အခုနောက်ပိုင်းမှာ Axe ရဲ့ ultimate skill ဖြစ်တဲ့ Culling Blade ဟာ ရန်သူ့ Hero တစ်ကောင်ကို
successfully kill ဖြစ်မယ်ဆိုရင် cooldown မလည်သွားဘူးလို့ ပြောင်းလဲလိုက်တဲ့နောက်ပိုင်းမှာ
Axe ကို လူကြိုက်ပြန်များလာခဲ့သလို လူစိတ်ဝင်စားမှု အများဆုံး ability တွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်...
ဒီတစ်ခါ post ကတော့ အဲ့ဒီ့ Axe ရဲ့ Instant Death ဖြစ်တဲ့အကြောင်းအရာကို အသေးစိတ်
ဆွေးနွေးချင်ပါတယ်...
အဲ့ဒီလို Instant Death လို့ ပြောလိုက်ရင် DotA hero တွေထဲမှာ Instant Death ပါဝင်တဲ့
နောက်ထပ် Hero တစ်ကောင်ဖြစ်တဲ့ Ancient Apparition ရဲ့ ultimate skill >> Ice Blast အကြောင်းကိုပါ
ထည့်သွင်း ဆွေးနွေးဖို့ လိုပါလိမ့်မယ်...
အကြောင်းက Dota Hero တွေ အားလုံးထဲမှာ Damage မပေါ်ပဲ Instant Death ဖြစ်တဲ့ Ability က
အဆိုပါ Ability ၂ခုပဲ ရှိပါတယ်ဗျာ...
Mortred ရဲ့ Coup De Grace ကြောင့် Hero တစ်ကောင်က တမဟုတ်ချင်း သေသွားနိုင်ပေမယ့်
Instant Death အမျိုးအစားတစ်ခု မဟုတ်ပါဘူး .... Damage ပေါ်ပါတယ်...
ဒါဆိုရင် Axe နဲ့ Ancient တို့ ရဲ့ Instant Death တွေက ဘယ်လို Damage မပေါ်ရပါသလဲ ?
ဟုတ်ပါတယ်..
သူတို့မှာလဲ ကိုယ်ပိုင် Damage တွက်ချက်မှုတွေ ရှိပါတယ်....
အရမ်းများတဲ့ ပမာဏနဲ့ တွက်ချက်လို့ Damage မပေါ်တော့တာဖြစ်ပါတယ်ဗျာ...
ဒီ Ability ၂ ခုက သဘောတရားခြင်းက တော်တော်များများ ဆင်တူပါတယ်..
ဒါပေမယ့် အနည်းငယ် ချွင်းချက်လေးတွေမှတ်စရာများတဲ့ Ancient Apparition ရဲ့ Ice Blast အကြောင်းကနေ စပြီး
ဆွေးနွေးချင်ပါတယ်....
ဒီ ၂ ခုကို ယှဉ်ကြည့်ရဲ့
Axe ရဲ့ Ultimate က 450 Hp အောက်ရောက်တဲ့ ကောင်ကို သုံးရင်တမ်းသေတယ်...
Ancient ရဲ့ Ice Blast ကတော့ Global ပစ်လို့ရတယ်
ပထမ ပစ်လိုက်တဲ့ ရေခဲက Target အတွက်
ဒုတိယ ပစ်လိုက်တဲ့ ရေခဲတုံးကမှ Damage အတွက်
Aoe အပြောင်းအလဲ ရှိသလို ... Speed အပြောင်းအလဲတွေလဲ ရှိတယ်...
Damage အပြစ် DPS (Damage Per Second) တွေလဲ ရှိမယ် ...
