Dota 6.79 နောက်ပိုင်း မြေပုံတွေမှာ Hero Ban တာက အရင်ပုံစံတွေနဲ့ မတူပဲ ပြောင်းလဲသွားပါတယ်...
__________ Ban -
- Ban __________ 1st Ban
__________ Ban -
- Ban __________
------------------------------------------------
__________ Pick -
- Pick __________ 1st Pick
- Pick __________
__________ Pick -
--------------------------------------------------
__________ Ban -
- Ban __________ 2nd Ban
__________ Ban -
- Ban __________
---------------------------------------------------
- Pick __________
__________ Pick - 2nd Pick
- Pick __________
__________ Pick -
----------------------------------------------------
- Ban __________ 3rd Ban
__________ Ban -
----------------------------------------------------
- Pick __________ 3rd Pick
__________ Pick -
-----------------------------------------------------
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
~~~~Hero ပယ်ဖျက်ရန် ပထမ အပိုင်း (1st Banning Phase)~~~~
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ဒီအပိုင်းမှာ အရေးအကြီးဆုံး အချက်တစ်ချက်ကတော့ အခုကစားပွဲမှာ သင် မမြင်ချင်တဲ့ hero ကို ban ထုတ်ပစ်လိုက်တာပါပဲ ....
hero ban ခြင်းမှာ အကြောင်းပြချက် အများအပြားရှိပါတယ်....
၁။ အဆိုပါ hero က သင့်ရဲ့ အစီအစဉ်ကို အနှောင့်အယှက် ပေးမည် ဆိုးခြင်း ...
၂။ အဆိုပါ hero က တန်ပြန် တိုက်ခိုက်ရန် ခက်ခဲ ခြင်း ....
၃။ တစ်ဖက်အသင်း captain အာရုံနောက်စေရန် ရည်ရွယ်ချက်ဖြင့် ဖြီးဖြန်း၍ ban ခြင်း ....
၎။ တစ်ဖက်အသင်းက အဆိုပါ hero ကို အသုံးပြုရန် အလွန်သင့်လျော်နေခြင်း ....
၅။ Personal ကြောက်၍ Ban ခြင်း
စတဲ့ အကြောင်းပြချက်တွေ နဲ့ ban ကြပါတယ်....
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
~~~~Hero ရွေးချယ်ရန် ပထမ အပိုင်း (1st Picking Phase)~~~~
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ဒီအပိုင်းမှာတော့
ပထမဆုံး Ban ခွင့်ရတဲ့အသင်းက ပထမဆုံး Hero ၁ ကောင် နဲ့ နောက်ဆုံး ၁ ကောင်ကို ယူခွင့်ရှိပြီး ...
ဒုတိယ Ban ခွင့်ရတဲ့အသင်းက ၂ ကောင်အတွဲလိုက်ယူခွင့်ရှိပါတယ်....
ပထမဆုံး ရွေးချယ်မှုကို support hero တစ်ကောင်နဲ့ စတင်ဖို့ အကြံပြုလိုပါတယ်... အကြောင်းပြချက် ၂ ချက် ရှိပါတယ်....
၁။ support ကြမ်းတဲ့ hero မျိုးက အရေအတွက် အကန့်အသက် နည်းပါတယ်....
၂။ တစ်ဖက်အသင်းရဲ့ carry hero ကို counter ရန် ရည်ရွယ်ချက်ဖြင့် စောစောစီးစီး ပိုင်ဆိုင်ထားသင့်သော အတွက်ကြောင့် ဖြစ်ပါတယ်....
သင်က carry hero တစ်ကောင်ကို ပထမဆုံး အနေနဲ့ ရွေးထုတ်လိုက်မယ် ဆိုလျှင် ....
သင့်ရဲ့ ပြိုင်ဘက်က အဆိုပါ carry ကို တိုက်ခိုက်နိုင်မယ့် အခွင့်အရေးတစ်ခုကို တွေးတော မိသွားပါလိမ့်မယ်....
အဲ့ဒါကြောင့် သူတို့ဟာ သင့်ရဲ့ carry တွေကို ဒုက္ခပေးနိုင်မယ့် counter hero တွေ အလွယ်တကူ ရယူသွားပါလိမ့်မယ်....
ပထမအကျော့ Hero ရွေးရတဲ့အပိုင်းမှာ အသင်းအသီးသီးက တစ်ဖက်ကို ၂ ကောင်နှုန်းနဲ့ရွေးရပါတယ်...
