Blogroll

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, June 2, 2014

▓▓▒▒ Pudge The Butcher ▒▒▓▓





DotA 2 မှာ ယေဘုယအားဖြင့် Hero အမျိုးအစားကို ၁၄ မျိုးခန့်ခွဲခြားသတ်မှတ်ထားပါတယ်။ Carry, Support, Pusher, Initiator အစရှိသဖြင့် အမျိုးမျိုး ခွဲခြားသတ်မှတ်ထားကြပေမယ့် ပွဲတိုင်းမှာ မပါမဖြစ်အသုံးဝင်တဲ့ Hero အမျိုးအစားတစ်ခုကတော့ Ganker အမျိုးအစားပဲဖြစ်ပါတယ်။ ဒီလို Ganker Hero တွေထဲမှာမှ ကစားသမားအများစု ကြိုက်နှစ်သက်ပြီး လူ ၁၀၀ မှာ ၉၀ လောက် စိတ်ဝင်စားမှုရှိတဲ့ Ganker Hero တစ်ကောင်ကတော့ Pudge (Butcher) ပဲဖြစ်ပါတယ်။ Pudge ဟာ

မိနစ် ၂၀ မတိုင်ခင်မှာ ကစားပွဲတစ်ခုလုံးကို မွှေနှောက်လို့ကောင်းတဲ့ပြီး ၃၀ မိနစ် ပွဲနောက်ပိုင်းမှာလဲ Durable (Tank Hero) တစ်ကောင်ပုံစံ ပြောင်းလဲကစားလို့တဲ့ Disable ability တစ်ခုပါဝင်တဲ့ နာမည်ကြီး Hero တစ်ကောင်ဖြစ်ပါတယ်။

Background Story

Quoidge ဒေသရဲ့ တောင်ဘက်စွန်းစွန်းမှာတည်ရှိပြီး အဆုံးမသတ်သော လူသတ်ကွင်းကြီးတည်ရှိရာ ကွင်းပြင်ကြီးထဲမှာ ခပ်၀၀ဖိုင့်ဖိုင့်လူတစ်ယောက်ဟာ ညစဉ်ညတိုင်း အဆိုပါလူသတ်ကွင်းအတွင်းမှလွင့်ပစ်လိုက်တဲ့ လူသေအလောင်းကောင်များကို အရိုးတစ်ခြား၊ အသားတစ်ပုံ၊ အူကလီစာများအား တစ်သုတ် အစရှိသဖြင့် တစ်စစီ ခုတ်ထစ်ရင်း အာရုံမသောက်ခင် အလုပ်ပြီးဖို့ တကုတ်ကုတ်ဖြင့် မမောမပန်းနိုင် အလုပ်များနေလေ့ရှိပါတယ်။ ကျိန်စာသင့်နေတဲ့ ဒီမြေထဲမှာ လူသေအလောင်းတစ်ခုဟာ ဘယ်တော့မှ မပုတ်သိုး၊ မဆွေးမြေ့နိုင်ပါဘူး။ သင်္ချိုင်း မြေကြီးကို သင်တူးချင်သလောက်သာ တူးလိုက်ပါ။ ဘယ်တော့မှ လူသေအလောင်းတစ်ခု ပေါ်လာတာကို မြင်ရမှာမဟုတ်ပါဘူး။ အကြောင်းကတော့ အဆိုပါလူဝကြီးဟာ လူသေကောင်များကို စားသုံးဖို့ သူ့ကိုဝိုင်းအုံပြီးစောင့်ဆိုင်းပျံဝဲနေတဲ့ ငှက်ဆိုးတစ်သိုက်အတွက် နှုတ်သီးတစ်ဖဲ့စာ စားသောက်နိုင်လောက်အောင် အသားစများကို အသေးဆုံးအပိုင်းအစလေးတွေရရှိသည်အထိ သူ့ရဲ့ အသားခုတ်ဓါးကိုအသုံးပြုပြီး ခုတ်ဖဲ့ပေးလျက်ရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ Pudge လို့အမည်ရတဲ့ သားသတ်သမားကြီးဟာ သူ့ကိုယ်နဲ့မကွာအသုံးပြုလျက်ရှိတဲ့ ဓါးကို ထက်သည်ထက် ထက်အောင်သွေးလျှက်ရှိပြီး သူ့ရဲ့ ကျွမ်းကျင်မှုကို အသုံးချနေခြင်းဖြစ်ပါတယ်။ ဒုတ်ခနဲ ဒေါက်ခနဲ ခုတ်ထစ်သံတွေကြားမှာ အသား၊အကြော နဲ့ အရွတ်များဟာ ရေစိုနေတဲ့ စက္ကူစလေး ပမာ တစ်စစီ ပုံကျလျက်ရှိပါတယ်။ နှစ်ပေါင်းများစွာ တိုးတက်လာတဲ့ သူ့ရဲ့ ကျွမ်းကျင်မှုများမှ ရရှိလာတဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ အရသာကို တဖြည်းဖြည်းနှစ်သက်လာတဲ့ Pudge ဟာ ခြေလက်အင်္ဂါတွေ မရှိတော့တဲ့ အလောင်းတစ်ခုရဲ့ ကိုယ်ထည်ကို ခွေးတစ်ကောင်က အ၀တ်စုတ်ကို ကိုက်ဖြဲသည့်နှယ် အသားတွေ ဟိုတစ်စ ဒီတစ်စ၊ သွေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက် လွင့်စင်ထွက်သည်အထိ ကိုက်ဖြတ်တတ်လာပါတော့တယ်။ သေမင်းကို ကြောက်ရွံ့တတ်သူတစ်ယောက်ဟာ

Pudge ကိုလည်း ကြောက်ရွံ့ရမှာ အသေအချာပါပဲ။

Overview

Pudge ဟာ Ganker အမျိုးအစားထဲမှာမှ အချိန်တိုအတွင်း တစ်ဖက်ရန်သူကို သွေးအမြောက်အများလျော့နိုင်တဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ အခန့်မသင့်ရင် ရန်သူ့ Hero တစ်ကောင်ဟာ Buther ရဲ့ Gank Combo နဲ့တင် အသက်ပျောက်သွားနိုင်ပါတယ်။ DotA ကစားသမားအများစု နှစ်သက်တဲ့ Pudge ရဲ့ Meat Hook ဟာ TradeMark Ability တစ်ခုဖြစ်တဲ့အပြင် Meat Hook ဟာ ရန်သူရဲ့ လှုပ်ရှားမှုကို ခန့်မှန်းပြီး 1300 Range အကွာအဝေးက Unit ကို ကိုယ့်အနားရောက်ကို ဆွဲခေါ်လို့ရတာဟာ အဓိက အားသာချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Meat Hook ကိုသုံးတော့မယ်ဆိုရင် Enemy ကို တိုက်ခိုက်ဖို့အပြင်၊ မိမိရဲ့ Ally Hero ကို ကယ်တဲ့နေရာမှာလဲ အသုံးပြုလို့ရတဲ့အချက်ကို မမေ့သင့်ပါဘူး။ များသောအားဖြင့် Pudge ဟာ Item အသားပေးဆော့ရတဲ့ ပုံစံ မဟုတ်ပဲ level ကို ဦးစားပေး ကစားသင့်တဲ့ Hero ဖြစ်လို့ Pudge ကို Mid Lane ကို ပို့၍ ကစားစေခြင်းဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲဖြစ်တယ်ဗျ။ Side Lane နေခဲ့ရမယ်ဆိုရင်တော့ ထင်သလောက်အကျိုးရှိမှာ မဟုတ်ပါဘူး။ အစောပိုင်းမှာ level တစ်ဆင့် နှစ်ဆင့်လောက်နဲ့ လုပ်ကွက်များများစားစားမရှိတဲ့အတွက် Pudge ဟာ Mid Lane ကို ပို့နိုင်မှ အကျိုးရှိမယ့် Hero တစ်ကောင်ဖြစ်လာမှာပါ။