နည်းနည်း ပိုများတာကိုလေ့လာလိုက်တော့မှ နောက်တစ်ခုလေ့လာတဲ့အခါ ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်သွားတာပေါ့ဗျာ (^^)
Ancient Apparition (Ice Blast)
Range: Global
Frostbite Duration = 8/9/10 seconds (17*)
Frostbite Damage Per Second = 12.5/20/32 Damage
HP for Kill = 10%/11%/12% of Hp
Impact Damage = 250/350/450 Damage
ကြုံတုန်း သူ့ရဲ့ Ultimate Ice Blast ရဲ့ အချက်အလက်လေးတွေ နည်းနည်းလောက် ဆွေးနွေးရအောင်ဗျာ
သူ့ရဲ့ Ice Blast ပစ်ဖို့အတွက်
ပထမ ပစ်လိုက်တဲ့ Projectile (ပစ်ချက်) ဟာ Movement speed 1500 နဲ့ သွားပါတယ်...
အဆိုပါ Projectile ရဲ့ ပတ်လတ် 500 Aoe ကို Vision ပေါ်ပါတယ်.. မြင်ရတယ်ပေါ့ဗျာ..
ပထမ Projectile က ကိုယ် ပစ်ချင်တဲ့ နေရာကို ရောက်လို့ Ability key ကို နောက်တစ်ချက်နှိပ်လိုက်တော့မှ
ဒုတိယ လိုက်တဲ့ Projectile ကတော့ ပုံသေ Speed မရှိဘဲ ၂ စက္ကန့်အကြာမှာ ထိပါတယ်...
သင်ပစ်လိုက်တာက နီးနီးဝေးဝေး ၂ စက္ကန့် အကြာမှာ ထိမှာပါ ..
ဒါကြောင့် အနီးကပ် ပစ်ရတဲ့အခြေအနေမှာ အရမ်းနှေးပြီး
ဝေးရင်တော့ မြန်မှာပါ ...
Dota 1 AI မြေပုံနဲ့ DotA 2 မှာတော့ မိမိဘက်က "ally Ancient" ပစ်လိုက်တဲ့ Area ကို သေချာ မြင်ရပါတယ်..
ဘယ်လောက် ကြီးလဲ သေးလဲဆိုတာကို ပေါ့ ..
Ice Blast ရဲ့ Initial Aoe ဟာ မူလ 225 ရှိပြီး ..
Distance 1000 သွားတိုင်း 50 Aoe တိုးသွားပါတယ်...
ဒါကြောင့် ဝေးဝေး ပစ်လေ.. Aoe ကြီးလေး ဖြစ်ပါတယ်..
Battle ထဲမှာ ကပ်ပြီး ပစ်လိုက်ရင်တော့ အဲ့ဒါကြောင့် နှေးနှေးလေးနဲ့ သေးသေးလေး ဖြစ်နေတာပေါ့.. (^^)
ဒီ Ice Blast အမှာ Buff တစ်ခု ပါ ပါတယ်.. အဲ့ဒီ့ Buff က Impact Area တင်မကပဲ
လမ်းကြောင်းတစ်လျှောက်က ရန်သူ Hero တွေကိုပါ သတ်ရောက်စေပါတယ်..
သူသွားတဲ့ လမ်းကြောင်းတစ်လျှောက် 275 Aoe အတွင်းက Ally မဟုတ်တဲ့ Unit တွေကတော့
Damage မထိပေမယ့် အဲ့ဒီ့ Shatter Buff တော့ ၀င်သွားပါတယ်...
ဆိုလိုတာက DPS buff လေးတော့ ၀င်တယ်ပေါ့ဗျာ ...
အဆင့် ၃ ဆင့်မှာ 10% 11% 12 % အောက် ရောက်သွားရင် Instant Death ဖြစ်တယ်ဆိုတာက
Physical Damage 100,000,000 ထိစေပါတယ်..
ဒါကြောင့် မသေပဲ မနေနိုင်ပါဘူးပေါ့ ..