အဲ့လိုရွေးတဲ့နေရာမှာ ပထမ ရွေးခွင့်ရှိတဲ့အသင်းက အားသာချက် တစ်ခုရှိပါတယ်....
အဲ့ဒါကတော့ ဦးဦးဖျားဖျား ၁ ကောင်ရွေးလို့ရတဲ့အပြင် ဒုတိယမြောက်အကောင်ကိုလည်း စိတ်ချ လက်ချရွေးခွင့်ရှိတာပါပဲ .....
သင်ဟာ ဘာမျှ ပူပင်သောက ရောက်နေစရာမလိုပဲ သင့်အတွက် လူကြိုက်များတဲ့ carry hero တစ်ကောင်ကို စိတ်ချ လက်ချ ထုတ်ယူနိုင်ပါတယ်...
သင်က အဆိုပါ hero ကို ရွေးထုတ်ပြီးလျှင် လာမယ့်အပိုင်းက 2nd Ban Phase ပဲ ဖြစ်ပါတယ်...
အဲ့ဒီ့အပိုင်းမှာ သင့်ရဲ့ carry hero ကို counter လုပ်နိုင်မည့် hero များကို ရိုးရှင်းစွာ ban လိုက် ယုံပါပဲ ...
ဥပမာ ... သင်က N'aix ကဲ့သို့ carry ကို ပထမ pick ရဲ့ နောက်ဆုံးအလှည့်မှာ ယူလိုက်ပီး
N'aix ကို counter လုပ်မယ့် Batrider ကဲ့သို့သော hero ကို အေးဆေး ban လိုက်ယုံပါပဲ ...
ဒါဆို ဒုတိယမှ ယူရတဲ့အသင်းကရော ဘာအားသာချက်ရှိပါသလဲ ... ?
သူတို့ကတော့ ပထမဆုံး ဦးဦးဖျားဖျား မရွေးရပေမယ့် ... ၂ကောင် တစ်ပြိုင်တည်း ထုတ်ယူလို့ရပါတယ်
အရမ်းကို ကောင်းပါတယ်...
တစ်ဖက်အသင်းက နှောက်ယှက်မှာကို မပူရပဲ ၂ ကောင် တစ်ပြိုင်တည်း ထုတ်လို့ရတဲ့ အခွင့်အရေးဖြစ်ပါတယ်...
ဒီအပိုင်းမှာတော့ သင့်ရဲ့ ပြိုင်ဘက် အသင်းက မည်သည့်ပုံစံဖြင့် ပွဲထုတ်ကစားနိုင်မည်ကို သင် ချင့်ချိန့်ဖို့ အခွင့်အရေး ရှိပါတယ်....
သူတို့ အသင်းရဲ့ ထိုးစစ်ကို မည်သို့ ဆန့်ကျင့် တိုက်ခိုက်မည် ကို သင်ဆုံးဖြတ်ချက် ကောင်းကောင်း ချဖို့ တွေးတောရပါလိ့မ်မယ်.....
ကျွန်တော့်အနေ နဲ့ ကတော့ support hero ၂ ကောင်တစ်တွဲကို ထုတ်ယူလေ့ရှိပါတယ်.....
အကယ်၍ သင်ဟာ ပွဲမစခင်က အသုံးပြုရန် စဉ်းစားထားသော combo အတွဲတစ်ခုကို အသုံးပြုမည် ဆိုပါက....
သင်အသုံးပြုမယ့် combo ကို တစ်ဖက်အသင်း ရိပ်မိအောင် အထောက်အထား လုံးဝ အရိတ်အမြွတ်မပေးမိပါစေနဲ့.......
သင့်ရန်သူကို အာရုံများအောင် လုပ်ဖို့လဲ အမြဲမပျက် သတိရှိနေပါ ......
ဒီအပိုင်းအထိ hero pick ခြင်း ban ခြင်းများက သင့်အစီအစဉ်ရဲ့ ကောင်းကွက်များကို အမှန်တကယ်မြင်သာအောင် မပြသနိုင်သေးပါ ...
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
~~~~Hero ပယ်ဖျက်ရန် ဒုတိယ အပိုင်း (2nd Banning Phase)~~~~
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ဒီအပိုင်းကတော့ drafting တစ်လျှောက်လုံးမှာ ကျွန်တော် အနှစ်သက်ဆုံး အပိုင်းပဲ ဖြစ်ပါတယ်...