Pudge မှာ Mana သုံးရတဲ့ Ability ၂ ခုပါတယ်။ အဲ့ဒီ့ Ability ၂ ခုအတွက် အချို့ကစားသမားတွေက Arcane Boots ကို ဆက်ပြီးကစားလေ့ရှိပါတယ်။ ဒါပေမယ့် ၂ခုပေါင်းမှ အလွန်ဆုံး 310 Mana လောက်သာပေးရမှာဖြစ်တဲ့အတွက် Arcane Boots အတွက် အစောပိုင်း ပိုက်ဆံအကုန်ခံမယ့်အစား Bottle နဲ့ ကစားလို့ ပိုကောင်းမယ့် Hero တစ်ကောင်ဖြစ်တယ်လို့ အကြံပြုချင်ပါတယ်။ အကြောင်းက mid lane နေရတဲ့အပြင် မိမိဘာသာ Magical Damage ပြန်ထိတဲ့ Rot ကိုလည်း သုံးရမှာဖြစ်တဲ့အတွက် Hp လည်းအနည်းငယ်ဖြစ်ဖြစ် ပြန်ဖြည့်နိုင်တာဟာ ကောင်းတဲ့အချက်တစ်ချက်ဖြစ်ယုံမကပဲ Bottle အတွက် Rune ဆင်းကောက်ရင်း Pudge ရဲ့ အဓိက Role ဖြစ်တဲ့ Ganking များများလုပ်နိုင်လေလေ Flesh Heap အတွက် အပိုဆောင်း Strength လည်းရမှာဖြစ်ပါတယ်။ သူ့ရဲ့ Ultimate Ability
ဖြစ်တဲ့ Dismember ဟာ တစ်ခြား Hero များရဲ့ Ultimate များနဲ့ ယှဉ်ရင်တော့ အနည်းငယ် အားနည်းတယ်လို့ ထင်ရပေမယ့် အားသာချက်တစ်ခုအနေနဲ့ Magic Immune Unit တွေအပေါ်ကို အသုံးပြုနိုင်တဲ့အချက်ပဲဖြစ်ပါတယ်။

Cooldown ရော Mana ပါနည်းတဲ့ Dismember ဟာ Aghanim’s Scepter ကိုင်လို့ရတဲ့ Ultimate တစ်ခုဖြစ်တဲ့အချက်ဟာ လည်းအားသာချက်တစ်ခုပဲဖြစ်ပါတယ်။ level 7 အရောက်မှာ Pudge ဟာရှိသမျှ Ability အားလုံးနဲ့တိုက်ခိုက်မယ်ဆိုရင် Meat Hook ၄ဆင့် (360)+ Rot ၂ ဆင့် (60 x 3) + Dismember ၁ဆင့် (75 x 3) = 675 Damage အထိရှိနိုင်ပါတယ်။ Ganker တစ်ကောင်အနေနဲ့ 675 Damage ဆိုတာဟာ အတော်အသင့်ကောင်းတဲ့ ပမာဏဖြစ်လို့ ရန်သူ့ Hero တစ်ကောင်ကို ထိုက်သင့်သလောက် သတ်နိုင်မှာပါ။

Abilities

***Meat Hook***

Range = 700/900/110/1300
Damage = 90/180/270/360 Damage
Travel Speed = 1600
Cooldown = 14/13/12/11
Mana Cost = 110/120/130/140

Meat Hook ဟာ များများယူလေ Damage နဲ့ Range ပါ ပိုဝေးလာတဲ့အတွက် ဖြစ်နိုင်ရင် level 7 အရောက်မှာ ဂိတ်ဆုံးယူသင့်တဲ့ ability တစ်ခုဖြစ်ပါတယ်။ Pure Damage အမျိုးအစားဖြစ်တဲ့အပြင် ၄ ဆင့်ယူပြီးတဲ့အခါမှာ 360 Damage အထိရရှိနိုင်တဲ့အတွက် Single Target Ability တွေထဲမှာ Damage အများဆုံးတွေထဲက တစ်ခုအနေနဲ့ သတ်မှတ်လို့ရပါတယ်။ Meat Hook ရဲ့ Speed ဟာ 1600 ရှိပြီး Invisible Unit တွေအပေါ်ပါ သတ်ရောက်မှုရှိတဲ့အတွက် Skillful Player တွေ အကြိုက် Ability တစ်ခုဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုက Meat Hook မှာ Mini Stun ပါဝင်တဲ့အချက်ပဲဖြစ်ပါတယ်။ ရန်သူ့ရဲ့ Channeling Spell တွေကို ဖျက်လို့ရတဲ့ Meat Hook ဟာ Ally Unit တွေကို ဆွဲယူခဲ့မယ်ဆိုရင်တော့ Channeling မပျက်ခြင်းဟာ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။

***Rot***

AoE = 250
Slow = 20%
Damage = 35/60/85/110 Dps

သင့်ရဲ့ ကြိုက်နှစ်သက်မှုပေါ်မူတည်ပြီး Rot ကို ယူပုံအဆင့်ချင်းအနည်းငယ်တော့ ကွဲပြားသွားပါလိမ့်မယ်။ ဒါပေမယ့် Pudge ဟာ Gank Hero တစ်ကောင်ဖြစ်တဲ့အတွက် ရန်သူသေဖို့က အရေးအကြီးဆုံးဖြစ်လို့ lvl 4 မှာ ၂ ဆင့်လောက်ယူထားမယ်ဆိုရင်လဲ မမှားပါဘူး။ 250 AoE အတွင်းမှာရှိတဲ့ ရန်သူ့ Unit တွေအားလုံးဟာ Movement Speed 20% လျော့နည်းသွားမှာဖြစ်ပါတယ်။ 35/60/85/110 Damage အတိုင်းဟာ ရန်သူအပြင် မိမိ Pudge ကိုပါ ပြန်ထိမှာဖြစ်တဲ့အတွက် အစောပိုင်း ၂ ဆင့်လောက်ယူထားမယ်ဆိုရင် Hero တစ်ကောင်ကို ကောင်းကောင်းသတ်နိုင်မယ့်အပြင် Flesh Heap မယူထားတဲ့အတွက် အစောပိုင်း Battle တွေမှာ မိမိဘာသာ Deny လုပ်လို့ပိုကောင်းမှာ အသေအချာပါပဲ။