Meepo Clone တွေနဲ့ Dazzle ရဲ့ Shadow Grave နဲ့ ကာထားတဲ့ ဟီးရိုးတွေကိုတော့
မသေစေပါဘူး.. (^^)
(Dazzle ရဲ့ Shallow Grave က ၅ စက္ကန့် ထဲ မသေအောင် ကာကွယ်ပေးတာဆိုတော့
Shatter Buff ၁၀ စက္ကန့်ကို ကာကွယ်ဖို့ဆိုတာ အရမ်းကို တိုက်ဆိုင်မှ ဖြစ်မှာပါ .. သိပ်တော့ မလွယ်ပါဘူး .. )
ဥပမာ ပြောရရင် .. သင့်အကောင်က Ancient ရန်သူက Lion ပဲ ထားပါတော့ ..
Lion မှာ Hp 1000 ရှိတယ်ဆိုပါဆို့.. သင့်ရဲ့ Ultimate Ice Blast နဲ့ ထိအောင်ပစ်မှ မဟုတ်ပါဘူး..
Ice Blast ရဲ့ ဒုတိယ အလုံးသွားတဲ့ လမ်းကြောင်းနဲ့ တိုက်မိယုံနဲ့တင် ..
ရေခဲမှုန်လေးတွေကပ်နေတဲ့ Buff ဖြစ်သွားတာတော့ တွေ့ရမှာပါ..
အဲ့ဒါကို Shatter Buff လို့ ခေါ်တာပါ
အဲ့ဒီလို Buff ထိထားတဲ့ ကောင်က
တစ်စက္ကန့်မှာ 32 Damage ဆီ ထိပါတယ်.. အဲ့ဒီ့ Lion ဟာ ရေခဲမိထားတဲ့ ၁၀ စက္ကန့်အတွင်းမှာ
သူ့ရဲ့ Hp 120 အောက်ရောက်သွားရင် (1000 ရဲ့ 12% ဟာ 120 ဖြစ်ပါတယ်... )
ဆိုလိုတာက သူ့ Hp 12% အောက်ရောက်သွားတာဖြစ်တယ်လေ...
အဲ့လို 12% အောက်ရောက်သွားတဲ့ ကောင်ဟာ အလိုလို Damage 100,000,000 ထိသွားစေတယ်.. (Damage သန်း ၁၀၀ ပါ)
ပြောချင်တာတော့ Instantly Dead ပေါ့ဗျာ... (ရုတ်တရက် သေခြင်းပေါ့ )
တကယ်လို့ ရန်သူက Hp 2000 ရှိတယ်ဆိုပါစို့ ..
Hp 2000 ရဲ့ 12 % = 240 အောက်ရောက်သွားတာနဲ့ Repel Sheild တွေ ဘာတွေ မတားနိုင်တော့ပါဘူး
(Repel က Magical Damage ကိုပဲ ကာကွယ်ပေးတာဖြစ်လို့ Physical Damage ဖြစ်တဲ့ Shatter Buff ကို မတားနိုင်ပါဘူး...)
Armor 100 လောက် ရှိနေလဲ သေတာပါပဲ ..
(ဒီအပိုင်းမှာ Armor 1000 တက်တဲ့ Omniknight ရဲ့ ultimate ability ဖြစ်တဲ့ Guardian Angel ကို ထည့်ပြီး စဉ်းစားရအောင်
Guardian Angel Buff ကို ရရှိနေတဲ့ Hero တစ်ကောင်ဟာ Armor 1000 အပြင် +25 Hp Regen ကို ရရှိနေပါတယ်...
ဟုတ်ပြီ.. အဲ့ဒီ့ 1000 Armor နဲ့ +25 Hp Regen ရှိနေတဲ့ Hero တစ်ကောင်ကို 1000 Physical Damage လောက်ထိတယ်လို့
စဉ်းစားပြီး တွက်ကြည့်မယ်ဆိုရင်
1000 Armor မှာ Physical Damage Reduction 99% ရှိပါတယ်...
1000 Damage ရဲ့ 99% ဆိုတော့ 990 Damage ကို ကာကွယ်ပေးမယ်ဆိုတဲ့သဘောပါ ..
ဒါဆို တကယ်ထိသွားတဲ့ 10 Damage က သူ့ရဲ့ +25 Hp Regen နဲ့ ပြန်ကျေသွားပါတယ်.....
