအောင် မည်သို့ နေရမည်လဲ ဆိုတာကို စဉ်းစား ရပြန်တယ် ....
(Tri Lane နဲ့ ပတ်သတ်ပြီး ပိုပြီး ပြည့်ပြည့်စုံစုံ တိတိကျကျကို နောက်ထပ် Post တစ်ခုမှာ အသေးစိတ် ဆွေးနွေးပါဦးမယ် ... )
Undying,Crystal,Weaver စသော trilane က တစ်ဖက်အသင်းကို အလွန်တရာ ဖိနှိပ်နိုင်ပါတယ်...
weaver ရဲ့ swarm နဲ့ armor လျော့.. crystal ရဲ့ frost nova နဲ့ သွေးလျော့စေပြီး .. Undying ၏ zombie တွေရဲ့ Bloodlust နဲ့
တစ်ဖက်အသင်းရဲ့ ဖွဲ့စည်းပုံကို ဖရိုဖရဲ ဖြစ်စေနိုင်ပါတယ် ...
Warlock ,Faerie Dragon ,Windrunner အစရှိသော ဟီးရိုးများကတော့ တစ်ဖက်အသင်းရဲ့ trilane ကို မသေအောင်နေနိုင်သော hero များဖြစ်ပြန်တယ်..
solo lane ပင်ဖြစ်စေ ... tri lane ပင်ဖြစ်စေ ....
တစ်ဖက် အသင်း၏ counter hero များအကြောင်းကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာပြန်ပြီ...
Axe ,Venomancer ,dazzle ကဲ့သို့ သော hero များဖြင့် သင်၏ ရန်သူက ပွဲထုတ်လာပါက သင်ပုံသေတွက်ထားသောနည်းလမ်း...ထိခိုက်ပေတော့မည် ..
hero ၃ကောင်စလုံးမှာ hp များသဖြင့် undying ၏ bloodlust အနည်းငယ်ထိခိုက်စေပြီး ..
zombie များကြောင့် axe ၏ counter helix ပိုမို ဖြစ်ပေါ်စေမည် ...
venomancer ၏ poison ဖြင့် နှေးကွေးနေသော မိမိ ၏ hero များအား axe က အလွယ်တကူ berserker call နိုင်မည် ....
dazzle ရဲ့ healing wave ကြောင့် zombie တွေရဲ့ bloodlust အလွယ်တကူ မရနိုင်တော့ပါ.... (ကျွန်တော့်အကြိုက်ဆုံး ဟီးရိုးပါ ... )
စိတ်မပျက်ပါနဲ့ .....
အဲ့လို Axe, Dazzle, Venom team ကို
Morphing ,Lord of Avernus ,Lich သို့သော အတွဲ ဖြင့် ပြန်လည် အနိုင်ယူနိုင်ပါတယ်..
ဒါဆို အဲ့ဒီ့ Morphling အတွဲကို ဘယ်လို အတွဲနဲ့ အနိုင်ပြန်ယူမလဲ ..... ?
.... တကယ်တော့ သင်က ဂိမ်းနဲ့ ပတ်သတ်ရင် ညဏ်ရည် ထက်မြတ်ပြီးသားပါ .......
အချိန်ပေးပြီး စဉ်းစားတွေးတောတဲ့အကျင့်မရှိတာကြောင့် လွယ်မယောင်နဲ့ ခက်နေတာပါ ...
အချိန်ပေးပြီး စဉ်းစားနိုင်သလောက် အဆုံးမသတ်နိုင်တဲ့ အဖြေများကို သင် ရှာဖွေတွေ့ရှိလာပါ လိမ့်မယ် ..
ဒါကြောင့် .....................
Dota Allstar ဖြစ်ပါသည်... အားလုံးသည် "HERO"များ ဖြစ်ကြပါသည် .... (^^)
**********************************************
** **
၎။ ** ပွဲအစမှာ ဘယ်လို သတ်မလဲ (how to kill early game ?) **
** **
**********************************************
Support hero တွေက အသင်းတစ်သင်းမှာ ဘာ့ကြောင့် အရမ်းအရေးပါရတာလဲ ... ?
ဟုတ်ပါတယ်.... အဲ့ဒါကတော့ မြေပုံ ဖွဲ့စည်းတည်ဆောက်မှုနဲ့ ပွဲအစပိုင်း ဖိနှိပ် နိုင်တာကြောင့် ပဲ ဖြစ်ပါတယ် ...
Support hero များဟာ အမှန်တကယ်အရေးကြီးပါတယ်...
သူတို့ဟာ ပွဲအစပိုင်းမှာ သင့်ရဲ့အသင်းကို ပိုမို hero သတ်နိုင်အောင် အထောက်အကူပေးနိုင်တာကြောင့် ဖြစ်ပါတယ် ...
သူတို့သည် lvl အနှိမ့်ပိုင်းမှာတင် hero အားသေစေနိုင်သော spell များနှင့် tower ချိုးနိုင်သော spell များ ပါဝင်တာကြောင့်ပါ....
ကဲ.... သင်က တစ်ဖက် အသင်း hero များကို ဘယ်လို သတ်ရမည်ကို စဉ်းစားဖို့ လိုအပ်လာပါပြီ ....