Rot ဟာ 0.2 second တိုင်းမှာ တစ်ခါ Damage တွက်ချက်တာဖြစ်ပါတယ်။ ဥပမာ သင်က Rot ၃ ဆင့်ယူထားတယ်ဆိုပါစို့။ 85 Damage ဟာ 0.2 second ကို 17 Damage ဆီ ထိတာဖြစ်တဲ့အတွက် Healing Salve ကို မပျက်စေပါဘူး။ (Healing Salve ဟာ 20 Damage ထက်ပိုများမှသာ Effect ပျက်တာဖြစ်ပါတယ်။) ဒီအပိုင်းမှာ သတိထားရမယ့်အချက်တစ်ချက်က တကယ်လို့သင်က Dismember သုံးပြီးလို့ Rot ဖွင့်ဖို့ မေ့နေခဲ့မယ်ဆိုရင် ချက်ချင်းဖွင့်လို့ရပါတယ်။ Rot ဟာ Channeling Spell တွေကို မရပ်တန့်စေပါဘူး။

***Flesh Heap***

AoE = 450
Magic Resistance = 6%/8%/10%/12%
Strength Bonus = 1/1.5/2/2.5

မိမိကိုယ်ကို Damage ပြန်ထိတဲ့ Rot ကိုကာကွယ်ဖို့အတွက် Flesh Heap မှာ Magic Resistance 6%/8%/10%/12% ပါဝင်ပါတယ်။ ဒါကြောင့် Pudge ဟာ မိမိရဲ့နဂိုရှိပြီးသား 25% Magic Resistance အပြင် Flesh Heap ကြောင့် စုစုပေါင်း 34% Magic Resistance အထိ ရရှိနိုင်ပါတယ်။ တကယ်လို့သင်က Hood ဆက်ထားပြီး Flesh Heap ၄ ဆင့်ယူထားမယ်ဆိုရင်တော့ စုစုပေါင်း 53.8% Magic Resistance တောင်ရရှိမှာဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့ Rot သုံးလို့ ပြန်ထိမယ့် 110 Damage အစား 50.82 Damage ပဲထိတော့မှာ ဖြစ်ပါတယ်။

Flesh Heap ရဲ့ သတ်ရောက်မှု နောက်တစ်ခုကတော့ Pudge ရဲ့ AoE 450 အတွင်းမှာ ရန်သူ Hero တစ်ကောင် သေခဲ့မယ်ဆိုရင် 1/1.5/2/2.5 Strength အပိုဆောင်းရရှိမယ့်အချက်ဖြစ်ပါတယ်။ +1 Strength ဟာ +19 HP နဲ့ ညီမျှတဲ့အတွက် နောက်ဆုံးအဆင့်မှာ Hero တစ်ကောင် သေတိုင်း 47.5 Hp ကို ရရှိမှာဖြစ်ပါတယ်။ တကယ်လို့ Pudge ကိုယ်တိုင်သတ်တဲ့ Hero
ဖြစ်ခဲ့မယ်ဆိုရင် 450 AoE ရဲ့ အပြင်ဘက်မှာ သေခဲ့မယ်ဆိုရင်တောင် +2.5 Strength ကို ရရှိမှာဖြစ်ပါတယ်။ (AoE 450 အပြင်က ရန်သူကို Meat Hook
ချိတ်ပြီး သတ်နိုင်တဲ့အခါမျိုးအတွက်ပေါ့ဗျာ) Flesh Heap ဟာ အစောပိုင်းမယူထားရင်တောင် နောက်ပိုင်းကိုယ်တကယ်ယူတဲ့အခါမှာ အစောပိုင်းက သတ်ထားသမျှ unit တွေကို ပြန်လည်တွက်ချက်ပြီး သင့်ကို Strength ပေါင်းပေးမယ့် Retroactive ability မျိုးဖြစ်ပါတယ်။

***Dismember***

AoE = 160
Dps = 75/125/175 Dps
Mana Cost = 100/130/170
Cooldown = 30 seconds

Aghanim’s Scepter သာ ဆက်ထားခဲ့မယ်ဆိုရင် Dismember ဟာ ပုံမှန် 75/125/175 DPS (Damage per Second) ထိမယ့်အပြင် သင့်ရဲ့ လက်ရှိ Strength ကို ၁ နဲ့ထက်မြှောက်ပြီးထိမယ့် Damage အရေအတွက်အတိုင်း သင့်ကို သွေးပြန်တက်စေမှာဖြစ်ပါတယ်။

ဥပမာအနေနဲ့ သင့်ရဲ့ Pudge ဟာ lvl 16 ရောက်နေပြီး စုစုပေါင်း 100 Strength ရှိတယ်ဆိုပါစို့။ ၁ စက္ကန့်ကို 175 + 100 = 275 Damage ထိမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ 275 ပမာဏအတိုင်း သင့် HP ကို ပြန်လည် Heal ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ၃ စက္ကန့်ဆိုတော့ 275 x 3 = 825 Damage စုစုပေါင်းအနေနဲ့ တိုက်ခိုက်နိုင်မှာဖြစ်ပြီး 825 Hp Heal ပါလိမ့်မယ်။ ရန်သူ့ Magic Resistance ကြောင့် 825 Damage ဟာ လျော့သွားနိုင်ပေမယ့် မိမိရဲ့ Heal ကတော့ မလျော့ပဲ အတိအကျပြည့်မှာဖြစ်ပါတယ်။ တကယ်လို့ Pudge ဟာ Strength 200 သာရှိခဲ့မယ်ဆိုရင် စုစုပေါင်း 1650 HP တောင် Heal မှာဖြစ်ပါတယ်။

(Cooldown 30 seconds ပဲရှိတဲ့အတွက် တကယ်လို့သင်ဟာ Scepter ဆက်ထားမယ်ဆိုရင် Creep တစ်ကောင်ကောင်ကို သုံးပြီး သွေးဖြည့်တဲ့အနေနဲ့လဲ အသုံးပြုလို့ရပါလိမ့်မယ်။) Magic Immune Unit တွေကိုလည်း ၃ စက္ကန့်လောက်ရပ်တန်းထားနိုင် Ultimate Dismember ဟာ အသုံးခံရတဲ့ Unit ဟာ Invisible ဖြစ်သွားခဲ့မယ်ဆိုရင်တောင် Damage ဆက်လက်ထိမှာဖြစ်ပါတယ်။

Abilities Build

1. Rot
2. Meat Hook
3. Meat Hook
4. Rot
5. Meat Hook
6. Dismember (Ultimate)
7. Meat Hook
8. Flesh Heap
9. Rot
10. Rot
11. Dismember (Ultimate)