ဒါကြောင့် Guardian Angel buff ကိုရရှိထားတဲ့အချိန် မှာ Physical Damage ကို invlunerable (လုံးဝမထိခိုက်နိုင်ဘူး) လို့ဆိုတာပါ...
တကယ်လို့ 2000 Damage လောက်ထိမယ်လို့ တွက်ချက်ကြည့်မယ်ဆိုရင် တကယ်ထိမယ့် Damage က 20 Damage ပဲ ရှိမှာပါ ..
သူ့ရဲ့ +25 Hp Regen ရော Hero ရဲ့ မူလ Hp Regen တွေပါတွက်မယ်ဆိုရင် ဘယ်လိုမှ သွေးမလျော့နိုင်ပါဘူးဗျာ....)
ပြောချင်တာကတော့ဗျာ .. Damage Reduction 99 % ရှိနေမယ်ဆိုရင်တောင် ..
100,000,000 ကို 99% လျော့ကြည့်လိုက်ရင် Damage 1,000,000 ထိဦးမယ်ဆိုတော့
သွေး 240 လောက်ကောင်တော့ မသေပဲ မနေဘူးပေါ့ ...
(Ancient ရဲ့ Ice Blast ဟာ Magic Immune unit တွေပေါ်လဲ သက်ရောက်မှုရှိပါတယ်...
ဒါပေမယ့် Shatter Buff တစ်ခုပဲ သတ်ရောက်မှာဖြစ်ပြီး ၁ စက္ကန့်ကို 32 Damage ထိတဲ့ DPS လေးတော့ မသက်ရောက်နိုင်ပါဘူး
အဲ့ဒီ့ Shatter buff ၀င်နေတဲ့ ၁၀ စက္ကန့်က ဒုက္ခအကြီးအကျယ်ရောက်တဲ့ အချိန်ပဲဗျ
Healing buff တွေကို အကျိုးသတ်ရောက်မှု မရှိစေတဲ့အတွက် သွေးဖြည့်လို့လဲ မရပါဘူး ....
Ancient Apparition ဟာ Aghanim's Scepter (အပြာချောင်း) သာဆက်လိုက်မယ်ဆိုရင် အဆိုပါ အဲ့ဒီ Shatter Buff ရဲ့
စုစုပေါင်းကြာချိန်ကို ၁၀ စက္ကန့်ကနေ ၁၇ စက္ကန့်အထိ တိုးသွားစေပါတယ်ဗျာ ...
ကြုံတုန်းလေး Ancient နဲ့ ပတ်သတ်ပြီး အကြံပြုရမယ်ဆိုရင်
တကယ်လို့ တစ်ဖက်အသင်းက Healer တွေ အရမ်းသုံးနေမယ့် ပွဲမျိုးမှာ counter လုပ်ဖို့အကောင်းဆုံး Hero ကတော့
Ancient လို့ပဲ အကြံပြုချင်တယ်ဗျာ...
ပြီးတော့ ကိုယ့်ဘက်က Aoe Dps သုံးတဲ့ Hero မျိုးတွေ (ဥပမာ Venomancer, Sandking) ကို သုံးခဲ့မယ်ဆိုရင်လဲ
Finishing လုပ်ပေးမယ့် Ancient Apparition နဲ့ တွဲဖက် သုံးရင် ကစားကွက်လေး လှမယ်လို့တော့
ကျွန်တော်က ကြုံတုန်းလေး အကြံပြုချင်ပါတယ်ဗျာ.. ညီအစ်ကိုတို့ဆိုရင်ရော..
ဘယ်လို Hero လေးတွေနဲ့ တွဲပြီးဆော့မလဲဗျ )
ဒါေ့ကြာင့် ...
Ice Blast ရဲ့ အားသာချက်က Ice Blast နဲ့ ၀င်တိုက်မိတဲ့ Damage (နောက်ဆုံးအဆင့် 450 ပဲ ရှိပါတယ်)
အဲ့ဒါနဲ့ ထိမှ ဖြစ်တာမျိုးမဟုတ်ပဲ .. နောက်ထပ် 10 second အတွင်းမှာ ရန်သူကို
Hp 12% အောက်ရောက်အောင် ဆက်တိုက်ခိုက်နိုင်ရင် အဲ့ကောင် သေဖို့ များသွားပါပီ..