ဒီမှာ သင်ဟာ ပထမ hero pick အစီအစဉ် ပြီးနောက် hero ၂ကောင် ban ရမယ့် အလှည့် ဖြစ်ပါတယ်...
ကဲ... သင့်ရဲ့ ပြိုင်ဖက် ထုတ်ယူထားတဲ့ hero ၂ ကောင်က ဘာတွေ လုပ်နိုင်သလဲ ဆိုတာ စဉ်းစားကြည့်ကြရအောင် ..
ပြိုင်ဘက်ထုတ်ယူ ထားတဲ့ တစ်ကွဲ တစ်ပြားဖြစ်နေတဲ့ hero flow မှာ ဘယ်လို hero တွေ ထည့်လိုက်ရင် သူလိုချင်တဲ့ line up ပြည့်သွားမည်လဲ ...
ထိုသို့ ပြည့်အောင် ထည့်မယ့် hero တွေထဲက ဖြစ်နိုင်ချေအရှိဆုံးနဲ့ ဒုက္ခအပေးနိုင်ဆုံး hero ကို ရိုးရှင်းစွာ ban ပစ်လိုက်ပါမယ်...
သင့်ပြိုင်ဘက်ကို ဒုက္ခပေးဖို့ အတွက်ပေါ့ ....
ဥပမာအနေနဲ့ စောစောက ပြောခဲ့တဲ့ Undying, Crystal Maiden, Weaver flow နဲ့ စဉ်းစားကြည့်ရအောင် ...
ပထမ ၂ ကောင်မှာ သင့်ရဲ့ ပြိုင်ဘက်ဟာ Undying နဲ့ Crystal Maiden ကို ထုတ်ယူထားတယ်ဆိုကြပါဆို့ ...
ကျိန်းသေပေါက် အဲ့ဒီ့ tri ပြည့်စုံသွားအောင် လုပ်တော့မှာ သေချာပါတယ် ....
တစ်ဖက်အသင်းက carry fighter striker မထုတ်ရသေးလျှင် သင် weaver ကို ban သင့်ပါတယ်...
tri flow များစွာထဲက weaver နဲ့ တွဲထားလျှင် အကျိုးသက်ရောက်မှုရှိသည်မှာ ကျွန်ုပ်တို့ ကိုယ်တိုင် သိပြီးသားဖြစ်ပါတယ်...
နောက်ထပ် ဥပမာ အနေနဲ့ တစ်ဖက်အသင်းက Shaker + Keeper ကဲ့သို့ full combo အတွဲရထားပြီးပြီ ဆိုရင်တော့
သင်က တစ်ဖက်အသင်း mid နေမယ့် hero မျိုးကို စဉ်းစားပြီး Ban နိုင်ပါတယ်....
Tri မှာ ဘာလာလာ စိတ်ပူမနေပါနဲ့တော့ .... အဲ့ဒီ့ Tri ကို Offlane hero တစ်ကောင်ကောင်လွှတ်ပြီး ကာကွယ်ဖို့သာ စဉ်းစားထားပါ...
ှShaker + KOTL ကို Admiral ကဲ့သို့အတွဲနဲ့သာ တွဲလိုက်ရင် ပိုကြမ်းသွားမှာ သေချာပေမယ့် ...
mid lane hero ကို ban တာ ပို အကျိုးရှိလောက်တယ်ဆိုတဲ့ သဘောကို ဆိုလိုတာဖြစ်ပါတယ်. ...
Rattletrap, Timber saw, Puck ကဲ့သို့ Offlane hero တွေနဲ့ ကာကွယ်တာ ပိုကောင်းတဲ့ အစီအစဉ်ဖြစ်ပါတယ်...
ကျွန်တော်ကတော့ ဒီအပိုင်းမှာ ကျွန်တော် ထုတ်ထားတဲ့ hero တွေကို ဒုက္ခပေးမယ့် counter hero တွေကိုပဲ ban လေ့ရှိပါတယ်....
ဥပမာ အနေနဲ့ ... ကျွန်တော်က tinker ကို ပထမ hero pick မှာ ရွေးထုတ်ထားတယ် ဆိုပါစို့ ....
second ban phase မှာ night stalker ဒါမှမဟုတ် Puck တို့ကို ban ထုတ်ပစ်လိုက်ပါမယ်...