Items Build

** Early Game **
_______________
Gantlet of Strength x 2
Tango
Healing Salve

** Mid Game **
________________
Boots of Speed
Urn of Shadow
Hood
Bottle

** Late Game **
________________
Phase Boots
Force Staff
Pipe of Insight
Heart
Shiva Guard
Aghanim's Scepter

အပေါ်မှာဆွေးနွေးခဲ့တဲ့အတိုင်းပါပဲ။ Pudge ဟာ Level လိုအပ်တဲ့ Hero တစ်ကောင်ဖြစ်တဲ့အတွက် Mid Lane ကို သွားပြီးနေရမှာဖြစ်တာကြောင့်Bottle ဆောင်တာကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။ Haste, Invisible, Regeneration, Double Damage မည်သည့် rune ပဲရသည်ဖြစ်စေ Pudge အတွက်က Hero သတ်ဖို့အထောက်အကူပေးမှာအသေအချာပါပဲ။ ဒါ့အပြင် အစောပိုင်း ဖိနပ်ရွေးချယ်ရမှာလဲ Phase Boots ဟာ ရွေးချယ်လို့ကောင်းတဲ့ ဖိနပ်တစ်ခုဖြစ်ပါတယ်။ Physical Attack Speed မလိုတဲ့ Pudge ဟာ Power Tread အရေးတကြီးမလိုအပ်သလို Rot သုံးပြီး အနားကပ်ပေးရမှာဖြစ်တဲ့အတွက် Movement Speed ပြန်ကျတဲ့ Tranquil Boots ကိုလည်း မရွေးချယ်သင့်ပါဘူး။ ဒါကြောင့် သင့်ကို ကျော်ခွသွားနိုင်မယ့် Phase Effect ကိုပေးမယ့် Phase Boots ကို ရွေးချယ်ဖို့အကြံပြုချင်ပါတယ်။ Phase Boots သို့မတင်ခင် ဖြစ်နိုင်ရင် Urn of Shadow တစ်ခုလောက်တော့ ဆောင်စေချင်ပါတယ်။ အစောပိုင်း Hero သတ်လို့အရမ်းကောင်းတဲ့ Pudge အတွက် Urn of Shadow တစ်လုံးထည့်ထားခြင်းဟာ Healing အတွက်ရော Damage per Second အတွက်ပါ အသုံးဝင်တဲ့အတွက် Boots of Speed + Bottle + Urn ပုံစံဟာ ၁၅ မိနစ်မတိုင်ခင် Pudge အတွက် Perfect Item အတွဲလို့ အကြံပြုချင်ပါတယ်။

Flesh Heap အပိုင်းမှာ ဆွေးနွေးခဲ့တဲ့အတိုင်း Hood ဟာ Pudge အတွက် Core Item တစ်ခုဖြစ်ပါတယ်။ Force Staff တစ်ချောင်းရှိခြင်းဟာလည်း ရန်သူ့အနားကို ကပ်ဖို့အတွက်အထောက်အကူပြုတဲ့အပြင် သင့်ရဲ့ Meat Hook လမ်းကြောင်းရှင်းရှင်းနဲ့ ဆွဲနိုင်ဖို့အတွက် သင့်ကိုယ်သင် တွန်းရာမှာလဲ အထောက်အပံ့ပေးတဲ့ Item ကောင်းတစ်ခုဖြစ်ပါတယ်။ Pudge ဟာ အစောပိုင်းမှာ Mana လိုတယ်လို့ ထင်ရပေမယ့် တကယ်တမ်း မိနစ် ၂၀ ၀န်းကျင်လောက်မှာ Mana ပြဿနာသိပ်မရှိတော့ပါဘူး။ သူ့အတွက် Mana ပြန်ပြည့်ဖို့ဆိုတာထက် Mana ပမာဏ များအောင် ဆက်ထားနိုင်ရင် အဆင်ပြေမယ့် Hero တစ်ကောင်ဖြစ်ပါတယ်။ ဒါကြောင့် Mana ပမာဏ များယုံမကပဲ HP ပါတက်စေတဲ့ Rod of Atos ဟာလဲ Pudge နဲ့ လိုက်ဖက်တဲ့ Item တစ်ခုဖြစ်ပါတယ်။

ပွဲနောက်ပိုင်းမှာတော့ Pudge အတွက် အရေးတကြီးလိုအပ်တဲ့ Item သိပ်များများစားစား မရှိပါဘူး။ Tank ကောင်းဖို့အတွက် Heart, Shiva Guard တို့ဆက်လို့ရသလို အပေါ်မှာပြောခဲ့တဲ့အတိုင်း Aghanim’s Scepter ဆက်ခဲ့မယ်ဆိုရင်လည်း သင့်အတွက် HP နဲ့ Mana ကိုတိုးတက်စေမှာဖြစ်လို့ ရွေးချယ်သင့်တဲ့ Item တစ်ခုလို့ အကြံပြုချင်ပါတယ်ဗျာ။ (Dagger ကိုင်လို့ရတဲ့ နောက်ပိုင်းမှာ တောင်ကုန်းပေါ်တက်ပြီး Meat Hook ဆွဲလို့ရတယ်ဆိုပေမယ့် အဆွဲခံရတဲ့ Unit ဟာ ၅ စက္ကန့်မှာ Spectre ရဲ့ Free Pathing effect လိုမျိုးရရှိနေမှာဖြစ်တဲ့အတွက် ၅ စက္ကန့်မပြည့်ခင် ပြန်ပြေးဆင်းလို့ရပါတယ်။ ဒါကြောင့် Shadow Shaman, Lion တို့လို ထိုက်သင့်တဲ့ Disable တွေပါဝင်တဲ့ Hero မျိုးမဟုတ်တဲ့အတွက် Range 160 Disable Ability တစ်ခုတည်းပါဝင်တဲ့ Pudge အတွက်တော့ Dagger ဟာ အရေးတကြီးမလိုအပ်တဲ့ Item တစ်ခုလို့ပဲယူဆပါတယ်ဗျာ။)ဒါကြောင့် Pudge အတွက် အဆင်အပြေဆုံး Item တွေအနေနဲ့ အကြံပြုရမယ်ဆိုရင်တော့ Phase Boots, Urn of Shadow, Force Staff, Pipe of Insight, Rod of Atos, Aghanim’s Scepter, Heart, Shiva Guard တို့ပဲဖြစ်ပါတယ်။

Counter for Pudge

တကယ်လို့တစ်ဖက်အသင်းက Pudge ကို အလယ်လမ်း လွှတ်လိုက်ပြီဆိုရင် Silencer, Queen of Pain, Harbinger တို့နဲ့ Counter လုပ်နိုင်ပါတယ်။ အစောပိုင်း Mana နဲ့သုံးရတဲ့ Ability တစ်မျိုးတည်းရှိတဲ့ Pudge ကို Silencer က Curse of Silence တင်ပေးခြင်း၊ Pure Damage နဲ့ Slow ပါဝင်တဲ့ Queen of Pain နဲ့ နှိမ်ထားနိုင်ခြင်း၊ Hook ဆွဲစရာ Mana မကျန်အောင် Harbinger ရဲ့ Astral Imprisonment နဲ့ နှိမ်ထားနိုင်ခြင်း စတဲ့ ပုံစံများနဲ့ Pudge ကို တန်ပြန်တိုက်ခိုက်နိုင်ပါတယ်။

ဒီ Guide ကို ပြီးပြည့်စုံတဲ့ Guide လို့ လုံးဝ (လုံးဝ) မဆိုလိုပါဘူး ...
အကြံပြုချက် သက်သက်ဖြစ်တဲ့အတွက် စဉ်းစားချင့်ချိန်ပြီး မိမိနှစ်သက်သလို ပြောင်းလဲ ကစားနိုင်ပါတယ်.... (^^)
ကမ္ဘာအနှံ့ အချိန်နေရာတိုင်းမှာ မတူညီတဲ့ ကစားပုံတွေ နဲ့ ကစားနေကြပါတယ်...
Suggestion တွေ Guide တွေ အမြောက်အများရှိနေပေမယ့် မိမိပိုင်နိုင်တဲ့ ကစားကွက်သာလျှင်
အကောင်းဆုံးနဲ့ အပြည့်စုံဆုံး ဖြစ်ပါတယ်.....
အခု Guide ကလည်း အဆိုပါ ကစားသမားတွေရဲ့ ကစားပုံတွေကို လေ့လာပြီး ပြန်လည်သုံးသပ်ထားခြင်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ထင်မြင်ချက်နဲ့

မကိုက်ခဲ့ဘူးဆိုရင်လည်း ကိုယ့်ထင်မြင်ချက်တိုင်းဆော့တာ အကောင်းဆုံးပဲလို့ အကြံပြုပါရစေဗျာ။ (^^)

မြန်မာ player များ တိုးတက်ကြပါစေ....