ရန်သူ့မှာ Heart ဆက်ထားမယ့် Tank Hero တွေ ရှိမယ်ဆိုရင်တောင်
သူတို့ရဲ့ သွေးဘယ်လောက် များများ .. Hp Regen ဘယ်လောက်ကောင်းကောင်း
Regen မလုပ်နိုင်အောင် ရပ်ထားနိုင်တဲ့အပြင် 12% အောက်ရောက်တာနဲ့ တမ်းသေမှာပါပဲ ..
တော်တော်ကြမ်းပါတယ်...
(Hp နည်းလေလေ Magic Resistance တက်တက်ဖြစ်တဲ့ Huskar လို Hero မျိုးကို
Hitter တစ်ကောင်လောက်နဲ့ တွဲပြီး သတ်လို့ ကောင်းတာပေါ့ဗျာ... )
Axe (Culling Blade)
Hp to kill = 250/350/450 Hp
with Aghanim's Scepter = (300/450/625*) Hp
Damage = 150/250/300 Damage
Range = 150
Manacost = 60/120/180 mana
Bonus Movement Speed = +40%
Bonus Attack speed = +40%
Movement Speed Aoe = 900
Movement Speed Duration = 6 seconds
with Aghanim's Scepter Positive Buff Duration = 10 seconds
နောက်ထပ် တစ်ခုအနေနဲ့ Axe ရဲ့ Culling Blade အကြောင်းဘက်ကို လှည့်ရအောင် ...
Axe ရဲ့ lvl 6 Culling Blade က Hp 150/250/450 အောက်ရောက်သွားတဲ့
ဘယ်ကောင်မဆို တစ်ချက်တည်း တမ်းပြီးသေစေတာ သိမှာပါ ..
အဲ့ဒါကလဲ Ice Blast နဲ့ သဘောတရားချင်း တူပါတယ်..
450 အောက်ရောက်တဲ့ကောင်ကို သုံးရင် Damage 100,000,000 ထိတာဆိုတော့
တစ်ချက်တည်း သေဆိုတဲ့ သဘောပေါ့ ..
ဒီ Culling Blade ရဲ့ ထူးခြားတဲ့အချက်က သင့်ရဲ့ ရန်သူကို ခေါင်းခွဲတဲ့ Damage ထိဖို့ 0.01 Second အလိုမှာ
အဲ့ဒီံ ခေါင်းခွဲခံရမယ့် Hero မှာရှိတဲ့ Positive Buff တွေ အကုန်လုံးပျောက်သွားပါတယ်..
Double Damage, Increase movement speed, Increase Attack Speed, Increase Armor အစရှိတာတွေ အားလုံးပျောက်သွားပါတယ်
ဒါကြောင့် Axe ခေါင်းခွဲတာခံရတဲ့ Hero ဟာ Repel တွေ Guardian Angel တွေ အားလုံး ခေါင်းမကွဲခင်မှာ ပျောက်သွားပါတယ်...
အားလုံးသိပြီးသားပါပဲ .. သူ့ရဲ့ lvl 6 ကို သုံးလိုက်လို့ အသုံးခံရတဲ့ Hero တမ်းသေသွားမယ်ဆိုရင်
cooldown မလည်ဘူးဗျ....
တကယ်လို့ မသေခဲ့ရင်တော့ ခုနကပြောတဲ့ 100,000,000 Damage မထိတော့ပဲ
150/250/300 Damage ပဲထိတော့မှာ ဖြစ်တဲ့အပြင် cooldown ပါ လည်သွားမှာပါ .. အဲ့ကြရင်တော့ 75/65/55 seconds ပြန်စောင့်ရပါလိမ့်မယ်
ဒါကြောင့် ခေါင်းခွဲမယ့် ကိစ္စကို မသေချာရင် မလုပ်နဲ့လို့ပဲ အကြံပေးချင်ပါတယ်...