နောက်တစ်ခုက ဟန်ပြ ban ခြင်းဖြစ်ပါတယ်....
ဥပမာ.... သင်က Omniknight ကို Ban လိုက်တယ်ဆိုပါဆို့ ...
တစ်ဖက်အသင်းက စဉ်းစားစရာ ဖြစ်သွားပါတယ်... သင်က early game style နဲ့ spell hero တွေချည်းပဲ ထုတ်ပီး
ပွဲကို ၁၅ မိနစ်လောက်နဲ့ အပျက်ဖြတ်တော့မှာလားလို့ စဉ်းစားစရာ ဖြစ်သွားပါတယ်....
တစ်ဖက်အသင်းက အဲ့လို အာရုံနောက်သွားတက်ပြီး counter လုပ်ဖို့ Silencer လိုကောင်မျိုး ယူထားခြင်း
Crystal ကဲ့သို့ supporter မျိုးကို Ban ခြင်း
အစရှိသလို အာရုံနောက်သွားတက်ပါတယ်....
အဲ့အခါကြရင် သင်က Hitter တွေ ထုတ်ထားလိုက်ယုံပါပဲ....
(ဒီအခြေအနေက ဖြစ်တောင့်ဖြစ်ခဲ အခြေအနေဖြစ်ပါတယ်....
အတွေ့အကြုံရှိတဲ့ Captain တွေက ဒီလို အခြေအနေလေးလောက်ကို ခေါင်းထဲတောင် ထည့်မစဉ်းစားတော့ပါဘူး ... )
first banning phase မှာကဲ့သို့သော အကြောင်းပြချက် ၅ မျိုးနဲ့ သင် ဆက်လက်၍ ban နိုင်ပါတယ်....
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
~~~~Hero ရွေးထုတ်သည့် ဒုတိယအပိုင်း (2nd Picking Phase) ~~~~
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ဒီအပိုင်းမှာတော့ သင့်ရဲ့ နောက်ဆုံး ရွေးချယ်ရမယ့် hero ၂ကောင်ကို ၁-၁-၁-၁ ပုံစံဖြင့် ရွေးထုတ်ယူရတော့မှာ ဖြစ်ပါတယ်...
သင်ဟာ ပထမအနေနဲ့ ဘယ်လို hero မျိုးကို ရွေးထုတ်ယူရမလဲ ဆိုတာ စဉ်းစားရပါမယ်...
သင့်ရဲ့ Tri Line up ပြည့်ဖို့အတွက် ကျန်တဲ့တစ်ကောင်ကိုရွေးချယ်ဖို့ လိုသလို ..
Mid Lane, Offlane ပို့ဖို့အတွက် အရေးကြီး ဟီးရိုးတွေလဲ လုဖို့ လိုလာပါပီ...
နောက်ပြီး ၁-၁-၁ ပုံစံကို support ၂ ကောင်က လမ်းပတ်တဲ့ Roaming Style ကိုလဲ အများအပြားအသုံးပြုလာတာကို တွေ့ရမှာပါ ..
ဒါ့အပြင့် Jungle တွေလဲ မကြာခဏသုံးလာကြပါပြီ...
ဒါ့ကြောင့် ဒီအပိုင်းကို အကြိုက်ဆုံးဖြစ်ရတာပါ ...
တစ်သင်းနဲ့ တစ်သင်း တွက်ချက်ဖို့ ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်..
ပထမအပိုင်းမှာလို support နဲ့ combo အတွဲတွေကို လုတဲ့အခြေအနေမဟုတ်ပဲ ဘာကောင်ထုတ်မလဲဆိုတာ ခန့်မှန်းရခက်ပြီး
တွေးလို့အကောင်းဆုံး အချိန်အပိုင်းအခြားဖြစ်နေလို့ပါပဲ ...
အကြံပေးချင်တာကတော့ ဒီအပိုင်းမှာ တစ်ဖက်အသင်းကို flow ဖျက်တာလည်း ဖျက်ပါ....
မိမိ line up ပြည့်ဖို့ ကို ဦးစားပေးစဉ်းစားဖို့ အကြံပြုလိုပါတယ်...
Hero Ban တဲ့အတွေ့အကြုံ များများမရှိသေးချိန်တွေမှာ ဖြစ်တက်ပါတယ်... တစ်ဖက်အသင်းရဲ့ line up ပြည့်သွားမှာဆိုးလို့
Ban တုန်းကလဲ မban လိုက်ရလို့ မိမိအသင်းအတွက် ယူလိုက်မိတဲ့အခြေအနေမျိုးတွေ
တော်တော်များများသော captain အသစ်ကလေးတွေမှာ ဖြစ်တက်တာကိုတွေ့ရပါတယ်....