သင်ဒါကိုသိပါသလား ?
Pudge ဟာ Cyclone အတင်ခံထားရတဲ့ unit ကို Meat Hook ဆွဲလို့ရပါတယ်။ ကိုယ့်အနားကိုရောက်လာမှာဖြစ်ပေမယ့် Damage

တော့ထိမှာမဟုတ်ပါဘူး။

P.s/ (ဒီ Pudge The Butcher ဆိုတဲ့ Hero Guide ကို 19.5.2014 ထွက် internet journal အတွဲ(၁၅) အမှတ် (၁၉) မှာလည်း ဖော်ပြထားပါတယ်။ Facebook ပေါ်မှာတင်မဟုတ်ပဲ စာအုပ်နဲ့ သိမ်းထားနိုင်ဖို့ အကြံပြုကြတဲ့ တစ်ချို့သော ညီအစ်ကိုတွေလည်း Internet Journal ကို အားပေးလိုက်ကြပါဦးဗျာ )

Burn With the Flame of YOUTH !!
yahooyeeha ©

Sunday, June 1, 2014

Visage Mini Guide (Necro'lic)





(Earth Spirit post
ကိုpublic မလုပ်ခင် တက်နိုင်သလောက် ပြည့်ပြည့်စုံစုံလေးဖြစ်အောင်
လေ့လာရင်းနဲ့ပဲ Guide က ပြင်လိုက်ဖျက်လိုက် ဖြစ်နေပါတယ်...
ဒါကြောင့် ကြားဖြတ်အနေနဲ့ Visage အကြောင်းကို တင်လိုက်ခြင်းဖြစ်ပါတယ်...

post
တစ်ခုတစ်ခု တင်ဖို့ အချိန်ကြာတဲ့အတွက်လည်း အားလုံးကို တောင်းပန်ပါတယ်ဗျာ  )

Visage
ရဲ့ spell တွေ အကြောင်းမပြောခင်Visage အကြောင်းလေး နည်းနည်းဆွေးနွေးချင်ပါတယ်..
EHOME
တို့ ခေတ်တစ်ခေတ်ဖြစ်ခဲ့တဲ့ 6.67c ၀န်းကျင်တုန်းက
Visage
ဟာ cm ban ဟီးရိုး တစ်ကောင်ဖြစ်ခဲ့ပါတယ် .. အဲ့အချိန်တုန်းက Visage ကိုcounter လုပ်ဖို့
အရမ်းခက်ခဲခဲ့ပါတယ်.. Visage + Juggernaut ပုံစံနဲ့ Tri တွေဟာ Pro ပွဲတွေမှာ မဟုတ်ခဲ့ပေမယ့်
နေရာအနှံလို အသုံးပြုခဲ့ကြတယ်.. အားလုံးသိတဲ့အတိုင်း Visage ကိုTanker တစ်ကောင်ပုံစံနဲ့ သုံးခဲ့တယ်
အစောပိုင်းမှာ ob ကြည့်လို့ရတဲ့အပြင် တစ်ဖက်အသင်းသားရဲ့ ထွက်ပြေးတဲ့ လမ်းကြောင်းကို
ultimate Familiars
နဲ့ လိုက်ကြည့်ပြီး ဖမ်းထားနိုင်သေးတယ်...
Spell
တွေ အပြင်းအထန်ခင်းပြီး Battle ဆိုင်တဲ့Chinese Players တွေကြားမှာ Soul Assumption က
အသုံးပြုလို့ အရမ်းကောင်းခဲ့ပါတယ်.. Movement Speed အပြင်Attack Speed ကိုပါ စုတ်ယူတဲ့
Grave Chill
ဟာ တစ်ဖက်အသင်းရဲ့Fighter ကို ခြောက်လှန့်ခဲ့ပါတယ်..

ပြီးခဲ့တဲ့ ၂၀၁၂, ၂၀၁၃ အစောပိုင်းလောက်က Visage ဟာ ခေတ်တစ်ခေတ်ကုန်သွားခဲ့ပါတယ်. ဒါပေမယ့် သုံးလို့ ကောင်းနေဆဲပါ ..
မှတ်မှတ်သားသားအနေနဲ့ Soul Assumption ရဲ့ အစောပိုင်း Mana ကို မြှင့်လိုက်တဲ့အပြင် ..
သူ့ရဲ့ Familiars ကို သတ်ရင် ရမယ့် ပိုက်ဆံကို တိုးလိုက်တဲ့အချိန်က စပြီး
ခဏတာ လူကြိုက်နည်းသွားခဲ့ပါတယ်... ဒါပေမယ့် professional player တွေကြားထဲမှာ 
Visage
က ပုံမှန် ပွဲထွက် Hero တစ်ကောင်ဖြစ်နေဆဲပါပဲ .. 
အကြောင်းက သူ့ကို ဘယ်လောက် လျှော့လျှော့ သူ့ရဲ့ အသုံးဝင်မှုကို လစ်လျှူရှူလို့ မရတဲ့အချက်ကြောင့်ပါပဲ...
တိုက်စစ်ဟာ အကောင်းဆုံး ခံစစ်ပါပဲ .... 
Visage
ကို ဘယ်လိုပဲ Counter လုပ်လို့ ရတယ်ဆိုပေမယ့် 
Visage
ရဲ့ Ability တွေဟာ တစ်ဖက်အသင်းပေါ်မှာ အကြီးအကျယ် ဒုက္ခပေးတဲ့အပြင် 
Invoker, Geomancer
လိုပါပဲ ... သုံးတတ်တဲ့ လူရဲ့ လက်ထဲရောက်သွားမှ အရည်အသွေးတက်မယ့် Hero မျိုးဖြစ်နေတာကြောင့်ပါပဲ .. 
အခုအချိန်မှာ Visage ကိုcounter လုပ်ဖို့ Darkseer, Windrunner, Slardar ကဲ့သို့ ဟီးရိုးတွေ
ရှိတယ်ဆိုပေမယ့် လူကြိုက်များနေဆဲဖြစ်တဲ့ 
လက်ရှိ Visage ရဲ့ Spell တွေကို လေ့လာကြည့်ရအောင်...

