-------------------------------
Ask by ßuñ ßuñ
-------------------------------
Dota Hero တွေကို ကစားသမား အများစုက အကြမ်းဖျဉ်းအနေနဲ့
Striker နဲ့ Supporter ဆိုပြီး ခွဲခြားသတ်မှတ်ထားကြပါတယ်...
ရန်သူကို အဓိကတိုက်ခိုက်ရင် Striker
မိမိ အသင်းသားတွေကို သွယ်ဝိုက်ပြီးအထောက်အပံ့ပေးရင် Supporter ဆိုပြီးတော့ပါ..
ဒါပေမယ့် ကြံကြံဖန်ဖန် ခွဲထုတ်လိုက်တဲ့အခါမှာ Hero Role တွေ အများအပြားကွဲပြားသွားပါတယ်..
Hero တစ်ကောင်ရဲ့ Role ဆိုတာကတော့ အဆိုပါ Hero ကို ဖွဲ့စည်းတည်ဆောက်ထားတဲ့
Status, Abilities, Position ပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်ထားခြင်းကိုဆိုလိုပါတယ်..
Spell Caster တစ်ကောင်ဖြစ်တဲ့ Lion ကို Carry ကစားခိုင်းဖို့ မသင့်တော်သလို
Zues ကဲ့သို့ Nuker ကိုလည်း Tri lane suppot ကစားခိုင်းဖို့ မသင့်တော်ပါဘူး
ပိုမိုသော Exp များရရှိအောင် အချို့သော hero များကို Jungle role သတ်မှတ်ကစားခိုင်းပြီး
အချို့သော Nuker Hero များကို လည်း lvl ရအောင် solo လွှတ်၍ ကစားကြစေပါတယ်...
ပွဲစဉ်တစ်ခုစီ ရဲ့ အခြေအနေပေါ်ကို မူတည်ပြီးတော့ သတ်မှတ်ထားတဲ့ Hero Role များကတော့
အောက်မှာ အကြမ်းဖျဉ်းခွဲခြား ပြထားပါတယ်....
1.Carry (နောက်ဆုံး ပွဲအဆုံးအဖြတ်ကို သယ်ဆောင်သူ)
ပွဲချိန် အစောပိုင်းမှာ အသုံးသိပ်မ၀င်ပဲ ပိုက်ဆံအလုံအလောက်ရှာပြီး item အလုံအလောက်ရမှသာ
Late Game မှာ အသင်းအတွက် အကျိုးရှိမယ့် Hero မျိုးဖြစ်တယ်...
Example : Medusa, Phantom Assassin, Void, Lancer, Magina, Spectre.
2.Disabler (ရပ်တန့်စေသူ)
အဆိုပါ hero မှာ တစ်ဖက်အသင်းရဲ့ ရန်သူကို Stun/Stop ဖြစ်စေမယ့် spell များ ပါဝင်တဲ့
Hero မျိုးဖြစ်တယ်....
Example : Lion, Shadow Shaman, Bane.
ံ3.Ganker (အုပ်စုဖွဲ့၍ တိုက်ခိုက်သူ) (Gang ဆိုတဲ့စကားလုံးက ဆင်းသက်လာတာဖြစ်တယ်)
Early Game နဲ့ Mid Game အတွင်း Battle တစ်ခုကို ကောင်းစွာ ဦးဆောင်နိုင်တဲ့
Damage spell / Disable များဖြင့် ဖွဲ့စည်းထားတဲ့ Hero မျိုးဖြစ်ပါတယ်.
Example : Night Stalker, Queen of Pain, Batcher.
4.Nuker (ပြင်းထန်စွာ ပျက်ဆီးစေသူ) (Nuclear ဆိုတဲ့စကားလုံးက ဆင်းသက်လာတာဖြစ်ပါတယ်)
သူတို့ရဲ့ spell များက cooldown နည်းနည်း, Mana နည်းနည်းသာရှိသော Damage Spell များသုံး၍
တစ်ဖက် အသင်းသားတွေအပေါ်သွေးလျှော့နိုင်တဲ့ Hero မျိုးတွေ ဖြစ်တယ်..
Example : Zeus, Lion, Death Prophet, Lina Inverse, Tinker.
5.Initiator (အစပြုသူ)
Battle တစ်ခု အစပြုအောင် ဦးဆောင်တဲ့ Hero မျိုးတွေ ဖြစ်တယ်..
Example : Earth Shaker, Tidehunter, Sand King, Magnus, Enigma, Tauren Chieftain.