ဒီအပိုင်းမှာ သင်ရွေးထုတ်လိုက်တဲ့ hero ၂ကောင်ဟာ first picking phase မှာ သင်ထုတ်ယူခဲ့တဲ့ flow ကို ပြည့်စုံအောင် ဖြည့်စည်းလိုက်ခြင်းပဲ ဖြစ်ပါတယ်..
သူတို့ရဲ့ spell တွေက အဖွဲ့လိုက်တိုက်ခိုက်ဖို့ အတွက် အဆင်ပြေချောမွေ့နေဖို့ လိုအပ်ပါတယ်..
ဥပမာ အနေနဲ့ ကတော့ သင်က first picking phase မှာ Earth Shaker, Vengiful spirit, Pack ကဲ့သို့သော hero မျိုးကို ထုတ်ယူခဲ့မယ်ဆိုရင်
second picking phase မှာ Ogre Magi ကဲ့သို့သော melee supporter hero မျိုးကို မထုတ်ယူသင့်တော့ပေ ....
အကြောင်းမှာ သင့်ရဲ့ tri lane မှာ အသုံးပြုဖို့ melee supporter ဖြစ်သော Earth Shaker ကို ရွေးယူထားပြီးပြီ ဖြစ်သောကြောင့် တည်း ...
သင်က melee hero ကို mid lane အတွက်တော့ ရွေးထုတ် ခွင့်ရှိပါသေးတယ်... ဒါပေမယ့် tri lane အတွက်တော့ မဖြစ်ပါစေနဲ့ ....
tri lane မှာ melee hero နှစ်ကောင် အသုံးပြုခြင်းက ခက်ခဲသော အခြေအနေ တစ်ခုကို ဖန်တီးသကဲ့ ဖြစ်နေပါလိမ့်မယ်...
သင့် အသင်းသား များကလဲ .. သင့်ကို အဆိုပါ tri lane အတွက် ထင်သလောက် ကျေနပ်နိုင်မည် မဟုတ်သည်မှာ အမှန်ပဲ မဟုတ်လား ...
အကြောင်းကတော့ စိတ်ဓါတ်ကျစရာ tri lane တစ်ခုကို ပိုင်ဆိုင်ထားခဲ့ရင် တစ်ဖက်အသင်းကို အစပိုင်း ဒုက္ခပေးရမည့် အရေးအကြီးဆုံး အပိုင်းမှာ
အကျိုးမရှိဖြစ်နေပါလိမ့်မယ်...
melee hero ၂ကောင် အသုံးပြုထားတဲ့ tri lane မှာ တစ်ဖက်အသင်းရဲ့ range carry hero က အလွယ်တကူ farming လုပ်သွားပါလိမ့်မယ်....
အဲ့ဒါကြောင့် ဒုတိယအကြိမ် Hero pick ရမယ့်အလှည့်မှာတော့ မိမိ line up ကိုဖြည့်ဖို့ အကြံပြုချင်ပါတယ်....
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
~~~~Hero ပယ်ဖျက်သည့် နောက်ဆုံးအပိုင်း (Final Banning Phase) ~~~~
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ဒီအချိန်ကို ရောက်လာပြီဆိုရင်တော့ စဉ်းစားစရာအချက် ၃ ချက်ပဲ ရှိပါတော့တယ်....
၁။ ရန်သူ့လိုအပ်နေသေးတဲ့ role ကို ban ခြင်း ...
၂။ မိမိ နောက်ဆုံး hero ကို counter လုပ်မယ့် hero ကို ban ခြင်း ...
၃။ Personal Ban ခြင်း ..
၁။ လိုနေသေးတဲ့ role ကို ban တယ်ဆိုတာကတော့ အသင်းတစ်သင်းက များသောအားဖြင့်
carry တွေကို နောက်ဆုံးအခြေအနေမှ ယူလေ့ယူထ ရှိပါတယ်...
တစ်ဖက်အသင်းရဲ့ role မှာ carry လိုနေသေးတယ်ဆိုရင်တော့ သင့်တော်မယ့် carry တစ်ကောင်ကိုသာ ban လိုက်ပါတော့..