Grave Chill

Cooldown = 10 seconds
Duration = 3/4/5/6 seconds
mana cost = 100

ဒီ spell က ရန်သူကို သုံးရတဲ့ Unit type Active spell ပါ ..
အားလုံးသိတဲ့အတိုင်း အသုံးခံရတဲ့ ရန်သူ hero ဟာMovement Speed 32 % ကျဆင်းသွားတယ်..
ဒါ့အပြင် Attack speed လဲ 64 ကျဆင်းသွားပါတယ်.. အဲ့ဒီ့ ကျဆင်းသွားတဲ့Moves speed နဲ့ Attacks peedကို
Visage
က ရရှိသွားတာ ဖြစ်ပါတယ်.. Hyperstone တစ်လုံးရဲ့Attack speed ဟာ 55 ဖြစ်ပါတယ်.
ဒါကြောင့် Hyperstone တစ်တုံးထက် များတဲ့Attack speed ကို ရရှိတာ ဖြစ်ပါတယ်..
တစ်ဖက်က Hitter ရဲ့attack speed ကို စုတ်ယူပြီး ပြန်လည်တိုက်ခိုက်လို့ ကောင်းတဲ့အပြင် ..
Moves speed
ကိုပါ စုတ်တဲ့အတွက် ဖမ်းလို့ ဆီးလို့လဲ ကောင်းပါတယ်..
(
အခုချိန်မှာ Visage လမ်းကိုWindrunner, Darkseer လို့ အပြေးသန်တဲ့ကောင်တွေ နေလို့ ရသွားပါပီ..)
Grave Chill
ကြောင့်Visage ဟာTanker အပြင်Hitter တစ်ကောင်လို့ ပါ သတ်မှတ်လို့ ရပါတယ်..
(
ဒါကြောင့် Battle အလည်တည့်တည့် ၀င်ပြီးMjollnir နဲ့ ပစ်လိုက်ခတ်လို့ ကောင်းတာပေါ့ .. )

Soul Assumption

Cooldown = 4 seconds
Max Soul Charges = 3/4/5/6
Manacost = 170/160/150/140
Aoe = 1375
Duration = 6 seconds
Damage threshold = 110

ဒီ spell လဲ ရန်သူကို သုံးရတဲ့ Unit type Active spell ပါ ..
ဘာမှ မပြောခင် ဒီ spell ယူထားပြီးရင် Visage ရဲ့ခေါင်းပေါ်မှာ
Battle
ဆိုင်တိုင်း အစိမ်းရောင် အချောင်းလေးတွေ ပေါ်လာတာ သတိထားမိမှာပါ ..
အဲ့ဒါ Soul Charges အရေအတွက် ကို ဖော်ပြတာဖြစ်ပါတယ်..
Aoe 1375
အတွင်းမှာ Enemy Hero တစ်ကောင်ကောင်ပေါ် ဖြစ်ဖြစ်
Ally Hero
တစ်ကောင်ကောင်အပေါ်ကို ဖြစ်ဖြစ် Damage 110 သတ်ရောက်တိုင်း
Charge
ခုတိုးလာပါတယ်..
သဘောက Aoe 1375 အတွင်းမှာ Battle ဖြစ်ပြီးDamage တွေ ဖြစ်ပေါ်နေတာနဲ့
Soul Charges
တွေက ဆက်တိုက်တက်လာမယ့် သဘောပါပဲ ..
ဥပမာ... Visage ရဲ့ Aoe 1375 အတွင်းမှာ Battle ဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်
ချကုန်ပြီဆိုပါစို့ ...
အဲ့ဒီ့ Battle ထဲမှာ .. Slayer ကDragon Slave သုံးတယ်ပဲထားပါတော့ ..
Damgae 300
ဖြစ်သွားတော့ 110 x 2 = Damage 220 ဖိုး အတွက် Charge ခုတက်လာမှာပေါ့
အဲ့ဒါကြောင့် Battle ထဲမှာဆို Soul Charge တွေက ဆက်တိုက်တက်နေတာပေါ့ ..
ဒါဆိုCharge ဘယ်လိုတက်လဲဆိုတာ သိပြီဆိုတော့ Damage ဘယ်လိုထိလဲ လေ့လာမယ်..

(
အခြေခံ Damage 20 + Charge တစ်ခုစီအတွက်Damage 65 )

ခေါင်းပေါ်မှာ Charge တစ်ခုရှိနေမယ်ဆိုရင် 20 + 65 = 85 Damage
Charge
ခု ရှိနေမယ်ဆိုရင် 20 + (65 x 2) = 150 Damage
Charge
ခု ရှိနေရင် 20 + (65 x 3) = 215 Damage
Charge
ခု ဆိုရင် 20 + (65 x 4) = 280 Damage
Charge
ခု ဆိုရင် 20 + (65 x 5) = 345 Damage
Charge
ခု ဆိုရင်တော့ 20 + (65 x 6) = 410 Damage 

Cooldown 4 second
တည်းနဲ့ Magic Damage 410 ထိနိုင်တဲ့ Hero Kill spell တစ်ခုပါ ..
သိထားရမယ့်အချက်တွေကတော့ Hero player unit တွေနဲ့Roshan တို့ ကြောင့် ဖြစ်ပေါ်လာတဲ့
Damage
တွေပေါ်ပဲ မူတည်ပြီး Damage ဖြစ်တာဖြစ်တဲ့အတွက်
Neutral Creep
တွေနဲ့ Lane Creep တွေကြောင့် ဖြစ်တဲ့ Damage တွေက Soul Charges ကို
တက်လာစေမှာ မဟုတ်ပါဘူး .. Charge တစ်ခုစီတိုင်းဟာ စက္ကန့်အတွင်းမှာ အသုံးမပြုရင်
ပြန်ပျောက်သွားပါမယ်.. ဒါကြောင့် Battle လောလောလက်လက်ဆိုင်နေမှ သုံးဖို့ အဆင်ပြေမှာပါ ..
Speed
ကတော့ 1000 နှုန်းနဲ့ သွားတာ ဖြစ်ပါတယ်....

Gravekeeper's Cloak

Recovery Time = 12/10/8/6 seconds
Effect per layer = 1 armor and 3% magic resistance
2 armor and 6% magic resistance
4 armor and 12% magic resistance
5 armor and 16% magic resistance

Visage
ကို Tanker တစ်ကောင်လို့ သတ်မှတ်စေတဲ့ ဒီability ဟာ Passive type ဖြစ်ပါတယ်...
Visage
ကို အလွှာ ခု နဲ့ ကာကွယ်ပေးထားတဲ့ သဘောဖြစ်တယ်....
အလွှာတစ်ခုချင်းဆီမှာ အပေါ်မှာ ပြထားတဲ့အတိုင်း ကြည့်ကြည့်မယ်ဆိုရင် ..
နောက်ဆုံး အဆင့်ကိုပဲ လေ့လာကြည့်မယ်ဆိုပါစို့ ..
အလွှာ ခုကို + 5 armor နဲ့ + 16% magic resistance ဆိုတော့ ..
အလွှာ ခုဆိုရင် + 20 armor နဲ့ + 64% magic resistance ဆိုတဲ့ သဘောပေါ့ ..
(magic resistance
ကတော့ % နဲ့ တွက်ချက်ရတာဖြစ်လို့ အကြမ်းဖြင်း အဲ့လိုပဲ မှတ်ထားလိုက်ပါ)