ဘာလို့လဲဆိုတော့ ခေါင်းကွဲသွားမယ်ဆိုရင် Axe ရဲ့ Aoe 900 အတွင်းမှာ ရှိတဲ့ Ally hero တွေအားလုံး
Movement Speed ရော Attack Speed ပါ 40% ဆီ ၆ စက္ကန့်အထိတောင် တိုးမယ့် အချက်ကြောင့်ပါပဲ ...
အပြာချောင်း ဆက်ထားရင်တော့ ၁၀ စက္ကန့်တောင်ရမှာဗျ....
ကျွန်တော်အနေနဲ့ပြောရရင် ဘာလုပ်လုပ်တန်အောင်လုပ်တဲ့အကျင့်ရှိတယ်ဗျ...
၁ စက္ကန့်လောက်လေး စောပြီးခွဲလိုက်လို့ တစ်ဖက် Hero မသေသွားဘူးဆိုရင် နောက်ထပ် ၆ စက္ကန့်တောင် အားလုံးရမယ့်
Attack Speed တွေရော Movement speed တွေပါ မရတော့ဘူးဆိုတော့
ကျွန်တော်သာဆို ကျိန်းသေပေါက် သေလောက်မယ့် အခြေအနေထိစောင့်ပြီးမှ ခေါင်းခွဲမှဗျ...
"ထိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ်" ဆိုတဲ့စကားအတိုင်းပေါ့ဗျာ...
ကိုယ်က ၁ စက္ကန့်လောက်လေး သေချာအောင် စောင့်လိုက်ခြင်းအားဖြင့် နောက်ထပ် ၆ စက္ကန့်တောင် ကိုယ့်အသင်းသားတွေ
အကျိုးရှိစေမှာဖြစ်လို့ ... ကိုယ်ချိန်စားမယ့်အစား အားလုံးကို ကောင်းစားမယ့် အကွက်ကို ရွေးချယ်ချင်တယ်ဗျ...
( အရင်တုန်းက 300/450/625 Hp ပမာဏကို ပြန်လိုချင်ရင်တော့ Aghanim's Scepter ကိုဆက်ပေးရပါလိမ့်မယ်...
ဒီအပိုင်းမှာ အပြာချောင်းဆက်ထားမယ်ဆိုရင် ကိုယ်ခေါင်းခွဲလိုက်လို့များ ရန်သူ Hero က မသေခဲ့ဘူးဆိုရင်
အကြာကြီးစောင့်စရာ မလိုတော့ပါဘူးဗျာ... ၆ စက္ကန့်ပဲ စောင့်ရမှာပါ ... )
အဲ့ဒီ့တော့ဗျာ...
Axe >> Culling Blade = Hp 450 အောက်ရောက်ရင် တမ်းသေ ..
Ancient >> Ice Blast = Hp 12 % အောက်ရောက်ရင် တမ်းသေ ..
လို့ ဖြစ်သွားတာပေါ့ဗျာ
ဒီ post ကတော့ အရမ်းအရှည်ကြီးတော့မဟုတ်ပါဘူး .. မသိထားလဲ ရတဲ့ အချက်အလက်တွေ ဖြစ်ပေမယ့်
သိထားတော့လဲ ကောင်းတာပေါ့ဗျာ... တိတိကျကျလေး တွက်ချက်ပြီး တိုက်ခိုက်တော့ ပိုပြီး အကျိုးရှိတာပေါ့ ...
အကြံပြုချက် သက်သက်ဖြစ်တဲ့အတွက် ... ကိုယ်နဲ့ အဆင်ပြေမယ့် နည်းလမ်းသာ အကောင်းဆုံးဖြစ်ပါတယ်ဗျာ..
မြန်မာ Dota player များတိုးတက်ကြပါစေ ... (^^)
Burn With the Flame of YOUTH !!
yahooyeeha ©
No comments:
Post a Comment