၂။ သင့်အသင်းရဲ့ နောက်ဆုံးယူမယ့် hero ကို counter လုပ်မယ့် ကောင်ကို ban ပစ်ရပါမယ်....
ဥပမာ.. သင်နောက်ဆုံး ထုတ်မယ့် hero Templer Assassin ပဲ ထားပါတော့ ...
သင့် Templer ကို ပွဲစကတည်းက ဒုက္ခပေးမယ့် Dark Seer လို ကောင်မျိုးကို Ban ထုတ်ပစ်လိုက် နိုင်ပါတယ်.
၃။ Personal Ban တယ်ဆိုတာကတော့ တစ်ဖက်အသင်းက အဲ့ဒီ့ Hero သုံးရင် ကြမ်းတယ်လို့ နာမည်ကြီးတဲ့အခါ ...
ဒါမှ မဟုတ် သင့်အသင်းက အဲ့ဒီ့ Hero ကို ပွဲထဲမှာ မမြင်ချင်တဲ့အခါ ...
အဲ့လို အခြေအနေမျိုးတွေမှာ Ban ပစ်လိုက်တာကို Personal Ban တယ်လို့ ခေါ်ပါတယ်..
ကျွန်တော်ကတော့ များသောအားဖြင့် ပွဲတစ်ပွဲမှာ Nature Prophet ကို မမြင်ချင်ပါဘူး ...
ကိုယ့်အသင်းမှာ ထည့်သုံးရင် ကောင်းသလောက် သူများအသင်းမှာ ပါသွားရင် တော်တော် ပြဿနာရှာပါတယ်...
ဒါကြောင့် ....
ကျွန်တော်ကတော့ ကိုယ့်အသင်းအတွက် မယူဖြစ်ရင် Prophet ကို Ban လေ့ရှိပါတယ်....
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
~~~~Hero ယူသည့် နောက်ဆုံးအပိုင်း (Final Picking Phase) ~~~~
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
သိပ်မကြာခင်မှာ captain mode တစ်ပွဲကို စတင်ကစားရပါတော့မယ်...
နှစ်ဖက်အသင်း စလုံးဟာ ၁ ကောင်စီပဲ ယူလို့ရတော့မှာပါ ....
တစ်ဖက်နဲ့တစ်ဖက် အံ့အားသင့်စေမယ့် နောက်ဆုံး Hero ကို ထုတ်ယူရပါတော့မယ်...
ဒီအချိန်ကြမှ မ Ban ခဲ့ရတဲ့အကောင်တွေကို တွေးပူမနေပါနဲ့တော့
ခေါင်းထဲက ထုတ်ပစ်လိုက်ပါတော့....
ဒီအချိန်မှာ သင်ဆုံးဖြတ်ရမယ့် အခြေအနေက captain mode တစ်ခုလုံးရဲ့ အရေးအကြီးဆုံးအချိန်လို့ပြောလို့ရပါတယ်...
သင့်ရဲ့ ပွဲအနိုင်အရှုံးကို အဆုံးအဖြတ်ပေးမယ့် Carry ကို ထုတ်ယူရမယ့်အချိန်ဖြစ်ပါတယ်.....
ဒါမှမဟုတ်ရင် ...........................................
သင့်ရဲ့ ၀ှက်ဖဲ ကို အသုံးပြုရမယ့်အချိန်ရောက်ပါပြီ.....
ရှေ့မှာ Ban ခဲ့သမျှက ပွဲတစ်ခုကို ဘယ်လိုပုံစံနဲ့ ပွဲထွက်မလဲဆိုတာ အစီအစဉ်ပေါင်းများစွာ ချမှတ်ခဲ့တယ်ဆိုပေမယ့်
ဒီအချိန်မှာတော့ သင့်ရဲ့ ၀ှက်ဖဲကို ထုတ်သုံးဖို့ အချိန်ဖြစ်ပါတယ်...
ဆိုလိုတာက သင့်ရဲ့ အသင်းသားတွေထဲမှာ Personal ကြမ်းတဲ့ အကောင်ကို နောက်ဆုံးမှထုတ်ယူဖို့ ပြောတာဖြစ်ပါတယ်...
ဥပမာ... Dragonus, Ursa, Phoenix, Tinker,Invoker အစရှိတဲ့ Ban လေ့ Ban ထ မရှိတဲ့ Hero မျိုး...