ထူးခြားချက်တစ်ခုက Visage ကို ကာကွယ်ပေးထားတဲ့ အလွှာတွေဟာDamage 2 အထက်
ပိုထိခဲ့မယ်ဆိုရင် တစ်လွှာချင်းစီ ပျောက်သွားပါတယ်... 
(
အဲ့ဒီ့ Damage အမျိုးအစားကတော့ Hero type နဲ့ )
ဥပမာ ပထမဆုံးvisage ကို Lion ကFinger of Death နဲ့ ထိုးလိုက်ပီ ဆိုပါစို့ ..
Finger of Death
ရဲ့Damage 850 ကို armor 20 နဲ့ magic resistance 64 % က ကာကွယ်လိုက်တယ်
ဒါကြောင့် Damage 850 မထိပဲ
850
ရဲ့ 64% = 544 Damage ကို ပထမ အလွှာက ကာကွယ်ပေးလိုက်တယ်
Damage 306
ပဲ ထိအောင်ကာကွယ်ပေးလိုက်တဲ့ ပထမအလွှာဟာ ကွာကျသွားပါတယ်...
ဒါဆိုVisage မှာ လွှာပဲ ကျန်တော့မှာပေါ့ ...
လွှာဆိုတော့ + 15 armor နဲ့ magic resistance 48 % ပေါ့ ..

ဟုတ်ပီ .. ဒါဆို လွှာပဲ ကျန်တော့တဲ့ Visage ကိုMortred က Physical ခုတ်လိုက်တာ
Critical Damage 1000
အတိတက်သွားတယ်ဆိုပါစို့ ..
armor 15
ဆိုရင် Damage Reduction က 47% ရှိတဲ့အတွက် ...
အဲ့ဒီ့ 1000 ကို 47% လျော့ပေးလိုက်ပြီး ဒုတိယ အလွှာထပ်ကွဲသွားပါတယ်...
ဒါဆို လွှာပဲ ကျန်ပါတော့တယ်...

အဲဒီ့ သဘောအတိုင်းပါပဲ .. သူ့ရဲ့ Spell က စုစုပေါင်း ၄လွှာ ရှိပြီး
လွှာချင်းဆီက သူ့ကို ကာကွယ်ပေးသွားတာပါ ..
အပေါ်မှာ ပြထားတဲ့ အတိုင်း Recovery time ဆိုတာကတော့ အလွှာ ၄ခု စလုံး ပြန်တက်လာဖို့
ကြာတဲ့အချိန်ကို ပြောထားတာဖြစ်ပါတယ်..
lvl
ဆင့်ယူပြီးပီဆိုရင် နောက်ဆုံးအလွှာ ကွဲသွားပြီးလို့ နောက်ထပ် ၆စက္ကန့်မှာ
၎လွှာစလုံး ပြန်တက်လာမယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်...

ထူးခြားချက်တစ်ခုက Neutral Creep, Lane Creep, Tower, Roshan နဲ့ မိမိဘာသာ သတ်ရောက်တဲ့
Damage
တွေကြောင့် အလွှာတွေ မကွာကျ နိုင်ပါဘူး ...
ရန်သူ Hero ကြောင့်ဖြစ်လာတဲ့ magic နဲ့physical damage ကြောင့်ပဲ အလွှာတွေ ကွာကျနိုင်ပါတယ်..

Summon Familiars

1/ Cooldown = 180/160/140 seconds
2/ Hp = 300/450/600
3/ Charge recovery = 8/14/22 bonus damage for every 15 seconds
4/ Maximun bonus Damage = 56/98/154 Damages
5/ Stone stun = 1/1.25/1.5 seconds
6/ Stone Damage = 60/100/140 magic damage
7/ movement speed = 380/390/400
8/ armor = 0/1/2 armor.

1/ Cooldown
အားလုံးသိတဲ့အတိုင်း တစ်ဆင့်ချင်းဆီရဲ့ Cooldown ကိုပြောတာပါ ...

2/ Hp
ဒီအဆင့်လဲ ရှင်းပါတယ်.. Familiars တစ်ကောင်ချင်းဆီရဲ့
ပထမအဆင့်မှာ Hp 300 /ဒုတိယအဆင့် Hp 450 နဲ့ /တတိယအဆင့် Hp 600 ကိုပြောတာဖြစ်ပါတယ်..

3/ Charge recovery
Familiars တစ်ကောင်ချင်းဆီမှာ charge ခုဆီ ပါဝင်ပါတယ်...
နောက်ဆုံးအဆင့်နဲ့ ပြောရရင် ၁၅ စက္ကန့်တိုင်းမှာ Charge ခုဆီတိုးလာပါတယ်..
တစ်ခုကို Damage 22 နှုန်းနဲ့ အများဆုံးcharge ခု = 154 Damage တိုးလာပါမယ်..
(
ဒါက Familiars ရဲ့Physical Damage ကိုကြည့်လိုက်ရင် 10-10 ဆိုတာလေးရဲ့ဘေးမှာ
အစိမ်းရောင်နဲ့ ပြထားတဲ့ တိုးနေတဲ့ Damage ကိုပြောတာ ဖြစ်ပါတယ်...)
Familiars
တွေကPhysical တစ်ချက်ပစ်လိုက်တိုင်း charge ခုစီ လျော့သွားပါတယ်..
ဒါကြောင့် ပစ်လေ Damage နည်းသွားလေ ဖြစ်ရတာပေါ့ ...
အားလုံး ချက်လုံး ပစ်လိုက်ရင် Familiars တွေမှာDamage 10 ပဲ ကျန်တော့မှာပါ ..
Charge
ခု ပြည့်ဖို့ ၁၅ စက္ကန့်နှုန်းနဲ့ ပြန်စောင့်ပေးရမှာပါ ....
ဒါကြောင့် တွက်ချက်ကြည့်မယ်ဆိုရင် lvl 3 Familiar တစ်ကောင်ရဲ့ 
charge
ခုပြည့်နေတဲ့အချိန်မှာ ရှိမယ့် စုစုပေါင်း Damage က 686 Damage အထိ ရှိပါတယ်
ကောင်ဆိုရင် 1372 Damage
ကောင်ဆိုရင် 2058 Damage ဖြစ်လို့ အကောင်းမွန်ဆုံး Hitter, Pusher လိုလဲ သုံးနိုင်ပါသေးတယ်...

4/ Maximun bonus Damage
ဒါကတော့ အပေါ်မှာ ပြောထားတဲ့အတိုင်း Charge ခု ပြည့်နေတဲ့အခါမှာ အများဆုံးရှိနိုင်မယ့်
Damage
ကို ပြောတာ ဖြစ်ပါတယ်...

5/ Stone stun
Familiars
တွေရဲ့ Stone Form ပြောင်းလိုက်ရင် မြေကြီးပေါ် ကျပြီး အနားတစ်ဝိုက်က
ရန်သူ Hero တွေ Stun သွားတဲ့ ကြာချိန်ကိုပြောတာ ဖြစ်ပါတယ်..
Aoe
ကတော့ 375 ရှိပြီးတော့ Cooldown က 30 Second ပါ ...

6/ Stone Damage
ကျောက်တုံးပြောင်းလိုက်တဲ့အချိန်မှာ Stun ယုံတင်မကပဲDamage လဲ ထိပါသေးတယ်..

7/ Movement speed
တစ်ဆင့်ဆီ ယူလိုက်တိုင်း Movement speed 10 ဆီတိုးလာတာကို တွေ့ရမှာပါ ...