6.Jungler (တောတွင်းသား)
အစောပိုင်း item များများစားစားမလိုပဲ Jungle ဆော့နိုင်သော hero များဖြစ်တယ်..
Example : Chen, Prophet, Enchantress, Enigma, Axe, N'aix, Ursa.
7.Pusher (လမ်းတိုးသူ)
Creep ရှင်းသော Spell များပါဝင်ပြီး အဓိက အားဖြင့်
တစ်ဖက်အသင်းရဲ့ Tower များကို အလျှင်အမြန်ဆုံး ချိုးနိုင်တဲ့ Hero တွေ ဖြစ်တယ်..
Example : Leshrac, Broodmother, Death Prophet, Oblivion.
8.Roamer (ခရီးသွားသူ)
Lane တစ်ခုတွင် ထိုင်ပြီး creep စားမနေပဲ မြေပုံပတ်၍လိုက်လံတိုက်ခိုက်သော Hero မျိုးဖြစ်တယ်..
Example : Crystal Maiden, Earth Shaker, Vengiful Spirit.
9.Durable (ခံနိုင်ရည်ရှိသူ)
Tank လို့ နားလည်ထားကြတဲ့ Hp များများ, Armor များများ, Resistance များများ ဖြင့်
Battle တစ်ခုမှာ အချိန်ကြာကြာ အသက်ရှင်နေနိုင်သော Hero များ ဖြစ်ပါတယ်....
Example : Axe, Lord of Avernus, Centaur Warchief, Dragon Knight, Bristle Back.
10.Escape (လွတ်မြောက်သူ)
များသောအားဖြင့် Semi-Carry နှင့်Carry hero များဖြစ်ပြီး ပြေးနိုင်လွှားနိုင်သည့်
spell များ ပိုင်ဆိုင်ထားသောHero များ ဖြစ်ကြပါတယ်...
Example : Dark Seer, Puck, Weaver, Windrunner, Slardar, Magina.
11.Semi-Carry (Mid Game ပွဲအခြေအနေကို အဆုံးအဖြတ်ပေးသူ)
Early Game နှင့် Mid Game တွင် အကောင်းမွန်ဆုံး တိုက်ခိုက်နိုင်သော်လည်း
Late Game တွင် သိပ်အသုံးမ၀င်တော့သော Hero မျိုးကို ဆိုလိုပါတယ်...
Example : Razor, Windruuner, Necrolyte, Lord of Avernus.
12.Support (အထောက်အပံ့)
Carry ကဲ့သို့ Item မလိုအပ်ပဲ Spell များသုံးပြီး မိမိအသင်းသားများအား Battle အတွင်း
အထောက်အပံ့ပေးနိုင်သော Hero များဖြစ်တယ်...
Example : Io, Omniknight, Witch Doctor, Dazzle, Jakiro, Anciten Apparition.
13.Lane Support (လမ်းအထောက်အပံ့ပေးသူ)
Early game မှာ သင့်အသင်းရဲ့ carry player ကို လွတ်လွတ်လပ်လပ် ပိုက်ဆံရှာနိုင်ရန်
အကာအကွယ်ပေးတဲ့ Hero မျိုးဖြစ်ပါတယ်..
Example : Dazzle, Lich, Omniknight.
14.Lane Defence (လမ်းကြောင်းအကာအကွယ်ပေးသူ)
တစ်ဖက်အသင်းမှ လမ်းတိုးလာသော creep အမြောက်အများကို
အလွယ်တကူ ရှင်းထုတ်ပစ်နိုင်သော Hero များဖြစ်တယ်..
Example: Keeper of the Light, Jakiro.
15.Suicide-Laner (အန္တရယ် ရှိသောလမ်းကို ကာကွယ်သူ)
(Danger Laner, Offlaner, etc..)
တစ်ဖက်အသင်းရဲ့ Tri Lane ကို တစ်ကောင်တည်းဖြင့် ကာကွယ်နိုင်သော Hero မျိုးဖြစ်ပါတယ်..
Example: Necrolyte, Warlock, Windrunner, Clorkwerk, Dark Seer.
အခေါ်အဝေါ်တွေကတော့ အနည်းငယ်တော့ ကွဲပြားမှု ရှိတယ်ဆိုပေမယ့်
သံတူကြောင်းကွဲ သဘောတရားတွေကတော့ အတူတူပါပဲ ...း)
Burn with the Flame of YOUTH !!
yahooyeeha ©