သင့်အသင်းသားတွေထဲမှာတစ်ကောင်ကြမ်း ပြည့်ပြည့်စုံစုံ ကိုင်တယ်နိုင်တဲ့ အားကိုးရမယ့် Hero မျိုး...
အစရှိတဲ့ ၀ှက်ဖဲမျိုးကို ထုတ်သုံးလိုက်ဖို့ အချိန်ဖြစ်ပါတယ်....
သင့်ရဲ့ ပြိုင်ဘက်ကို အံ့သြထိတ်လန့်သွားစေမယ့် hero pick ခြင်းဖြင့် ပွဲကို စတင်နိုင်မှာပါ ...
အကယ်၍ နောက်ဆုံးပိတ် ခွင့် မရခဲ့ဘူးဆိုရင်တော့ ..... သင့်ပြိုင်ဘက်ရဲ့ နောက်ဆုံး ပိတ် pick မည့် hero ကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရတော့မှာပါ...
သင့်ရဲ့ ပွဲထွက် hero ဇယားကတော့ ပြီးပြည့်စုံသွားပါပြီ....
အခုချိန်မှာတော့ သင်က ဘယ် hero တွေကို solo lane အတွက် ပို့မည်လဲ .. ဘယ် hero တွေကို tri lane အတွက် ထည့်သွင်းမည်လဲဆိုတာကို
စဉ်းစားရတော့မှာပါ ....
\\\\\\\\\\\\\\///////////////
\\ ///
\\\ အကျဉ်းချူပ် ///
\\\ ///
\\\\\\\\\\\\\\\/////////////
hero ရွေးချယ်ရသည့် အကြောင်းအရင်းများ
၁။ hero counter လုပ်ရန် အခြေခံ အချက်များ ...
၂။ အကောင်းဆုံး combo ရရှိရန် အသင်းသားများ၏ အချိတ်အဆက်များ ...
၃။ ပွဲစဉ် အချိန်ဆုံးဖြတ်ချက် နည်းဗျူဟာ များ ...
၎။ အထက် ဖော်ပြပါ အချက်များ အားလုံး ....
နံပါတ် ၄ အချက်သည် အဓိက အကျဆုံးဖြစ်သည် ... အားလုံးကို စဉ်းစားပါမှ သင့်အတွက အားနည်းချက်မရှိသော hero line up ကို ရရှိပေလိမ့်မည်...
့ hero ban ရခြင်း၏ အကြောင်းပြချက်မျာ့း့
၁။ အနှောင့် အယှက် မဖြစ်စေရန် ban ခြင်း ..
၂။ ကောင်းကောင်း အသုံးမချ တက်၍ ban ခြင်း
၃။ counter လုပ်ရန် ခက်ခဲ၍ ban ခြင်း ...
၎။ ပြိုင်ဘက် အသင်း က နှစ်သက် နေ၍ ban ခြင်း ..
၅။ အာရုံနောက်စေရန် ban ခြင်း ...
တွေးတောခြင်းသည် အဓိက သော့ချက် ပင် ဖြစ်သည် ...
hero ban pick မလုပ်ခင် သို့မဟုတ် လုပ်နေစဉ် အာရုံစိုက် ကြည့်ရှူရမယ့် အချက်များ ....
၁။ Hero များ၏ ငုတ်လျှိုးနေသော စွမ်းရည်များ
၂။ တန်ပြန် ဟီးရိုးများ
၃။ လမ်းသတ်မှတ်ခြင်း
၎။ ပွဲအစပိုင်း hero သတ်ခြင်း
၅။ အဖွဲ့လိုက် တိုက်ခိုက်ခြင်း ...
☻☻☻☻☻☻☻ံHero ban pick လုပ်နေစဉ် မမေ့လျော့သင့်သည့် အချက်များ ☻☻☻☻☻☻☻ ...
1st Banning Phase - အကြောင်းပြချက်များ ဖြင့် ban ခြင်း ...
1st Picking Phase - ဘက်စုံ hero များကို ဦးစွာ ရယူထားခြင်း...
2nd Banning Phase - ပြိုင်ဘက် hero line up ကို ဖြတ်ရန် ban ခြင်း၊ မိမိ hero ကို counter မလုပ်စေရန် ban ခြင်း ...
2nd Picking Phase - မိမိ flow ကို ပြီးပြည့်စုံအောင် ဖြည့်ခြင်း၊ Counter လုပ်ရန် ဆက်လက် စဉ်းစားခြင်း ....