8/ Armor
Armor
လဲ 1 ဆီတိုးလာပါတယ်...

အရင်ကFamillars တွေဟာ magic resistance 96.25% ရှိခဲ့ပါတယ် .. 
Spell Damage 1000 နဲ့တိုက်ခိုက်မှ 37.5 Damage ပဲ ထိမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်..
ဒါကြောင့် Familiars တွေကိုVengiful ရဲ့ magic Missile နဲ့ ပစ်လိုက်ရင်တောင်
သွေးမလျော့ပဲ Stun ယုံပဲ Stun သွားတာဟာ အရမ်းမြင့်မားတဲ့ magic resistacne ကြောင့်ပါ ..
ဒါပေမယ့် အဲ့ဒါတွေ မေ့လိုက်ပါ... အခုနောက်ဆုံး update မှာFamiliars တွေဟာ
Magic Immune
ဖြစ်သွားပြီ ဆိုတဲ့အတွက်ဖြစ်ပါတယ်..
ဒါပေမယ့် ချွင်းချက်အနေနဲ့ (X-mark, Stampede, Paralyzing Cask, Weave,...)
လိုမျိုး ability တွေကိုတော့Familiars တွေက Hero unit အဖြစ်သတ်ရောက်တဲ့အချက် ရှိပါတယ်...

Aghanim's Scepter (
အပြာချောင်း) ဆက်လိုက်ရင်တော့
စုစုပေါင်း Familiars ကောင်အထိ ခေါ်ယူနိုင်မှာပါ ... (^^)

>> Ability Build <<
------------------------------
1. Grave Chill
2. Soul Assumption
3. Gravekeeper's Cloak
4. Soul Assumption
5. Soul Assumption
6. Summon Familiars
7. Soul Assumption
8. Gravekeeper's Cloak
9. Gravekeeper's Cloak
10. Gravekeeper's Cloak
11. Summon Familiars
12. Grave Chill

ကျွန်တော်ကတော့ ဒီ Guide မှာ Grave Chill ကို တစ်ဆင့်ပဲယူဖို့ အကြံပြုချင်ပါတယ်...
အကြောင်းက Grave Chill ဟာ တစ်ဆင့်ပိုယူရင် စက္ကန့်ပဲ တိုးလာတာဖြစ်ပါတယ်...
cooldown
တွေ manacost တွေ မကျသွားသလို 
range
တွေ slow ပမာဏတွေ တိုးလာတာလဲ မဟုတ်တဲ့အတွက်ဖြစ်ပါတယ်... 

ကျွန်တော့်မှာ သတ်မှတ်ချက်တစ်ခုရှိပါတယ်... 
lvl 6
မဟုတ်တဲ့ ability ခုကို lvl တင်တဲ့အခါမှာ အတန်ဆုံးability ကို lvl 7 မှာ ဂိတ်ဆုံးယူပါတယ်..
မတန်ဆုံး ability ကိုတော့ နောက်ဆုံးမှ တင်ပါတယ်... တကယ်လို့ ခုစလုံး တန်နေရင်တော့ 
မျှမျှတတ ယူပါတယ်.. (ဥပမာ - Bristle Back)
ဒါပေမယ့် ကိုယ်ဆော့နေတဲ့ စကားပွဲပေါ်မှာ မူတည်ပြီး ယူနိုင်မှသာ တကယ်အကျိုးရှိတဲ့ ရွေးချယ်မှု
ဖြစ်လာမှာပါ.. ဒီမှာဆွေးနွေးထားတဲ့ အကြံပြုချက်တွေက ခြုံငုံပြီး ပြောထားတာဖြစ်လို့ 
၁၀၀% သေချာတယ်လို့ မဆိုလိုပါဘူး (^^)

>> Item Build << 

(Early Game)
---------------------------
Caurier
Ironwood Branch x 3
Tango
Healing Salve

(Mid Game) [before 25 minutes]
---------------------------
Power Tread (or) Tranquil Boots
Magic Wand
Medallion of Courage
Mekansm 
Urn of Shadow

(Late Game) [after 25 minutes]
---------------------------
Boots 
Pipe of Insight
Orchid
Mekansm
Scythe of Vyse
Aghanim's Scepter

ဒီအပိုင်းမှာ Item Build အကြောင်းကို အနည်းငယ် ထပ်ဆွေးနွေးချင်ပါတယ်...
Visage
ရဲ့ အဓိက role ကတော့support ပါ ..
ဒါပေမယ့် အခြေအနေနဲ့ ကစားနေတဲ့ ပွဲ အမျိုးအစားပေါ် မူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပါတယ် 
ဒါကြောင့် Late Game item build ကို အခြေအနေ တွေ ကွဲပြီး စဉ်းစားနိုင်ပါတယ်..

support
ဆိုရင်တော့ Rod of Atos, Offering, Force Staff
Tank
ဆိုရင် Shiva Guard, Black King Bar, Assult Cuirass
Carry
ဆိုင်တော့ Desolator, Mjollnir, Eye of Skadi
ကြိုက်သလို ထည့်ပြီး ကစားကြတာ တွေ့ရတတ်ပါတယ်..

ဒါပေမယ့် Visage ရဲ့ အဓိက role ကတော့support ပဲဖြစ်တယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး...
support
တစ်ကောင်လို ဆော့ခြင်းက သင့်အသင်းအတွက် ပိုပြီး အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်...
နောက်ဆုံးအကြံပြုချင်တဲ့အချက်ကတော့ သင်က Visage ကိုင်တော့မယ်လို့ ဆုံးဖြတ်ရင်
Aghanim Scepter
ဆက်ပြီးFamiliars ကောင်ကို ကျကျနန ကိုင်တွယ်တက်အောင် လေ့ကျင့်စေချင်ပါတယ်...
Controll
နိုင်နိုင် အသုံးပြုရမယ့် Dota Hero ဟာ များများစားစား မရှိတဲ့အပြင်
Pusher, Stunner, Observer, Hitter
အနေနဲ့ အကုန်လုံး အသုံးချလို့ရတဲ့အတွက်ကြောင့်
ရရှိထားတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချဖို့ တိုက်တွန်းလိုပါတယ်... (^^)

ဒီ Guide ကို ပြီးပြည့်စုံတဲ့ Guide လို့ လုံးဝ (လုံးဝ) မဆိုလိုပါဘူး ...
အကြံပြုချက် သက်သက်ဖြစ်တဲ့အတွက် စဉ်းစားချင့်ချိန်ပြီး မိမိနှစ်သက်သလို ပြောင်းလဲ ကစားနိုင်ပါတယ်.... (^^)
ကမ္ဘာအနှံ့ အချိန်နေရာတိုင်းမှာ မတူညီတဲ့ ကစားပုံတွေ နဲ့ ကစားနေကြပါတယ်...
Suggestion
တွေ Guide တွေ အမြောက်အများရှိနေပေမယ့် မိမိပိုင်နိုင်တဲ့ ကစားကွက်သာလျှင်
အကောင်းဆုံးနဲ့ အပြည့်စုံဆုံး ဖြစ်ပါတယ်.....
မြန်မာ player များ တိုးတက်ကြပါစေ....

Burn With the Flame of YOUTH !!
yahooyeeha ©

Followers