သင်ဟာ support hero ၂ကောင် ကို ဘာမျှ မစဉ်းစားပဲ ရွေးထုတ်လိုက်ခြင်း လုံးဝ(လုံးဝ) မဖြစ်သင့်ပါဘူး ...
သူတို့ ၂ကောင်ရဲ့ အစောပိုင်း spell များက မည်သို့ combo သတ်ရောက်မည်ကို မစဉ်းစားပဲ ရွေးထုတ်လိုက်ခြင်း လုံးဝမဖြစ်သင့်ပါဘူး...
ဟောဒါကတော့ ကောင်းမွန်ပြီး အကျိုးရှိမယ့် support hero အတွဲများ၏ ဥပမာ များပဲ ဖြစ်ပါတယ် ...
Crystal Maiden + Sven - crystal Maiden ၏ slow ကြောင့် sven က အဆိုပါ hero အား Physical များများ ရိုက်ပြီး တိုက်ခိုက်နိုင်ပါတယ်...
ှSlayer + Ogre Magi - OM ရဲ့ fire blast နဲ့ မူးနေတဲ့ ဟီးရိုးကို slayer က အလွယ်တကူ Array ဖောက်နိုင်တဲ့ combo ဖြစ်ပါတယ်.....
ဒါကတော့ အကျိုးမရှိနိုင်မယ့် support အတွဲပဲ ဖြစ်ပါတယ်....
Earth Shaker + Chen - ES ရဲ့ Fissure က Chen ၏ creep များအား လမ်းပိတ်စေပြီး ရန်သူကို စိတ်ချလက်ချ လွတ်မြောက်စေနိုင်ပါတယ်....
Earth Shaker ,Chen အစရှိသော hero များအား ပိုမို အကျိုးရှိအောင် တွဲထုတ် နိုင်မယ့် hero အမြောက်အများ ရှိပါလိမ့်မယ်....
ကျွန်တော်က အဆိုပါ hero ၂ကောင်ကို လုံးဝ တွဲ၍ မထုတ်ပါနှင့် ဟု အကြံပေးတာ မဟုတ်ပါဘူး ...
Chen နှင့် Earth Shaker တို့ကို အချို့သော Pro Player တွေ တွဲထုတ်သော ပွဲများကို ကျွန်တော် ကြည့်ဖူးပါတယ်..
သူတို့က တွဲဖက်၍ တိုက်ခိုက်ဖို့ကို အဓိက အာရုံမထားပါဘူး ... ပြိုင်ပွဲအား အောင်အောင်မြင်မြင် နဲ့ နိုင်အောင် ကစားဖို့ကိုပဲ အာရုံစိုက်ကြပါတယ်....
ဘာကြောင့်လဲဆိုတော့ သူတို့က ကောင်းကောင်း Train ထားတဲ့ ကစားသမားတွေပါ ...
စိတ်ကူးယဉ်ပြီး ဒီ Combo လေး စမ်းကြည့်ဦးမှပဲ ဆိုပြီး ရမ်းသမ်းထုတ် ထားတာမဟုတ်ပါဘူး ...
ပွဲအစပိုင်းမှာ သင့်ရဲ့ သားကောင်(တစ်ဖက်အသင်းရဲ့ Carry) ကို မည်ကဲ့ကို အသေသတ်ရမည်ကို သင် ကျကျနန စဉ်းစားဖို့ လိုအပ်ပါတယ်.........
သင်စီစဉ်ထားသော အတွဲက တစ်ဖက် အသင်း hero တွေကို သတ်ရန် အလွန်ခက်ခဲနေခဲ့တယ်လို့ သင်တွေ့ခဲ့မယ်ဆိုရင် ..
နည်းလမ်း အသစ်တစ်ခုကို စဉ်းစားဖို့ လိုအပ်လာပါပြီ.....
ကြုံသလို ပြီးပြီးရော hero များကို ဘယ်သောအခါမှ မထုတ်လိုက်ပါနှင့် ... အဲ့ဒါက သင့်ရဲ့ ကျရှုံးမှု ဖြစ်လာပါလိမ့်မယ်.....
အရည်အချင်းရှိသော သင့်ရဲ့ ပြိုင်ဘက်က သင်၏ hero ထုတ်သည့်နေရာ ရှိ အားနည်းချက်ကို သုံးသတ်၍
သင့်အား မည်သို့ ပြန်လိုက်တိုက်ခိုက်မှာကို ကျကျနန စဉ်းစားပြီး အကျိုးရှိရှိ အသာစီး ရယူသွားပါလိမ့်မယ်....
******************************************
** **
၅။ ** အစုအဖွဲ့လိုက် တိုက်ခိုက်ခြင်း (The Team Fight ) **
** **
******************************************
သင့် အသင်းရဲ့ အစုအဖွဲ့လိုက် တိုက်ခိုက်နိုင်ဖို့ကို စဉ်းစားပါ ....
သင်ရွေးချယ်ထားသော hero ၅ကောင်လုံးက ပွဲစဉ်တစ်လျှောက်လုံး တစ်ဖက်အသင်းကို ထိုးဖောက်တိုက်စစ် ဆင်နိုင်ပါ့မလား ....