3rd Banning Phase - Personal Ban ခြင်း၊ မိမိ၏ နောက်ဆုံး hero ကို counter မလုပ်စေရန် ban ခြင်း ...
3rd Picking Phase - ၀ှက်ဖဲကို အသုံးပြုခြင်း၊ မိမိ flow ကို ပြီးပြည့်စုံစေခြင်း ...
နောက်တစ်ခုက သင့်ရဲ့ လက်ရှိအခြေအနေကို လက်ခံနိုင်ရပါမယ်....
သင့်ရဲ့ အသင်းဟာ Professional အသင်းတစ်သင်း ဖြစ်နေတယ်ဆိုရင်တောင် သင့်အသင်းရဲ့ ကစားကွက်နဲ့ မကိုက်ညီတဲ့
ပုံစံကို မျက်စိမှိတ်ပြီး မထုတ်သင့်ပါဘူး .....
သင့်အသင်းမှာ Invoker ကို ကောင်းကောင်းကိုင်တက်တဲ့လူ မရှိပဲ
ကြမ်းတယ်ဆိုပြီး မယူထားသင့်ပါဘူး ....
ZSMJ က Medusa ကိုင်ရင် ကြမ်းတယ်ဆိုတိုင်း Medusa လိုက်ကိုင်နေလို့ ရုတ်တရက် ထ မကြမ်းနိုင်ပါဘူး ....
ကျွန်တော်ဆိုလိုတာက အရေးကြီး ပြိုင်ပွဲတွေမှာ ဆိုလိုတာပါ ....
Warlock, Enigma, Darseer, Magnus, Void လို ငါးကောင်တွဲ Combo သာ မိလိုက်လို့ကတော့ ဆိုပြီး
မလေ့ကျင့်ရသေးပဲနဲ့ ပြိုင်ပွဲတစ်ခုမှာ မြေစမ်းခရမ်းပျိုး မလုပ်သင့်ပါဘူး ....
လေ့ကျင့်ရင်တော့ ဘယ်သူမဆို ဖြစ်နိုင်တာချည်းပါပဲ .....
Train နေတဲ့အချိန်မှာ ကြိုက်သလို Train နိုင်ပေမယ့် .. ကိုယ့်ဘက်က မပိုင်ပဲနဲ့ မလေ့ကျင့်ရသေးပဲနဲ့
ထုတ်လိုက်တဲ့အခြေအနေမျိုးကို မဖြစ်စေဖို့ အကြံပြုတာဖြစ်ပါတယ်....
Train, train and then train ....
လေ့ကျင့်ပါ .....
လေ့ကျင့်ပါ .....
ပြီးရင် လေ့ကျင့်ပါ ......
ကမ္ဘာ့နေရာအနှံ့မှာ Professional DotA Player မြောက်များစွာ ရှိနေကြပါတယ်....
၎င်းတို့ကို လေ့လာဖို့ website ကောင်းပေါင်း မြောက်များစွာလဲ ရှိနေပါတယ်....
သူတို့ရဲ့ ကစားပုံကို အတိအကျ ကူးယူခြင်းဖြင့် သင့်ကို ပြီးပြည့်စုံတဲ့ Player တစ်ယောက် ဖြစ်စေလာမှာ မဟုတ်ပါဘူး ....
DotA ကစားနည်းကို ကျကျနန သိရှိနားလည်ပြီး မိမိကိုယ်ပိုင် ကစားကွက် တစ်ခု ပိုင်ဆိုင်ထားခြင်းဟာ
သင့်ကို အောင်မြင်ကျော်ကြားတဲ့ အသင်းအဖွဲ့တစ်ခု ဖြစ်ပေါ်လာအောင် ဖန်တီးပေးပါလိမ့်မယ်....
ဒီစာတမ်းကို ဖတ်ပြီး အားနည်းချက်ရှိခဲ့လျှင်လဲ ခွင့်လွှတ်ပြီး ဖတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်...
ဘာပဲဖြစ်ဖြစ် သိပေးသားတွေ ဆိုပေမယ့် .. အနည်းငယ်အကျိုးရှိမယ်ဆိုယုံနဲ့ တင် .. ကျေနပ်ပါပြီ...
မြန်မာ Player များ တိုးတက်ကြပါစေ ... (^^)
Burn with the Flame of YOUTH !!
yahooyeeha
No comments:
Post a Comment