ဒါမှ မဟုတ်...... hero ၂ကောင် ၃ ကောင် သတ်ပြီးနောက် hero သတ်မည့် အစီအစဉ်များ ရပ်တန့်သွားမည်လား .................
ထို့ကြောင့်ပင် အသင်းတစ်သင်း၌ nuker များနှင့် hitter များကို တွဲ၍ ထုတ်ယူထားခြင်းပဲ ဖြစ်ပါတယ်....
( Nuker ဆိုတာက Lion, shaman, Lich,Tiny, Tide, Zeus ကဲ့သို့ damage spell ကြမ်းများပါသော strong supporter များကို ခေါ်ခြင်းဖြစ်ပြီး...
Hitter ဆိုတာကတော့ Drow, Sniper, Bone Fletcher, ကဲ့သို့သော early or late figher များဖြစ်ပါတယ်......
Pusher ကတော့ Death Prophet, Pugna, Broodmother ကဲ့သို့ creep နှင့် tower ကို တစ်ပြိုင်နက် တိုက်ခိုက်နိုင်သော hero များ ဖြစ်ပြီး
Carry များကတော့ Spectre, faceless void ကဲ့သို့ လုံလုံလောက်လောက် item ရမှ တိုက်ခိုက်နိုင်တဲ့ Hero တွေ ဖြစ်ပြီး
[carry မှာ windrunner,warlock,Necrolyte,beast master ကဲ့သို့သော အများစုကိုလဲ သက်မှတ်လေ့ရှိပါတယ်....]
Striker (Semi Carry)ကတော့ Morphling, Shadow Fiend, Storm Spirit, Queen of Pain ကဲ့သို့ early game တွင် battle ၀င်နိုင်သော hero များဖြစ်ပြီး
Tanker ကတော့ hp များများ armor များများ Centaur warchief, Bristle Back, Axe စသော spell ခံ hero များ ဖြစ်ကြပါတယ်...
Supporter များမှာ vengiful spirit, dazzle, shadow demon, omni knight ကဲ့သို့ game Broking လုပ်သော hero များဖြစ်ပါတယ်....)
(တကယ်တော့ Hero Role တွေက အပေါ်မှာ ပြောထားတာထက် အများကြီးခွဲခြားပြစရာ ခေါင်းစဉ်တွေ ရှိပါသေးတယ်...
ဒါက အခြေခံ သဘောလောက်ကိုပဲ ရေးထားတာပါ .... )
Nuker များဟာ ပွဲစဉ်တစ်လျှောက် hero အားလုံးကို မသတ်နိုင်ပါဘူး ....
Hitter တစ်ကောင်တည်းနဲ့ တစ်ဖက် hero တွေကို သတ်မယ် ဆိုရင်လဲ အချိန်အမြောက်အများ လိုအပ်နေပါလိမ့်မယ်....
ဒါကြောင့် အသင်းတစ်သင်းမှာ Supporter နဲ့ Carry ကို မျှမျှတတ ရွေးထုတ်ဖို့ လိုအပ်တာပါ ...
ဒါပေမယ့် ... အရေးအကြီးဆုံး တွေးတောထားသင့်တဲ့ အချက်တစ်ချက်ကတော့
သင်က ဘယ်လို တိုက်ခိုက်မယ်လို့ တွေးတောကြံစည်နေသလို
သင့်ရဲ့ပြိုင်ဘက်အသင်းကလည်း သင်တို့ကို ဘယ်လိုတိုက်ခိုက်မလဲ ဆိုတာကို တွေးတောနေတယ်ဆိုတဲ့ အချက်ပါပဲ ...
သူတို့က သူတို့ အသင်း flow နဲ့ ဘယ်လိုအကျိုးရှိစွာ အဖွဲ့လိုက် တိုက်ခိုက်မလဲ ဆိုတာ ကို စဉ်းစားနေမှာအသေအချာပါ...
သူတို့ရဲ့ hero ရွေးချယ်မှု ပေါ်သုံးသတ်ပြီး .. သူတို့ရွေးချယ်လိုက်တဲ့ ထိုးစစ်ကို တုန့်ပြန်ဖို့ အတွက် ..
အကောင်းမွန်ဆုံး ဗျူဟာ တစ်ခုကို ခင်းကျင်းရန် ..... သင့် အပေါ် မူတည် လာပါပြီ ...
ကဲ... အခုတော့ အရေးအကြီးဆုံး သော့ချက် ဖြစ်တဲ့ hero ရွေးချယ်မယ့် အပိုင်း ကို လေ့လာရမယ့် အချိန်ရောက်ပါပြီ ....
အဲ့ဒါကတော့ " စိတ်ကူး ကြည့်ခြင်း "ပါပဲ ...
့hero ရွေးချယ်တဲ့ ပိုင်းမှာ ဘာတွေ ဖြစ်လာသလဲ ဆိုတာ ကို လေ့လာကြည့်ကြရအောင် ....
Captain Mode Guide Part 2 သို့ >>>>>>>>>>>>
No comments:
Post a Comment